⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 4

Chapter 4

 

လျိုကွမ်က ဤဘက်တွင် စိတ်ကောက်နေသော်လည်း ဟိုဘက်တွင်မူ ချန်နော့မှာ ကိုယ့်ဘာသာကိုယ် ရေချိုးနေပြီ ဖြစ်၏။

 

ချန်နော့က အရမ်းကြီး နောက်ပြောင်၍ မရကြောင်း သိထားသောကြောင့် ပြုံးကာ ပြောလိုက်သည်။

 

” လျိုကွမ်… မင်းရဲ့ လည်ပင်းနဲ့ မျက်နှာကို သေချာလေး ပြောင်အောင် ဆေးကြောလိုက်…”

 

လျိုကွမ်မှာ သူ အနားရောက်လာမည်ကို ကြောက်သဖြင့် အားစိုက်ကာ အမြန်ပွတ်တိုက်ဆေးကြောတော့၏။ ချန်နော့ ကုန်းပေါ်တက်ကာ အဝတ်အစား ဝတ်နေသည်ကို ကြားလိုက်ရသောအခါ သူက အနည်းငယ် မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။

 

” ငါ့အဝတ်အစားတွေကို ကမ်းစပ်မှာ တင်ထားခဲ့ပြီး လှည့်နေ… မကြည့်နဲ့…”

 

ယခုက နွေရာသီဖြစ်သောကြောင့် အဝတ်အစားများမှာ ခြောက်သွေ့နေပြီ ဖြစ်၏။ ချန်နော့က ပြုံးစစဖြင့် လျိုကွမ်၏ အဝတ်အစားများကို ကမ်းစပ်ရှိ ကျောက်တုံးပေါ်တွင် တင်ထားပေးခဲ့ပြီး သူကိုယ်တိုင်မူ ကျောခိုင်းကာ အဝေးရှိ သစ်တောနှင့် လယ်ကွင်းများကို ငေးကြည့်နေသည်။

 

ဤဒေသ၏ ကောင်းကင်ယံတွင် မီးခိုးရောင်အငွေ့အသက်များ ဖုံးလွှမ်းနေသကဲ့သို့ ရှိနေ၏။ သစ်ပင်များမှာလည်း ထိုနည်းတူပင်ဖြစ်ပြီး စိမ်းလန်းစိုပြည်နေသော ခံစားချက်မျိုး မရှိချေ။ လယ်ကွင်းထဲရှိ ကောက်ပဲသီးနှံများမှာလည်း ကျဲပါးကာ ပုညှက်နေပြီး အဝေးရှိ အမှိုက်ပုံကြီးကိုလည်း ဝိုးတဝါး မြင်နေရသည်။ ချန်နော့က စိတ်ထဲမှ သံသယဝင်သွားခဲ့၏။

 

ဒါက ရှေးခေတ်နောက်ခံလို့ ဆိုနိုင်ပေမယ့် ဒီနေရာကလည်း ဆင်းရဲသားရပ်ကွက်ကြီးပဲကို… ဘာလို့ အမှိုက်တွေ ဒီလောက် အများကြီး ရှိနေရတာလဲ…

 

လျိုကွမ်မှာ သူ လှည့်ကြည့်မည်ကို ကြောက်လွန်းသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အဝတ်အစားများကို အမြန်ဝတ်ဆင်လိုက်ပြီး လက်ဖြင့် ဆံပင်များကို ဖြစ်သလို သပ်တင်ကာ ပြောလိုက်သည်။

 

” ရပြီ… မင်း လှည့်ကြည့်လို့ ရပြီ…”

 

ချန်နော့ လှည့်ကြည့်လိုက်တော့ သန့်ရှင်းနေအောင် ဆေးကြောထားသော ကလေးလေး လျိုကွမ်ကို မြင်လိုက်ရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားတော့၏။

 

လခွမ်း!… ဒီကမ္ဘာက ကလေးတွေ အားလုံးက ဒီလောက်တောင် ချောမောပြီး ချစ်စရာကောင်းနေကြတာလား…

 

ရေချိုးပြီးကာစဖြစ်၍လား မသိပေ။ လျိုကွမ်၏ တောက်ပသော အနီရောင်ဆံပင်များမှာ သိသိသာသာ နူးညံ့သွားပုံရပြီး အနည်းငယ် စွေတက်နေသော မြစိမ်းရောင် မျက်လုံးဝိုင်းကြီးများမှာ အကောင်းစား ကျောက်စိမ်းကဲ့သို့ ကြည်လင်နေ၏။ ဖြောင့်တန်းသော နှာတံနှင့် နီရဲနေသော နှုတ်ခမ်းလေးများကို စိတ်မရှည်စွာ တွန့်ကွေးထားပြီး ရေငွေ့များ ကပ်ငြိနေသော ဂျုံရောင်အသားအရေမှာ အလွန်နူးညံ့ကာ ကျန်းမာရေးကောင်းမွန်မည့်ပုံ ပေါ်သည်။

 

ချန်နော့က သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်ကို မြင်သောအခါ လျိုကွမ်မှာ နေရခက်စွာဖြင့် မျက်စောင်းထိုးကာ မေးလိုက်၏။

 

” မင်း ဘာကြည့်နေတာလဲ…”

 

ချန်နော့က မေးစေ့ကို ပင့်ကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

 

” လျိုကွမ်က လူချောလေးပဲ… သန့်သန့်ရှင်းရှင်းလေး နေတော့ ဘယ်လောက်ကောင်းလိုက်သလဲ…”

 

ဤသည်မှာ သူ၏ ရုပ်ရည်ကို ချီးကျူးနေခြင်းဖြစ်ကြောင်း လျိုကွမ်က ခပ်ရေးရေး နားလည်လိုက်၏။ အခြားသူတစ်ယောက်သာ ဤကဲ့သို့ ပြောလာပါက သူ၏ လက်သီးက အရင်ရောက်သွားမည် ဖြစ်သော်လည်း ချန်နော့က ပြောသောအခါ စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းသာနေမိသည်။ သူက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

 

” အထီးတွေက ရုပ်ရည်ရှိပြီး ဘာလုပ်ရမှာလဲ… ခွန်အားကသာ အရေးအကြီးဆုံးပဲ!…”

 

ချန်နော့က ရယ်ချင်စိတ်ကို အောင့်ထားကာ ခေါင်းညိတ်ပြလိုက်သည်။

 

” မင်းပြောတာ မှန်တယ်…”

 

မြစ်ရေမှာ ကြမ်းပြင်ထိတိုင်အောင် ကြည်လင်နေသော်လည်း ငါးတစ်ကောင်မျှ မတွေ့ရချေ။ ချန်နော့မှာ စိတ်ပျက်စွာဖြင့် အဝတ်အစားများကို သိမ်းဆည်းကာ ဝါးခြင်းတောင်းထဲသို့ ထည့်လိုက်၏။ ငါးဖမ်း၍ ဗိုက်ဖြည့်ရန်မှာ လက်တွေ့မကျကြောင်း ထင်ရှားနေသည်။

 

ရုတ်တရက် လျိုကွမ်က မျက်မှောင်ကြုတ်ကာ အနီးသို့ ရောက်လာပြီး တိုးတိုးလေး ပြော၏။

 

” သစ်တောထဲမှာ လှုပ်ရှားမှုတွေ ရှိနေတယ်… လာ… မင်းကို သစ်ပင်ပေါ် ကျောပိုးတင်ပေးမယ်…”

 

ချန်နော့က နားစွင့်၍ သေချာနားထောင်လိုက်ရာ သားရဲအချို့၏ ဟိန်းဟောက်သံများကို ဝိုးတဝါး ကြားလိုက်ရသဖြင့် အလိုအလျောက် စိတ်လှုပ်ရှားလာကာ ပြောသည့်အတိုင်း လျိုကွမ်၏ ကျောပေါ်သို့ တွယ်တက်လိုက်သည်။ လျိုကွမ်က သူ့ကို ကျောပိုးကာ ခုန်ပျံကျော်လွှားလျက် မျက်နှာသစ်ဇလုံအရွယ်အစားခန့် တုတ်ခိုင်ပြီး ပေပေါင်းများစွာ မြင့်မားသော သစ်ပင်ကြီးတစ်ပင်ပေါ်သို့ တက်သွားခဲ့ပြီးနောက် သူတို့နှစ်ယောက်မှာ သစ်ရွက်များကြားတွင် ပုန်းကွယ်နေလိုက်၏။

 

မြက်ခင်းပြင်ထဲမှ ဆူညံလှုပ်ရှားသံများ ထွက်ပေါ်လာပြီး လျှပ်စီးကဲ့သို့ လျင်မြန်သော လူရိပ်တစ်ခုက ဤဘက်သို့ အမြန်ပြေးလာသည်။ ၎င်း၏ နောက်တွင် တောခွေးအရွယ်အစားခန့်ရှိသော တိရစ္ဆာန် ဆယ်ကောင်နီးပါး လိုက်ပါလာခဲ့သည်။

 

လျိုကွမ်က ယူဆောင်လာသော ဓားကောက်ကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီး မျက်မှောင်ကြုတ်လျက် တိုးတိုးလေး ပြောလိုက်၏။

 

” ပိုင်ရွေ့ဆိုတဲ့ ကောင်ပဲ! သူရဲ့ နောက်မှာ ဘယ်လိုလုပ်ပြီး ချီကောင်တွေ အများကြီး ပါလာရတာလဲ…”

 

ချီကောင်များမှာ ကြမ်းတမ်းသော်လည်း အုပ်စုဖွဲ့ နေထိုင်လေ့မရှိချေ။ မျိုးပွားချိန်တွင် ၎င်းတို့ကို သွားရောက်မနှောင့်ယှက်ပါက ရမ်းသန်းတိုက်ခိုက်လေ့ မရှိပါဘဲ ပိုင်ရွေ့က ဘယ်လိုလုပ်ပြီး ဒီလောက် အကောင်ရေအများကြီးကို ဆွဲဆောင်လာနိုင်တာလဲ… ချီကောင်များ၏ အနံ့ခံအာရုံမှာ အလွန်ထူးကဲကောင်းမွန်ပြီး သစ်ပင်လည်း တက်တတ်သေးသည်။

 

ချန်နော့က ဤကမ္ဘာသို့ ရောက်လာပြီးနောက် သူ၏ အမြင်အာရုံမှာ အနည်းငယ်မျှမက ပိုမို​ကောင်းမွန်လာကြောင်း သတိထားမိလိုက်၏။

 

မီတာဆယ်ဂဏန်းခန့် ကွာဝေးနေသေးသော်လည်း ဟိုခုန်ဒီခုန် လုပ်နေသော ထိုတိရစ္ဆာန်များ၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာများကို ရှင်းလင်းစွာ မြင်တွေ့နိုင်နေပြီ ဖြစ်သည်။ ချီကောင်များတွင် နှစ်တန်းစီရှိသော သွားများရှိပြီး သွားစွယ်များမှာလည်း အပြင်သို့ ထွက်နေသည်။ ရုပ်အဆင်းသဏ္ဌာန်မှာ တောခွေးထက် များစွာ ပို၍ အရုပ်ဆိုးကာ ကြမ်းတမ်းလှ၏။

 

သူက ပိုင်ရွေ့ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ ဤငွေရောင်ဆံပင်နှင့် ကလေး၏ လှုပ်ရှားမှုများမှာ လျင်မြန်သွက်လက်ကာ အေးဆေးတည်ငြိမ်နေပြီး မျက်နှာအမူအရာမှာလည်း တည်ငြိမ်နေဆဲပင်။ ထိုချီကောင်များမှာ သူနှင့် သုံးမီတာခန့် အကွာအဝေးတွင် အမြဲရှိနေပြီး သူက တမင်သက်သက် ထိုအကွာအဝေးကို ထိန်းသိမ်းထားသကဲ့သို့ ရှိနေ၏။

 

ပိုင်ရွေ့၏ လက်ထဲတွင် တစ်ပေခန့်ရှည်သော အပြာရောင်အကြည် ဓားတိုတစ်လက်ကို ဆုပ်ကိုင်ထားသည်။ သူက ရုတ်တရက် ခြေလှမ်းများကို နှေးလိုက်ရာ ချီကောင်တစ်ကောင်က သူ၏ ကျောပေါ်သို့ ချက်ချင်း ခုန်အုပ်လာခဲ့၏။

 

ချန်နော့မှာ ကြည့်ရင်း စိတ်လှုပ်ရှားလာကာ မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။

 

” သတိထား!…”

 

ပိုင်ရွေ့က နောက်ကျောတွင် မျက်လုံးပါသည့်အလား ကိုယ်ကို ရုတ်တရက် နှိမ့်ချလိုက်ရာ ထိုချီကောင်မှာ လေကိုသာ ခုန်အုပ်မိသွား၏။ ပိုင်ရွေ့၏ လက်ထဲရှိ ဓားတိုက ထိုချီကောင်၏ ဝမ်းဗိုက်ထဲသို့ ပြင်းထန်စွာ စိုက်ဝင်သွားပြီး ဓားကို သွက်လက်စွာ ပြန်ဆွဲထုတ်လိုက်ချိန်တွင် သွေးမှိုင်းများ ပန်းထွက်လာခဲ့သော်လည်း သူ၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိချေ။ ဤဓား၏ ပြုလုပ်ထားသော ပစ္စည်းမှာ အလွန်ထူးဆန်းပြီး သွေးစက်လေးတစ်စက်မျှပင် ကျန်ရစ်ခြင်း မရှိပေ။

 

ချီကောင်က နားကွဲမတတ် စူးရှစွာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ ငြိမ်သက်သွားခဲ့၏။ နောက်တွင် လိုက်ပါလာသော အကောင်များက ဒေါသတကြီး ဟိန်းဟောက်ကာ ပိုင်ရွေ့ဆီသို့ အလုအယက် ခုန်အုပ်လာကြသည်။ ၎င်းတို့က မြေပြန့်ပေါ်မှနေ၍ နှစ်မီတာနီးပါးအထိ မြင့်အောင် ခုန်နိုင်ကြသည်။

 

ပိုင်ရွေ့၏ မူလရည်ရွယ်ချက်မှာ ဤတိရစ္ဆာန်များကို အသုံးပြု၍ လေ့ကျင့်ရန်ဖြစ်ပြီး ဤနေရာတွင် အခြားလူများ ရှိနေမည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူက အေးစက်စွာဖြင့် အပေါ်သို့ တစ်ချက်မော့ကြည့်လိုက်ရာ အဝတ်အစားစွန်းတစ်ခုကို တကယ်ပင် မြင်တွေ့လိုက်ရ၏။

 

သူက ပြင်ပလူများရှေ့တွင် သူ၏ အစွမ်းအစများကို ထုတ်ဖော်ပြသလိုခြင်း မရှိသလို သူတစ်ပါးအပေါ် ကျေးဇူးတင်စရာလည်း မလိုအပ်ချေ။ ထို့ကြောင့် ခြေထောက်ကို ရပ်တန့်ကာ သစ်ကိုင်းတစ်ကိုင်းကို ပြင်းပြင်းထန်ထန် နင်း၍ အရှိန်ယူကာ ဆန့်ကျင်ဘက်သို့ မီတာအနည်းငယ်ခန့် ခုန်ထွက်သွားပြီး ထိုချီကောင်များကို အခြားသို့ ဆွဲဆောင်ခေါ်ဆောင်သွားရန် ကြိုးစားလိုက်သည်။

 

သို့သော် ယခုလေးတင် ချန်နော့ အသံထွက်လိုက်မိသောကြောင့် သူတို့၏ နေရာကို ဖော်ပြပြီးသား ဖြစ်သွားခဲ့၏။ အရှိန်မသတ်နိုင်သော ချီကောင်များအနက် သုံးလေးကောင်က ချွန်ထက်သော လက်သည်းများဖြင့် သစ်ခေါက်ကို ချိတ်ကာ အထက်သို့ တွယ်တက်လျက် ချန်နော့နှင့် လျိုကွမ်ကို တိုက်ခိုက်ရန် ကြိုးစားကြပြီး ကျန်ရှိနေသည်များကမူ ပိုင်ရွေ့ကို ဆက်လက်ဝိုင်းရံထားကြသည်။

 

ပိုင်ရွေ့က ခေတ္တမျှ ရပ်တန့်သွားပြီးနောက် အခြားတစ်ဖက်ရှိ ကျောက်တုံးကြီးပေါ်သို့ ခုန်တက်လိုက်ကာ ခုန်အုပ်လာသော ချီကောင်တစ်ကောင်ကို ခြေထောက်ဖြင့် ကန်ချလိုက်ရာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။

 

လျိုကွမ်က နှာခေါင်းရှုံ့ကာ ချန်နော့ကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။

 

” ပြဿနာပဲ!…”

 

သူလည်း ဤချီကောင်များကို မကြောက်ရွံ့သလို ပိုင်ရွေ့၏ အစွမ်းအစများကို မြင်တွေ့ရသောအခါ တိတ်တဆိတ် ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာခဲ့၏။ သူ စိုးရိမ်သည်မှာ အနာဂတ်ဇနီးလေး တစ်ခုခု ထိခိုက်သွားမည်ကိုသာ ဖြစ်သည်။

 

လျိုကွမ်က ဓားကောက်၏ လက်ကိုင်ကို သွားဖြင့် ကိုက်ထားပြီး သစ်ကိုင်းတစ်ကိုင်းကို ဖက်ကာ အောက်သို့ အမြန်ခုန်ဆင်းလိုက်၏။ ခြေထောက်နှစ်ချောင်းဖြင့် အပေါ်ဆုံးရှိ အကောင်၏ ခေါင်းကို အားကုန်ကန်ချလိုက်ရာ လေထဲမှနေ၍ တည့်မတ်စွာ ပြုတ်ကျသွားခဲ့သည်။ ထို့နောက် လေထဲတွင် ကိုယ်ကို လှည့်ကာ အခြားတစ်ကောင်ပေါ်သို့ ခုန်အုပ်လိုက်ပြီး ၎င်း၏ ခေါင်းကို ဖိထားလျက် ချီကောင်၏ အနုနယ်ဆုံးဖြစ်သော လည်ချောင်းဆီသို့ ဓားကောက်ဖြင့် လှီးဖြတ်လိုက်သည်။

 

ဤမျှ သွေးထွက်သံယိုဖြစ်သော တိုက်ခိုက်မှု မြင်ကွင်းကို အနီးကပ် မြင်တွေ့ရသောအခါ ချန်နော့၏ တစ်ကိုယ်လုံးရှိ သွေးများပင် ပွက်ပွက်ဆူလာတော့၏။ သူက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေသော လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကျောကို သစ်ပင်ပင်စည်နှင့် ကပ်ထားလိုက်သည်။ ရုတ်တရက် သူ သတိပြုမိသွားသည်မှာ ဤရူးသွပ်ပြီး ထူးဆန်းသော ကမ္ဘာတွင် ဆက်လက်အသက်ရှင်နေထိုင်နိုင်ရန် မိမိကိုယ်တိုင် အင်အားကြီးမားလာမှသာ ဖြစ်မည်။ ဤကလေးနှစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သူ၏မျှော်လင့်ထားမှုထက် များစွာ ကျော်လွန်နေသည်။ လူကြီးတွေသာဆိုရင် ဘယ်လောက်တောင် ကြောက်စရာ ကောင်းနေလိုက်မလဲ…

 

ယခင်က ရောက်ခါစ အခြေအနေများကို ပြန်လည်တွေးတောမိသောအခါ သူ မသိမသာပင် ချွေးစေးများ ထွက်လာခဲ့၏။ ကြည့်ရသည်မှာ ထိုအချိန်က လျိုကွမ် လက်ပါခဲ့သည်မှာ အမှန်တကယ်ပင် အင်အားကို ထိန်းထားခဲ့ခြင်း ဖြစ်မည်…

 

လျိုကွမ်၏ ဓားကောက်မှာ ထက်မြက်သော်လည်း ပိုင်ရွေ့၏ လက်ထဲရှိ ဓားတိုကို မမီကြောင်း ထင်ရှားနေ၏။ ဓားကောက်က ခုနစ်ချက်၊ ရှစ်ချက်ခန့် ဆက်တိုက် ထိုးသွင်းပြီးနောက် တုံးသွားခဲ့ပြီး ထိုချီကောင်မှာ အသံသြသြဖြင့် အော်ဟစ်၍ ပြုတ်ကျသွားခဲ့ရာ အောက်ရှိ နှစ်ကောင်ကိုပါ ဝင်တိုက်မိသဖြင့် အတူတကွ လျှောကျသွားကြသည်။

 

လျိုကွမ်က ၎င်း၏ ခေါင်းကို နင်းကာ အပေါ်သို့ ခုန်တက်လိုက်ပြီး သစ်ပင်ပင်စည်ကို ချိတ်၍ အထက်သို့ လှည့်တက်ကာ ချန်နော့၏ ဘေးသို့ ပေါ့ပါးစွာ ကျဆင်းလာခဲ့၏။ သူက တုံးသွားသော ဓားကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး ပိုင်ရွေ့၏ လက်ထဲရှိ အပြာရောင်အကြည် ဓားတိုကို မျက်လုံးမှေး၍ ကြည့်လိုက်သည်။ အကယ်၍ ထိုကဲ့သို့သော ဓားတစ်လက်သာ ရှိခဲ့လျှင် သူ သတ်နိုင်သော အရေအတွက်မှာ ပိုင်ရွေ့ထက် နည်းမည်မဟုတ်ချေ။ ဤမျှတိုတောင်းသော အချိန်အတွင်း ပိုင်ရွေ့က နောက်ထပ် နှစ်ကောင်ကို သတ်ပစ်လိုက်ပြီ ဖြစ်သည်။

 

အကယ်၍ ပြင်ပလူများသာ ဖြစ်ခဲ့လျှင် လုယူ၍ မိမိဘာသာ အသုံးပြုရန် သူ ဝန်လေးမည်မဟုတ်သော်လည်း ၎င်းတို့၏နေရာရှိ အသက်ရှင်နေထိုင်မှု စည်းမျဉ်းမှာ ဒေသခံများကို ဒုက္ခမပေးရခြင်းပင် ဖြစ်၏။

 

သူက ချန်နော့၏ အနည်းငယ် နီရဲနေသော ပါးပြင်ကို ကြည့်ကာ ပွစိပွစိ ပြောလိုက်သည်။

 

” သတ္တိကြောင်ပြီး ပြဿနာရှာတဲ့ အမ…”

 

ချန်နော့မှာ လျိုကွမ်၏ မျက်နှာပေါ်ရှိ အထင်သေးနေသော အမူအရာကို ကြည့်ကာ ဆွံ့အသွားခဲ့၏။ ဤမျှ အနီးကပ် အကွာအဝေးမှနေ၍ လျိုကွမ်၏ ကိုယ်ပေါ်ရှိ စူးရှသော သွေးညှီနံ့ကို သူ ရှူရှိုက်မိနေသည်။ အမှန်တကယ်ပင် ပုံမှန်ကမ္ဘာမှ မည်သည့်ပြည်သူမဆို ဤကဲ့သို့ သွေးထွက်သံယို မြင်ကွင်းကို ပထမဆုံးအကြိမ် မြင်တွေ့ရပါက အသားကျမည်မဟုတ်ချေ။ သူ ကြောက်ရွံ့နေခြင်း မဟုတ်သော်လည်း တံတွေးများ ကျနေသော သွားစွယ်များနှင့် မျက်စိကျိန်းလောက်အောင် နီရဲနေသော သွေးများကို ကြည့်ရင်း စိတ်လှုပ်ရှားမိခြင်းမှာ ရှောင်လွှဲ၍မရပေ။

 

ချီကောင်များမှာ အပေါ်သို့ ပြန်လည်တွယ်တက်လာကြပြီး ချွန်ထက်သော လက်သည်းများဖြင့် သစ်ခေါက်ကို ကုတ်ခြစ်ကာ နားကွဲမတတ် အသံများ ထုတ်လုပ်နေ၏။

 

 ဓားမှာ တုံးသွားလေပြီ။ အောက်သို့ဆင်းကာ လက်နက်ရှာ၍မရသဖြင့် စိတ်ထဲတွင် မကျေမချမ်း ဖြစ်ရသော်လည်း လျိုကွမ်က ဇနီးလေးကို တစ်ယောက်တည်း ပစ်ထားခဲ့၍ မဖြစ်ကြောင်း သိထားပေသည်။ သူက တောခွေးတစ်ကောင်ကဲ့သို့ ချန်နော့၏ ရှေ့တွင် ကာကွယ်ပေးထားပြီး လက်မောင်းလုံးခန့် တုတ်ခိုင်သော သစ်ကိုင်းတစ်ကိုင်းကို ချိုးကာ ချီကောင်များ တက်လာသည်နှင့် ထိုသစ်ကိုင်းဖြင့် ရိုက်ချနေတော့၏။

 

ပိုင်ရွေ့ဘက်တွင်မူ နောက်ထပ်တစ်ကောင်ကို သွက်လက်စွာ သတ်ပစ်လိုက်ပြန်သည်။

 

ကျန်ရှိနေသော အကောင်များက ၎င်းတို့၏ ပြိုင်ဘက်မဟုတ်ကြောင်း နောက်ဆုံးတွင် သတိပြုမိသွားကြပြီး ပြိုင်တူအော်ဟစ်ကာ မြက်ခင်းပြင်ထဲသို့ ခုန်ဝင်ပျောက်ကွယ်သွားကြရာ အခင်းဖြစ်ပွားရာ နေရာတွင် ချီကောင်အသေ ငါးကောင်၊ ခြောက်ကောင်ခန့်သာ ကျန်ရစ်ခဲ့၏။

 

ပတ်ဝန်းကျင်မှာ နောက်ဆုံးတွင် တိတ်ဆိတ်သွားခဲ့ပြီး ချန်နော့မှာ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။ ယခုလေးတင်က အရမ်းစိတ်လှုပ်ရှားလွန်းသဖြင့် အသက်ရှူရန်ပင် မေ့လျော့နေခဲ့၏။ သူက အရူးတစ်ယောက်ကဲ့သို့ အနည်းငယ်မျှပင် ပြန်လည်မတိုက်ခိုက်နိုင်ဘဲ ကလေးလေးတစ်ယောက်၏ နောက်ကွယ်တွင် ကာကွယ်မှု ခံယူနေခဲ့ရသည်ကို သတိပြုမိသောအခါ အလွန်စိတ်ပျက်သွားမိသည်။

 

ပိုင်ရွေ့က ဓားကို ဓားအိမ်ထဲသို့ ဖြည်းညင်းစွာ ပြန်ထည့်လိုက်ပြီး လျိုကွမ်နှင့် ချန်နော့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ကျောက်တုံးပေါ်မှ ခုန်ဆင်းကာ ထွက်ခွာရန် ပြင်လိုက်၏။ သူ၏ ဆံပင်များက လေထဲတွင် ငွေရောင်အလင်းတန်းတစ်ခုကို ဖန်တီးသွားခဲ့ပြီး အလွန်မိမိုက်နေသည်။

 

ချန်နော့က အနည်းငယ် သဘောကျသော မျက်လုံးများဖြင့် သူ၏ ကျောပြင်ကို ကြည့်နေမိ၏။ ဤကလေးမှာ မောက်မာလွန်းသည်ဟု ဆိုရသော်လည်း မောက်မာရန် အရည်အချင်းရှိကြောင်း ထင်ရှားသည်။ ထို့အပြင် လျိုကွမ်က တိုက်ခိုက်ချိန်တွင် ရန်ဖြစ်သည့် အတွေ့အကြုံနှင့် အလိုအလျောက် တုံ့ပြန်မှုများကိုသာ ပို၍ အားကိုးသော်လည်း ပိုင်ရွေ့မှာမူ စနစ်တကျ လေ့ကျင့်မှုများ ခံယူထားရသည့်အလား တိုက်ခိုက်သည့် လှုပ်ရှားမှုတိုင်းမှာ အလွန်လှပလွန်းကြောင်းကို မြင်တွေ့နိုင်၏။

 

သူ ဤဘက်တွင် လျှောက်တွေးနေစဉ် လျိုကွမ်မှာမူ သူ့ကို မျက်စိလျင်စွာဖြင့် သတိထားမိသွားပြီး ချက်ချင်း စိတ်ဆိုးသွားခဲ့သည်။ ဤနေရာဒေသရှိ အမများမှာ အထီးများ စစ်ပွဲမှ အနိုင်ရလာသောအခါ ချီးကျူးစကားများ ပြောဆိုလေ့ရှိသော်လည်း သူ၏အနာဂတ်ဇနီးလေးကမူ အခြားသူ၏ ကျောပြင်ကိုသာ ငေးကြည့်နေ၏။

 

လျိုကွမ်က မျက်လုံးမှေးကာ အော်ဟစ်လိုက်သည်။

 

” ပိုင်ဆိုတဲ့ကောင်! မင်းရဲ့ တိုက်ပွဲဝင် ပစ္စည်းတွေကို မယူသွားတော့ဘူးလား…”

 

ချီကောင်၏ သားရေမှာ မှောင်ခိုဈေးကွက်တွင် စွမ်းအင်ဒင်္ဂါးပြားအချို့နှင့် လဲလှယ်၍ ရနိုင်ပြီး အသားမှာ ကြမ်းတမ်းသော်လည်း စား၍ရပေသည်။

 

ပိုင်ရွေ့က ခေတ္တမျှ ရပ်တန့်သွားပြီး ခေါင်းပင်လှည့်မကြည့်ဘဲ အေးစက်စက် ပြောလိုက်သည်။

 

” ငါ မလိုချင်တော့ဘူး… မင်းအတွက် ရှားပါးနေရင် ယူသွားလိုက်တော့…”

 

လျိုကွမ်၏ မျက်လုံးများမှာ မှောင်မိုက်သွားပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ ပိုင်ဆိုသောကောင် ဤနေရာမှ ထွက်ခွာသွားသည်နှင့် ဤဒေသခံအဖြစ် သတ်မှတ်တော့မည် မဟုတ်သဖြင့် ထိုအချိန် သူက ဤငွေရောင်ဆံပင်နှင့် ကောင်လေးကို အနှေးနှင့်အမြန် သတ်ပစ်မည်ပင်!

 

ချန်နော့က လျိုကွမ်၏ ဒေါသထွက်နေသော ပုံစံကို ကြည့်ကာ ပိုင်ရွေ့၏ ဤစကားအနည်းငယ်က လျိုကွမ်၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေမည်ဖြစ်ကြောင်း သိလိုက်သည်။ မည်သည့်ဘက်မှ ကြည့်ကြည့် သူက လျိုကွမ်၏ ဘက်တွင်သာ ရပ်တည်ရမည်ဖြစ်သောကြောင့် အလျင်အမြန် နှစ်သိမ့်လိုက်၏။

 

” လျိုကွမ်က ခုနက အရမ်းမိုက်တာပဲ! ငါ့ကို ကာကွယ်ပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်…”

 

သူ ပြောသည်မှာ စေတနာအမှန်ဖြစ်သော်လည်း လျိုကွမ်မှာ အနည်းငယ် စိတ်ဆိုးနေဆဲပင် ဖြစ်သည်။ အမများကို ကာကွယ်ရန်မှာ မူလကတည်းက အထီးများ၏ တာဝန်ပင် မဟုတ်လား။ ​သူက ချန်နော့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သစ်ကိုင်းကို သွက်လက်စွာ ဆွဲကိုင်ကာ အောက်သို့ ခုန်ဆင်းသွားခဲ့ပြီး သူကိုယ်တိုင် သတ်ထားသော ချီကောင်၏ နောက်ခြေထောက်ကို ဆွဲကာ ရေစပ်သို့ တရွတ်တိုက် ယူသွားလိုက်၏။ထို့နောက် ကျောက်တုံးတစ်တုံးကို ရှာ၍ ဓားကို သွေးလိုက်ပြီးနောက် ၎င်း၏ သားရေကို ခွာရန် ပြင်လိုက်သည်။

 

ချန်နော့ ငယ်စဉ်က ဇာတိရွာတွင်လည်း ခြံစည်းရိုးကျော်ကာ သစ်ပင်တက်လေ့ရှိသဖြင့် ဝါးခြင်းတောင်းကို လွယ်ကာ ထူးဆန်းသော ကိုယ်နေဟန်ထားဖြင့် သစ်ပင်ပေါ်မှ လျှောဆင်းလာပြီး ကူညီရန် အမြန်သွားလိုက်၏။

 

လျိုကွမ်၏ ဒေါသများလည်း အတော်အသင့် ပြေလျော့သွားပြီဖြစ်ပြီး ချန်နော့ကို နောက်ခြေထောက် နှစ်ဖက်အား ဖိထားရန် ညွှန်ကြားလိုက်သည်။ သူက ချီကောင်၏ သားရေကို အကြိမ်အနည်းငယ် ခွာဖူးသဖြင့် လှုပ်ရှားမှုများမှာ အနည်းငယ် လက်ဝင်နေသော်လည်း ထိုသားရေကို အပြည့်အဝ ခွာချနိုင်ခဲ့၏။

 

ချန်နော့မှာ ဤနေရာသို့ ရောက်ကတည်းက မန်ထိုအနည်းငယ်သာ စားထားရသဖြင့် ဗိုက်ထဲမှာ အစောကြီးကတည်းက ဆာလောင်နေပြီး ယခုအခါ မသိမသာပင် ‘ဂွီဂွီ’ မြည်သံများ ထွက်ပေါ်လာခဲ့သည်။

 

လျိုကွမ်မှာ ဤအသံနှင့် အလွန်ရင်းနှီးနေပြီဖြစ်သော်လည်း ယခု အသားကင်မည်ဆိုပါက ပို၍များပြားသော ချီကောင်များကို ဆွဲဆောင်လာနိုင်၏။ သူက ခြင်းထဲက အဝတ်အစားများကို ထုတ်ကာ ချန်နော့ကို ပိုက်ထားခိုင်းလိုက်ပြီး ထိုအသားများကို အတုံးလေးများအဖြစ် တုံးကာ ဝါးခြင်းတောင်းထဲသို့ ထည့်လိုက်သည်။ သားရေကိုလည်း လိပ်ကာ ဝါးခြင်းတောင်း၏အောက်ခြေတွင် ထည့်၍ လွယ်ကာ ပြန်လာခဲ့သည်။

 

သေချာသည်မှာ ပိုင်ရွေ့ သတ်ဖြတ်ခဲ့သော အကောင်များကို လျိုကွမ်က တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။ ထိုမောက်မာမှုမှာ ပိုင်ရွေ့နှင့် အမှန်တကယ်ပင် ကွာခြားခြင်း မရှိပေ။

 

ချန်နော့က ဤနေရာရှိ လူများအတွက် အစားအစာ၏ အရေးပါမှုကို သိထားသဖြင့် မနေနိုင်ဘဲ နှမြောတသစွာဖြင့် ပြောလိုက်၏။

 

” ဒါတွေကို ဒီမှာ ဒီတိုင်း ပစ်ထားခဲ့ရင် တောရိုင်းတိရစ္ဆာန်တွေ စားသွားမှာ မဟုတ်ဘူးလား…”

 

လျိုကွမ်၏ မျက်လုံးများက တောခွေးတစ်ကောင်ကဲ့သို့ ချန်နော့ကို လှမ်းကြည့်လာပြီး ခက်ထန်စွာ ပြောလိုက်သည်။

 

“ငါ့ပစ္စည်းတွေကိုပဲ မင်း ထိခွင့်ရှိတယ်… တခြားအထီးတွေရဲ့ ပစ္စည်းကို မထိရဘူး!…”

 

Chapter 4 ended

 

တင်တင် နှစ်ခုပါသည့် ယောက်ျားကို ဘယ်တော့မှ လက်မထပ်နဲ့

တင်တင် နှစ်ခုပါသည့် ယောက်ျားကို ဘယ်တော့မှ လက်မထပ်နဲ့

绝不嫁有两个丁丁的男人
Status: Ongoing Type: Author: Released: 2017 Native Language: Chinese
Intro   《 တင်တင် နှစ်ခုပါသည့် ယောက်ျားကို ဘယ်တော့မှ လက်မထပ်နဲ့ 》   အညွှန်း -   စာတစ်ကြောင်းတည်းနှင့် အညွှန်း -   ဤသည်ကား သဘောကောင်းလွန်းသည့် လူအတစ်ယောက်ခမျာ ယောကျာ်းလေးများသာရှိသော စံနှုန်းလွဲချော်နေသည့် အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းသွားခဲ့ပြီးနောက် ၎င်းကိုယ်တိုင် အကြောင်းပြချက်မရှိဘဲ အမတစ်​ယောက်အဖြစ်သို့ ပြောင်းလဲသွားကာ အခြားသူ၏ ဇနီးသည် ဖြစ်သွားရသည့် အဖြစ်ဆိုးဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်သည်။   ချန်နော့က ဆိုသည်။ " ဘာကိစ္စ ငါ့ကို အမလို့ ပြောရတာလဲ..."   ဇာတ်လမ်းနတ်ဘုရားမှာကား ပြုံးသာနေပြီး မည်သည့်စကားမျှ ဝင်မပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် တင်တင်တစ်ခုသာ ရှိနေပြီး ဤကမ္ဘာရှိ အထီးများတွင်ကား နှစ်ခုစီ ရှိနေသောကြောင့် ဖြစ်သည်။   ချန်နော့က ဆဲဆိုလိုက်သည်။ " လခွမ်း! အဲ့ဒါကြီးက ဂြိုဟ်သားကြီးတွေ မဟုတ်ဘူးလား... ယီးပဲ၊ ငါ့ကို ဖာ့ခ်ချင်ရင် အရင်ဆုံး တစ်ခုကို ကိုယ့်ဘာသာကိုယ် ဖြတ်လာခဲ့!..."   ====   [ ဤဝတ္ထုသည် ဦးနှောက်မစားရသည့် အချစ်ဒရာမာ ၃ပွင့်ဆိုင် ဇာတ်လမ်းမျိုးဖြစ်ပြီး Happy Ending ဖြင့် ဇာတ်သိမ်းပါမည်။ ]   【 ဤဝတ္ထု၏ အခြားအမည်များ 】 《 ယောက်ျားစစ်စစ်တစ်ယောက် ယောကျာ်းလေးများသာရှိသော ကမ္ဘာဆီ ကူးပြောင်းသွားသောအခါ 》 《 တင်တင်က မင်း Bottom ဖြစ်မဖြစ်ကို ဆုံးဖြတ်ပေးလိမ့်မယ် 》 《 နှာဘူးများ ပေါလွန်းသဖြင့် ငါကိုယ်တိုင် ထကြွပုန်ကန်ရမယ် 》 《 ဒီသောက်ကျိုးနည်း ကူးပြောင်းခြင်းမှာ ငါကလည်း Top ပဲ! 》   စရိုက်သတ်မှတ်ချက်မသေချာသော Top X တက်ကြွလန်းဆန်းနေသော လူအ Bottom     === 'တင်တင်' ဆိုတာက လော်ကို တင်စားတဲ့ တရုတ်အင်တာနက်ဗန်းစကားပါ။    

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset