Chapter 63
ဖေးလုသည် လမ်းလျှောက်ရင်း အဝတ်အစားများကို ချွတ်လိုက်သည်။ ရေချိုးကန်ရှေ့ ရောက်သောအခါ တစ်ကိုယ်လုံး ဗလာကျင်းနေပြီ ဖြစ်သဖြင့် မုရှို့နှင့်အတူ ရေချိုးကန်ထဲသို့ တိုးဝင်လိုက်သည်။
မုရှို့သည် အနောက်သို့ ဆုတ်ပေးလိုက်ပြီး ခြေထောက်နှစ်ဖက်ကို ဖြဲကာ ဖေးလုကို သူ့ပေါင်ကြားတွင် ဝင်ထိုင်စေသည်။
ဖေးလု ထိုင်လိုက်သည်နှင့် မုရှို့သည် သူ့ကို သန်မာသော လက်မောင်းနှစ်ဖက်ဖြင့် တင်းကျပ်စွာ ဖက်ထားလိုက်သည်။ မုရှို့၏ရင်အုပ်ကြီးသည် ဖေးလု၏ ကျောပြင်နှင့် ကပ်နေပြီး ဆံပင်တိုတို ခေါင်းကြီးဖြင့် ဖေးလု၏လည်ပင်းကြားထဲတွင် မှီထားလေသည်။
ဖေးလုသည် ခေါင်းကို စောင်းလိုက်ပြီး မုရှို့နှင့်နူးညံ့စွာ နမ်းရှိုက်လိုက်သည်။ သူ့အသံများပင် အနမ်းကြောင့် အက်ကွဲနေသည်။
“တမင်တကာ လာချွဲနေတာလား?”
မုရှို့က “ဟွန်း” ဟု နှာခေါင်းရှုံ့လိုက်ပြီး ဖေးလု၏လည်ပင်းသား နုနုလေးကို ကိုက်ခဲလိုက်သည်။
ဖေးလုသည် သူ့ကို စိတ်ရှည်လက်ရှည် အလိုလိုက်ထားသည်။ ခဏကြာအောင် ကိုက်ခံပြီးမှ ကိုယ်ကို လှည့်ကာ မုရှို့နှင့် မျက်နှာချင်းဆိုင် ဖက်လိုက်သည်။
ဒီအနေအထားကြောင့် သူတို့နှစ်ဦး၏အရေးကြီးသော အစိတ်အပိုင်းများသည် မလွဲမသွေ ထိတွေ့မိကြသည်။ ဖေးလုက စနောက်သည့်အနေဖြင့် ဖျစ်ညှစ်လိုက်သော်လည်း မုရှို့သည် ဒီနေ့ စိတ်ပါပုံ မရပေ။မုရှို့က တိုးညှင်းစွာ ညည်းတွားလိုက်ပြီးနောက် ဖေးလုတစ်ကိုယ်လုံးကို ရင်ခွင်ထဲသို့ ထပ်မံ ဆွဲသွင်းလိုက်သည်။
ဖေးလုသည် ကျောပြင်ကို အတင်းအကျပ် ဖိကပ်ခံထားရသဖြင့် မျက်နှာကို မုရှို့၏ရင်ဘတ်ထဲ အပ်ထားရပြီး လည်ပင်းလည်း ညောင်းလာသည်။ သူသည် မကျေမနပ်ဖြင့် နှုတ်ခမ်းနားရောက်နေသော အဖုလေးကို ကိုက်လိုက်သည်။
“နည်းနည်း လျှော့ပါဦး…”
မုရှို့က ဘာမှပြန်မပြောဘဲ မကြားချင်ယောင် ဆောင်နေသည်။
ဖေးလု ထပ်ပြီး အားထည့်ကာ ကိုက်လိုက်ပြန်ရာ မုရှို့ဆီမှ အသက်ရှူသံ ပြင်းပြင်း ထွက်ပေါ်လာသည်။
“နည်းနည်း လျှော့ပါဦး… ခင်ဗျားကို နမ်းချင်လို့”
မုရှို့သည် တွန့်ဆုတ်စွာဖြင့် လက်ကို အနည်းငယ် လျှော့ပေးလိုက်သော်လည်း ဖေးလုကို သူ့လက်မောင်းကြားထဲတွင်သာ လှုပ်ရှားခွင့် ပေးထားသည်။ ဖေးလုသည် လွတ်လပ်ခွင့် ရသွားသဖြင့် ရင်ဘတ်ပေါ်တွင် ကပ်နေစရာ မလိုတော့ဘဲ ကိုယ်ကို မတ်လိုက်ကာ မုရှို့၏မျက်နှာကို အုပ်ကိုင်ပြီး ဖွဖွလေး နမ်းရှိုက်လိုက်သည်။
နှစ်သိမ့်မှု ပါဝင်နေသော နူးညံ့သော အနမ်းလေးများဖြစ်သည်။ မျက်ခုံးကြားမှ ပါးပြင်၊ ထိုမှတဆင့် နှုတ်ခမ်းဆီသို့… ဖေးလုသည် မုရှို့၏နှုတ်ခမ်းများကို ငုံထားပြီး လျှာဖြင့် လျက်ပေးနေသော်လည်း ခံတွင်းထဲသို့ တိုးဝင်ခြင်း မရှိပေ။ ပုံမှန် ပြင်းထန်သော အနမ်းမျိုး မဟုတ်ဘဲ နူးညံ့သိမ်မွေ့သော အနမ်းများဖြင့် မုရှို့၏မငြိမ်မသက် ဖြစ်နေသော စိတ်ကို ငြိမ်သက်သွားစေသည်။
ဖေးလုသည် သူ့ရင်ခွင်ထဲတွင် ရှိနေပြီး သူ့ကို နမ်းနေသည်။
ဒီအချက်က မုရှို့ကို စိတ်အေးချမ်းမှု အပေးနိုင်ဆုံးပင်။
နှစ်ယောက်သား ရေထဲတွင် နာရီဝက်ခန့် စိမ်ပြီးနောက် ဖေးလုသည် ဆက်စိမ်နေလျှင် အရေပြားများ တွန့်ကုန်တော့မည် ကို စိုးသဖြင့် မုရှို့၏လည်ပင်းကို ဖက်လိုက်သည်။
“ကျွန်တော့်ကို ပွေ့ပြီး ပြန်တော့… ဆက်မစိမ်ချင်တော့ဘူး”
မုရှို့၏မျက်ဝန်းများတွင် အရောင်တောက်လာပြီး သူသည် ဖေးလု၏မျက်ခုံးကြားကို နမ်းလိုက်သည်။
“ကောင်းပြီ”
မုရှို့သည် ကိုယ်ကို ခြောက်သွေ့အောင် သုတ်လိုက်ပြီး ရေချိုးသဘက်အကြီးကြီးဖြင့် ဖေးလုကို ပတ်ကာ အခန်းထဲသို့ ပွေ့ချီသွားသည်။
အခန်းမီးမှာ ဖွင့်မထားချေ။ မုရှို့သည် စမ်းတဝါးဝါးဖြင့် မီးအိမ်အသေးလေး တစ်လုံးကိုသာ ဖွင့်လိုက်သည်။ ဝါဖန့်ဖန့် မီးရောင်လေးသည် မျက်စိမကျိန်းစေဘဲ အရာရာကို ဝေဝါးစွာ မြင်နေရစေသည်။
မုရှို့သည် ရေချိုးသဘက်ကို ဖယ်လိုက်ပြီး ဗလာကျင်းနေသော ဖေးလုကို ပွေ့ဖက်ကာ ကုတင်ပေါ်သို့ လှဲချလိုက်သည်။
ဖေးလုသည် မုရှို့၏သန်မာသော ခန္ဓာကိုယ်အောက်တွင် ရောက်နေသော်လည်း ရုန်းကန်ခြင်း မရှိဘဲ ခြေထောက်နှစ်ဖက်ဖြင့် မုရှို့၏ခါးကို ချိတ်လိုက်သည်။
မုရှို့ လိုချင်နေပြီဟု သူ ထင်လိုက်ခြင်း ဖြစ်သည်။
သို့သော် မုရှို့က မလှုပ်ရှားပေ။ နဖူးချင်း၊ နှာခေါင်းချင်း ထိကပ်ထားပြီး အပြန်အလှန် အသက်ရှူငွေ့များ ရိုက်ခတ်နေကြသည်။ အလင်းရောင်က မှိန်နေသဖြင့် ဖေးလုသည် သူ့မျက်နှာကို သေချာ မမြင်ရပေ။
ဖေးလုသည် လက်ချောင်းများဖြင့် ဆံပင်တိုတိုလေးများကို ထိုးဖွပေးရင်း မုရှို့ စကားပြောလာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်နေလိုက်သည်။
“မင်း ကိုယ့်ဘေးမှာ အမြဲတမ်း ရှိနေမှာမလား?”
အမှောင်ထဲတွင် မျက်နှာကို မမြင်ရသော်လည်း မုရှို့၏မျက်ဝန်းများကမူ တောက်ပနေပြီး မျှော်လင့်ချက်များဖြင့် ဖေးလုကို ကြည့်နေသည်။
ဖေးလုသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် နှာခေါင်းချင်း ပွတ်သပ်လိုက်ကာ အသံအက်အက်ဖြင့် ဖြေလိုက်သည်။
“ရှိနေမှာပါ…”
မုရှို့၏စိတ်လှုပ်ရှားမှုများက ငြိမ်သက်မသွားသေးပေ။ စောစောကတည်းက သူ့ရင်ထဲတွင် ကြီးမားသော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည်။
“မင်း ကိုယ့်ကို ထားမသွားရဘူးနော်”
ဖေးလု၏မျက်တောင်များ တုန်ခါသွားသည်။သူသည် မုရှို့၏ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး “အင်း” ဟု တိုးတိုးလေး ဖြေလိုက်သည်။
သို့သော် မုရှို့က မကျေနပ်သေးပေ။ ကတိစကားနှင့် အာမခံချက်များကို ဆက်လက် တောင်းဆိုနေပြန်သည်။
“ပြောပြီးရင် ပြန်ပြင်လို့ မရဘူးနော်… မင်းသာ ကတိဖျက်ရင် ကိုယ်…”
သူ မျက်မှောင်ကြုတ်လိုက်မိသည်။ အကြာကြီး စဉ်းစားနေသော်လည်း ဖေးလုသာ တကယ် ကတိဖျက်သွားလျှင် သူ ဘယ်လိုလုပ်ရက်မလဲဆိုတာကို စဉ်းစားမရပေ။
နောက်ဆုံးတော့ သူသည် နှာခေါင်းသာ ရှုံ့ပြီး ခြိမ်းခြောက်လိုက်တော့သည်။
“မင်းကို ဖမ်းချုပ်ထားလိုက်မှာ”
ဖေးလုသည် ရယ်မောလိုက်၏။ သူသည် လက်ချောင်းများဖြင့် မုရှို့၏ပါးပြင်ကို ပွတ်သပ်ပေးနေသော်လည်း ရင်ထဲမှ ဝမ်းနည်းမှုများကိုမူ ဖျောက်ဖျက်၍ မရနိုင်ခဲ့ပေ။
“ကျွန်တော် ခင်ဗျားကို ထားမသွားရက်ပါဘူး…”
ကတိရလိုက်မှသာ မုရှို့တစ်ယောက် စိတ်အေးသွားတော့သည်။ သူသည် ဖေးလု၏ဘေးတွင် ဝင်လှဲလိုက်ပြီး ဖေးလုတစ်ကိုယ်လုံးကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ခြေထောက်ချင်းပါ ယှက်နွှယ်ထားလိုက်သည်။ အပြန်အလှန် ပေးစွမ်းနေသော ခန္ဓာကိုယ် အပူချိန်ကြောင့် သူ့စိတ်မှာ တည်ငြိမ်သွားတော့သည်။
ထိုညတွင် သူတို့နှစ်ဦး ဘာမှ မလုပ်ကြပေ။ ဖက်အိပ်ရုံဖြင့်သာ အိပ်ပျော်သွားကြသည်။
……
ခြေလက်ချင်း ယှက်နွှယ်ပြီး အိပ်ပျော်သွားကြသဖြင့် နောက်တစ်နေ့တွင် အတော်နောက်ကျမှ နိုးလာကြသည်။
အိပ်ရေးဝသွားသော မုရှို့သည် အားအင်ပြန်ပြည့်လာပြီး သန်မာထွားကျိုင်းသော မင်းသားကြီးပုံစံသို့ ပြန်ဖြစ်သွားသည်။ ဖေးလုသည် သူ့ရင်ဘတ်ပေါ် မှောက်လျက်သားဖြင့် နားရွက်ကို ဆွဲကာ စနောက်လိုက်သည်။
“ကျွတ်… မနေ့ညက ငိုတော့မလို ဖြစ်နေတာ ဘယ်သူပါလိမ့်”
မုရှို့တစ်ယောက် နားရွက်များ နီရဲသွားသည်။ သူသည် မျက်မှောင်ကြုတ်ကာ ဖေးလု၏လက်ချောင်းကို ပါးစပ်ထဲ ထည့်ပြီး အပြစ်ပေးသည့်အနေဖြင့် ကိုက်လိုက်သည်။ ဖေးလုက အလိုက်သင့်ပင် လက်ချောင်းကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်ရာ စိုစွတ်သော လျှာနှင့် ထိတွေ့မိသွားသည်။
မုရှို့၏မျက်ဝန်းများ ရုတ်တရက် မည်းမှောင်သွားသည်။ သူသည် ဖေးလု၏လက်ချောင်းကို ကိုက်ထားရင်း ခါးကို အပေါ်သို့ ကော့တင်လိုက်သည်။
ဖေးလု : “…”
မနေ့ညက လွတ်သွားပေမယ့် ဒီနေ့တော့ လွတ်လမ်းမမြင်တော့ဘူး။ သူ ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး လက်ချောင်းကို ပြန်ဆွဲထုတ်ကာ ဂျစ်တိုက်လိုက်သည်။
“လွှတ်ပါဦး… ဗိုက်ဆာနေပြီ… တစ်ခုခု သွားလုပ်စားမလို့”
မုရှို့က ရယ်လိုက်ပြီး ကိုယ်ကို တစ်ချက် လှည့်လိုက်ရာ ဖေးလုသည် မွေ့ရာပေါ်သို့ ပိကျသွားတော့သည်။
“မင်းကို အရင် ‘စား’ ပြီးမှ မနက်စာ စားကြတာပေါ့…”
……
နှစ်ယောက်သား ဗရမ်းဗတာ “ကစား” ပြီးသည့် အချိန်တွင် နေ့လယ် ရောက်နေပြီဖြစ်သည်။
ဖေးလုသည် စောင်ထဲတွင် မှောက်လျက်သား ဖြစ်နေပြီး မျက်လုံးများက ငိုထားသဖြင့် နီရဲနေ၏။ ဒီတစ်ခေါက် မုရှို့က အလွန် စိတ်ရှည်ပြီး နှိပ်စက်လွန်းသည်။ သူ ပြီးခါနီးတိုင်း တမင် ရပ်လိုက်ပြီး မနေ့ညက ပေးထားသော ကတိကို ထပ်ခါထပ်ခါ ရွတ်ခိုင်းပြီးမှ ဆက်လုပ်ပေးသည်။
ဖေးလုခမျာ အနိုင်ကျင့်ခံရလွန်းသဖြင့် ငိုလိုက်အော်လိုက်နှင့် အသံပင် ဝင်နေပြီဖြစ်သည်။ ကိစ္စပြီးသွားသည့်အချိန်တွင် အားကုန်ပြီး အိပ်ရာပေါ်တွင် မှောက်လျက်သားဖြင့် အသက်လုရှူနေရသည်။
မုရှို့သည် စောစောက အရသာကို မြိန်ရည်ယှက်ရည် ပြန်လည်တွေးနေရင်း ဖေးလု၏ကျောပြင်ကို ဖွဖွလေး ပွတ်ပေးနေသည်။ နှစ်ချက်လောက် ပွတ်ရုံရှိသေးသည်၊ စိတ်ကောက်နေသော ဖေးလုက လက်ကို ပုတ်ထုတ်လိုက်သည်။
သူက စိတ်မဆိုးပေ။ ဖေးလုက ပုတ်ထုတ်လိုက်လျှင် ခဏလောက်နေပြီးမှ ပြန်ပွတ်ပေးသည်။ စိတ်ရှည်ပြီး အလိုလိုက်တတ်သော သခင်ကြီးတစ်ယောက်လိုပင်။
ဖေးလုသည် ခဏလောက် စိတ်ကောက်နေပြီးမှ စောင်ထဲတွင် ကိုယ့်ကိုယ်ကိုယ် တင်းကျပ်စွာ လုံးထွေးစွာ ပတ်ထားလိုက်သည်။
“ဗိုက်ဆာပြီ”
မုရှို့ ဖုန်းယူကြည့်လိုက်တော့ အချိန်လွန်နေပြီကို တွေ့လိုက်ရသည်။ မနက်စာမစားဘဲ အခုထိ ကဲနေခဲ့တာဆိုတော့ သူ နည်းနည်းတော့ လိပ်ပြာမလုံ ဖြစ်သွားသည်။သူက ရေချိုးသဘက်ကို ခါးတွင် ပတ်လိုက်ပြီး ပြောလေသည်။
“ကိုယ် တစ်ခုခု သွားလုပ်ပေးမယ်”
ဖေးလုက နှာခေါင်းရှုံ့လိုက်သည်။
“ရေလုံပြုတ်ခေါက်ဆွဲတော့ မစားချင်ဘူးနော်”
“…”
မုရှို့ ခဏလောက် တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။
“ဟိုတယ်ကို လာပို့ခိုင်းလိုက်မယ်”
ဖေးလု ကျေနပ်သွားပြီး လေထဲမှ အနမ်းတစ်ခုကို ပေးလိုက်ကာ အမြန်သွားရန် တိုက်တွန်းလိုက်သည်။
“ဝက်သားချိုချဉ်လေး လိုချင်တယ်”
မုရှို့ ပြုံးလိုက်ပြီး ဧည့်ခန်းသို့ ထွက်ကာ အစားအသောက် မှာလိုက်သည်။ ဖုန်းဆက်ပြီးနောက် ရေချိုးခန်းသို့ ဝင်ကာ ရေချိုးပြီး အိမ်နေရင်း ဝတ်စုံလဲကာ ပြန်ထွက်လာသည်။
ဖေးလုက စောင်ထဲတွင် ရှိနေတုန်းပင်။ မုရှို့က သူ့ကို သန့်ရှင်းရေး လုပ်ပေးထားပြီးဖြစ်သည်။သူက အဝတ်အစား မဝတ်ဘဲ စောင်ထဲတွင် ဗလာကျင်းဖြင့် ကွေးနေသည်။ ရံဖန်ရံခါ လက်ဆန့်လိုက်၊ ခြေထောက်ဆန့်လိုက် လုပ်ပြီး မုရှို့၏အာရုံကြောများကို စိန်ခေါ်နေလေသည်။
“ထပ်ပြီး မြှူဆွယ်နေရင်… နောက်တစ်ခါ ထပ် ‘လုပ်’ လိုက်မှာနော်…”
မုရှို့သည် စောင်အပြင်ဘက်သို့ ထွက်နေသော ခြေထောက်ကို ပြန်ထည့်ပေးလိုက်သော်လည်း လက်ကိုတော့ ချက်ချင်း ပြန်မရုတ်ပေ။
ဖေးလုသည် တစ်ကိုယ်လုံး ကျဉ်တက်သွားပြီး ချက်ချင်း ငြိမ်ကျသွားသည်။ စောင်ထဲတွင် ခြေထောက်ကို ကမန်းကတန်း ရုပ်သိမ်းလိုက်ပြီး မုရှို့၏လက်ကို ရှောင်လိုက်သည်။
“ဗိုက်ဆာနေပြီ… ထမင်းက မလာသေးဘူးလား”
မုရှို့ ရယ်လိုက်ပြီး လက်ပြန်ရုတ်လိုက်သည်။ ထိုအချိန်မှာပင် တံခါးbell မြည်လာသဖြင့် တံခါးသွားဖွင့်လိုက်သည်။
မုရှို့ ထွက်သွားသည်ကို မြင်မှ ဖေးလုသည် ကမန်းကတန်း ထလိုက်ပြီး ညဝတ်အင်္ကျီကို အမြန် ကောက်စွပ်လိုက်သည်။ ပြီးနောက် ထမင်းစားပွဲဆီသို့ တောက်တောက် တောက်တောက် ပြေးသွားပြီး အစာစောင့်နေတော့သည်။
မုရှို့သည် ဟင်း ၃ ပွဲ၊ ဟင်းရည် ၁ ပွဲ မှာထားသည်။ ဝက်သားချိုချဉ်ကတော့ ဖေးလု ကိုယ်တိုင် မှာထားတာ ဖြစ်ပြီး၊ ကျန်တဲ့ဟင်းတွေကတော့ မုရှို့က ဖေးလုအကြိုက် လိုက်မှာပေးထားတာ ဖြစ်သည်။
ဖေးလုမှာ တကယ် ဗိုက်ဆာနေပြီ ဖြစ်သဖြင့် တူကို ကိုင်ကာ တံတွေးမြိုချလိုက်ပြီး အငမ်းမရ စားသောက်တော့သည်။
မုရှို့သည် ဘေးတွင် ထိုင်ပြီး ဖေးလု စားသောက်နေပုံကို ကြင်နာစွာ ထိုင်ကြည့်နေသည်။
မုရှို့ မစားသည်ကို မြင်သောအခါ ဖေးလုသည် သူ့ဘေးနားသို့ တိုးသွားပြီး ကပ်ထိုင်လိုက်သည်။ ကိုယ်တစ်လုပ်စားလိုက်၊ မုရှို့ကို တစ်လုပ်ခွံ့လိုက် လုပ်ပေးလိုက်သည်။ မုရှို့သည် အပြင်စာ မစားသော်လည်း ဖေးလု ခွံ့ကျွေးလျှင်မူ စားသည်။
နှစ်ယောက်သား တလှည့်စီ ခွံ့ကျွေးရင်း ထမင်းစားပြီးသွားကြသည်။ ဗိုက်ဝသွားသော ဖေးလုသည် အပျင်းကြောဆန့်လိုက်ပြီး မုရှို့၏ကိုယ်ပေါ်သို့ မှီချလိုက်သည်။
မုရှို့သည် သူ့ကို ပွေ့ချီပြီး ဝရံတာရှိ ကုလားထိုင်ပေါ်တွင် တင်ပေးလိုက်သည်။ Tablet ကို ဘေးနား ချပေးထားပြီးမှ ပန်းကန်ခွက်ယောက်များကို သွားသိမ်းလေသည်။
ဖေးလုသည် သူ့ကျောပြင်ကို ကြည့်ရင်း မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်မသွားပေ။
ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း အပြင်ဘက်ကို ကြည့်လိုက်သည်။ ရာသီဥတုက သာယာနေသည်။ နေရောင်ခြည်သည် ဝရံတာရှိ အပင်များပေါ်တွင် ကျရောက်နေပြီး စိမ်းလန်းစိုပြေနေသည်။ ဖေးလုသည် ကောင်းကင်ပြာကြီးကို မော့ကြည့်ရင်း အတွေးနယ်ချဲ့နေမိ၏။
ရည်ရွယ်ချက်မရှိ တွေးတောနေရင်း ဖေးလုသည် 666 ကို မေးလိုက်သည်။
“Progressက ဘယ်လောက် ပြီးသွားပြီလဲ?”
666 သည် ဖေးလုကိုယ်တိုင် မေးလာသဖြင့် အံ့သြဝမ်းသာသွားသည်။
“၉၁ ရာခိုင်နှုန်း ပြီးသွားပါပြီ သူငယ်ချင်းရေ~”
“…”
ပြည့်ဖို့ ၉ ရာခိုင်နှုန်းပဲ ကျန်တော့တယ်။ ဖေးလု စဉ်းစားခန်း ဝင်သွားသည်။
Progress Bar က အချိန်မရွေး ပြည့်သွားနိုင်သည်။ သူ့အချိန် သိပ်မကျန်တော့ပေ။ ကတိတွေ ထပ်ခါထပ်ခါ တောင်းဆိုနေသော မုရှို့ကို ပြန်စဉ်းစားမိပြီး ဖေးလု၏တည်ငြိမ်သော စိတ်နှလုံးသည် လှုပ်ရှားလာတော့သည်။ သူ မုရှို့ကို မလိမ်ချင်ပေ။ သို့သော် မုရှို့၏စိုးရိမ်ပူပန်မှုများကို ယာယီ ငြိမ်သက်သွားစေရန် လိမ်ပြောရုံမှလွဲ၍ တခြားနည်းလမ်း မရှိတော့ပေ။
ပြီးတော့… တကယ်လို့ အချိန်တန်လို့ သူ ထွက်ခွာသွားရရင် မုရှို့ ဘယ်လို ဖြစ်သွားမလဲ?
ဖြစ်နိုင်ချေ တစ်ခုတည်းနဲ့တင် မုရှို့ ဒီလောက်ထိ ကြောက်ရွံ့နေတာ… သူသာ တကယ် ထွက်သွားရင် မုရှို့ ဘယ်လိုဖြစ်သွားမလဲ ဆိုတာ တွေးတောင် မတွေးရဲပေ။
ဖေးလု နဖူးကို ဖိနှိပ်လိုက်သည်။ ရင်ထဲတွင်လည်း လေးလံလာသည်။ ဒါက ဖြေရှင်းနည်း မရှိသော ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေပြီး ဘယ်လိုမှ အဖြေရှာမရ ဖြစ်နေသည်။
“666… ငါ မေးပါရစေ… တကယ်လို့ ငါ အတင်းအကျပ် ဆက်နေမယ်ဆိုရင် ဘာဖြစ်မလဲ?”
“!!!!!”
666 ၏နှလုံးသားလေး ရပ်တန့်မတတ် ဖြစ်သွားသည်။ သူ ဖေးလုကို လေးနက်စွာ သတိပေးလိုက်သည်။
“ဒါ မဖြစ်နိုင်ဘူး”
“အတင်းအကျပ် နေမယ်ဆိုရင် မင်းရဲ့စိတ်စွမ်းအားကို ထိခိုက်လိမ့်မယ်။ မင်း အရင်တုန်းက ဒဏ်ရာရခဲ့တာကို မေ့သွားပြီလား… ပြီးတော့…”
666က စကားကို ခဏရပ်လိုက်သည်။
“မင်း အတင်းအကျပ် နေချင်ရင်တောင် သတ်မှတ်ချိန် ရောက်ရင် မင်း ထွက်ကို ထွက်သွားရမှာ”
Chapter 63 ended