Little Creampie:
Chapter 46
ရှောင်းဝမ်လင်၏ အိမ်သို့ရောက်သောအခါ၊ ၎င်းသည် မြို့၏ ရေကန်နှင့် နီးသော အလွန်ကောင်းမွန်သည့် တည်နေရာတွင် တည်ရှိသည်ကို တွေ့ရ၏။ မိုးထဲတွင် မြို့၏ အရိပ်အမြွက်ကို မြင်နိုင်သည်။
အခန်းကို သန့်ရှင်းရေးလုပ်ထားသည်ကြောင့် အလွန်သန့်ရှင်းနေသည်။
ရှောင်းဝမ်လင် အိမ်ထဲဝင်လာသည့်အခါ ကျင်းလော့ တံခါးနားတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူ၏မျက်နှာတွင် အနည်းငယ် တိတ်ဆိတ်နေသကဲ့သို့ရှိပြီး၊ သူ ဘာတွေးနေသည်ကို မည်သူမျှ မသိခဲ့ပေ။
“ဘာဖြစ်တာလဲ?”
ကျင်းလော့က ခေါင်းခါလိုက်ပြီး အိမ်ထဲသို့ ဝင်သွားခဲ့သည်။
ရှောင်းဝမ်လင်က သူ့ပိုင်နက်ထဲသို့ ရောက်ရှိလာပြီဟု ထင်သောအခါ၊ သူသည် ပိုမိုသက်တောင့်သက်သာ ဖြစ်လာခဲ့သည်။ သူ ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်ကာ တီဗီဖွင့်လိုက်၏ “ရေသွားချိုး မင်းက စိုရွဲနေပြီ အိမ်အကူအဒေါ်ကြီးကို ထမင်းချက်ခိုင်းထားလိုက်မယ်”
ကျင်းလော့က ပြော၏ “ငါ ချက်တတ်တယ်”
သူမျက်လုံးများကို ငုံ့ပြီး ဆက်ပြောသည် “ငါ့ကို ချက်ခိုင်းပါ”
ရှောင်းဝမ်လင် တုန်လှုပ်သွားခဲ့သည်။ အယ်လ်ဖာဖြစ်သူ၏စိတ်ထဲတွင် သူ၏ အိုမီဂါအား ချက်ပြုတ်ခိုင်းခြင်း သို့မဟုတ် အလုပ်လုပ်စေခြင်း မရှိခဲ့ဖူးပေ။ သို့သော် ရှောင်းဝမ်လင်သည် တစ်စုံတစ်ရာကို နားလည်သွားခဲ့၏။ သူ့အိမ်တွင် နေထိုင်ရသည့်အတွက် အစားထိုးပေးလိုသည့် ကျင်းလော့၏စိတ်ကို သူနားလည်သွားခဲ့သည်။
ရှောင်းဝမ်လင်၏ နှလုံးသား ရုတ်တရက် စုတ်ပြဲသလို ခံစားလိုက်ရသည်။
“ကောင်းပါပြီ” ရှောင်းဝမ်လင် ပြုံးလိုက်သည်၊ “အရင်ရေချိုးလိုက်လေ၊ မင်းက စိုရွှဲနေပြီ”
ကျင်းလော့က ခရီးဆောင်အိတ်အား ဆွဲကာ အထဲသို့ဝင်လာပြီး လှေကားတက်နေရင်း ရုတ်တရက်ရပ်လိုက်သည် “ငါဘယ်မှာနေရမလဲ”
“ပင်မအိပ်ခန်း”
***
ရေချိုးပြီးနောက် ကျင်းလော့သည် ခေါင်းပေါ်တွင် တဘတ်တင်ထားပြီး စိုနေသော ဆံပင်ဖြင့် မီးဖိုချောင်သို့သွားကာ ရေခဲသေတ္တာကိုဖွင့်လိုက်သည်။ ရေခဲသေတ္တာထဲတွင် အစားအစာများ ပြည့်နှက်နေသည်။ မိုးရွာသောနေ့တွင် လေထုအနည်းငယ် စိုထိုင်းနေပြီး အခန်းတွင်းလေအေးပေးစက်ဖြင့် စိုထိုင်းမှုကိုလျှော့ချထားကာ အပူချိန် ၂၅ ဒီဂရီခန့်ရှိပြီး အနည်းငယ်အေးမြ၏။
ကျင်းလော့ ရေခဲသေတ္တာရှေ့တွင် ဒူးထောက်ထိုင်လိုက်ပြီး “ဘာစားချင်လဲ” ဟု မေးလိုက်သည်။
“ဘာပဲဖြစ်ဖြစ်”
ကျင်းလော့သည် ရှောင်းဝမ်လင်ကို ထပ်မံမေးမြန်းခြင်း မပြုတော့ပေ။
အရင်က သူသည် ရွေးချယ်စရာမရှိဘဲ အားလုံးကိုစားခဲ့ရသော်လည်း၊ အရွယ်ရောက်လာသည်နှင့်အမျှ ပိုမိုရွေးချယ်စားသောက်လာခဲ့သည်။ အကျဉ်းချုပ်ဆိုရလျှင်၊ သူ၏မိသားစုကြိုက်နှစ်သက်သော အစားအစာအားလုံးကို မုန်းတီးခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ကလေးဘဝတုန်းက လိုအပ်ချက်များကို ဖြည့်ဆည်းပေးလိုသော စိတ်ကြောင့်ဖြစ်နိုင်သည်။ ကျင်းလော့သည် အချိန်အများစုတွင် သူစားသောက်သည့်အရာများကို အထူးဂရုပြုလေ့ရှိပြီး၊ စီးပွားရေးကြပ်တည်းမှုကြောင့် ကိုယ်တိုင်ချက်ပြုတ်ရန် လေ့ကျင့်ခဲ့ရသည်။
အချိန်ကြာလာသည်နှင့်အမျှ ကျင်းလော့၏ ချက်ပြုတ်ကျွမ်းကျင်မှုမှာ တစ်နေ့တစ်ခြား တိုးတက်လာခဲ့၏။
သို့သော် ကျင်းလော့သည် ဤကျွမ်းကျင်မှုကို မည်သူ့ကိုမျှ မပြသဖူးခဲ့ပေ။
ကျင်းလော့သည် လိုအပ်သည်များကို ဂရုတစိုက်ထုတ်ယူကာ သေချာစွာဆေးကြောပြီး၊ ဓားကိုကိုင်လိုက်သည်နှင့် ကျွမ်းကျင်စွာနှင့် လျင်မြန်စွာ ချက်ပြုတ်ရန် အသင့်ဖြစ်နေပြီပင်။
ဧည့်ခန်းမှ တီဗွီသံနှင့်အတူ အယ်လ်ဖာ၏သစ်သားရနံ့က ပျော့ပျောင်းစွာ ထွက်ပေါ်နေသည်။ ဤအခိုက်အတန့်တွင် ကျင်းလော့သည် ရုတ်တရက် နည်းနည်းရှုပ်ထွေးသွားသည်၊ နွေးထွေးသော ရှုပ်ထွေးမှုမျိုးပင်။
ကျင်းလော့သည် တစ်နေ့တွင် ရှောင်းဝမ်လင်နှင့် အေးအေးဆေးဆေး အတူနေနိုင်မည်ကိုသာမက၊ အခန်းတစ်ခန်းတည်းနေပြီး လိင်ဆက်ဆံနိုင်မည်ကိုပါ ဘယ်တော့မှ မတွေးဖူးခဲ့ပေ။
ကျင်းလော့၏ ရင်ထဲတွင် ရုတ်တရက် ဖော်ပြ၍မရသော ခံစားချက်တစ်ခု ပေါ်ပေါက်လာ၏။
သူသည် ခေါင်းကို ခါလိုက်ပြီး ထိုခံစားချက်ကို စိတ်ထဲမှ မောင်းထုတ်လိုက်သည်။
ဧည့်ခန်းတွင် ထိုင်နေသော ရှောင်းဝမ်လင်သည် ဟင်းချိုရနံ့ကို ရှူမိလိုက်သည်။
သူ၏ မျက်လုံးများသည် မီးဖိုချောင်ထဲရှိ မအားလပ်သော်လည်း သက်တောင့်သက်သာရှိသော ပုံရိပ်ပေါ်သို့ မလွဲဧကန် ကျရောက်သွား၏။
ကျင်းလော့သည် ခါးနှင့်ဝမ်းဗိုက်တွင် အနှီးစည်းထားပြီး ခါး၏အနေအထားကို ထင်ဟပ်စေသည်။ နူးညံ့သော ဘောင်းဘီရှည်ဝတ်ထားပြီး ထိတွေ့မှုအရသာကောင်းမည်ဟု ထင်ရ၏။ ဤရှုထောင့်မှကြည့်လျှင် သူ့ခြေထောက်များသည် အလွန်ရှည်လျားနေပုံရသည်။
သို့သော် ပို၍အရေးကြီးသည်မှာ ကျင်းလော့ အနှီးစည်းထားသည်က အိမ်သားဆန်သော အမူအရာဖြစ်သည်။ ဤအချက်သည်ပင် သူ၏စိတ်နေသဘောထားကို ပျော့ပျောင်းစေပြီး… နူးညံ့သိမ်မွေ့ကာ လူမှုရေးဆန်သော အသွင်ကို ဖန်တီးပေးနေ၏။
ရှောင်းဝမ်လင်၏ မျက်လုံးများသည် ကျင်းလော့ပေါ်သို့ ငေးမောနေစဉ်၊ နှလုံးသားထဲတွင် ဖော်ပြ၍မရသော စိတ်လှုပ်ရှားမှုတစ်ခု မြင့်တက်လာခဲ့သည်။
အာ
ရှောင်းဝမ်လင်း တွေးမိသည်။
သူသည် တကယ်ပင် အိုမီဂါနှင့်ခွဲခွာခြင်းအားစိုးရိမ်မှုရောဂါ ခံစားနေရဟု ထင်မိသည်။ ဤအခိုက်အတန့်တွင် သူ၏အိုမီဂါကို ပွေ့ဖက်ထားလိုစိတ်သာ ပြင်းပြနေခဲ့၏။
ရှောင်းဝမ်လင်သည် ရှေ့သို့လျှောက်လာပြီး ကျင်းလော့အား နောက်မှပွေ့ကာ မေးစေ့ကို သူ၏ပခုံးပေါ်တွင် ထားလိုက်သည် “ငါ နည်းနည်းနေမကောင်းဘူး”
ကျင်းလော့ ရုန်းကန်လိုက်သည် “ငါ မချက်ရသေးဘူးလေ..”
အယ်လ်ဖာ၏ သစ်သားရနံ့သည်ပျံ့နှံ့လာပြီး ရှောင်းဝမ်လင်က သူ့ပခုံးကို ကိုက်လိုက်၏။
သူသည် ကျင်းလော့ကို ကောက်ချီယူပြီး မီးဖိုချောင်စားပွဲနှင့် ဖိထားကာ၊ ကိုင်းညွှတ်လိုက်ပြီး နမ်းလိုက်သည်။
လျှာဖျားများ ထိတွေ့ပြီး နွေးထွေးပူလောင်သော အထိအတွေ့ဖြင့် ပါးစပ်ထဲမှ လေများကို ညှစ်ထုတ်လိုက်သကဲ့သို့ ခံစားရသည်။
ကျင်းလော့သည် သူ၏ကိုယ်ပိုင် ထူးဆန်းသော နှလုံးခုန်သံကို ကြားနေရသည်၊ ဟင်းချိုဆူသံကြားမှ ပို၍ရှင်းလင်းစွာ ကြားလာရ၏။
ဒုတ်ဒုတ်…
ဒုတ်ဒုတ်…
လျှာဖျားများ ထိတွေ့သည့်အခါ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသော ထူးဆန်းသည့် လျှပ်စစ်လှိုင်းတစ်ခု ရှိသကဲ့သို့ ခံစားရပြီး၊ ကိုယ်ခန္ဓာကို ကျဉ်းကျပ်နာကျင်စေသည်။
ရှောင်းဝမ်လင်၏ ကိုယ်အပူချိန်သည် စိတ်သက်သာစေသကဲ့သို့ရှိပြီး၊ အေးမြသောမိုးကြောင့်ဖြစ်ပေါ်လာသည့် အေးစက်မှုကိုပင် ပျောက်ကွယ်စေနိုင်ကာ၊ မူလကအေးခဲနေသော နှလုံးသားကိုပင် အပူရှိန်ဖြင့် ပူလောင်စေနိုင်၏။
လျှာများသည် တစ်ခုနှင့်တစ်ခု ရစ်ပတ်မိနေစဉ်၊ လူကို မျက်နှာနီမြန်းစေသော ရေသံများနှင့် အသက်ရှူသံများ ရောထွေးနေသည်။ ကျင်းလော့သည် မတတ်သာဘဲ စားပွဲထောင့်ကို လက်ဖြင့် ဆုပ်ကိုင်လိုက်မိသည် “အင့်… ခဏလေး…”
ရှောင်းဝမ်လင်က သူ၏လည်ပင်းကို ကိုက်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ “ငါတို့ လိုးရအောင်”
“..” ကျင်းလော့၏ မျက်နှာနီမြန်းသွားပြီး အားမရှိစွာဖြင့် ပြောလိုက်သည် “မင်းအရင်တည်းက ဒီလိုမျိုးလား”
ရှောင်းဝမ်လင် “ဘယ်သူသိမှာလဲ”
သူက ကျင်းလော့၏ဘောင်းဘီကို ဆုပ်ကိုင်ကာဆွဲချလိုက်သည်။ ကျင်းလော့သည် မူလကအတိုင်း မီးဖိုချောင်စားပွဲပေါ်တွင် ထိုင်နေပြီး၊ ပေါင်ကားထားသောအနေအထားကြောင့် ခြေထောက်ကြားရှိ အပေါက်ကို အလွယ်တကူမြင်နိုင်၏။
ရှောင်းဝမ်လင်၏ မျက်လုံးများသည် ထိုအပေါက်ပေါ်သို့ ကျရောက်သွားပြီး နဖူးအနည်းငယ်တွန့်လိုက်သည် “မနေ့က ဆေးမလူးခဲ့ဘူးလား”
အင်္ကျီသည် ဆက်လက်လျှောကျနေပြီး သူ၏မျက်လုံးများအား အကာအရံဖြစ်နေသည်၊ ရှောင်းဝမ်လင်က လက်ဖြင့်မြှောက်ကာ “ကိုက်ထား” ဟု ညွှန်ကြားလိုက်သည်။
ထို့နောက် ရှောင်းဝမ်လင်သည် သူ၏လက်ချောင်းများဖြင့် အပေါက်အဝကို ပွတ်သပ်လိုက်ပြီး အနီရောင်အနည်းငယ်ကျန်ရစ်ခဲ့သည်။
ကျင်းလော့သည် သူ့အင်္ကျီအနားစကို သွားဖြင့်ကိုက်ကာ ခြေထောက်ကားပြီး မီးဖိုချောင်ထဲတွင် ထိုင်နေခဲ့သည်။ ဟင်းချိုရနံ့မှာ ပိုမိုမွှေးကြိုင်လာခဲ့၏။
ကျင်းလော့က ရှောင်းဝမ်လင်ကို ကြည့်နေစဉ် ရှောင်းဝမ်လင်ကလည်း ပြန်ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ် တိတ်ဆိတ်နေပြီးနောက် ရှောင်းဝမ်လင်က ကျင်းလော့၏အင်္ကျီကို ဆွဲချွတ်လိုက်ကာ “မေ့လိုက်တော့” ဟုဆိုသည်။
ရှောင်းဝမ်လင်သည် ဒေါသတကြီးဖြင့် ရေချိုးခန်းထဲသို့ ထွက်သွားခဲ့၏။
ကျင်းလော့သည် မီးဖိုချောင်ဘားတန်းတွင် ထိုင်နေခဲ့သည်။ သူ၏မျက်လုံးများကို မှိတ်လိုက်ဖွင့်လိုက်လုပ်ရင်း နှလုံးခုန်သံ၏ တုန်ရီမှုကြောင့် သူသည်အာရုံထွေပြားနေခဲ့သည်။
**
ဟိုတယ်မန်နေဂျာက အဝတ်လဲခန်းမှ ထွက်သွားသူအား ကြည့်နေစဉ် အနီးရှိ အလုပ်သမားတစ်ဦးက ကျင်းလော့ကို အေးစက်စွာ ကြည့်ပြီး “အို… မန်နေဂျာ၊ သူ ဒီနေ့အလုပ်လည်းမလုပ်ဘဲ ပြဿနာအများကြီးဖြစ်စေခဲ့တယ်။ ဒါက လိုအပ်ချက်ပြည့်မီတဲ့ အလုပ်သမားတစ်ယောက်ရဲ့ အပြုအမူမဟုတ်ဘူးနော်!” ဟု ပြောဆိုခဲ့သည်။
မန်နေဂျာက လူတွေကို ဝေးဝေးနေဖို့ လက်လှမ်းပြလိုက်၏။
သူက ကျင်းလော့အပေါ် သိပ်ကျေနပ်မှုမရှိပေမယ့်၊ ကျင်းလော့ကအရမ်းလှနေသည်လေ။
သူကအရမ်းလှတာကြောင့် အယ်လ်ဖာတစ်ယောက်တောင် သူ့ဆီညွတ်ကျရလောက်အောင်ပင်။
ဒါပေမယ့် သူက အိုမီဂါဆိုရင်တော့ ပိုကောင်းမှာ။
မန်နေဂျာက အခြားတစ်ဖက်က ကမ်းလှမ်းထားသည့် မြင့်မားတဲ့စျေးကို စဉ်းစားမိပြီး ရင်ထဲမှာ တဇွတ်ဇွတ်ဖြစ်နေသည်။ ကျင်းလော့က်ု ညစာစားပွဲဆီ လှည့်စားခေါ် နိုင်ရင်၊ သူရဲ့ကော်မရှင်ကလည်း အတော်ကြီးမားမှာပင်။
ဒီလိုစဉ်းစားရင်း၊ သူက အခြားတစ်ဖက်က အေးစက်တဲ့ စရိုက်ကိုလည်း သည်းခံလိုက်၏။
ဘာလို့လဲဆိုတော့၊ အယ်လ်ဖာတွေရဲ့ စရိုက်က သိပ်ကောင်းလေ့မရှိဘူးလေ။
မန်နေဂျာက ရှုပ်ပွနေတဲ့ အဝတ်အစားခန်းကို ကြည့်ရင်း တစ်ယောက်ယောက်ကို သန့်ရှင်းရေးလုပ်ခိုင်းဖို့ တွေးနေတုန်း..
အခန်းထဲမှာ အိုမီဂါတစ်ယောက်ရဲ့ ချိုမြိန်သည့် အနံ့အား ရုတ်တရက်ခံစားလိုက်ရတယ်
ပင်လယ်ဆားကရာမယ်လ်ရနံ့က ချိုပြီး စူးရှသည်။
မန်နေဂျာ၏ မျက်လုံးတွေ ပြောင်းလဲသွား၏!
အိုမီဂါ..
ဒီအခန်းထဲမှာ လူဆိုးပုံစံအယ်လ်ဖာ တစ်ယောက်ကလွဲရင်၊ ကျင်းလော့ပဲရှိခဲ့သည်။
ဟုတ်တယ်… ဒီလောက်လှတဲ့ မျက်နှာ…
မန်နေဂျာ၏ ရင်ထဲမှာ ရုတ်တရက် ပူလောင်လာ၏။
ဒီလိုလေးလှတဲ့ အိုမီဂါဆိုရင်၊ ဈေးနှုန်းက ဆယ်ဆထက်တောင် ပိုမြင့်မယ်နဲ့တူတယ်?!
သူ တိတ်တဆိတ် တံခါးကိုပိတ်လိုက်ပြီး၊ ဘယ်သူမှ ဝင်လို့မရအောင် လုပ်လိုက်သည်။
ကျင်းလော့၏ မိသားစုအကြောင်း စဉ်းစားမိတဲ့အခါ၊ သူ့နှုတ်ခမ်းထောင့်မှာ ရယ်မောသံတစ်ခု ပေါ်လာ၏။
အရက်သမားဖခင်ဟာ ငွေရမယ်ဆိုရင် သားကိုရောင်းဖို့ သိပ်စိတ်ဝင်စားမှာပဲ။
Chapter 46 ended
Chapter 47
ကျင်းလော့နဲ့ ရှောင်းဝမ်လင်တို့ နောက်နေ့မှာ အလုပ်ကိုအတူတူသွားခဲ့ကြသည်။
ဒါပေမယ့် မကြာသေးခင်က အလုပ်လုပ်ဖို့ သိပ်မသင့်တော်ပေ။ အကြောင်းက အမြဲတမ်းလိုလို လာနှောင့်ယှက်နေကြလို့ပင်။
ဒီတစ်ခါမှာတော့ သူ့အစ်ကိုကြီးက လာပြီး အဖေ့ကို ဆေးရုံမှာအတူတူသွားကြည့်ကြမည်ဟု ပြောလာသည်။
ကျင်းလော့ စိတ်ဆိုးနေပေမယ့် ငြင်းဆန်ဖို့ အကြောင်းမရှိခဲ့ပေ။ ဟိုတယ်မန်နေဂျာကလည်း သဘောထားကြီးစွာနှင့်သူ့ကို ပြန်ခွင့်ပြုလိုက်သည်။
ကျင်းလော့ဟာ ရှောင်းဝမ်လင်ကို ခေါ်မသွားခဲ့ဘဲ ဆေးရုံကိုတစ်ယောက်တည်းသွားခဲ့သည်။
ဆေးရုံခန်းထဲမှာ လူတွေနဲ့ ပြည့်နေပြီး သူတို့ရဲ့ မျက်လုံးတွေကလည်း ပုံမှန်မဟုတ်ပေ။
ကျင်းလော့ သတိထားမိသည်။ နောက်ပြီး သူ့ကို အမြဲတမ်း မကြိုက်တဲ့ အစ်ကိုကြီး ကျင်းဟောင်ဖေးက “ကျင်းလော့ ပြန်လာပြီလား?” ဟု ပြုံးရင်းမေးနေတာကို တွေ့လိုက်ရသည်။
ထူးဆန်းတယ်…
ကျင်းလော့တွေးမိသည်။
အစ်ကိုကြီးက ခြေကျိုးပြီး ဆေးခန်းပေါ်မှာ ထိုင်နေသည်။ အဖေကတော့ အိပ်ရာပေါ်လဲနေတုန်းပင်။ အားလုံးက သူ့ကိုပဲ စိုက်ကြည့်နေကြ၏။
ဒါက တကယ်ကို ထူးဆန်းနေတယ်…
“ကျင်းလော့…” အစ်ကိုကြီး ကျင်းဟောင်ဖေးက ဆက်ပြောသည် “ငါစဉ်းစားကြည့်တော့ မင်းတကယ်ပဲ ငါတို့ကို အကြွေးတင်နေတယ်ဆိုတာ သိလိုက်ရတယ် အခု… မင်းအကြွေးဆပ်ဖို့ နည်းလမ်းတစ်ခု ငါ့မှာရှိတယ်…”
ကျင်းလော့သည် အဖေ့ထံမှ “မင်းလည်း အသုံးဝင်တာပဲ” ဆိုသည့်စကားကိုကြားလိုက်ရသည်။
သူရဲ့ ဒုတိယအစ်မ ကျင်းယွမ်၏ မျက်နှာကိုလှမ်းကြည့်မိသည်။ သူ့ကိုလေးစားတဲ့အမူအရာကို အရင်က မပြဖူးတဲ့အစ်မရဲ့ မျက်လုံးထဲမှာ ကျင်းလော့ ကျင့်သားရနေသည့် ရွံရှာမှုမျိုးမရှိဘဲ၊ နားလည်ရခက်တဲ့… လောဘတစ်မျိုးကို မြင်လိုက်ရ၏။
ကျင်းလော့ စိတ်မသက်မသာဖြစ်လာသည်၊ အင်မတန်ကို မသက်မသာဖြစ်လာခြင်းပင်။
ကျင်းယွီက ချောင်းဆိုးပြီး မသိမသာ ပြုံးနေသည့်အမူအရာနှင့် “ဟုတ်ပါ့၊ မင်းလှတာကံကောင်းတာပဲ” ဟုပြောလိုက်သည်။
ယခင်က သူအလိုချင်ဆုံးက မိသားစုက သူ့ကိုပိုပြုံးပြပြီး ချစ်ခင်မှုပြဖို့ပင်၊ ဒါပေမယ့် ဘာကြောင့်မှန်းမသိ… ဒီလို “ချီးမွမ်းမှုမျိုး” က သူ့ကို အန်ချင်စိတ်ဖြစ်စေ၏။
အရမ်းနာကျင်စရာပင်.. ကျင်းလော့ စကားမပြောနိုင်ဖြစ်နေသည်။
ထိုအချိန်မှာပဲ…
ကျင်းယွီက နောက်ဆုံးမှာ ပြောလိုက်၏ “ကျင်းလော့… မင်းကအိုမီဂါ ဟုတ်တယ်မဟုတ်လား?”
ကျင်းလော့ရဲ့ မျက်လုံးလေးတွေ အနည်းငယ်ပြူးကျယ်သွား၏။ ရုတ်တရက် သူ့ဦးနှောက်ထဲမှာ အရာရာကို နားလည်သလို ခံစားလိုက်ရသည်။
သူရုတ်တရက် ငေးငိုင်သွားတာကိုမြင်တော့ ကျင်းယွီက စိတ်လှုပ်ရှားပြီး ရယ်လိုက်သည်၊ “မင်းတကယ်ပဲကိုး! ဒါကြောင့်ပဲ မင်းမျက်နှာလေးက ဒီလောက်လှနေတာကိုး!”
ကျင်းလော့က သူ့မိသားစုဝင်တွေရဲ့ မျက်နှာတွေဟာ စိတ်လှုပ်ရှားမှုကြောင့် မကောင်းဆိုးဝါးတွေလို ကောက်ကျစ်သွားတာကိုမြင်လိုက်ရသည်။ သူ့မျက်လုံးထဲမှာ သူတို့၏ အရုပ်ဆိုးနေသည့်အမူအရာတွေသာ ထင်ဟပ်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ရေခဲတောင်ထဲ ကျသွားသလို ခံစားလိုက်ရ၏။
ကျင်းလော့သည် မသိလိုက်ပဲ နောက်တစ်လှမ်း ဆုတ်လိုက်မိသည်။
အဖေက ပြီးခဲ့တဲ့စကားကို ဆက်ပြောလာ၏ “သူ့ အိုမီဂါအမွေဆက်ခံခွင့်က ငါ့ဟာပဲ ပိုက်ဆံရရင် မင်းတို့နဲ့ ဘာမှမဆိုင်ဘူး!”
အစ်ကိုကြီးက အိပ်ရာကို ဆောင့်ဆောင့်ရိုက်ရင်း အော်လိုက်သည် “အိုး အဖေရဲ့… အသက်ကြီးပြီဆိုပြီး ရဲရဲတင်းတင်းပြောနေတာနော်! တစ်ယောက်ထဲ အကုန်ယူမယ်ဆိုရင် ကျွန်တော်ဒီကနေ အောက်ဆီဂျင်ပိုက်ကို ဆွဲဖြုတ်ပစ်လိုက်မယ်!”
“မင်း… မင်း… မင်းက ကျေးဇူးမသိတတ်တဲ့သား!!”
ကျင်းယွီက ဂရုမစိုက်ဘဲဖုန်းကိုသာ ဆော့နေသည်။ ကျင်းယွမ်ကလည်း စေ့စပ်ညှိနှိုင်းဖို့ ပျင်းနေပုံရပြီး၊ သူတို့နှစ်ယောက်စလုံးက ကျင်းလော့ကို သူတို့၏ ပစ္စည်းလို သဘောထားနေကြသည်။ နောက်တစ်မိနစ်မှာပဲ သူ့ကိုကိုက်စားပစ်မလို၊ စုတ်ဖြတ်ပစ်မလိုပင်။
အေးလိုက်တာ…
အေးလိုက်တာ…
သူ့နှလုံးသားက ရေခဲမြစ်၏ အနက်ဆုံးထိကို နစ်မြုပ်သွားသလို ခံစားလိုက်ရ၏။
ကျင်းလော့ ဆက်တိုက်နောက်ဆုတ်နေမိသည်။
သူတို့ပြောနေတာက “သူ့ရဲ့အဖြေ” ဆိုပေမယ့် ဘယ်သူကမှ သူ့ဘက်ကို ဂရုစိုက်မကြည့်ကြချေ။
ဘယ်သူမှ သူ့ကို လူသားတစ်ယောက်လို သဘောမထားပေ။
ကျင်းလော့သည် နောက်ဆုတ်ရင်း မတ်တပ်မရပ်နိုင်တော့မလို ဖြစ်နေသည်။ မခံနိုင်တော့သည့်အဆုံးမှာ ရုတ်တရက် လှည့်ပြီး တံခါးကိုဖွင့်လိုက်၏။ တံခါးအပြင်ဘက်မှာ… ဟိုတယ်မန်နေဂျာ ရပ်နေတာကိုတွေ့လိုက်ရသည်။
မန်နေဂျာကသူ့ကိုကြည့်ပြီး ပြုံးလိုက်၏၊ “ရှောင်လော့… မင်းအဖေနဲ့ ငါစကားပြောချင်တယ်”
မန်နေဂျာလာတာကိုမြင်တော့ ကျင်းယွမ်က ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ကျင်းလော့ကို ဘေးဖယ်တွန်းကာ အတွင်းဘက်ကို ဝင်ပြေးသွား၏။
ကျင်းလော့ ယိုင်နဲ့သွားပြီး တံခါးဝမှာ အနည်းငယ်ကုန်းနေကာ မပီမသဖြစ်နေတဲ့ မျက်နှာအမူအရာနှင့် ရပ်နေမိသည်။
ထို့နောက်… သူသည် တံခါးကိုပြန်ဖွင့်ပြီး၊ အပြင်ကို ထွက်ပြေးလိုက်၏။
ကျင်းယွီက ခေါင်းမော့ကြည့်ပြီး “ဘယ်ပြေးပြေး… ရဲခေါ်ရင်တောင် ပြန်ဖမ်းခံရမှာပဲ” ဟု ငြီးငွေ့စွာ နှာသံပြင်းပြင်းနှင့် ပြောလိုက်သည်။
✧
အပြင်မှာ မိုးသည်းနေသည်။
ပေါက်ကွဲသလို ကျနေသည့် မိုးစက်တွေကြားတွင် ကျင်းလော့သည် လမ်းပေါ်မှာ ဟိုဟိုဒီဒီ လျှောက်သွားရင်း၊ မိုးဖြင့်ဖုံးနေသည့် ကမ္ဘာကြီးနှင့် မြို့တော်၏ ဗလာနတ္ထိအရိပ်တွေကို ငေးကြည့်နေမိသည်။
တကယ်တော့… ဒီအခိုက်အတန့်မှာ ‘ဘာမှမရှိတော့ဘူး’ ဆိုသည့် စိတ်ထဲက အနှစ်အရသာမဲ့မှုကြီးကိုသာ ခံစားနေရ၏။
ခန္ဓာကိုယ်ရဲ့ အပူချိန်တွေကို မိုးစက်တွေက ဆွဲယူသွားသည်။
ဒါပေမယ့် ကျင်းလော့ဟာ အေးတယ်လို့ မခံစားရပေ။ သူခံစားရတာက မိုးရေတွေ ကိုယ်ခန္ဓာပေါ်မှာ စီးဆင်းနေသလို၊ စိုစွတ်နေသလို နောက်ပြီး အရေပြားထဲကို စိမ့်ဝင်သွားသလိုသာပင်။
ကျင်းလော့ ပြေးနေခဲ့သည်။
ဒါပေမယ့် ရုတ်တရက် ပြေးရင်းနေရင်း ငြီးငွေ့စိတ်တစ်ခု ဝင်လာခဲ့သည်။
နက်ရှိုင်းလွန်းသည့် ငြီးငွေ့မှု…မိသားစုအပေါ် မပြတ်တမ်း ခံစားနေရတဲ့ အေးစက်မှု…
စိတ်ပျက်မိတာလား?
ဒါမှမဟုတ်… နှလုံးသားက အေးခဲသွားတာလား၊
လုံးဝအေးသွားပြီ။ ဒါကြောင့် ဘာမှမခံစားတတ်တော့ဘူး။
သူဘာကြောင့်ရယ်ချင်နေမှန်း သူမသိပေ။
ဒါပေမယ့် ကျင်းလော့ဟာ မရယ်ခဲ့ချေ။
ကျင်းလော့သည် သူ့ကိုယ်ပိုင်အခန်းကျဉ်းလေးထဲမှာ နေရတာကိုကြိုက်သည်။
“အိမ်” လို့ခေါ်လို့ရတဲ့ နေရာလေးတစ်ခုပင်။
ဒါအတွက် သူသည်းခံနိုင်၏၊ ပေးဆပ်ဖို့လည်း ဝန်မလေးပေ။
ဒါပေမယ့် အခုတော့… လုံးဝစိတ်ပျက်မိသွားပြီထင်တယ်။
ကျင်းလော့ မိုးထဲမှာ လျှောက်သွားနေမိသည်။ မိုးက အေးလွန်းသည်။
သူ မိုးကောင်းကင်ကို ငေးကြည့်လိုက်တော့၊ မိုးစက်တွေဟာ ကောင်းကင်ကွဲကြောင်းကနေ ရွာချနေသလို ထင်ရ၏။
သူ အနည်းငယ်လမ်းလျှောက်ပြီး ခေါင်းမော့ကြည့်လိုက်တဲ့အခါ—
ရှောင်းဝမ်လင်အား တွေ့လိုက်ရသည်။
ကျင်းလော့က သူ့ကိုကြည့်ပြီး လူစိမ်းတစ်ယောက်လို ဖြေးဖြေးချင်း ဖြတ်သွား၏။
သူ ဘာတစ်ခွန်းမှမဆိုပဲဖြတ်သွားသည်။
အနည်းငယ်ကြာပြီးနောက်…
ရှောင်းဝမ်လင် ရုတ်တရက် လှည့်ပြီး ကျင်းလော့၏လက်မောင်းကို ဆုပ်ကိုင်လိုက်၏။
“မင်း ဒီလိုပဲ အခုထိ ခေါင်းမာနေမှာလား?”
ကျင်းလော့ရပ်လိုက်သည် “လွှတ်ပါ”
“မင်း ငါ့ကို မလွှတ်ထားနိုင်ဘူးလား?”
မိုးသံတွေကြားမှာ တစ်ခဏလောက် ရပ်တန့်သွားသလို ခံစားရ၏။
ရှောင်းဝမ်လင်း ရယ်လိုက်သည်၊ မျက်လုံးထဲမှာ ဒေါသအနည်းငယ်စွန်းထင်းနေသည်။
လက်တစ်ဖက်နှင့် ကျင်းလော့၏ခြေထောက်ကို ဆွဲပြီး သူ့ကို ပွေ့ချီလိုက်သည်။
ရှောင်းဝမ်လင်က ထီးကိုလွှင့်ပစ်လိုက်ပြီး ဒေါသထွက်နေပုံရ၏။ ကျင်းလော့ကလည်း အပြင်းအထန် ခုခံပစ်နေသည်။ လူကြီးတစ်ယောက်၏ အပြင်းအထန် ခုခံမှုက အတော်လေး အားပြင်းနေ၏။
သူသည် ခြေထောက်နှင့် ရှောင်းဝမ်လင်ရဲ့ ရင်ဘတ်ကို ကန်လိုက်သည်။ ရှောင်းဝမ်လင် “အာ့” ခနဲ နာကျင်သံထွက်လာသည်။
ရှောင်းဝမ်လင်က “ဟုတ်ပြီ! ခဏလေးပဲ” ဟု အော်လိုက်၏။
ကျင်းလော့ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ရှောင်းဝမ်လင်၏ ပခုံးပေါ်တင်ကာ၊ အဆုံးမှာတော့ မထိန်းနိုင်တော့ဘဲ အော်လိုက်သည်
“ငါ့ကို ဘာလို့ ဒီလိုနှိပ်စက်တာလဲ! ငါလွှတ်ပေးပါလို့ ပြောပြီးသား!”
သူ့မျက်ရည်တွေ ရုတ်တရက် အလုံးအရင်းဖြင့်ကျလာသည်။
“အခုမှ ဘာလို့လာတာလဲ… ငါ့ကို လုံးဝပစ်ထားလိုက်လို့မရဘူးလား?”
ကျင်းလော့၏ ရင်ဘတ်ထဲမှာ ရွံရှာမှုနှင့် စိတ်ခံစားချက်တွေ ပြည့်နေသည်။ သူ့ခန္ဓာကိုယ်က အလိုလို တုန်နေ၏။ သူ့စိတ်ကို ထိန်းလို့မရတော့ပေ ။
“ငါ့ဆီကို ဘာလို့လာတာလဲ? မင်းရဲ့ အမှတ်အသားအတွက်လား? ငါ့ရဲ့ ဖယ်ရိုမုန်းတွေကို လိုချင်လို့လား?!”
“ငါပေးမယ်။ အကုန်လုံးပေးမယ်!!”
ကျင်းလော့၏ ဖိနှိပ်ထားသည့်စိတ်ခံစားမှုများ ရုတ်တရက် ပွင့်ထွက်သွားပြီး၊ သူ့မျက်နှာက ရှောင်းဝမ်လင်၏ ပခုံးပေါ်မှာ နစ်ဝင်နေသည်။ ငိုကြွေးမှုကြောင့် သူ့နောက်ကျောက ပြင်းပြင်းထန်ထန် တုန်နေ၏။
ရှောင်းဝမ်လင်က သူ့ကိုပွေ့ပြီး အပြင်ကို လှမ်းထွက်လာသည်၊ အသံထဲမှာ ဒေါသသံပါနေ၏ ။
“မင်းက အဆိုးနဲ့အကောင်းတောင် မခွဲခြားတတ်ဘူးလား?”
သူ့ ကျင်းလော့ကို ကြမ်းတမ်းစွာ ချထားလိုက်သည်။ မနေနိုင်တော့ဘဲ ကျင်းလော့ မျက်နှာကို အနီးကပ်ကြည့်လိုက်၏။
မိုးရေတွေက ကျင်းလော့ရဲ့ အမြင်ကို မှုန်ဝါးစေသည်။ ဒါပေမယ့် သူ ရှောင်းဝမ်လင်ရဲ့ မျက်လုံးတွေထဲမှာ မီးလောင်နေသလို ပူလောင်နေတာကို ရှင်းရှင်းကြီး မြင်နေရ၏။
“ငါ့ကို ဖယ်ရိုမုန်းချို့တဲ့နေတဲ့သူလို့ ထင်လား? ငါ့စိတ်ထဲမှာ မင်းကို ဘယ်လိုမြင်တယ်ဆိုတာ အတိအကျပြောမှ နားလည်မှာလား?”
“ဘာလို့ ငိုနေတာလဲ?!”
ရှောင်းဝမ်လင်က ကြမ်းတမ်းစွာပင် ကျင်းလော့၏ မျက်ရည်တွေကို သုတ်လိုက်သည်။
နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်ပြီး၊ သူ့ လည်ချောင်းကြွက်သားတွေ အပေါ်အောက် လှုပ်ရှားသွားသည်။
ပါးစပ်ကို ဖွင့်လိုက်၊ ပိတ်လိုက် အကြိမ်ကြိမ်လုပ်ပြီးနောက်တွင် နောက်ဆုံးမှာ သူ့လည်ချောင်းထဲက ညှစ်ထုတ်လိုက်သလို ပြောလိုက်သည်။
“ငါ မင်းကိုကြိုက်တယ်၊ ဟုတ်ပြီလား?!”
ရှောင်းဝမ်လင်၏ ချောမောလှပသော မျက်နှာအမူအရာများသည် မီးလျှံထဲ၌ အရည်ပျော်နေသကဲ့သို့ ပူလောင်နေပုံရသည်
“အခု ငါနဲ့အတူ လိုက်လာနိုင်ပြီလား?”
“…”
ကျင်းလော့က သူ့ကို အဝိုင်းသားဖြစ်နေသော မျက်လုံးများနှင့် ငေးကြည့်နေပြီး၊ အသံသည် ပါးလွှာလွန်းလှ၏
“ငါ့ကို…ကြိုက်တယ်…?”
ရှောင်းဝမ်လင်သည် သည်းမခံနိုင်တော့ဘဲ စကားလုံးများဖြင့် အမှန်ကို ရှင်းပြခြင်းထက်၊ လက်တွေ့လုပ်ဆောင်ချက်ကို ပိုနှစ်သက်သူပီပီ သူ့ကိုပွေ့ချီပြီး ထွက်ခွာလိုက်သည်။
ယနေ့မိုးသည်းသဖြင့်၊ သူတို့လာခဲ့သော လမ်းမှာ ရွှံ့နွံများနှင့် ပြည့်နှက်နေ၏။
ကျင်းလော့သည် သူ့နောက်မှာ မိုးကြောင့် မှုန်ဝါးနေသော လမ်းကို ငေးကြည့်နေမိသည်။
ရှောင်းဝမ်လင်၏ နွေးထွေးသော ကိုယ်အပူချိန်သည် တည်ငြိမ်စွာ ရှိနေပြီး၊ အလင်းတန်းတစ်ခုကဲ့သို့ သက်တောင့်သက်သာဖြစ်စေသည်။
ရုတ်တရက်
ကျင်းလော့ ရင်ထဲတွင် ပြောမပြနိုင်သော မကျေမနပ်ဖြစ်မှုများ ပေါ်ထွက်လာသည်။
ဤစိတ်ထဲကြီးစွာ ဖိစီးခံထားရသော မကျေနပ်မှုသည် အချိန်ကြာမြင့်စွာ စုပုံနေခဲ့ဟန်တူသည်။
သူ၏အသံသည် နှာခေါင်းပိတ်သကဲ့သို့ ဖိထားရင်း
“ငါ… ငါ…”
“ငါ အိုမီဂါမဟုတ်ခဲ့ရင်… မင်းဒီလိုပဲလုပ်မှာလား?”
ရှောင်းဝမ်လင်က တည်တည်ငြိမ်ငြိမ်နှင့် ဖြေလိုက်သည်
“အဲဒါကို မှန်းလို့မရဘူး”
ရှောင်းဝမ်လင်သည် တက္ကစီအတွက် အချိန်အတော်ကြာ စောင့်နေခဲ့ရ၏ ထို့ကြောင့် ပိုက်ဆံပိုပေးပြီး မြန်မြန်ဆန်ဆန်ရအောင်လုပ်လိုက်သည်။
သူဆက်ပြော၏
“လက်ရှိမှာ မင်းအိုမီဂါဖြစ်နေတာက အမှန်ပဲ။ မင်းသာအယ်လ်ဖာဖြစ်ခဲ့ရင်…”
ရှောင်းဝမ်လင်၏ အသံမှာ အနည်းငယ် တုန်လှုပ်မှုရှိနေသည်။
“အခုလောက် လိုက်ဖက်မှုရှိတော့မှာမဟုတ်ဘူး ငါ့မိသားစုကလည်း အယ်လ်ဖာတစ်ယောက်နဲ့ လက်ထပ်ခွင့်လုံးဝပေးမှာမဟုတ်ဘူးလေ အဲဒါက မင်းအတွက်ရော ငါ့အတွက်ပါ နာကျင်စရာဖြစ်လိမ့်မယ် သူတို့က အိုမီဂါနဲ့အတင်းအကျပ်လက်ထပ်ခိုင်းမှာပဲ”
ရှောင်းဝမ်လင် ပြုံးလိုက်၏။
“ဒါဆို ငါမင်းနဲ့ ဝေးဝေးနေမှာပေါ့ အဲဒါက တကယ်ကို နှမြောစရာကောင်းမှာ”
“ဒါကြောင့် ငါတကယ်ကံကောင်းတယ်”
ရှောင်းဝမ်လင်က ကျင်းလော့၏ မျက်နှာကို နွေးထွေးစွာကြည့်ရင်း ပြောလိုက်သည်။
“မင်း အိုမီဂါဖြစ်တာက ငါ့အတွက် ဝမ်းသာစရာအချက်ပဲ”
“ဒါပေမယ့် ဒါက မင်းအတွက် သိပ်ကောင်းတဲ့အရာတော့ မဟုတ်ဘူး”
တက္ကစီကားရောက်လာတော့ ရှောင်းဝမ်လင်က ကျင်းလော့ကို အတင်းဆွဲထည့်လိုက်သည်။ ကျင်းလော့ကတစ်ကိုယ်လုံးရေစိုပြီး ကြေကွဲဖွယ်ရာ ပုံစံနှင့်၊ ရှောင်းဝမ်လင် သူ့ကိုကြည့်ရင်း နောက်ဆုံးမှာ မှိုင်းနေတဲ့အမူအရာကို ဖျောက်လိုက်သည်။
“ငါ့ကိုပွေ့ချီခွင့်ပေးမလား?” ဟု ဟာသလုပ်ရင်း မေးလိုက်၏။
ကားထဲက ကားသမားက အဝတ်တစ်ထည်လှမ်းပေးလိုက်သည်။ ကျင်းလော့က ထိုအရာနဲ့ခေါင်းကိုအုပ်လိုက်သည်။ စိုနေတဲ့ဆံပင်တွေ၊ မိုးကြောင့်အေးစက်နေတဲ့ မျက်လုံးလေးများမှာ ဘာကြောင့်မှန်းမသိ သနားစရာကောင်းနေသည်။
ကျင်းလော့ ကားခုံမှာ မှီလျက်ထိုင်ပြီး အဝတ်ကိုကိုင်ရင်း၊ နှုတ်ခမ်းလေးစူကာ ရှောင်းဝမ်လင်ကိုကြည့်နေသည်။ ဒါပေမယ့် ဒီတစ်ခါတော့ မငြင်းဆန်နိုင်တော့ပေ။ ရှောင်းဝမ်လင်က သူ့ဘေးမှာ ထိုင်လိုက်၏။
Chapter 47 ended