⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode

Chapter 61

Chapter 61

 

 

“တကယ်တော့… အဆင်ပြေမယ့်လူ တစ်ယောက်တော့ ရှိတယ်… မင်း သဘောတူမလား ဆိုတာပဲ ရှိတာ…”

 

“ဘာကို ဆိုလိုတာလဲ?” မုရှို့ရဲ့မျက်လုံးများ မှေးကျဉ်းသွားသည်။

 

“အဟမ်း… အဟမ်း…”

 

ချန်ပင်းသည် ဘေးနားတွင် တိတ်ဆိတ်စွာ နားထောင်နေသော ဖေးလုဘက်သို့ မေးငေါ့ပြလိုက်သည်။

 

“ဒီမှာ အဆင်သင့် ရှိနေတာပဲ မဟုတ်လား?”

 

ဖေးလုသည် အသက်မကြီးသေးပေ။ ပန်းသီးပုံ မျက်နှာလေးနှင့် မျက်လုံးဝိုင်းဝိုင်းလေးများသည် ကြည့်လိုက်သည်နှင့် လိမ္မာရေးခြားရှိမည့် ပုံစံလေး ဖြစ်သည်။ လူငယ်ဆန်သော ပုံစံ ပြင်လိုက်သည်နှင့် လိုက်ဖက်သွားမည် ဖြစ်သည်။ အရေးအကြီးဆုံး အချက်မှာ သူ့ဆီတွင် အနုပညာလောကသားများဆီ မရှိသော ဖြူစင်ရိုးသားမှုမျိုး ရှိနေခြင်းပင်။

 

မုရှို့သည် အလိုအလျောက် ဖေးလုကို လှည့်ကြည့်လိုက်သည်။

 

“မင်း စမ်းကြည့်ချင်လား?”

 

ဖေးလုသည် ကြောင်တောင်တောင်ဖြင့် မျက်တောင်ခတ်လိုက်သည်။ ခေါင်းစဉ်က သူ့ဆီ ဘယ်လိုရောက်လာမှန်းတောင် နားမလည်လိုက်ပေ။

 

“ကျွန်တော်မှ မလုပ်တတ်တာ…”

 

ချက်ချင်း မငြင်းလိုက်ဘူးဆိုတော့ မျှော်လင့်ချက်ရှိတယ်။

 

ချန်ပင်းသည် သဘောကောင်းသော အပြုံးတစ်ခုကို ထုတ်သုံးလိုက်ပြီး ရှင်းပြလေသည်။

 

“မခက်ပါဘူး… မခက်ပါဘူး… ဇာတ်ဝင်ခန်း ၃၊ ၄ ခုလောက်ပဲ ရှိတာ။ မင်း ဒိုင်ယာလော့ခ်လေး မှတ်ထားရင် ရပြီ”

 

ဖေးလုသည် တွန့်ဆုတ်စွာဖြင့် မုရှို့ကို လှမ်းကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။

 

“တကယ်လို့ ကျွန်တော် လုပ်တာ အဆင်မပြေရင် ခင်ဗျားကို ထိခိုက်မှာလား?”

 

မုရှို့သည် သူ့ခေါင်းကို ပွတ်ပေးလိုက်ပြီး ရယ်မောလိုက်သည်။

 

“စမ်းကြည့်ချင်လို့လား? ပေါ့ပေါ့ပါးပါးပဲ သဘောထားလိုက်… အဆင်မပြေလည်း ကိစ္စမရှိပါဘူး”

 

ဘေးနားမှ ချန်ပင်း : “…”

 

ဒါရိုက်တာရဲ့ရှေ့မှာ ဒီလိုပြောတာ သိပ်မကောင်းဘူး ထင်တယ်နော်?

 

………

 

မည်သို့ပင်ဆိုစေ နောက်ဆုံးတွင် ဖေးလုသည် သဘောတူလိုက်လေသည်။ သရုပ်ဆောင်ခြင်းက သူ့ကို ဆွဲဆောင်နိုင်ခြင်း မရှိသော်လည်း မုရှို့နှင့်အတူ ဇာတ်ကားရိုက်ရမည်ဆိုသည့်အချက်က သူ့ကို ဆွဲဆောင်နေခြင်း ဖြစ်သည်။

 

အလုပ်လုပ်နေသော ယောင်္ကျားတစ်ယောက်သည် ဆွဲဆောင်မှု အရှိဆုံးဟု ဆိုကြသည် မဟုတ်လား။ သူ လက်ခံလိုက်သည်နှင့် ဆွဲဆောင်မှုအရှိဆုံး ယောင်္ကျားနှင့်အတူ အလုပ်လုပ်ရတော့မည်လေ။

 

ထို့ကြောင့် ညနေမှာ ရိုက်ကူးမည့် အစီအစဉ်များကို ရက်ရွှေ့လိုက်ပြီး မုရှို့က ဖေးလုကို သရုပ်ဆောင် သင်ကြားပေးရန် အချိန်ဖယ်ပေးလိုက်သည်။

 

ဖေးလု၏အခန်းက ရိုးရှင်းသည်။ ဇာတ်ကားတစ်ကားလုံးတွင် ကျိချင်း ပါဝင်သော အခန်းက ၄ ခန်းသာ ရှိပြီး ပြောစရာစကားလည်း သိပ်မများပေ။ နှစ်ခေါက်လောက် ဖတ်ကြည့်ရုံနှင့်တင် မှတ်မိနေပြီဖြစ်သည်။ ဖေးလုသည် ဇာတ်ညွှန်းကို သေချာဖတ်ပြီး မုရှို့ကို သူ့အမြင်များ ပြန်ပြောပြနေသည်။

 

“ကျိချင်းက လုဖုန်းကို တကယ် ကြိုက်တာ ဟုတ်ရဲ့လား?”

 

မုရှို့သည် သူ့ဘေးတွင် ထိုင်ပြီး သူ့ကို နူးညံ့စွာ ငုံ့ကြည့်နေသည်။

 

“ကြိုက်တာတော့ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီလိုအကြိုက်မျိုးထဲမှာ တခြား အကြောင်းအရာတွေ အများကြီး ရောနှောနေတာ။ လုဖုန်းအပေါ် ထားတဲ့ ကျေးဇူးတင်စိတ်၊ အားကျတဲ့စိတ် နဲ့ အားကိုးလိုတဲ့စိတ်တွေပေါ့… ဒီခံစားချက်တွေ အားလုံး ရောနှောနေတော့ ကျိချင်းရဲ့ခံစားချက်က ချစ်သူတွေကြားက အချစ်လား၊ ဒါမှမဟုတ် မိသားစုဝင်တွေကြားက သံယောဇဉ်လား ဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်ဘူး”

 

ဖေးလုသည် ခဏလောက် စဉ်းစားလိုက်သော်လည်း နားလည်သလိုလို၊ မလည်သလိုလို ဖြစ်နေသည်။ စဉ်းစားလို့ မရတော့သဖြင့် နောက်မေးခွန်းတစ်ခုသို့ ကျော်သွားလိုက်တော့သည်။

 

နှစ်ယောက်သား အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် သန်းခေါင်ယံ ရောက်မှသာ ဖက်အိပ်လိုက်ကြတော့သည်။

 

……..

 

နောက်တစ်နေ့တွင် ဖေးလုသည် စောစောထပြီး မုရှို့နှင့်အတူ ရိုက်ကွင်းသို့ သွားရောက် သတင်းပို့လေသည်။

 

ဖေးလုသည် သရုပ်ဆောင်ခြင်းကဲ့သို့ ထူးဆန်းသော အတွေ့အကြုံသစ်ကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

 

မုရှို့သည် သူ့လက်ကို နှစ်သိမ့်သလို ဆုပ်ကိုင်ထားပြီး မိတ်ကပ်ခန်းသို့ ခေါ်သွားလေသည်။

 

ကျိချင်း၏ပုံစံသည် ရိုးရှင်းသည်။ မိတ်ကပ်ဆရာက သူ့ကို အဝတ်အစား လဲခိုင်းပြီး မိတ်ကပ် လိမ်းပေးလေသည်။ ဖေးလု၏မူလရုပ်ရည်က ကောင်းမွန်သဖြင့် မိတ်ကပ်ဆရာက အကြိမ်ကြိမ် ချီးကျူးနေလေတော့သည်။

 

ဖေးလုသည် လိမ္မာစွာ ထိုင်နေသော်လည်း လက်ချောင်းလေးများကမူ ဂနာမငြိမ် ဖြစ်နေသည်။သူသည် မှန်ထဲမှတဆင့် မုရှို့ကို ခိုးခိုးကြည့်နေမိသည်။

 

မျက်လုံးမှိတ်ပြီး အနားယူနေသော မုရှို့သည် ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်ရာ မှန်ထဲတွင် သူတို့၏အကြည့်ချင်း ဆုံသွားကြသည်။ နှစ်ဦးသားသာ နားလည်နိုင်သော အချက်ပြမှုများ ပါဝင်နေသဖြင့် ဖေးလု၏စိတ်လှုပ်ရှားမှုများ လျော့ပါးသွားတော့သည်။

 

သူသည် ထိုင်ခုံနောက်မှီကို မှီလိုက်ပြီး ခန္ဓာကိုယ်ကို လျှော့ချကာ မိတ်ကပ်လိမ်းပြီးသည်အထိ စောင့်ဆိုင်းနေလိုက်သည်။

 

ဇာတ်လမ်းထဲတွင် ကျိချင်းသည် ၁၈ နှစ်ပြည့်ခါစသာ ရှိသေးပြီး ရိုးသားဖြူစင်ကာ အန္တရာယ်ကင်းသော ရုပ်ရည်မျိုး ရှိသည်။ အရောင်မဆိုးရသေးသော စက္ကူဖြူလေး တစ်ရွက်ကဲ့သို့ပင်။

 

ပြင်ဆင်ပြီးသွားသော ဖေးလုသည် ဇာတ်ညွှန်းထဲမှ ကျိချင်းက အပြင်သို့ ထွက်လာသကဲ့သို့ပင် တူညီလွန်းလှသည်။

 

သူ့ဆံပင်များကို ခေတ်ပေါ်ပုံစံ ကောက်ထားပြီး ၎င်းတို့မှာ ခေါင်းပေါ်တွင် ပွယောင်းနေသည်။ မျက်လုံးများသည် အိုင်လိုင်နာ ဆွဲထားသဖြင့် ပိုမိုဝိုင်းစက်တောက်ပနေသည်။ ပြုံးလိုက်သောအခါ လိမ္မာပြီး ချစ်စရာကောင်းနေသဖြင့် မြင်သူတကာ၏နှလုံးသားကို အရည်ပျော်သွားစေနိုင်သည်။

 

မုရှို့သည် သူ့ကို စိုက်ကြည့်နေမိပြီး အတော်ကြာမှ သတိပြန်ဝင်လာသည်။ သူသည် ဖေးလုထံ လှမ်းသွားလိုက်ပြီး ဆံပင်ကောက်ထားသဖြင့် ခေါင်းကို ပွတ်လို့မရတော့သောကြောင့် နားသန်သီးလေးကိုသာ ဆွဲလိုက်သည်။

 

“ကြည့်ကောင်းတယ်”

 

ဖေးလုသည် ချစ်သူ၏ အသိအမှတ်ပြုမှုကို ရလိုက်သဖြင့် တောက်ပစွာ ပြုံးပြလိုက်ရာ ညာဘက်ပါးမှ ပါးချိုင့်လေးက ပေါ်လာလေသည်။

 

မုရှို့၏အကြည့်များသည် ဖေးလု၏မျက်နှာပေါ်တွင် ဝဲနေပြီး နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

 

“ဒီပုံစံအတိုင်း မင်းကို ‘လုပ်’ ချင်လိုက်တာ”

 

“!!!!”

 

ဖေးလုခမျာ လန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။သူသည် သတိကြီးစွာဖြင့် မုရှို့နှင့် ခပ်ခွာခွာ နေလိုက်သည်။ မိတ်ကပ်ခန်းမှ ဝန်ထမ်းများသည် သူတို့လင်လင်နှစ်ယောက် ဘာတွေ တိုးတိုးတိတ်တိတ် ပြောနေကြမှန်း နားမလည်နိုင်စွာ ကြည့်နေကြသည်။

 

“စတာပါ…”

 

မုရှို့သည် နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး မရိုးမသား ပြုံးလိုက်သည်။

 

“ကိုယ်က မင်း ဘာမှမဝတ်ထားတဲ့ ပုံစံကို ပိုကြိုက်တာ”

 

ဖေးလုသည် သူ့ကို မျက်စောင်းထိုးလိုက်ပြီး မျက်နှာပေါ်တွင် ပန်းရောင်သမ်းလျက် အပြင်သို့ အမြန် ပြေးထွက်သွားတော့သည်။

 

မုရှို့သည် အေးအေးလူလူပင် အနောက်မှ လိုက်သွားသည်။ သူ့နှုတ်ခမ်းထောင့်မှ အပြုံးကမူ အဓိပ္ပာယ်ပါလှသည်။

 

******

 

“Scene 1, Action!”

 

ချန်ပင်း၏အသံသည် စပီကာမှတဆင့် ထွက်ပေါ်လာပြီး ဌာနအသီးသီးသည် အလုပ်စတင်ကြတော့သည်။

 

အလင်းရောင် မှိန်ဖျဖျသာ လွှမ်းမိုးထားသော သီးသန့်ခန်းထဲတွင် အမျိုးသားတစ်သိုက်သည် အန်စာတုံး ဝိုင်းဖွဲ့ကစားနေကြသည်။ သူတို့ဘေးတွင် လှပသော ကောင်လေး၊ ကောင်မလေး တစ်ယောက်နှစ်ယောက်စီ ထိုင်နေကြသည်။

 

လုဖုန်းသည် ထောင့်တစ်နေရာတွင် တစ်ယောက်တည်း ထိုင်နေပြီး ရောင်စုံ မီးရောင်များက သူ့ကိုယ်ပေါ်တွင် ဖြတ်သန်းသွားပြီး အရိပ်ကျနေသည်။ လက်ထဲတွင်တော့ စီးကရက်တစ်လိပ်ကို ညှပ်ထားပြီး မျက်နှာထားကို ခန့်မှန်းရ ခက်နေသည်။

 

သူ့ဘေးတစ်ဖက်တစ်ချက်တွင် ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် ထိုင်နေသည်။

 

ကောင်လေးသည် ဝင်လာကတည်းက ငုံးတစ်ကောင်ကဲ့သို့ ခေါင်းငုံ့ပြီး တစ်ခွန်းမှ မပြောပေ။ ကောင်မလေးကမူ ရဲတင်းလှသည်။ သူမက လုဖုန်း၏လက်မောင်းကို တွယ်ဖက်ထားပြီး သူမ၏ပြည့်ဖြိုးသော ရင်သားများဖြင့် လုဖုန်း၏လက်မောင်းကို ပွတ်သပ်နေသည်။

 

မုရှို့သည် ဆေးလိပ်ကို ပြင်းပြင်းထန်ထန် ဖွာရှိုက်လိုက်ပြီး အဆုတ်ထဲမှ မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။ ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုများကြောင့် သူ စိတ်ကုန်နေပြီ ဖြစ်သည်။ ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံတစ်ရွက် ဆွဲထုတ်ကာ ကောင်မလေး၏ရင်ဘတ်ကြား ထိုးထည့်လိုက်ပြီး နှင်ထုတ်လိုက်သည်။

 

“မင်း ထွက်သွားတော့”

 

ကောင်မလေးသည် တစ်ခုခု ပြောချင်နေသော်လည်း သူ၏မည်းမှောင်နေသော မျက်နှာထားကို မြင်သောအခါ မကျေမနပ်ဖြင့် ပါးစပ်ပိတ်ပြီး ထွက်ခွာသွားတော့သည်။

 

ထောင့်တစ်နေရာတွင် ဆေးလိပ်သောက်ရင်း စဉ်းစားနေသော လုဖုန်းနှင့် ငုံးလေး ကျိချင်းသာ ကျန်ရစ်တော့သည်။

 

ဆေးလိပ်ကုန်သွားသဖြင့် အကျန်ကို ပြာခွက်ထဲတွင် ထိုးချေလိုက်ပြီးနောက် သတိပြန်ဝင်လာသော လုဖုန်းသည် ဘေးနားမှ လူကို အံ့သြစွာ ကြည့်လိုက်သည်။

 

“မင်း မသွားသေးဘူးလား?”

 

ကျိချင်းက မော့ကြည့်လာသည်။ နုနယ်လွန်းသော မျက်နှာပေါ်တွင် စိုးရိမ်ကြောက်လန့်မှုများ အပြည့်ပင်။

 

“ကျွန်တော် သွားလို့ ရပြီလား?”

 

ကလေးတစ်ယောက်လိုပဲ…

 

လုဖုန်းသည် ရုတ်တရက် စိတ်ပျော့သွားပြီး မနေနိုင် မထိုင်နိုင် မေးခွန်းတစ်ခု မေးလိုက်မိသည်။

 

“မင်း အသက် ဘယ်လောက်ရှိပြီလဲ? ကြည့်ရတာ အသက်မပြည့်သေးတဲ့ ပုံစံပဲ”

 

ကျိချင်းက ခေါင်းငုံ့ပြီး ကြောက်ကြောက်လန့်လန့်နဲ့ ဖြေလိုက်လေသည်။

 

“၁… ၁၈ နှစ် ရှိပါပြီ”

 

အသက်ပြည့်ခါစပဲ ရှိသေးတာပဲ… လုဖုန်း မျက်မှောင်ကြုတ်လိုက်သည်။

 

“ဒီလောက် ငယ်ငယ်လေးနဲ့ ဒီအလုပ်ကို လုပ်နေပြီလား?”

 

ကျိချင်းသည် သူ့ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

 

“သူတို့က ဒီမှာ ပိုက်ဆံရတယ်ဆိုလို့ ကျွန်တော် လာလုပ်တာ”

 

လုဖုန်းက ရယ်လိုက်ပြီး သူ့မျက်နှာကို ဆေးလိပ်ငွေ့ဖြင့် မှုတ်လိုက်သည်။ မကွဲပြယ်သေးသော ဆေးလိပ်ငွေ့ကြောင့် ကျိချင်းသည် ချောင်းဆိုးပြီး မျက်မှောင်ကြုတ်သွားသည်။

 

“ဧည့်သည်… ပထမဆုံးအကြိမ် ဧည့်ခံဖူးတာလား”

 

ကျိချင်းသည် ဧည့်ခံတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ သေချာ မသိသော်လည်း ပထမဆုံးအကြိမ် အလုပ်ဆင်းခြင်း ဖြစ်သဖြင့် တွန့်ဆုတ်စွာ ခေါင်းညိတ်ပြလိုက်သည်။

 

ကောင်လေး၏ကိုယ်ပေါ်တွင် မရင့်ကျက်သေးသော အငွေ့အသက်များ ရှိနေသေးသည်။ ဝံပုလွေအုပ်ထဲ ရောက်နေသော သိုးငယ်လေး တစ်ကောင်ကဲ့သို့ပင်။ လုဖုန်း စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ဒီကောင်တွေ တော်တော် မိုက်ရိုင်းတာပဲ။ ဒီလောက် ငယ်ငယ်လေးကို လိမ်ခေါ်ပြီး ရောင်းစားကြတယ်။ တကယ်လို့များ နှာဘူးကြီးတစ်ယောက်ယောက်နဲ့သာ တွေ့ရင် အသက်တောင် ပါသွားနိုင်တယ်။

 

“ဒီနေ့ မင်း ကံကောင်းတယ်”

 

လုဖုန်းသည် လူမိုက်ဆန်ဆန် ပြုံးလိုက်ပြီး ကိုယ်ကို ကိုင်းကာ ကျိချင်း၏ခါးကို ဖက်လိုက်သည်။ ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။

 

“စကားမပြောနဲ့… ငါနဲ့ လိုက်ခဲ့”

 

ကျိချင်းသည် တုန်သွားသော်လည်း ခေါင်းငုံ့ပြီး လုဖုန်း ခေါ်ရာနောက်သို့ အလိုက်သင့် လိုက်ပါသွားတော့သည်။

 

အနောက်မှ လူတစ်ယောက်က လှမ်းစလေသည်။

 

“လူငယ်လေးတွေက စိတ်မြန်လက်မြန် ရှိလိုက်တာ… ဒီလောက်တောင် မစောင့်နိုင်ဘူးလားကွ”

 

လုဖုန်းက လက်ပြန်ဝှေ့ယမ်းပြလိုက်သည်။

 

“ခင်ဗျားတို့ဘာသာ ပျော်ကြပါ… ကျုပ် သူ့ကို အပြင်ခေါ်သွားပြီး ဆော့လိုက်ဦးမယ်”

 

……

 

မုရှို့သည် ဖေးလုကို ဖက်ပြီး အခန်းပြင် ထွက်လာခဲ့သည်။ ချန်ပင်းသည် မော်နီတာကို ပြန်ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ရလဒ်က သူထင်ထားတာထက် ပိုအဆင်ပြေနေသည်။

 

“Cut! ဒီ Scene ရပြီ”

 

ဖေးလုသည် ဝမ်းသာအားရ မုရှို့ကို မော့ကြည့်လိုက်သည်။

 

“ရသွားပြီလား?”

 

“အင်း… အသည်းလေးက တော်လိုက်တာ…”

 

မုရှို့၏လက်သည် ဖေးလု၏ခါးပေါ်တွင် ရှိနေဆဲပင်။ ဒီလို ပုံစံလေးနှင့် ဖေးလုသည် ဆွဲဆောင်မှု တစ်မျိုး ရှိနေသဖြင့် မုရှို့သည် အဓိပ္ပာယ်ပါပါဖြင့် ဖေးလု၏တင်ပါးကို ညှစ်လိုက်သည်။

 

“စောစောက ယောင်္ကျား တကယ်ကြီး မာချင်သွားတယ်…”

 

“…”

 

ဖေးလု ရူးချင်သွားပြီ။ နှစ်ယောက်သား အတူနေပြီးကတည်းက မုရှို့၏စရိုက်သည် ပြောင်းလဲသွားခဲ့သည်။ အေးစက်ပြီး တည်ငြိမ်သော မင်းသားကြီး ဘဝမှ စကားပြောလိုက်တိုင်း ၁၈+ ပါနေသော နှာဘူးကြီး အဖြစ် ပြောင်းလဲသွားခဲ့သည်။ Character ပျက်စီးတာ မြန်လွန်းတယ်!

 

ဖေးလုသည် ခါးပေါ်မှ လက်ကို အတင်း ဆွဲခွာလိုက်ပြီး မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။

 

“မစ္စတာလု… ကျေးဇူးပြုပြီး ယဉ်ကျေးပါ”

 

“ဖူး…”

 

မုရှို့သည် သူ၏တမင်တည်ထားသော မျက်နှာထားကို ကြည့်ပြီး ရယ်ချင်သွားသည်။သူ လက်မြှောက်ကာ အရှုံးပေးလိုက်သည်။

 

“ကောင်းပါပြီ မစ္စတာကျိ”

 

ဖေးလုသည် လျှာထုတ်ပြလိုက်ပြီး ချက်ချင်း လှည့်ပြေးသွားတော့သည်။

 

မုရှို့သည် သူ၏ပျော်ရွှင်နေသော ကျောပြင်လေးကို ကြည့်ပြီး နှုတ်ခမ်းကို သပ်လိုက်သည်။ မျက်ဝန်းထဲမှ အရောင်များသည် ပိုမိုနက်မှောင်လာတော့သည်။

 

ပထမ အခန်းက ချောချောမွေ့မွေ့ ပြီးသွားသော်လည်း နောက်ထပ် အခန်း ၂ ခန်းတွင် NG (No Good)များ ခဏခဏ ဖြစ်နေလေသည်။ ဖေးလု၏ပုံစံသည် ကျိချင်းနှင့် ကွက်တိ ဖြစ်သော်လည်း သူသည် အသစ်စက်စက် လူသစ် ဖြစ်နေသဖြင့် သရုပ်ဆောင်ရာတွင် အခက်အခဲ ရှိနေသည်။ ပထမ အခန်းတုန်းက ခေါင်းငုံ့နေရုံမို့ အဆင်ပြေသော်လည်း နောက်ပိုင်း အခန်းများတွင်မူ မျက်နှာချင်းဆိုင် သရုပ်ဆောင်ရပြီး မျက်နှာအမူအရာ အသေးစိတ်ကိုပါ ဂရုစိုက်ရသဖြင့် အကြိမ်ကြိမ် ပြန်ရိုက်ပြီးမှသာ အောင်မြင်သွားတော့သည်။

 

ညနေအထိ ရိုက်ကူးပြီး ဟိုတယ် ပြန်ရောက်ချိန်တွင် ဖေးလု တစ်ကိုယ်လုံး နုံးချိနေပြီ ဖြစ်သည်။ သူသည် ရေမချိုးချင်တော့ဘဲ ကုတင်ပေါ် တန်းလှဲချင်နေပြီဖြစ်သည်။

 

နောက်ဆုံးတော့ မုရှို့ကပဲ သူ့ကို ပွေ့ချီပြီး ရေချိုးပေးလိုက်ရသည်။

 

နှစ်ယောက်သား ရေချိုးကန်ထဲတွင် စိမ်လိုက်သောအခါ ဖေးလု၏အမောအပန်းများ ပြေလျော့သွားသည်။ သူသည် မျက်လုံးလေးနဲ့ ကစားလိုက်ပြီးနောက် ပြဿနာ ထပ်ရှာချင်လာပြန်သည်။

 

သူသည် ရေအောက်မှနေ၍ ခြေထောက်ကို ဆန့်တန်းလိုက်ပြီး တစ်ဖက်လူကို ဖိနင်းကာ ပွတ်သပ်လိုက်သည်။

 

မုရှို့သည် ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသဖြင့် သူ့ဆီကနေ ညည်းသံသဲ့သဲ့ ထွက်လာသည်။ ပျင်းရိနေသော မျက်လုံးများသည် ချက်ချင်း ဝံပုလွေမျက်လုံးများအဖြစ် ပြောင်းလဲသွားပြီး ဖေးလုကို စိုက်ကြည့်လိုက်သည်။

 

“လိုချင်နေပြီလား?”

 

ဖေးလုသည် မျက်လုံးပြူးပြီး အပြစ်ကင်းစင်သော ပုံစံလေးဖြင့် ပြန်ကြည့်လိုက်သည်။

 

“ဘာဖြစ်လို့လဲ?”

 

မုရှို့သည် ကိုယ်ကို ကိုင်းလိုက်ပြီး ဖေးလု၏မေးစေ့ကို ကိုင်ကာ အပြစ်ပေးသည့် အနေဖြင့် ကိုက်လိုက်သည်။

 

“လာစပြီးမှ ထွက်ပြေးချင်နေတာလား?”

 

ဖေးလုသည် သူ့လက်ကို တွန်းပြီး ရုန်းကန်လိုက်ရာ ရေများ ဗွမ်းခနဲ လွင့်စင်ကုန်သည်။

 

“ခင်ဗျား ဘာလုပ်တာလဲဗျ…” ဟု အော်ဟစ်နေရင်း အခွင့်ကောင်းယူကာ ဒူးခေါင်းဖြင့် အရေးကြီးသော နေရာကို နှစ်ချက်လောက် ထပ်တိုက်လိုက်သေးသည်။

 

တကယ်ကို သေချင်နေတာပဲ!

 

မုရှို့၏အသက်ရှူသံများ ပြင်းထန်လာပြီး မျက်လုံးများ မည်းမှောင်သွားသည်။

 

“ခဏနေကျရင် မင်း ငိုကိုငိုရလိမ့်မယ်…”

 

ဖေးလုသည် နှုတ်ခမ်းဆူပြီး ဝမ်းနည်းပက်လက်ဖြင့် လူယုတ်မာ လုပ်တော့သည်။

 

“ခင်ဗျား ဘာလုပ်တာလဲ… ကျွန်တော် ရေချိုးနေတာကို… ဘယ်နားများ သွားထိမိလို့လဲ?!”

 

 

Chapter 61 ended

 

 

 

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset