Chapter 62
“ခင်ဗျား ဘာလုပ်တာလဲ… ကျွန်တော် ရေချိုးနေတာကို… ဘယ်နားများ သွားထိမိလို့လဲ?!”
မုရှို့သည် သူ့ကို ကြည့်ပြီး ဒေါသထွက်လွန်း၍ ရယ်ချင်စိတ်ပင် ဖြစ်သွားသည်။
“ထပ်ပြောကြည့်လိုက်… မင်း ကုတင်ပေါ်က မဆင်းနိုင်အောင် လုပ်ပစ်လိုက်မယ်”
“…”
ဖေးလု ချက်ချင်းပင် လိပ်ပြာလွင့်သွားပြီး ပြဿနာရှာချင်စိတ်လေးလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားလေသည်။ သူသည် ရေထဲတွင် အမြန်မြှုပ်လိုက်ပြီး နှာခေါင်းလုံးလုံးလေးနှင့် မျက်လုံးဝိုင်းဝိုင်းလေးများကိုသာ ဖော်ထားကာ သနားစဖွယ် အသံလေးဖြင့် ညည်းပြလိုက်သည်။
“ဒီနေ့ အရမ်းပင်ပန်းနေတာ… တစ်ကိုယ်လုံးလည်း နာနေပြီ…”
“…”
မုရှို့၏နဖူးမှ သွေးကြောများ ထောင်တက်သွားသည်။သူသည် ရေအောက်မှ ဂနာမငြိမ်သော ခြေထောက်လေးများကို လှမ်းဖမ်းလိုက်ပြီး အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြောလိုက်သည်။
“ပင်ပန်းနေရင်လည်း မပင်ပန်းတဲ့နည်းနဲ့ လုပ်ကြတာပေါ့…”
ရေနွေးနွေးလေးမှာ ပျော့အိနေသော ခြေဖဝါးလေးနှင့် မာကျောသော အရာတစ်ခု ထိကပ်သွားသောအခါ ဖေးလုသည် ရှက်လွန်း၍ ခြေချောင်းလေးများကို ကွေးထားလိုက်မိသည်။ သူ ရုန်းထွက်ချင်သော်လည်း မုရှို့၏အားက ကြီးမားလွန်းသည်။ ဖေးလု၏ခြေချင်းဝတ်ကို သံညှပ်ကဲ့သို့ ညှပ်ထားပြီး ထိုအရာပေါ်တွင် ပွတ်တိုက်ပေးနေတော့သည်။
……
ရေမျက်နှာပြင်ပေါ်တွင် အဖြူရောင် အရည်များ ပေါလောပေါ်လာသည်။ ဖေးလုသည် မျက်လုံးများ ကြောင်နေပြီး အသက်ငွေ့ငွေ့သာ ရှူနိုင်တော့သည်။သူ့ခမျာ ရေချိုးကန် ဘောင်ပေါ်တွင် မှီလျက် နွမ်းနယ်နေပြီဖြစ်သည်။
မုရှို့သည် သူ့ကို ရေထဲမှ ဆွဲထုတ်လိုက်ပြီး ရေပန်းဖြင့် သန့်စင်ပေးကာ ရေချိုးသဘက်ကြီးဖြင့် ပတ်ပြီး အခန်းထဲသို့ ပြန်ပွေ့သွားလေသည်။
ဖေးလုသည် နောက်ကျမှ သတိပြန်ဝင်လာသည်။သတိပြန်ဝင်လာပြီးနောက် မျက်နှာတစ်ခုလုံး နီရဲသွားကာ ခေါင်းအုံးများကြားတွင် မျက်နှာမြှုပ်ထားပြီး အစ်အောက်အစ်အောက် အော်နေတော့သည်။
ခြေဖဝါးမှ ထူးဆန်းသော ပူနွေးသည့် အထိအတွေ့မှာ မပျောက်သေးပေ။ ဖေးလုသည် ခြေချောင်းလေးများကို ကွေးလိုက်ပြီး စောစောက မုရှို့ကို သွားစခဲ့သော ကိုယ့်ကိုယ်ကိုယ် ရိုက်သတ်ပစ်ချင်နေမိသည်။
မုရှို့ ရေချိုးခန်း သန့်ရှင်းရေး ဝင်လုပ်နေစဉ် ဖေးလုသည် ကုတင်ပေါ်တွင် တစ်ယောက်တည်း ရှက်နေပြီးမှ ရုတ်တရက် ထထိုင်လိုက်သည်။ထို့နောက် ဖုန်းကို ကောက်ကိုင်ပြီး ပိုင်တုတွင် ဗဟုသုတ ရှာရန် ပြင်လိုက်သည်။
ဖုန်းမျက်နှာပြင် လင်းလာသည်နှင့် ပိတ်ရန် မေ့သွားသော ပန်းရောင် ဝဘ်ဆိုက် စာမျက်နှာမှ “အင်း… အား…” စာသားများ ပေါ်လာတော့သည်။
ဖေးလု : “…”
အံ့သြလွန်း၍ မျက်လုံးများတောင် ပြူးကျယ်သွားသည်။ ဖေးလုသည် လက်ချောင်းလေးဖြင့် အောက်သို့ ဆွဲကြည့်လိုက်ရာ သူနှင့်မုရှို့အကြောင်းကို ရေးသားထားသော ညစ်ညမ်းစာပေများ ဖြစ်နေသည်။
၎င်းတို့တွင် မယုံကြည်နိုင်စရာကောင်းသော ပုံစံမျိုးစုံ ပါဝင်နေသည်။ Doggy Style ၊ ကြာပန်းပေါ်မယ်တော်ထိုင်ပုံစံ… စသည်ဖြင့် စုံလင်လှသည်။ ဖေးလုသည် ဖတ်လေလေ မျက်နှာနီလေလေ ဖြစ်လာသည်။ Forum မှ ညီမလေးများ၏ စိတ်ကူးဉာဏ် ကွန့်မြူးချက်များသည် အလွန် သွေးဆူစရာ ကောင်းလှသည်။
ဖေးလုသည် ပူထူနေသော မျက်နှာကို ပွတ်သပ်လိုက်သည်။ သူကသာ လူသစ်လေးဖြစ်နေပြီး.. မုရှို့က ဘာလို့ ဆရာကြီးဖြစ်နေရတာလဲလို့ အရင်က တွေးနေမိတာ…လက်စသတ်တော့ ဒီလူက ကားမောင်းသင်တန်းကျောင်း တက်ထားတာကိုး!
ဖေးလုမှာ ပါးများ ဖောင်းလာပြီး ငါးပူတင်းလေး တစ်ကောင်ကဲ့သို့ ဒေါသထွက်နေတော့သည်။
“အသည်းလေး… ဘာတွေ ကြည့်နေတာလဲ?”
မုရှို့သည် အနောက်မှနေ၍ သူ့ကို သိုင်းဖက်လိုက်ပြီး မေးစေ့ကို ပခုံးပေါ်တင်ကာ အတူတူ ကြည့်လိုက်သည်။
ရင်းနှီးနေသော ပန်းရောင် ဝဘ်ဆိုက်… ရင်းနှီးနေသော “အင်း… အား…” စာသားများ…
မုရှို့ : “…”
သူ နေရခက်စွာ ချောင်းဟန့်လိုက်ပြီး ဖေးလုလက်ထဲမှ ဖုန်းကို ဆွဲယူရန် ကြိုးစားလိုက်သည်။
“ဆက်ကြည့်ရင် အိပ်မပျော်ဘဲ နေမယ်… ဖုန်းပေး… အိပ်ရအောင်”
ဖေးလု ဒေါသတကြီးဖြင့် ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး စွပ်စွဲလိုက်သည်။
“ခင်ဗျားကျတော့ ကားမောင်းသင်ထားပြီးတော့ ကျွန်တော့်ကိုကျ မပြောဘူးနော်!”
“…”
မုရှို့တစ်ယောက် နားရွက်များ နီရဲလာသည်။ ကိုယ့်ချစ်သူ ကွယ်ရာမှာ ညစ်ညမ်းစာပေ ဖတ်ပြီး ဗဟုသုတ ရှာမှီးနေရတယ်ဆိုတာကို ပြောရမှာ သိက္ခာကျလိုက်တာ… အထက်ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ဆို မပြောသင့်ဘူး။
သူ ရှင်းပြရန် ကြိုးစားလိုက်သည်။
“ဒါက ကိုယ် မတော်တဆ ဝင်မိသွားတာပါ…”
“ညာနေပြန်ပြီ…”
ဖေးလုသည် အောက်ဆုံးထိ ဆွဲချလိုက်တော့ ရင်းနှီးနေသော ID တစ်ခုသည် အကြိမ်ကြိမ် ငွေလှူဒါန်းထားသည်ကို တွေ့လိုက်ရသည်။
“…”
မုရှို့သည် ဆက်လက် နေရခက်နေပြီး နားရွက်များလည်း ပိုနီလာသည်။ သူသည် လက်လျော့စွာဖြင့် တောင်းပန်လိုက်ရသည်။
“အသည်းလေးကလည်း…”
ဖေးလုသည် စောင်ထဲသို့ လျှောခနဲ ဝင်သွားပြီး ဖုန်းကို ကိုင်ကာ မုရှို့ကို အောင်နိုင်သူ အကြည့်ဖြင့် ကြည့်လိုက်သည်။ ငါလည်း တတ်သွားပြီဆိုရင် ဘယ်သူက ပိုကြမ်းမလဲ ကြည့်ကြသေးတာပေါ့။
………
ဖေးလုသည် စောင်ထဲတွင် ကွေးပြီး ခဏလောက် ဖတ်ကြည့်လိုက်ပြီးနောက် ပူလွန်းသဖြင့် အပြင်သို့ ပြန်ထွက်လိုက်သည်။ သူ့မျက်နှာတစ်ခုလုံး နီရဲနေသည်။ စောင်ထဲတွင် မွန်းသွားလို့လား၊ ဒါမှမဟုတ် တခြားအကြောင်းကြောင့်လားတော့ မသိပေ။ သူသည် ဖုန်းကို မျက်တောင်မခတ် စိုက်ကြည့်နေပြီး စောင်ဖြင့် ယပ်ခတ်နေလေသည်။
ကြည့်လေ ပူလေပဲ…
မုရှို့သည် သူ့အခြေအနေကို သတိထားမိပြီး အေးမြသော ခန္ဓာကိုယ်ဖြင့် ကပ်လာသည်။
“ကိုယ် ကူညီပေးရမလား?”
ဖေးလုသည် သိက္ခာရှိရှိ ငြင်းပစ်ချင်သော်လည်း ခေါင်းညိတ်မိသွားသည်။ မုရှို့သည် တိုးတိုးလေး ရယ်လိုက်ပြီး စောင်အောက်မှ လက်က လှုပ်ရှားလာတော့သည်။
ဖေးလုသည် မုရှို့၏ရင်ခွင်ထဲတွင် မှီရင်း တဟင်းဟင်း ညည်းနေ၏။ မုရှို့က အခွင့်ကောင်းယူပြီး သူ့ဖုန်းကို ယူလိုက်ကာ နားနားကပ်ပြီး ပြောလေသည်။
“နောက်ဆို အတူတူ ကြည့်ကြမယ်… အထဲမှာ ပုံစံသစ်တွေ အများကြီးပဲ… ကိုယ်တို့ စမ်းကြည့်လို့ ရတယ်…”
ဖေးလုသည် ပြင်းထန်သော သာယာမှု ရေစီးကြောင်းထဲတွင် မျောပါနေသဖြင့် ဝေဝေဝါးဝါး ခေါင်းညိတ်လိုက်မိတော့သည်။
********
အချိန်လုကာ ရိုက်ကူးနေရင်း မကြာမီမှာပင် နောက်ဆုံး အရေးပါသော အခန်းသို့ ရောက်ရှိလာသည်။
ကျိချင်း သေဆုံးသွားခြင်း…
ထိုအချိန်တွင် သူတို့နှစ်ဦးသည် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။ လူနှင့်လူကြားတွင် ရေစက်ဆိုတာ တကယ် ရှိကောင်း ရှိနိုင်သည်။ လုဖုန်းနှင့်ကျိချင်းသည် မတော်တဆ ဆုံတွေ့ခဲ့ကြသော သူစိမ်းနှစ်ယောက် ဖြစ်သော်လည်း ခြောက်လတာ တိုတောင်းသော အချိန်အတွင်း အပြန်အလှန် မှီခိုအားထားရသော သံယောဇဉ်များ ဖြစ်ပေါ်လာခဲ့သည်။
လုဖုန်း၏ရင်ထဲမှ မည်းမှောင်နေသော ကောင်းကင်ကြီးသည် အက်ကွဲသွားပြီး နေရောင်ခြည်များ ဖြာကျလာသကဲ့သို့ ရင်ထဲမှ ဝေခွဲမရမှုများကို ဖယ်ရှားပေးလိုက်သည်။
လုဖုန်းတွင် စိုးရွံ့စရာ အားနည်းချက်တစ်ခု ရှိလာပြီဆိုတာကို မျက်စိပါသူတိုင်း မြင်နိုင်သည်။
ဘာကိုမှမကြောက်သော ဓားသွားတွင် ဓားအိမ်တစ်ခု ရှိလာပြီဖြစ်သည်။ ဒါကို တုမိသားစုက လက်မခံနိုင်ပေ။
သာမန် အပြင်သွားသည့် နေ့တစ်နေ့တွင် ကျိချင်းတစ်ယောက် ပြန်မလာတော့ပေ။ လုဖုန်း သူ့ကို ရှာတွေ့သည့်အချိန်တွင် မိုးများ ရွာသွန်းနေသည်။ ကျိချင်းသည် ညစ်ပတ်သော အမှိုက်ပုံထဲတွင် လဲကျနေ၏။ နူးညံ့သော ဆံပင်များသည် မိုးရေကြောင့် စိုရွှဲနေပြီး ဖြူဖပ်ဖြူရော် မျက်နှာပေါ်တွင် ကပ်နေသည်။
ထိုနူးညံ့သော ကောင်လေးသည် မျက်လုံး ပြန်မဖွင့်လာတော့ပေ။
လုဖုန်းသည် သူ့အလောင်းကို ပွေ့ဖက်ပြီး အိမ်သို့ ပြန်လာခဲ့သည်။ ခန္ဓာကိုယ်ကို ဂရုတစိုက် သန့်စင်ပေးပြီး သန့်ရှင်းသော အဝတ်အစားများကို လဲပေးလိုက်သည်။ ပြီးနောက် ပုံမှန်အတိုင်း ညစာ စားပြီးမှ အိမ်က ထွက်သွားသည်။
နောက်ဆုံးတွင် ကျိချင်းကို မြို့စွန်ရှိ သင်္ချိုင်းတွင် မြှုပ်နှံလိုက်သည်။ အေးစက်သော ခေါင်းတလားသည် ကျိချင်း၏နုပျိုလန်းဆန်းသော အသက်ကိုသာမက လုဖုန်း၏ကြင်နာမှုအားလုံးကိုပါ မြှုပ်နှံလိုက်တော့သည်။
“Cut!”
ချန်ပင်းသည် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်သည်။ မုရှို့၏သရုပ်ဆောင်မှုက သူ့ကို အံ့အားသင့်စေသည်။ ကျိချင်း၏အလောင်းကို တွေ့လိုက်ရသည့်အချိန်တွင် ဖြစ်ပေါ်လာသော မျက်နှာထား… တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ မယုံကြည်နိုင်ခြင်း၊ ပြီးနောက် မျှော်လင့်ချက်များ ပျက်သုဉ်းသွားကာ ထုံထိုင်းသွားခြင်း… ရှုပ်ထွေးသော ခံစားချက်များကို ပီပြင်စွာ သရုပ်ဖော်နိုင်ခဲ့သည်။
မုရှို့သည် ဇာတ်ကောင်၏ဝမ်းနည်းပက်လက် ခံစားချက်ထဲတွင် နစ်မြုပ်နေပြီး ပြန်မထွက်နိုင် ဖြစ်နေသည်။ ဖေးလုကို မြင်လိုက်ရသည့်အချိန်တွင် သူ၏နှလုံးသားသည် ပြင်းထန်စွာ နာကျင်သွားပြီး အသက်ပင် ရှူမဝ ဖြစ်သွားခဲ့သည်။ မာကျောသော စိတ်ဓာတ်ဖြင့်သာ မလဲကျအောင် တောင့်ခံထားခြင်း ဖြစ်သည်။
ဖေးလုသည် မုရှို့ ကြောင်တောင်တောင် ရပ်နေသည်ကို မြင်လိုက်ရသည်။ မျက်နှာပေါ်တွင်လည်း ပြင်းထန်သော ဝမ်းနည်းမှုများ ကျန်ရှိနေသေးသည်။ ဖေးလု၏ရင်ထဲတွင် စူးအောင့်သွားပြီး တခြားလူများ၏အကြည့်ကို ဂရုမစိုက်နိုင်တော့ဘဲ ပြေးသွားပြီး မုရှို့ကို ဖက်ထားလိုက်သည်။
မုရှို့ ဝတ်ထားသော ဇာတ်ဝင်ခန်း ဝတ်စုံသည် စိုရွှဲနေဆဲ ဖြစ်သည်။ ဖေးလုသည် ဂရုမစိုက်ဘဲ အနောက်မှ သိုင်းဖက်လိုက်ပြီး တုန်ယင်နေသော အသံဖြင့် ခေါ်လိုက်သည်။
“မုရှို့… မုရှို့…”
မုရှို့၏တောင့်တင်းနေသော ခန္ဓာကိုယ်သည် နွေးထွေးသော ရင်ခွင်ထဲတွင် ပျော့ပျောင်းသွားသည်။ သူသည် ကိုယ်ကို လှည့်လိုက်ပြီး ဖေးလုနှင့် မျက်နှာချင်းဆိုင် ဖက်လိုက်သည်။ ထွက်ပေါ်လာသော သူ့အသံထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပါဝင်နေ၏။
“စောစောက… ကိုယ် မင်း ဖြစ်သွားပြီလို့ ထင်လိုက်တာ…”
မြေကြီးပေါ်တွင် လဲလျောင်းနေသော ကောင်လေး၏မျက်လုံးများ မှိတ်ထားသည်ကို မြင်လိုက်ရသောအခါ ရင်းနှီးသော မျက်နှာသွင်ပြင်ကြောင့် အိမ်မက်နှင့် လက်တွေ့ကို မခွဲခြားနိုင် ဖြစ်သွားခဲ့သည်။ ရုတ်တရက် ဝင်ရောက်လာသော မျှော်လင့်ချက်ကင်းမဲ့မှုသည် သူ့နှလုံးသားကို ဆုပ်ကိုင်ထားသဖြင့် အသက်ရှူပင် မဝတော့ပေ။ ချန်ပင်းက သူ့သရုပ်ဆောင်မှု ကောင်းသည်ဟု ပြောသော်လည်း တကယ်တမ်းတွင်မူ… ထိုအချိန်က သူ မြင်ယောင်နေသည်မှာ ကျိချင်း မဟုတ်ဘဲ ဖေးလု ဖြစ်နေသောကြောင့်ပင်။
ဖေးလု ရင်ထဲ တုန်သွားသည်။ သူ ခြေဖျားထောက်ပြီး မုရှို့ကို ပိုမို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
“မဟုတ်ဘူး… ကျွန်တော် မဟုတ်ပါဘူး… အဲဒါတွေက အတုတွေ… မကြောက်နဲ့နော်…”
“အင်း…”
မုရှို့က အသံအုပ်အုပ်ဖြင့် ပြန်ဖြေပြီး ဖေးလု၏လည်ပင်းကြားထဲတွင် ခေါင်းမြှုပ်ထားလိုက်သည်။ ထိုအခါမှသာ အေးစက်သော မျှော်လင့်ချက်မဲ့မှုများသည် သူ့ဆီမှ ဝေးကွာသွားသလို ခံစားလိုက်ရသည်။
“ကိုယ် နောင်တရတယ်…”
ဖေးလုကို ဒီဇာတ်ကား ရိုက်ခိုင်းမိတာ မှားသွားပြီ။ လုဖုန်းနှင့်ကျိချင်း၏ဆိုးရွားသော ဇာတ်သိမ်းသည် မည်းမှောင်သော တိမ်တိုက်ကြီးကဲ့သို့ ဖုံးလွှမ်းနေပြီး နိမိတ်မကောင်းသလို ခံစားနေရသည်။
ဖေးလုသည် သူ့ကျောကို ပုတ်ပေးပြီး ခြေဖျားထောက်ကာ ပါးပြင်ကို နမ်းလိုက်သည်။
“ပြီးသွားပါပြီ… ဘာမှ မဖြစ်တော့ဘူး။ ကျွန်တော်တို့ ဟိုတယ်ပြန်ပြီး အိပ်လိုက်ရင် ကောင်းသွားမှာပါ…”
မုရှို့၏စိတ်ခံစားချက်သည် မကောင်းသေးပေ။ ဘာမှပြန်မပြောဘဲ ဖေးလုကိုသာ ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
ဖေးလုသည် သူ့ရင်ခွင်ထဲမှ ရုန်းထွက်ပြီး လက်ချောင်းချင်း ယှက်ကာ ဆုပ်ကိုင်လိုက်သည်။ မုရှို့သည် ခဏ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ဖေးလု ဆွဲခေါ်ရာနောက်သို့ လိမ္မာစွာ လိုက်ပါသွားတော့သည်။
ဖေးလုသည် ရှောင်ဖယ်မနေတော့ပေ။ မုရှို့ကို ဆွဲပြီး ချန်ပင်းဆီ လျှောက်သွားလိုက်သည်။ သူ၏ရုပ်ရည်မှာ နူးညံ့ကာ ချစ်စရာ ကောင်းသော်လည်း အရှိန်အဝါကမူ ပုံမှန်နှင့် မတူတော့ပေ။ ချန်ပင်းသည် စောစောက မြင်ကွင်းကို မြင်လိုက်သဖြင့် အခြေအနေကို ရိပ်မိနေပြီဖြစ်သည်။ ဖေးလု ဒေါသတကြီး လျှောက်လာသည်ကို မြင်သောအခါ ဖေးလု ပါးစပ်မဟခင် ဦးအောင် ပြောလိုက်သည်။
“ကျန်တဲ့ အခန်းတွေကို နောက်ရွှေ့ထားလိုက်မယ်… မုရှို့ စိတ်အခြေအနေ ပြန်ကောင်းမှ ဆက်ရိုက်ကြတာပေါ့”
ဖေးလု ပြောစရာစကား ပျောက်သွားသည်။ သူပြောချင်တာကို ပြောသွားပြီမို့ ခေါင်းညိတ်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ကျေးဇူးပါ ဒါရိုက်တာချန်”
ချန်ပင်းက လက်ကာပြလိုက်သည်။ သူ မုရှို့နှင့် တွဲလုပ်ဖူးသည်မှာ ကြာပြီ ဖြစ်သော်လည်း ဇာတ်ကောင်ထဲမှ ပြန်မထွက်နိုင်သော အဖြစ်မျိုးကို တစ်ခါမှ မကြုံဖူးပေ။ချန်ပင်းသည် သူတို့နှစ်ဦး၏တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်များကို ကြည့်ပြီး စုတ်သပ်လိုက်မိသည်။ နောက်ဆို ဖေးလုကို သရုပ်ဆောင်ခိုင်းလို့ မဖြစ်တော့ဘူးနဲ့ တူတယ်။
ဖေးလုသည် စိတ်ဓာတ်ကျနေသော ဝံပုလွေကြီးကို ဆွဲပြီး ဟိုတယ် ပြန်လာခဲ့သည်။
ဒီတစ်ခေါက် ရိုက်ကူးမှု အများစုက ရုပ်ရှင်မြို့တော်တွင် ဖြစ်သဖြင့် မုရှို့ ဒီဟိုတယ်တွင် နေသည်မှာ ကြာပြီ ဖြစ်သည်။ ဖေးလုသည် ပုရွက်ဆိတ် အိမ်သယ်သကဲ့သို့ ပစ္စည်းများကို တစ်ခုချင်း သယ်လာ၍ အခန်းကို ပြင်ဆင်ထားသဖြင့် အခန်းသည် အေးစက်သော ယာယီတည်းခိုခန်းနှင့် မတူတော့ဘဲ အိမ်တစ်လုံးကဲ့သို့ နွေးထွေးနေလေသည်။
ရင်းနှီးသော အငွေ့အသက်များကို ခံစားလိုက်ရမှ မုရှို့သည် စိတ်နည်းနည်း သက်သာသွားသည်။ သူ့ကိုယ်ပေါ်တွင် စိုရွှဲနေသော ဝတ်စုံ ရှိနေသေးသဖြင့် ဖေးလုက ရေချိုးခန်းထဲ ခေါ်သွားပြီး ရေနွေးစပ်ပေးကာ စိုနေသော အဝတ်များကို ကိုယ်တိုင် ချွတ်ပေးလိုက်သည်။
မုရှို့သည် အလွန်လိမ္မာနေသော်လည်း ဖေးလု၏ကိုယ်ပေါ်သို့သာ အတင်း ကပ်နေသည်။ ဖေးလုသည် သူ့ကို ရေချိုးကန်ထဲသို့ မနည်း တွန်းထည့်လိုက်ပြီး နဖူးကို လက်ညှိုးဖြင့် ထိုးကာ ဟန်ဆောင် စိတ်ဆိုးပြလိုက်သည်။
“အဝတ်တွေကို လျှော်ဖို့ သွားပို့လိုက်ဦးမယ်… ခဏလေးပဲ… ဒီထဲမှာ ငြိမ်ငြိမ်လေး နေနော်… မလှုပ်နဲ့”
မုရှို့၏မျက်ဝန်းများသည် နက်မှောင်နေပြီး နဖူးကို ထောက်ထားသော လက်ကို ဆွဲယူကာ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
ဖေးလုက ရယ်မောပြီး သူ့ကို ပုတ်လိုက်သည်။
“လိမ္မာတယ်… ခဏလောက် စိမ်နေဦး… ပြန်လာရင် ရေချိုးပေးမယ်”
ကတိရမှ မုရှို့သည် ရေထဲသို့ လိမ္မာစွာ ဝင်သွားသည်။ သို့သော် မျက်လုံးများကမူ ဖေးလုကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ နောက်တစ်စက္ကန့်တွင် ပျောက်သွားမည်ကို စိုးရိမ်နေသကဲ့သို့ပင်။ ဖေးလုသည် ချွဲနေသော သူ့ပုံစံကို သည်းမခံနိုင်တော့ဘဲ နဖူးနှင့် ပါးပြင်ကို နမ်းလိုက်ပြီးမှ ညစ်ပတ်နေသော အဝတ်ခြင်းတောင်းကို မ,ပြီး ထွက်သွားတော့သည်။
အဝတ်အစားများက ရိုက်ကူးရေးအဖွဲ့ပိုင် ဖြစ်ပြီး ရေစိုနေသဖြင့် အမြန် လျှော်ဖွပ်ပြီး ပြန်ပေးမှ အဆင်ပြေမည်ဖြစ်သည်။
ဟိုတယ် အဝတ်လျှော်ဝန်ဆောင်မှုပေးသူ ရောက်လာတော့ ဖေးလုက အဝတ်အစားများကို ပေးလိုက်ပြီး ရေချိုးခန်းဘက်သို့ အမြန် ပြန်လာခဲ့သည်။
တံခါးဝသို့ ရောက်သည်နှင့် မုရှို့က တံခါးပေါက်ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။မည်းမှောင်နေသော မျက်ဝန်းများက ဖေးလုကို မြင်လိုက်ရမှ နူးညံ့သွားတော့သည်။
Chapter 62 ended