FTT [ Gp1 ]:
Chapter 36
World 3 { Chapter – 9 }
ကျောင်းတွင်းလူမိုက်က ဇာတ်လိုက်မင်းသမီးကို ကယ်လိုက်လို့ လူယုတ်မာက ဒေါသထွက်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားခြင်း၊ လူယုတ်မာက တမင်သက်သက် စကားမပြောဘဲ နေလိုက်တော့ ကျောင်းတွင်းလူမိုက်က ကိုယ်တိုင် အိမ်ကိုလာပြီး အလိုးခံဖို့ တောင်းဆိုခြင်း
—–
အဲဒီနေ့က အတန်းထဲနဲ့ အိမ်သာထဲမှာ ဆက်တိုက် အနှိပ်စက်ခံရပြီးတဲ့နောက်မှာတော့ ရှန်ထျန်းဟောက်က ကျိုးဝေ့ချီအပေါ် ထားတဲ့ သဘောထားက မသိမသာလေး ပြောင်းလဲသွားခဲ့သည်။
ပါးစပ်ကသာ ဝန်မခံပေမဲ့ ကျိုးဝေ့ချီက သူ့ကို ထိလိုက်တိုင်းမှာ အမြဲတမ်း ငြင်းဆန်သလို လက်ခံသလိုလိုနဲ့ ပါးစပ်ကသာ ငြင်းနေပြီး ခန္ဓာကိုယ်ကတော့ အရမ်းကို ရိုးသားနေခဲ့တာကိုး။
တကယ်တမ်းတော့ စက္ကူဖြူလေးလို ကောင်လေးကို အပိုင်သိမ်းဖို့က လွယ်လွန်းလှပေသည်။
ကျိုးဝေ့ချီကလည်း စနစ်ကို မေးကြည့်လိုက်တော့ တိုးတက်မှုက ရာခိုင်နှုန်း ၉၀ လောက်ကို ရောက်နေပြီတဲ့။
ဒါပေမဲ့ အဲဒီ နည်းနည်းလေးက လိုနေတုန်းပဲလေ။
ဒီနေ့မှာတော့ ရက်အနည်းငယ်လောက် ငြိမ်နေတဲ့ ရှန်ထျန်းဟောက်က ကျောင်းမလာပြန်ဘူး။
ကျိုးဝေ့ချီက စနစ်ကို မေးကြည့်မှ သူ ရန်သွားဖြစ်နေပြန်ပြီ ဆိုတာကို သိလိုက်ရ၏။
ရန်ဘက်ကတော့ ကျိုးဝေ့ချီ ကျောင်းစရောက်တဲ့ ပထမဆုံးနေ့မှာ ရှန်ထျန်းဟောက်ကို သတိလစ်သွားအောင် ဝိုင်းရိုက်ခဲ့တဲ့ အုပ်စုပင်။
ဝတ္ထုဇာတ်လမ်းအရ ကျိုးဝေ့ချီ သိထားတာက သူတို့က ဘေးကျောင်းဖြစ်တဲ့ C ကျောင်းက လမ်းသရဲတွေဖြစ်ပြီး သူတို့ရဲ့ ဘော့စ်ကတော့ C ကျောင်းရဲ့ ကျောင်းတွင်းလူမိုက်လေ။
သူကလည်း ရှန်ထျန်းဟောက်လိုပဲ ရုပ်ချောတဲ့ သူဌေးသား နာမည်ကြီး ကောင်လေးဖြစ်ပြီး ဝတ္ထုထဲမှာတော့ တတိယ ဇာတ်လိုက်ပေါ့။
ဇာတ်လိုက်မင်းသမီးကို အတင်းအဓမ္မ လုယူတဲ့သူဖြစ်ပြီး ဗီလိန်လို့တောင် ပြောလို့ရပေသည်။ ဇာတ်လိုက်နှစ်ယောက်နဲ့ X ကျောင်းကို ပြဿနာတွေ အများကြီး ရှာခဲ့တဲ့သူလေ။
ရှန်ထျန်းဟောက်က အရိုက်ခံရပြီးနောက်မှာ သူ့ညီအစ်ကိုတွေကို ကိုယ်တိုင်ခေါ်ပြီး C ကျောင်းကို သွားကာ ပြန်ရိုက်ခဲ့ဖူးသည်။
လမ်းသရဲ အုပ်စုနှစ်စုက အကြီးအကျယ် ရန်ဖြစ်ခဲ့ကြပြီး ရှန်ထျန်းဟောက်နဲ့ ကျိုးကျိရွှန်းတို့လည်း တစ်ယောက်ချင်း ချခဲ့ကြ၏။
ဝတ္ထုထဲမှာ ရေးထားတာကတော့ သူတို့ သရေကျသွားပြီး နှစ်ယောက်လုံး ဒဏ်ရာတွေ အများကြီး ရခဲ့ပေမဲ့ ဘယ်သူကမှ အသာမစီး မရခဲ့ဘူးတဲ့လေ။
ကျိုးဝေ့ချီက သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို မြင်တော့ စကားတစ်ခွန်းမှ မမေးခဲ့ဘဲ သူ့ကို လိုးတဲ့အချိန်မှာ မသိမသာလေး စနစ်က အထူးဆေးတွေကို သုံးပေးခဲ့သည်။
ဒါကြောင့် အခုက ရှန်ထျန်းဟောက်နဲ့ ကျိုးကျိရွှန်းတို့ရဲ့ ဒုတိယအကြိမ် ရင်ဆိုင်တွေ့ဆုံမှုပဲ ဖြစ်ရမည်။
ဒါပေမဲ့ ကျိုးဝေ့ချီကို စိတ်ဝင်စားစေတာက ဝတ္ထုထဲမှာ သူတို့နှစ်ယောက် ဒုတိယအကြိမ် ရန်ဖြစ်ရတာက ဇာတ်လိုက်မင်းသမီးကြောင့်လေ။
ဖြူစင်တဲ့ ဇာတ်လိုက်မင်းသမီးလေးက C ကျောင်းကို သူ့ရဲ့ အလယ်တန်း ကျောင်းနေဖက် သူငယ်ချင်းဆီ အလည်သွားရင်း ကျိုးကျိရွှန်းတို့ လူစုနဲ့ တိုက်ဆိုင်စွာ ဆုံမိသွားတာပေါ့။
ဇာတ်လိုက်မင်းသမီးရဲ့ အရှိန်အဝါကြောင့်လေ၊ ကျိုးကျိရွှန်းက အဲဒီဖြူစင်လှပပြီး နတ်သမီးလေးလို လှတဲ့ ကောင်မလေးကို တစ်ချက်ကြည့်ရုံနဲ့ သဘောကျသွားပြီး ဇာတ်လိုက်မင်းသမီးကို သူ့ရည်းစားလုပ်ဖို့ အတင်းအကျပ် တောင်းဆိုတော့တာပဲ။
ဇာတ်လိုက်မင်းသမီးက သေချာပေါက် သဘောမတူဘူးပေါ့။
သဘောတူလိုက်ရင် ဇာတ်လိုက်မင်းသမီး ဖြစ်ဖို့ မတန်တော့ဘူးလေ။
ဒါကြောင့် သူမက ချက်ချင်းပဲ ငြင်းလိုက်ပြီး ဒီလို စာမကြိုးစားတဲ့ လမ်းသရဲတွေကို ဘယ်တော့မှ မျက်စိကျမှာ မဟုတ်ဘူးလို့ ပြောလိုက်၏။
ပြီးတော့ ဇာတ်လိုက်မင်းသမီးရဲ့ အရှိန်အဝါ အစောင့်အရှောက်အောက်မှာပဲ ဇာတ်လိုက်မင်းသမီးက ကျိုးကျိရွှန်းကို အားကုန် ဖိနင်းပြီး ထွက်ပြေးသွားတော့သည်။
နာကျင်လွန်းလို့ သွားဖြီးနေတဲ့ ကျိုးကျိရွှန်းကိုပဲ ချန်ထားခဲ့တာပေါ့။
ဘာပဲဖြစ်ဖြစ် ဒါက သူ့ကို မိန်းကလေး တစ်ယောက်က ပထမဆုံးအကြိမ် ငြင်းဆန်တာဖြစ်ပြီး အဲဒီလို သေးငယ်တဲ့ ခန္ဓာကိုယ်လေးနဲ့ သူ့ကို အားကုန် ဖိနင်းသွားတာဆိုတော့ ကျိုးကျိရွှန်းက ချက်ချင်းပဲ အဲဒီ ထူးခြားတဲ့ ကောင်မလေးကို စိတ်ဝင်စားသွားတော့၏။
ဒါကြောင့် ရက်အနည်းငယ် ကြာတဲ့အခါမှာ သူမက X ကျောင်းကမှန်း စုံစမ်းသိရှိသွားပြီးနောက် သူ့လူတွေကို ခေါ်ကာ X ကျောင်းရဲ့ ဂိတ်ပေါက်ဝမှာ ဇာတ်လိုက်မင်းသမီးကို လာပိတ်တော့သည်။
ရုပ်ရှင်ကြည့်၊ ထမင်းအတူစား သွားမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။
ဘာပဲဖြစ်ဖြစ် ကျောင်းတွင်း အချစ်ဇာတ်လမ်းတွေမှာပဲ တွေ့ရတတ်တဲ့ ကလေးဆန်တဲ့ ဇာတ်ကွက်မျိုးတွေပါပဲ။ ဇာတ်လိုက်မင်းသမီး သဘောတူတူ၊ မတူတူ သူက သူမကို သူ့ရည်းစား လုပ်ခိုင်းမှာပဲလေ။
ဝတ္ထုထဲမှာတော့ အဲဒီအချိန်မှာ ရှန်ထျန်းဟောက်က ဇာတ်လိုက်မင်းသမီးနဲ့ တစ်ခုံတည်း ထိုင်နေပြီ။
ဇာတ်လိုက်မင်းသမီးကို အနိုင်ကျင့်ရတာကို သဘောကျနေတုန်းပဲ ဆိုပေမဲ့ သူ့ကိုယ်သူ သတိမထားမိဘဲ စိတ်ဝင်စားနေတဲ့ အဆင့်ကို ရောက်နေပြီလေ။
ပြီးတော့ သူက X ကျောင်းရဲ့ ကျောင်းတွင်းလူမိုက်ဆိုတော့ X ကျောင်းက ကျောင်းသားတွေကို သူတစ်ယောက်တည်းပဲ အနိုင်ကျင့်ခွင့် ရှိတာကိုး။
အပြင်လူတွေ ရန်ရှာလာရင်တော့ သူက X ကျောင်းကို ကာကွယ်ပေးမှာပဲ။
ဒါကြောင့် ဇာတ်လိုက်မင်းသမီး အခေါ်ခံရတာကို သိသိချင်းပဲ ရှန်ထျန်းဟောက်က လိုက်သွားခဲ့ပြီး နောက်ဆုံးမှာတော့ ကျိုးကျိရွှန်းနဲ့ ဒုတိယအကြိမ် ရင်ဆိုင်တွေ့ဆုံခဲ့ကြ၏။
ပြီးတော့ ရှန်ထျန်းဟောက်က တစ်ကိုယ်လုံး ဒဏ်ရာတွေ ရသွားပေမဲ့ ဇာတ်လိုက်မင်းသမီးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီး ဇာတ်လမ်းက အဆုံးသတ်သွားတာပေါ့။
ဝတ္ထုထဲမှာတော့ ဇာတ်လိုက်မင်းသမီးက အဲဒီကိစ္စကြောင့်ပဲ ဒီအမြင်ကတ်စရာ စာညံ့တဲ့ကောင်လေး ရှန်ထျန်းဟောက်ကို သဘောကျသွားပြီး သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကလည်း အဲဒီကစပြီး မသိမသာ ပြောင်းလဲသွားတော့သည်။
ဒါပေမဲ့ ကျိုးဝေ့ချီကို နားမလည်ဖြစ်စေတာက သူက ပထမဆုံးနေ့ကတည်းက ရှန်ထျန်းဟောက်ကို ကြားဖြတ်လုယူခဲ့တာလေ။
အခုဆို သူက ရှန်ထျန်းဟောက်နဲ့ တစ်ခုံတည်း ထိုင်နေပြီး ရှန်ထျန်းဟောက်နဲ့ ဇာတ်လိုက်မင်းသမီး ကြားမှာလည်း ဘာပတ်သက်မှုမှ မရှိဘူး။
ဒါဆိုရင် ဒီဒုတိယအကြိမ် ရင်ဆိုင်တွေ့ဆုံရတဲ့ အကြောင်းရင်းက ဘာများလဲ?
ဒါပေမဲ့ ကျိုးဝေ့ချီ ပြန်စဉ်းစားကြည့်လိုက်တော့လည်း ဇာတ်လိုက်မင်းသမီးဆိုတာ ဇာတ်လိုက်မင်းသမီးပဲလေ။
သူမက ဇာတ်လမ်းတစ်ခုလုံးရဲ့ ဗဟိုချက်ဖြစ်ပြီး သူမမှာ အရှိန်အဝါ အစောင့်အရှောက်တွေ ရှိနေတာကိုး။
ဒါကြောင့် ရှန်ထျန်းဟောက်နဲ့ ကျိုးကျိရွှန်းက သူမကြောင့်ပဲ ပြဿနာ ပိုကြီးသွားနိုင်ခြေ လုံးဝ ရှိတာပေါ့။
ပြီးတော့ ကျိုးဝေ့ချီ ရုတ်တရက် သတိထားမိသွားတာက လုပ်ငန်းစဉ် တိုးတက်မှုက ရာခိုင်နှုန်း ၉၀ မှာပဲ ရပ်နေတာကရော ဇာတ်လိုက်မင်းသမီးကြောင့်များလား?
တကယ်လို့ အဲဒီလိုသာဆိုရင်တော့ သူ နည်းနည်း ဒေါသထွက်မိမှာပဲ။
ကျိုးဝေ့ချီက စနစ်ရဲ့ လမ်းညွှန်မှုနဲ့ ပြဿနာဖြစ်တဲ့ နေရာကို မြန်မြန်ပဲ ရောက်လာခဲ့သည်။
အဲဒါက C ကျောင်းရဲ့ အနောက်ဘက်က လမ်းကြားလေးထဲမှာပေါ့။
ကျိုးဝေ့ချီကို ရယ်ချင်သွားစေတာကတော့၊ သူက ထောင့်တစ်နေရာမှာ လူတစ်အုပ် ဝိုင်းထားတာကို ခံနေရတဲ့ ရှန်ထျန်းဟောက်နဲ့ သူ့နောက်လိုက် တချို့၊ ပြီးတော့ သူ့ဘေးမှာ ကြောက်လန့်ပြီး မျက်နှာတွေ ဖြူလျော့နေတဲ့ ဇာတ်လိုက်မင်းသမီးကို တစ်ချက်ကြည့်ရုံနဲ့ မြင်လိုက်ရတာပင်။
သူတို့ကို ဝိုင်းထားတာက ကျိုးကျိရွှန်းရဲ့ လူတွေပေါ့။
ဒီနေရာက သူတို့ရဲ့ နယ်မြေဖြစ်တဲ့အပြင် လူအင်အားကလည်း ရှန်ထျန်းဟောက်တို့ထက် လေးငါးဆလောက် ပိုများနေသေး၏။
စိတ်ဝင်စားစရာပဲ၊ ကြည့်ရတာ ငါတို့ရဲ့ ကလေးလေး ရှန်ထျန်းဟောက်က အရိုက်ခံရတော့မှာပဲ။
ဒါပေမဲ့ သူက ဒီတစ်ခါတော့ အလှလေးကို ကယ်တင်တဲ့ သူရဲကောင်းကြီးလေ။
ဒါကြောင့် ကျိုးဝေ့ချီက ရှေ့ကို ထွက်လာခဲ့သည်။
“ကျိုးကျိရွှန်း၊ မင်းက လက်အတော်ရှည်နေပါလား။ ငါ့နယ်မြေကိုတောင် မင်း လာရဲတယ်ပေါ့? ငါတို့ကျောင်းက လူတွေကို မင်း သဘောကျ အနိုင်ကျင့်လို့ ရတယ်ထင်နေလား?”
ရှန်ထျန်းဟောက်က ကျိုးကျိရွှန်းကို မထီမဲ့မြင် ပြုံးပြရင်း မိုက်မိုက်ကန်းကန်း ပြောလိုက်၏။
“ကြည့်ရတာ အဲဒီနေ့က ငါ အရမ်း ယဉ်ကျေးသွားသလိုပဲ။”
“လက်ရှည်တဲ့ ကိစ္စဆိုရင်တော့ ဘယ်သူမှ မင်း ရှန်ထျန်းဟောက်ကို မမီပါဘူး၊”
ကျိုးကျိရွှန်းကလည်း အားမနာတမ်း ပြန်ပက်လိုက်သည်။
“ငါက ငါ့ရည်းစားနဲ့ ဒိတ်လုပ်တာကို မင်းက ဝင်ပါချင်သေးတာလား? မင်းတို့ X ကျောင်းရဲ့ ကျောင်းတွင်းလူမိုက်က အဲဒီလောက်တောင် အားနေတာလား? ဪ ဒါနဲ့ ကြားတာတော့ မင်းတို့ X ကျောင်းမှာ လူသောင်းနဲ့ချီ ရှိတယ်ဆို၊ လူတိုင်းရဲ့ စားဝတ်နေရေးကို မင်းက အကုန် တာဝန်ယူရတာလား ဟားဟားဟား”
ကျိုးကျိရွှန်းက အားရပါးရ လှောင်ရယ်လိုက်တော့ တခြား C ကျောင်းက လမ်းသရဲတွေကလည်း လိုက်ပြီး ဟားတိုက်ရယ်ကြတော့၏။
ရှန်ထျန်းဟောက်က ချက်ချင်းပဲ ဒေါသထွက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
“ကျိုးကျိရွှန်း! မင်း အရှက်မရှိဘူးလား? ဒိတ်လုပ်တယ်? ရယ်ရလွန်းလို့ သေတော့မယ်၊ သူက သဘောတူလို့လား မင်းက ဒိတ်လုပ်တယ် ပြောရတာ? အရှက်က အဲဒီလောက်တောင် ထူတာလား?”
ကျိုးဝေ့ချီက ထောင့်မှာ ပုန်းပြီး သူတို့ နှစ်ဖက်ရဲ့ ကလေးဆန်တဲ့ ဆဲရေးတိုင်းထွာမှုတွေကို နားထောင်နေရင်း ကြားလေကြားလေ ရယ်ချင်လေ ဖြစ်နေ၏။
ဒါပေမဲ့ မကြာခင်မှာပဲ ရှန်ထျန်းဟောက်က ဇာတ်လိုက်မင်းသမီးကို အတင်းခေါ်သွားဖို့ လုပ်တာကြောင့် နှစ်ဖက်စလုံး ရန်ဖြစ်ကြတော့သည်။
ရှန်ထျန်းဟောက်က အရင် စတင်လိုက်ခြင်းပင်။
သူ့ကို လာတားတဲ့သူကို ခြေထောက်နဲ့ ကန်ပစ်လိုက်ပြီးနောက် နှစ်ဖက်စလုံး အကြီးအကျယ် ချကြတော့၏။
ရန်သူက များပြီး ကိုယ့်လူက နည်းတဲ့ အခြေအနေကိုတောင် မပြောနဲ့ဦး။
ရှန်ထျန်းဟောက်က ဇာတ်လိုက်မင်းသမီးကိုလည်း ကာကွယ်ပေးရဦးမည်။ ပြီးတော့ သူ့ကို အတင်းခေါ်သွားဖို့ လုပ်နေတာလေ။
ကျိုးကျိရွှန်းကလည်း အစွမ်းအထက်ဆုံးပဲဆိုတော့ သူတို့ အရိုက်ခံရမယ်ဆိုတာက သေချာနေတာကိုး။
ထင်တဲ့အတိုင်းပဲ၊ မကြာခင်မှာပဲ ရှန်ထျန်းဟောက်တို့က အောက်ရောက်သွားတော့သည်။
သူတို့ တစ်ယောက်က ငါးယောက်၊ ခြောက်ယောက်လောက်ကို ရင်ဆိုင်နေရတာလေ။
နေရာတစ်ခုလုံး ပရမ်းပတာ ဖြစ်နေပြီး ရှန်ထျန်းဟောက်လေး အတော်လေး အရိုက်ခံလိုက်ရပြီလို့ ထင်ရတဲ့အချိန်ရောက်မှ ကျိုးဝေ့ချီက ထောင့်ကနေ ထွက်လာခဲ့သည်။
“ဘာလာကြည့်နေတာလဲ၊ ငါတို့ဘော့စ် လူတစ်ယောက်ကို ပညာပေးနေတာ မမြင်ဘူးလား။ မြန်မြန် ထွက်သွားစမ်း!”
C ကျောင်းက ကျောင်းသားတစ်ယောက်က ပရမ်းပတာဖြစ်နေတဲ့ နေရာကို ချဉ်းကပ်လာတဲ့ ကျိုးဝေ့ချီကို ပြောလိုက်၏။
အဲဒီအချိန်မှာ လူအုပ်ကြားထဲ ရောက်နေတဲ့ ရှန်ထျန်းဟောက်က မတော်တဆ ခေါင်းမော့ကြည့်လိုက်ရာကနေ တွေ့သွားပြီး ချက်ချင်းပဲ အော်လိုက်သည်။
“ကျိုးဝေ့ချီ!”
ဟိုဘက်က လူတွေက အဲဒီအသံကို ကြားလိုက်တော့
“အပေါင်းအပါလား? သူ့ကိုပါ ဝိုင်းရိုက်စမ်း။”
အဲဒီလိုနဲ့ ကျိုးဝေ့ချီလည်း ရန်ပွဲထဲ ပါဝင်သွားတော့၏။
ဒါပေမဲ့ သူတို့ကို အံ့ဩသွားစေတာက ဒီနောက်မှ ရောက်လာတဲ့ ကျောင်းသားက သာမန်လူ လုံးဝ မဟုတ်တာပင်။
ကျိုးဝေ့ချီက လက်တစ်ချက်ဝှေ့လိုက်ရုံနဲ့ လူအများကြီးကို အလွယ်တကူ မြေကြီးပေါ် လှဲချလိုက်နိုင်သည်။
အမြန်နှုန်းကော၊ အားကော အရမ်းကို မြန်ဆန်ပြီး ပြင်းထန်လွန်းလှ၏။
လက်သီးတစ်ချက်၊ ခြေထောက်တစ်ချက်၊ ပါးရိုက်ချက် တစ်ချက်တိုင်းကို ဘယ်သူမှ မခုခံနိုင်သလို လဲကျသွားရင်လည်း အတော်ကြာတဲ့အထိ ပြန်မထနိုင်ကြတော့ပေ။
ကျိုးကျိရွှန်းလည်း အံ့ဩသွားပြီး သူကိုယ်တိုင် ဝင်ချပေမဲ့ ရလဒ်ကတော့ ကျိုးဝေ့ချီက သူ့ကို စက္ကန့်ပိုင်းအတွင်း အလွယ်တကူပဲ အလဲထိုးလိုက်တာပင်။
“ငါတို့ သွားမယ်!”
ကျိုးကျိရွှန်းက အခြေအနေကို ကောင်းကောင်း နားလည်သည်။
သူ့ရှေ့က လူက တကယ့် သိုင်းသမားပဲလေ။ သူတို့ လူဘယ်လောက်များများ ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတော့ မြန်မြန် ဆုတ်ခွာတာက အကောင်းဆုံးပဲ။
ဒါကြောင့် နောက်ဆုံးမှာတော့ လမ်းကြားလေးထဲမှာ ဒဏ်ရာတွေနဲ့ ရှန်ထျန်းဟောက်တို့ အုပ်စုရယ်၊ ကြောက်လန့်တကြား ဖြစ်နေတဲ့ ဇာတ်လိုက်မင်းသမီးရယ်၊ ဘာဒဏ်ရာမှ မရပေမဲ့ မျက်နှာကြီး မည်းမှောင်နေတဲ့ ကျိုးဝေ့ချီရယ်ပဲ ကျန်ခဲ့တော့၏။
ဇာတ်လိုက်မင်းသမီးက ကမန်းကတမ်း ပြေးသွားပြီး ရှန်ထျန်းဟောက်၏ ဒဏ်ရာတွေကို ကြည့်ပေးဖို့ လုပ်ပေမဲ့ သူက ရှောင်လိုက်သည်။
ရှန်ထျန်းဟောက်၏ မျက်လုံးတွေက ကျိုးဝေ့ချီကိုပဲ ကြည့်နေပြီး သူ နည်းနည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေ၏။
“ကျောင်းသားရှန်၊ ဒီနေ့အတွက် တကယ် ကျေးဇူးတင်ပါတယ်။ တကယ်ကို… အရမ်း ကျေးဇူးတင်ပါတယ်၊”
ဇာတ်လိုက်မင်းသမီးက ရှန်ထျန်းဟောက်ကို ငိုပြီး ပြောလိုက်သည်။
“ပြီးတော့ နင်တို့ကို ဒီလိုဖြစ်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ် အီး ဟီး ဟီး ဟီး… ငါ နင်တို့ကို ဆေးရုံ လိုက်ပို့ပေးမယ်လေ။”
“မလိုဘူး!”
ရှန်ထျန်းဟောက်က သူမကို တွန်းဖယ်လိုက်ပြီး မျက်လုံးတွေကတော့ ကျိုးဝေ့ချီကိုပဲ ကြည့်နေ၏။
ကျိုးဝေ့ချီကတော့ သူတို့ကို အေးစက်စက် အကြည့်တွေနဲ့ ကြည့်နေသည်။
ပုံမှန်လိုမျိုး သူ့အပေါ် နွေးထွေးမှုတွေ လုံးဝ မရှိတော့ဘဲ မျက်နှာထားက အရမ်းကို အေးစက်ပြီး စိမ်းသက်နေတော့ ရှန်ထျန်းဟောက်က ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး ရှေ့ကိုတောင် မတိုးရဲတော့ပေ။
“ဟို… ခုနကအတွက် ကျေးဇူးပဲနော်၊”
ကျိုးဝေ့ချီက အေးစက်စက်နဲ့ သူ့ကို စကားမပြောတာကို တွေ့တော့ ရှန်ထျန်းဟောက်က အနေခက်စွာနဲ့ ထပ်မေးလိုက်သည်။
“မင်း ဘယ်လိုရောက်လာတာလဲ?”
ကျိုးဝေ့ချီက သူ့ကို အေးစက်စက် ကြည့်နေဆဲပင်။
ပြီးတော့ ဇာတ်လိုက်မင်းသမီးကို မည်းမှောင်တဲ့ အကြည့်နဲ့ တစ်ချက်ကြည့်လိုက်ပြီး ရှန်ထျန်းဟောက်ကိုလည်း တစ်ချက်ကြည့်ကာ ချက်ချင်းပဲ လှည့်ထွက်သွားတော့၏။
“ကျိုးဝေ့ချီ?”
ရှန်ထျန်းဟောက်က ပိုပြီး နားမလည်နိုင် ဖြစ်သွားသည်။
ပြီးတော့ ဘာလို့မှန်းမသိ၊ ဒီလိုဖြစ်နေတဲ့ ကျိုးဝေ့ချီက သူ့ကို နည်းနည်း စိုးရိမ်သွားစေ၏။
ဒါပေမဲ့ ကျိုးဝေ့ချီ ဘာလို့ ဒီလိုဖြစ်နေရတာလဲဆိုတာကို သူ မသိပေ။
“ကျိုးဝေ့ချီ! ဘာလို့ စကားမပြောတာလဲ? မင်း! မင်း ဘာသဘောလဲ?”
ရှန်ထျန်းဟောက်က စိတ်ရှုပ်စွာနဲ့ ကျိုးဝေ့ချီ၏ ကျောပြင်ကို အော်ပြောလိုက်ပေမဲ့ ကျိုးဝေ့ချီက လုံးဝ ဂရုမစိုက်တဲ့ ပုံစံပါပဲ။
ဒါကြောင့် ရှန်ထျန်းဟောက်က ပိုပြီး စိတ်ရှုပ်သွားရပြီး စိတ်ရှုပ်သလို ဒေါသလည်း ထွက်လာတော့၏။
“ခွေးကောင်၊ တကယ်ပဲ ဘာဖြစ်သွားတာလဲ?”
ဘာဖြစ်သွားတာလဲ?
ကျောခိုင်းသွားတဲ့ ကျိုးဝေ့ချီက နောက်ဆုံးတော့ မည်းမှောင်နေတဲ့ မျက်နှာကို ရုတ်သိမ်းလိုက်ပြီး နှုတ်ခမ်းထောင့်က မသိမသာ ကွေးတက်သွားကာ စိတ်ထဲမှာတော့ ပြောပြလို့မရအောင် ပျော်ရွှင်နေတော့၏။
ကြည့်ရတာ ကလေးလေး ရှန်ထျန်းဟောက်က သူ့ကိုယ်သူ သတိမထားမိသေးဘူး ထင်ရဲ့။
နေ့တိုင်း သူ့အောက်မှာ ညည်းတွားနေရက်နဲ့ ဇာတ်လိုက်မင်းသမီးကို ကယ်ဖို့ သွားတယ်တဲ့လား? ဒါက လုံးဝ လက်ခံလို့ မရဘူးလေ။
ဒါကြောင့် သူ့ကို သင်ခန်းစာ နည်းနည်းလောက် ပေးပြီး သူ ဘာမှားသွားလဲဆိုတာကို သိအောင် လုပ်ရမည်။
ကျိုးဝေ့ချီက သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အရမ်း သဘောကျနေပေမဲ့ ရှန်ထျန်းဟောက်ကတော့ စိတ်ရှုပ်လွန်းလို့ ရူးတော့မလိုပင်။
ကျိုးဝေ့ချီက သူ့ကို စကားမပြောတော့ဘူး၊ ပြီးတော့ အရမ်း ဒေါသထွက်နေပုံလည်း ရလေ၏။
ဒါပေမဲ့ ဘာလို့လဲဆိုတာ၊ သူ ဘာအမှားလုပ်မိလဲဆိုတာကို သူ လုံးဝ မသိဘူးလေ။
သူ့ကို ပိုပြီး စိတ်ရှုပ်စေတာကတော့၊ အဲဒီနေ့ကစပြီး ကျိုးဝေ့ချီက သူ့ကို လုံးဝ မဆက်သွယ်တော့တာပင်။
အရေးအကြီးဆုံးက ကျိုးဝေ့ချီက သူ့ကို လုံးဝ မထိတော့ခြင်းပင်။
သူက စိတ်မရှည်တာကို အောင့်အည်းပြီး နေ့တိုင်း ကျောင်းသွားတက်ပေမဲ့ ကျိုးဝေ့ချီက သူ့ကို လုံးဝ မထိတော့တဲ့အပြင် အရင်တုန်းကလို ပုံစံမျိုးစုံနဲ့ သူ့ကို မနှိပ်စက်တော့ဘူးလေ။
ကျိုးဝေ့ချီက သူ့ကို စကားတောင် မပြောတော့ဘူး၊ သူ မရှိတဲ့လူ တစ်ယောက်လိုပဲ ဆက်ဆံနေတာကိုး။
ရှန်ထျန်းဟောက်က တွေးလေတွေးလေ စိတ်ရှုပ်လေ၊ တွေးလေတွေးလေ ဒေါသထွက်လေ ဖြစ်လာသည်။
တကယ်တော့ ကျိုးဝေ့ချီက သူ့ကို လွှတ်ပေးလိုက်ပြီဆိုရင် သူက ဝမ်းသာရမှာလေ၊ အရမ်းကို ပျော်ရွှင်နေရမှာ မဟုတ်ဘူးလား?
ဒါပေမဲ့ သူက ဒီရက်ပိုင်း စားမဝင်၊ အိပ်မပျော်နဲ့ သူ့ခေါင်းထဲမှာ ကျိုးဝေ့ချီပဲ ပြည့်နှက်နေ၏။
သူ လုံးဝ မပျော်ရွှင်ဘူး၊ သူက… ကျိုးဝေ့ချီကို အရင်တုန်းကလို သူ့ကို ဆက်ဆံစေချင်နေခြင်းပင်။
ဒါကြောင့် စဉ်းစားရင်း စဉ်းစားရင်းနဲ့၊ ဒီနေ့ ကျောင်းဆင်းတော့ ရှန်ထျန်းဟောက်က စောစောစီးစီးပဲ ကျိုးဝေ့ချီ အိမ်ရှေ့မှာ သွားစောင့်နေလိုက်သည်။
သူ ဒီကို ရောက်ဖူးတော့ ကျိုးဝေ့ချီ ဒီမှာ နေမှန်း သိနေတာကိုး။
ကျိုးဝေ့ချီ တကယ်ပဲ ဘာဖြစ်သွားတာလဲဆိုတာကို သူ ရှင်းရှင်းလင်းလင်း မေးရမည်။
အဲဒါတွေ အကုန်လုံးက ကျိုးဝေ့ချီ၏ တွက်ချက်မှုအောက်မှာ ရှိနေတယ်ဆိုတာကိုတော့ သူ မသိရှာပေ။
ကျိုးဝေ့ချီက တံခါးဝမှာ ပိတ်ရပ်နေတဲ့ ရှန်ထျန်းဟောက်ကို ကြည့်ပြီး အေးစက်စက် ပုံစံကို ဆက်ဟန်ဆောင်ထားလိုက်၏။
“ဖယ်စမ်း။”
သူတို့ တစ်ယောက်ကိုတစ်ယောက် မသိသလိုမျိုးပေါ့။
“ကျိုးဝေ့ချီ! မင်း တကယ် ဘာဖြစ်နေတာလဲ၊”
ရှန်ထျန်းဟောက်က အရမ်း စိတ်ရှုပ်နေသည်။
“အဲဒီနေ့ကစပြီး မင်း ဒီလိုဖြစ်နေတာ ငါ နားမလည်ဘူး။ အရင်တုန်းက မင်း ငါ့ကို အနိုင်ကျင့်ရတာ အရမ်း သဘောကျနေတာ မဟုတ်ဘူးလား? အခု ဘာလို့ ငါ့ကို မသိသလို လုပ်နေရတာလဲ၊ မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ?”
“ငါ ဘာလို့ ဒီလိုလုပ်လဲဆိုတာ မင်း မသိဘူးလား?”
ကျိုးဝေ့ချီက ပြန်မေးလိုက်၏။
“ငါက ဘယ်လိုလုပ် သိမှာလဲ!”
သူ့ခေါင်း ပေါက်ထွက်မတတ် တွေးတာတောင်၊ ရက်အနည်းငယ်လောက် တွေးတာတောင် သူ နားမလည်ဘူးလေ။
“ငါ X ကျောင်းကို ပထမဆုံး ပြောင်းလာတဲ့နေ့က မင်းကို ပြောခဲ့တဲ့ စကားကို မှတ်မိသေးလား?”
ကျိုးဝေ့ချီက ရုတ်တရက် မေးလိုက်သည်။
“ဘာစကားလဲ?”
ရှန်ထျန်းဟောက်က သေသေချာချာ စဉ်းစားကြည့်လိုက်သည်။
အဲဒီနေ့က ကျိုးဝေ့ချီကို ဘာလို့ X ကျောင်းကို ပြောင်းလာတာလဲလို့ သူ မေးခဲ့တာလေ။
ကျိုးဝေ့ချီက ပြောခဲ့တယ်၊ ဒီမှာ သူ သဘောကျတဲ့သူ ရှိနေနိုင်တယ်ဆိုလားပင်။
ရှန်ထျန်းဟောက်က ရုတ်တရက် ကြောင်သွားပြီးနောက် အံ့ဩသွား၏။
“မင်းက အဲဒီကောင်မလေးကို သဘောကျတာလား?”
ရှန်ထျန်းဟောက် အံ့ဩသွားသည်။
ဒီခွေးကောင်က အဲဒီကောင်မလေးကြောင့် သူ့ကို ဒီလိုဆက်ဆံနေတာလို့ သူ ဘယ်တုန်းကမှ မထင်ခဲ့မိပေ။
ကျိုးဝေ့ချီလည်း အံ့ဩသွားရသည်။
ကလေးလေး ရှန်ထျန်းဟောက်က သူထင်ထားတာထက်ကို အများကြီး ပိုပြီး ချစ်စရာကောင်းနေတာကိုး။
ရှန်ထျန်းဟောက် ပြောတဲ့ အဲဒီကောင်မလေး ဆိုတာက ဇာတ်လိုက်မင်းသမီးကို ပြောတာလေ၊ သူမနာမည် ဘယ်သူလဲဆိုတာတောင် သူ မသိပေ။
ကျိုးဝေ့ချီက အံ့ဩသွားရုံပါပဲ၊ ရှန်ထျန်းဟောက်က သူ ဇာတ်လိုက်မင်းသမီးကို သဘောကျလို့ သူ့ကို စိတ်ဆိုးနေတယ်လို့ ထင်နေတာကိုး။
ပုံမှန်လူဆိုရင် သူ့ကိုယ်သူလို့ မထင်ရဘူးလား? မဟုတ်ရင် ကျိုးဝေ့ချီက ဘာလို့ နေ့တိုင်း ပုံစံမျိုးစုံနဲ့ သူ့ကို လိုးနေရမှာလဲ?
ကျိုးဝေ့ချီက သူ့ကြောင့် ရယ်ချင်သွားပေမဲ့ ဇာတ်လမ်းကိုတော့ ဆက်ကရမည်။
“ငါ သဘောကျတာက မင်းကိုပါ။”
“ဘာ?!!!”
ရှန်ထျန်းဟောက် လန့်သွား၏။
ဒီလိုအဖြေမျိုး ထွက်လာလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့တာကြောင့် တစ်ကိုယ်လုံး ကြောင်အမ်းသွားတော့သည်။
ကျိုးဝေ့ချီက ဆက်ပြောသည်။
“ငါ မင်းကို အဲဒီလောက် သဘောကျတာ၊ နေ့တိုင်း မင်းကို လိုးချင်နေတာ။ ဒါပေမဲ့ မင်းက ငါ့ကွယ်ရာမှာ တခြား ကောင်မလေးကို သွားရစ်ရဲတယ်ပေါ့။”
“ငါ မလုပ်ဘူး!”
ရှန်ထျန်းဟောက်က သတိမဝင်လာသေးဘဲ မသိစိတ်နဲ့ ကမန်းကတမ်း ခေါင်းရမ်းလိုက်သည်။
“မလုပ်ဘူး?”
ကျိုးဝေ့ချီက သူ့မေးစေ့ကို ဆုပ်ကိုင်လိုက်၏။
“အဲဒါဆို မုန့်ချိုးကရော?”
မုန့်ချိုးဆိုတာ ဇာတ်လိုက်မင်းသမီးရဲ့ နာမည်ပင်။
ရှန်ထျန်းဟောက်က ကြောင်သွားသည်။
“အဲဒါ ဘယ်သူလဲ?”
ကျိုးဝေ့ချီက ဆက်ပြီး သရုပ်မဆောင်နိုင်တော့လောက်အောင် ဖြစ်သွားပေမဲ့ မျက်နှာကို တည်ထားပြီး ဆက်ပြောလိုက်၏။
“အဲဒါ အဲဒီနေ့က မင်း အသက်လုပြီး ကယ်ခဲ့တဲ့ ကောင်မလေးလေ၊ မင်းက C ကျောင်းရဲ့ နယ်မြေအထိတောင် သွားပြီး ကယ်ခဲ့တဲ့ ကောင်မလေး။”
အဲဒီကျမှ ရှန်ထျန်းဟောက်က ကျိုးဝေ့ချီ ဘာလို့ သူ့ကို စိတ်ဆိုးနေတာလဲဆိုတာကို သဘောပေါက်သွားတော့သည်။
ကျိုးဝေ့ချီက သူ အဲဒီကောင်မလေးကို သွားကယ်လို့ အပြစ်တင်နေတာကိုး။
ဒါကြောင့် အဲဒီနေ့က ကျိုးဝေ့ချီရဲ့ မျက်နှာက အဲဒီလောက် မည်းမှောင်နေတာကိုး၊ ဒါကြောင့် အဲဒီနေ့ကစပြီး ကျိုးဝေ့ချီက သူ့ကို စကားမပြောတော့တာကိုး။
“ငါ… ငါ မင်းကွယ်ရာမှာ သူမနဲ့ ဘာမှမဖြစ်… မဟုတ်ဘူး… သူမနာမည် ဘယ်သူလဲဆိုတာတောင် ငါ မသိဘူး။ သူမကို ကျိုးကျိရွှန်း ခေါ်သွားတယ်ဆိုတာကို သိလိုက်ရလို့လေ၊ ငါတို့ X ကျောင်းက လူတွေကို C ကျောင်းက အနိုင်ကျင့်တာကို ငါက ဒီအတိုင်း ကြည့်နေလို့ မရဘူးလေ၊ ဟုတ်တယ်မလား?”
ရှန်ထျန်းဟောက်က ရှင်းပြဖို့ ခက်ခဲနေတော့၏။
ကျိုးဝေ့ချီကတော့ မထီမဲ့မြင် ပြုံးလိုက်ပြီး လုံးဝ မယုံကြည်တဲ့ ပုံစံမျိုး လုပ်ကာ တံခါးကိုဖွင့်ပြီး သူ့ကို အပြင်မှာ ချန်ထားရစ်ခဲ့ဖို့ အိမ်ထဲ ဝင်သွားတော့သည်။
ရှန်ထျန်းဟောက်က ဘာမှမစဉ်းစားဘဲ ကမန်းကတမ်း နောက်ကနေ လိုက်ဝင်သွား၏။
သူက သိုးလေးတစ်ကောင် ကျားခံတွင်းထဲ ကိုယ့်ဘာသာ ဝင်သွားတာဆိုတာကိုတော့ သူ မသိရှာပေ။
“ကျိုးဝေ့ချီ၊ မင်း အကျိုးအကြောင်း မသင့်ဘူးလား၊ ငါ သူမကို မသိပါဘူးလို့ ပြောနေတာကို!”
ရှန်ထျန်းဟောက်က ဒေါသတကြီး ပြောလိုက်သည်။
ဒါပေမဲ့ ကျိုးဝေ့ချီက ရုတ်တရက် လှည့်လာပြီး သူ့ကို ဆိုဖာပေါ် တွန်းလှဲလိုက်ပြီးနောက် တစ်ကိုယ်လုံး သူ့အပေါ် ဖိချလိုက်မယ်လို့ သူ မထင်ထားခဲ့ပေ။
ကျိုးဝေ့ချီက သူ့မေးစေ့ကို ဆုပ်ကိုင်ပြီး အပေါ်စီးကနေ သူ့ကို စိုက်ကြည့်လိုက်၏။
“မင်း ငါ့ကွယ်ရာမှာ တခြားကောင်မလေးကို သွားကယ်တာက အမှားပဲ၊ ဒါကြောင့် အပြစ်ပေးခံရမယ်။”
ရက်အနည်းငယ်လောက် အကိုင်မခံရတဲ့ ရှန်ထျန်းဟောက်က ကျိုးဝေ့ချီနဲ့ ထိတွေ့လိုက်ရတာနဲ့တင် ခန္ဓာကိုယ်က ပျော့ခွေလာပြီး ခေါင်းထဲမှာလည်း ပူထူလာတော့သည်။
ဒါကြောင့် သူက ကြောင်အမ်းအမ်းနဲ့ မေးလိုက်၏။
“အပြစ်ပေးပြီးရင် မင်း ငါ့ကို ခွင့်လွှတ်မှာလား?”
ကျိုးဝေ့ချီက ပြုံးလိုက်တော့သည်။
“အင်း။”
Chapter 36 ended.
World 3 Chapter 9 ended.