Chapter 7
ရာသီဥတု အနည်းငယ် အေးမြလာသောအခါ ချန်နော့က လျိုကွမ်နှင့် အခြားကလေး သုံးယောက်နောက်သို့ လိုက်ကာ မနက်စောစောကတည်းက ဝါးခြင်းတောင်းများကို လွယ်လျက် မိုင်တစ်ရာခန့် ဝေးကွာသော ဈေးသို့ ထွက်လာခဲ့ကြ၏။
ဝါးခြင်းတောင်းများထဲတွင် လျိုကွမ် မကြာသေးမီက အမဲလိုက်ရရှိထားသော သားရဲများ၏ သားရေများ၊ ကောအဘိုးအို နေလှန်းထားသော ဆေးဖက်ဝင်အပင်များ၊ ရေနှင့် ခြောက်သွေ့သော ရိက္ခာအချို့ ပါဝင်သည်။
အခြားကလေးများ လွယ်လာသည်မှာ ၎င်းတို့ အမှိုက်ပုံမှ ကောက်ယူရရှိထားသော တန်ဖိုးအနည်းငယ်ရှိသည့် စွမ်းအင်သတ္တုရိုင်းများ၊ မှူးမတ်များ စွန့်ပစ်ထားသော လူသုံးကုန်ပစ္စည်းများနှင့် တောင်ပေါ်မှ ခူးဆွတ်ထားသော မှိုများ စသည်တို့ ဖြစ်၏။
လမ်းခရီးတွင် တောင်နှစ်လုံးကို ကျော်ဖြတ်ရမည်ဖြစ်ပြီး တောထဲတွင်လည်း ညအိပ်ရမည်ဖြစ်သည်။ လျိုကွမ်က ချန်နော့ကို သူနှင့်အတူ လိုက်ပါစေလိုခြင်း မရှိချေ။ သူ၏ အမြင်တွင် အမများမှာ ဂရုစိုက်ရန် လိုအပ်ပြီး ခွန်အားမရှိသဖြင့် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်စေမည်ဟု ထင်မြင်ထား၏။ ချန်နော့က ဤကလေး၏ စွေကြည့်နေသော မျက်လုံးများကို ကြည့်ရုံဖြင့် သူ ဘာတွေးနေသည်ကို သိနိုင်သဖြင့် မနေနိုင်ဘဲ သူ၏ နားရွက်ကို ဆွဲကာ ဆူပူလိုက်သည်။
” ငါ့ကို ပေးမလိုက်ရင် ငါ့ဘာသာငါ သွားမယ်…”
သူတို့နှစ်ယောက်မှာ အလွန်ရင်းနှီးနေပြီ ဖြစ်သော်လည်း ဤကဲ့သို့ လုပ်လိုက်သောအခါ လျိုကွမ်မှာ လန့်ဖြန့်သွားဆဲပင် ဖြစ်၏။ သူက နားရွက်ကို အုပ်ကာ အော်ဟစ်လိုက်သည်။
” ငါ့နားရွက်ကို မဆွဲနဲ့လို့ ပြောထားတယ်လေ! ဒီသောက်… “
သူက ချန်နော့ မျက်စောင်းထိုးနေသည်ကို မြင်သောအခါ နောက်ကွယ်ရှိ ‘အမ’ ဆိုသော စကားလုံးနှစ်လုံးကို မျိုချလိုက်ရ၏။
ချန်နော့ ဒေါသထွက်လာလျှင်လည်း အလွန်ကြောက်စရာ ကောင်းသည်။ အထူးသဖြင့် စာသင်နေချိန်များတွင် လျိုကွမ်ပင် တစ်ခါတစ်ရံ ကြောက်လန့်မိ၏။ အနာဂတ်ဇနီးလေးကို အိမ်တွင် တစ်ယောက်တည်း ထားခဲ့လျှင် အခြားအထီးများ လိမ်ညာခေါ်ဆောင်သွားမည်ကိုလည်း စိုးရိမ်သဖြင့် နောက်ဆုံးတွင် ချန်နော့ကို လိုက်ခွင့်ပြုလိုက်တော့သည်။ သို့သော် ချန်နော့၏ ဝါးခြင်းတောင်းထဲတွင်မူ ဆေးဖက်ဝင်အပင် အနည်းငယ်ကိုသာ အမည်ခံအဖြစ် ထည့်ပေးလိုက်၏။
လမ်းတွင် ပိုင်ရွေ့၏ မြက်မိုးတဲကို ဖြတ်သွားသောအခါ ချန်နော့က သိချင်စိတ်ဖြင့် တစ်ချက်ကြည့်လိုက်ရာ ထိုတံခါးမှာ ပုံမှန်အတိုင်း ပိတ်ထားသည်ကို တွေ့လိုက်ရသည်။
သူ ဤနေရာတွင် နေလာသည်မှာ လဝက်ခန့် ရှိနေပြီဖြစ်သော်လည်း ပိုင်ရွေ့ကို နှစ်ကြိမ်သာ မြင်ဖူးသေးပြီး အကြိမ်တိုင်းတွင်လည်း ပွတ်တိုက်သွားရုံမျှသာ ဖြစ်၏။ ပိုင်ရွေ့မှာ ဤနေရာတွင် အဝင်အထွက်ရှိသော သူငယ်ချင်းများ မရှိသကဲ့သို့ မည်သူနှင့် တွေ့တွေ့ မျက်လုံးချင်း မဆုံဘဲ အေးစက်စက် မျက်နှာထားဖြင့်သာ နေတတ်သည်။
ချန်နော့တွေးမိသည်မှာ ဤကမ္ဘာသို့ ရောက်လာခြင်း၏ အကောင်းဆုံးအချက်မှာ သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံများ တိုးတက်လာပုံရခြင်းပင် ဖြစ်၏။ ခွန်အားများ ပိုမိုကြီးမားလာရုံသာမက အမြင်အာရုံ၊ အကြားအာရုံများလည်း ပိုမိုကောင်းမွန်လာပြီး ကလေးအနည်းငယ်နှင့်အတူ လျင်မြန်သော ခြေလှမ်းများဖြင့် နှစ်နာရီနီးပါး ဆက်တိုက် လျှောက်လာခဲ့သော်လည်း သိပ်မပင်ပန်းလှချေ။
အခြားကလေးများက ချန်နော့မှာ ‘အမ’ ဖြစ်ကြောင်း မသိကြသော်လည်း လျိုကွမ်ကမူ အနာဂတ်ဇနီးလေးကို အလွန်အမင်း မပင်ပန်းစေရန် မှတ်ယူထားသဖြင့် ရပ်တန့်ကာ ပြောလိုက်၏။
” ခဏနားမယ်… စားစရာ တစ်ခုခု စားပြီးမှ ဆက်သွားမယ်…”
အားလုံး ရပ်တန့်သွားကြပြီးနောက် ချောင်ထိုးက လမ်းဘေးတွင်ပင် ဘောင်းဘီကို စတင်ချွတ်တော့၏။ လျိုကွမ်က စိတ်မရှည်စွာဖြင့် သူ့ဆီသို့ ကျောက်ခဲတစ်လုံး ပစ်ပေါက်ကာ ဆဲရေးလိုက်သည်။
” ဝေးဝေးသွားပြီး သေးပေါက်စမ်း!…”
ပုံမှန်အားဖြင့် သူတို့က ဤသို့ပင် အလေ့အကျင့် ဖြစ်နေကြသဖြင့် မည်သူက အများကြီး စဉ်းစားနေမှာလဲ။ ချောင်ထိုးမှာ နားမလည်သော်လည်း ဘောင်းဘီကို ဆွဲတင်ကာ အဝေးသို့ ပြေးသွားခဲ့၏။
ချန်နော့လည်း အနည်းငယ် သေးပေါက်ချင်လာသဖြင့် လျိုကွမ်ကို ပြောပြပြီးနောက် သစ်တော၏ အခြားတစ်ဖက်သို့ လျှောက်သွားလိုက်သည်။ လျိုကွမ်က ဆယ်မီတာကျော်ခန့် အကွာရှိ မိုးထိမတတ် မြင့်မားသော သစ်ပင်ကြီးတစ်ပင်ကို လက်ညှိုးထိုးပြကာ ချန်နော့ကို တိုးတိုးလေး မှာကြားလိုက်၏။
” အရမ်းဝေးဝေး မသွားနဲ့… အင်း… အဲ့ဒီသစ်ပင် နောက်ကွယ်မှာပဲ သွားလိုက်…”
သူက စိတ်မချသေးသဖြင့် လိုက်သွားကာ ကင်းစောင့်ပေးချင်သော်လည်း ချန်နော့က ပြုံးဖြီးဖြီးဖြင့် သူ့ခေါင်းကို တစ်ချက်ပုတ်လိုက်သဖြင့် ချန်နော့ ထွက်သွားသည်ကိုသာ လိုက်ကြည့်နေရတော့၏။
ချန်နော့က သစ်ပင်အောက်သို့ လျှောက်သွားကာ သီချင်းလေး ညည်းရင်း သူ၏ ပစ္စည်းကို ထုတ်လိုက်သည်။ ဤကာလအတွင်း ဖုန်တက်နေသော အထီးသတ္တဝါများကိုသာ မြင်တွေ့နေရသဖြင့် သူ တစ်ခါတစ်ရံ စိတ်ဓာတ်ကျမိသော်လည်း ယခု အပြင်ထွက်၍ အတန်ကြာ လမ်းလျှောက်လိုက်ရသဖြင့် စိတ်ထဲတွင် လန်းဆန်းလာသကဲ့သို့ ခံစားရ၏။
ကိစ္စပြီးသွားသောအခါ သူက အလေ့အကျင့်အတိုင်း ခါထုတ်လိုက်ပြီးနောက် ဘောင်းဘီကို ဆွဲတင်လိုက်သည်။ သို့သော် သူ လှည့်မကြည့်ရသေးမီမှာပင် နောက်ကျောကို အေးစက်မာကျောသော အရာတစ်ခုက လာထောက်ထားပြီး အက်ကွဲနေသော ယောကျာ်းအသံတစ်ခုက ရယ်မောလျက် ပြောလာ၏။
” ကလေးလေး… အသံမထွက်နဲ့… မဟုတ်ရင် ဘိုးဘိုးရဲ့ ဓားက စိုက်ဝင်သွားလိမ့်မယ်!…”
ချန်နော့ လန့်သွားခဲ့၏။
ဒါက လမ်းဓားပြတွေနဲ့ တွေ့တာများလား?
သို့သော် ကံကောင်းသည်မှာ ကျောပေးထားသဖြင့် သူ၏ ခန္ဓာကိုယ်ကို မမြင်လိုက်ရခြင်းပင် ဖြစ်သည်။
ရွံစရာကောင်းလိုက်တာ။
သူက အသက်ကို ခပ်ပြင်းပြင်းရှူကာ မိမိကိုယ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ဖြည်းညင်းစွာ လှည့်ကြည့်လိုက်၏။ မျက်လုံးထဲရှိ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများကို ဖုံးကွယ်ထားကာ မိမိကိုယ်ကို အေးဆေးတည်ငြိမ်ပြီး အန္တရာယ်မရှိသူအဖြစ် ဟန်ဆောင်ထားလိုက်သည်။
အကယ်၍ ဓားပြများနှင့် တွေ့ဆုံပါက အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေခြင်းက တစ်ဖက်လူကို ပို၍ စိတ်လှုပ်ရှားစေနိုင်သည်။
ဓားကိုင်ထားသော အမျိုးသားမှာ အသက်သုံးဆယ်ဝန်းကျင်ခန့် ရှိပြီး ဝါးလုံးကဲ့သို့ ပိန်ရှည်ရှည် ဖြစ်သည်။ သူ၏ ဘေးတွင် အရပ်ပုသော အမျိုးသားတစ်ဦးလည်း ရပ်နေပြီး လက်ထဲတွင် ကြီးမားလေးလံသော သံတုတ်တစ်စုံကို ကိုင်ဆောင်ထား၏။
သူတို့၏ဤဒေသတွင် သူခိုးဓားပြများ အများအပြား ရှိကြောင်း လျိုကွမ် ပြောပြဖူးသည်။
စောက်ကျိုးနည်း ကံဆိုးစွာနဲ့ပဲ တိုက်ရိုက် သွားတွေ့ရတယ်လို့!
သို့သော် ချန်နော့၏ကိုယ်ပေါ်ရှိ စုတ်ပြတ်နေသော အဝတ်အစားများကို တစ်ချက်ကြည့်ရုံဖြင့် ဘာမှမရှိသော ဆင်းရဲသားတစ်ယောက်မှန်း သိသာနေသည်ကို ဘာများ လုစရာ ရှိလို့နေမှာလဲ။
အရပ်ပုသော အမျိုးသားက အမြန်ချဉ်းကပ်လာပြီး ချန်နော့၏ ခန္ဓာကိုယ်ကို ခေါင်းအစခြေအဆုံး ဖြည်းညင်းစွာ စမ်းသပ်ရှာဖွေတော့၏။ အစပိုင်းတွင် ချန်နော့က သူ့အား ရှာဖွေခွင့် ပြုထားသော်လည်း တဖြည်းဖြည်းနှင့် မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့သည်။ ထိုအမျိုးသားက သူ၏ကိုယ်ပေါ်တွင် ရှာဖွေရုံသာမက သူ့ကိုယ်ကို ပွတ်သပ်ဆုပ်နယ်နေပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်နေသည်နှင့် ပို၍ တူနေ၏။
ဓားကိုင်ထားသော အမျိုးသားက ပြောလိုက်သည်။
” ကျူလျို… မင်းရဲ့ စောက်ကျင့်ဆိုးက ထပ်ပေါ်လာပြန်ပြီလား…”
ကျူလျိုက ရယ်မောလိုက်၏။
” ရှန်ဝူကော… ခင်ဗျားက မသိလို့ပါ… ဒီလောက် ငယ်ရွယ်တဲ့ အထီးတွေရဲ့ ဖင်က အမတွေထက် လုံးဝမလျော့ဘူး… သူ့ရဲ့ ရုပ်ရည်ကို ကြည့်ရတာလည်း တော်တော်လေး ကောင်းတယ် မဟုတ်လား? ခင်ဗျား စမ်းကြည့်လို့ရတယ်… သေချာပေါက် စွဲလမ်းသွားလိမ့်မယ်… အပြင်မှာလည်း ဆံပင်နီနဲ့ ကောင်လေးတစ်ယောက် ရှိသေးတယ်… ရုပ်လေး သန့်တယ်… ခဏနေရင် ဒီတစ်ယောက်က ကျုပ်အပိုင်… ဟိုတစ်ယောက်က ခင်ဗျားအပိုင်ပေါ့…”
ချန်နော့မှာ ကြားပြီး တစ်ကိုယ်လုံး အေးစိမ့်သွားခဲ့၏။ အရွယ်မရောက်သေးသော ကလေးများအပေါ်၌ပင် ဤကဲ့သို့သော ယုတ်မာသည့် စိတ်ကူးမျိုး ရှိနေခြင်းမှာ တိရစ္ဆာန်ထက်ပင် ဆိုးရွားလှသည်။
သူ ဤကျူလျိုဆိုသော သူကို အားကုန်ကန်ချကာ ပြင်းပြင်းထန်ထန် ရိုက်နှက်ပစ်ချင်သော်လည်း မိမိ၏ ဤလူငယ်ခန္ဓာကိုယ်မှာ လက်နက်ကိုင်ဆောင်ထားသော လူကြီးများကို လုံးဝ ယှဉ်နိုင်မည်မဟုတ်ကြောင်း သိထားသဖြင့် ဒေါသကို ကြိတ်မှိတ်မြိုသိပ်ထားလိုက်ရ၏။
ရှန်ဝူက အထင်သေးစွာ ပြောလိုက်သည်။
” ငါက အထီးတွေရဲ့ ဖင်ကို စိတ်မဝင်စားဘူး… ခဏနေ ကစားပြီးရင် သတ်ပစ်လိုက်မယ်… ဟိုဆံပင်နီနဲ့ ကောင်လေးရဲ့ ဝါးခြင်းတောင်းထဲက သားရေတွေနဲ့ ဆေးဖက်ဝင်အပင်တွေကတော့ ပိုက်ဆံနည်းနည်း ရနိုင်တယ်… သူ့ရဲ့ အရည်အချင်းကို ကြည့်ရတာလည်း မဆိုးဘူးဆိုတော့ တောင်ပေါ်ကို ခေါ်သွားလို့ရတယ်… ခေါင်းဆောင်ကြီးဆီမှာလည်း ခိုင်းဖတ်တစ်ယောက် လိုနေတာပဲ…”
သူ စကားပြောနေချိန်တွင် သူ၏ စူးရှသော တြိဂံပုံ မျက်လုံးများက ချန်နော့ကို စိုက်ကြည့်နေဆဲဖြစ်ပြီး ချန်နော့သာ အနည်းငယ် လှုပ်ရှားခြင်း သို့မဟုတ် အော်ဟစ်ခြင်း ပြုလုပ်ပါက သူ၏ ဓားက ချက်ချင်းပင် စိုက်ဝင်လာမည့်အလား ရှိနေ၏။
ချန်နော့မှာ ကြားပြီး ကျောပေါ်တွင် ချွေးစေးများပင် ထွက်လာခဲ့သည်။ ဤလူများနှင့် ယှဉ်လျှင် လျိုကွမ်၏ နည်းလမ်းများမှာ ကလေးကစားစရာ သက်သက်သာ ဖြစ်သည်။
ကျူလျိုက သက်ပြင်းချလိုက်၏။
” ခင်ဗျားက တကယ်ကို ပျော်စရာမကောင်းတာပဲ… တောင်ပေါ်က အမတွေက အသက်လည်းကြီး ရုပ်လည်းဆိုးတော့ ကျုပ်ကတော့ သွားမကိုင်ချင်ဘူး… ခင်ဗျား မသိလို့ပါ… အထီးတွေမှာလည်း တခြားအရသာမျိုး ရှိတယ်…”
လမ်းတွင် လျိုကွမ်က စောင့်ရသည်မှာ စိတ်မရှည်တော့ပဲ အသံကုန်ဟစ်ကာ အော်ခေါ်လိုက်၏။
” ချန်နော့… မင်း ပြီးပြီလား?…”
ချန်နော့က ရင်ဘတ်ပေါ်ရှိ ဓားကို ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ လျိုကွမ်၌ အစွမ်းအစ အနည်းငယ် ရှိကြောင်း သူ သိထားသော်လည်း မျက်စိရှေ့ရှိ ဤဓားပြနှစ်ဦးစလုံးမှာ လက်နက်များ ကိုင်ဆောင်ထားပြီး တိုက်ခိုက်စွမ်းရည်လည်း အလွန်မြင့်မားနိုင်သည်။ လျိုကွမ်မှာ မည်သို့ပင်ဖြစ်စေ အသက်ဆယ်နှစ်အရွယ် ကလေးတစ်ယောက်သာ ဖြစ်သည်…
ရှန်ဝူက သူ၏ ရင်ဘတ်ကို ဓားပြားဖြင့် ခေါက်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
” စကားပြန်ပြောလိုက်… သူ့ကို လာခိုင်းလိုက်…”
ချန်နော့က တတ်နိုင်သမျှ တည်ငြိမ်စွာ အော်ပြောလိုက်သည်။
” ခဏလေး… ငါ အိမ်သာသုံးစက္ကူ ယူလာဖို့ မေ့သွားလို့… ရှောင်ကွမ်… ငါ့ကို နည်းနည်းလောက် လာပို့ပေး…”
သူ မျှော်လင့်သည်မှာ လျိုကွမ်က သူ၏ စကားထဲမှ ပုံမှန်မဟုတ်မှုများကို သတိပြုမိပြီး ထိုကလေးများကို ခေါ်ကာ အဝေးသို့ အမြန်ပြေးသွားရန်သာ ဖြစ်၏။ သူ ဤကဲ့သို့ နာမည်ပြောင်မျိုးကို တစ်ခါမျှ မခေါ်ဖူးသလို လျိုကွမ်ကလည်း သူ့အား အိမ်သာသုံးစက္ကူ လာပို့ပေးမည် မဟုတ်ချေ။
လျိုကွမ်တို့မှာ ယုန်များထက်ပင် မြန်အောင် ပြေးနိုင်ကြသဖြင့် ဤလူနှစ်ယောက်မှာ သေချာပေါက် လိုက်မီနိုင်မည် မဟုတ်ပေ။
လခွမ်း… သူ အသေခံပြီး တိုက်ခိုက်ရတော့မယ်! သေရရင်တောင် ဒီလူနှစ်ယောက်ကို အဖော်အဖြစ် ဆွဲခေါ်သွားမယ်! အထူးသဖြင့် အဲ့ဒီကျူလျိုဆိုတဲ့ကောင်!
ငါ့ကို ဖင်ချချင်တယ်ဆိုရင် မင်းရဲ့ ငှက်ကို အရင်ဖြတ်ပစ်မယ်!
ချန်နော့က အံကို ကြိတ်ထားလိုက်၏။
သို့သော် မထင်မှတ်ဘဲ လျိုကွမ်က အမြန်လျှောက်လာပြီး နှုတ်မှလည်း ပွစိပွစိ ပြောလာခဲ့သည်။
” အကျင့်တွေကလည်း များလိုက်တာ… ကျောက်ခဲနဲ့ သုတ်လိုက်ရင် မရဘူးလား?…”
ချန်နော့မှာ ဒေါသထွက်လွန်း၍ သတိလစ်မတတ်ပင် ဖြစ်သွားခဲ့၏။
လျိုကွမ်က သစ်ပင်နောက်ကွယ်ရှိ လူနှစ်ယောက်ကို မြင်သောအခါ သိသိသာသာ လန့်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားပုံရသည်။ ကျူလျိုက လျင်မြန်စွာ လျှောက်သွားပြီး သံတုတ်တစ်စုံကို လျိုကွမ်၏ လည်ပင်းပေါ်တွင် တင်ကာ ရယ်မောလျက် ပြောလိုက်၏။
” မလှုပ်နဲ့… ရမ်းသန်းလှုပ်ရှားရင် ဘိုးဘိုးရဲ့ သံတုတ်နဲ့ ထုသတ်ခံရမယ်…”
ကျူလျိုက လျိုကွမ်ကို ချန်နော့၏ ဘေးသို့ သွားရပ်ခိုင်းလိုက်သည်။ ဤကလေးနှစ်ယောက်ကို သူ ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်နေ၏။
ဤဆံပင်နီနှင့် ကလေး၏ ရုပ်ရည်မှာ ဆံပင်နက်နှင့် ကလေးထက် ပို၍ပင် ကောင်းမွန်သေးသည်။ သို့သော် အသက်ငယ်လွန်းသဖြင့် အကြိမ်အနည်းငယ်မျှ ကစားလိုက်ရုံဖြင့် သေသွားနိုင်သောကြောင့် ဤဆံပင်နက်နှင့် အနည်းငယ် ပိုကြီးသော ကလေးက ပို၍ အသုံးဝင်မည် ဖြစ်သည်။ သူက ပြုံးကာ ပြောလိုက်၏။
” အင်း… ဝူကော… ကျုပ် ဒီပိုကြီးတဲ့ တစ်ယောက်ကိုပဲ ကစားလိုက်မယ်…”
ချန်နော့၏ ရင်ထဲတွင် ဒေါသများ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လျိုကွမ်၏ လက်က လှမ်းလာသည်ကို သူ သတိပြုမိသဖြင့် မကြောက်ရန် အချက်ပြသည့်အနေဖြင့် အကြိမ်အနည်းငယ် ဆုပ်ကိုင်ပြလိုက်၏။ ဤရှန်ဝူက လျိုကွမ်ကို ခိုင်းဖတ်အဖြစ် ပြန်ခေါ်သွားမည်ဟု ပြောထားသဖြင့် လျိုကွမ်မှာ ဘေးကင်းနိုင်ပေသည်။
ရှန်ဝူက သူ၏ ကာမရာဂရမ္မက် ထကြွနေသော ပုံစံကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
” အခု နှာမထနဲ့ဦး… ငါ့ကို ရွံစရာကောင်းအောင် မလုပ်နဲ့… ကစားချင်ရင်တောင် အပြင်က ကောင်တွေကို ရှင်းပြီးမှ ကစား…”
ကျူလျိုက ဆဲရေးလိုက်ပြီး ခေါင်းကို အပြင်သို့ ထုတ်ကာ အံ့သြစွာဖြင့် ပြောလိုက်၏။
” ဟင်… အပြင်က လူတွေရော?…”
ထိုအချိန်မှာပင် လျိုကွမ်က ရှန်ဝူ၏ ဓားကိုင်ထားသော လက်ကောက်ဝတ်ကို ခြေထောက်ဖြင့် မြောက်ကန်လိုက်ပြီးနောက် ကျူလျိုဆီသို့ ခေါင်းဖြင့် ဝင်ဆောင့်လိုက်ရာ သူ့ကို ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်သွားစေခဲ့သည်။
ချန်နော့မှာ အလွန်အံ့သြသွားပြီး တုံ့ပြန်မှု မလုပ်နိုင်သေးမီမှာပင် လျိုကွမ်က သူ့ကို ဆွဲကာ ဘေးသို့ ပြေးသွားနှင့်ပြီ ဖြစ်၏။
ရှန်ဝူက မျက်လုံးမှေးကာ ဒေါသမထွက်ဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။ သူ၏ အမြင်မှာ အမှန်တကယ် မှန်ကန်ပေသည်။ ဤဆံပင်နီနှင့် ကလေး၏ အရည်အချင်းမှာ အလွန်ကောင်းမွန်ပြီး သတ္တိလည်း ရှိ၏။ သူက ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းကာ လျင်မြန်စွာ လိုက်သွားခဲ့သည်။
လက်ထဲရောက်နေသော ဘဲငန်းမှာ ပျံထွက်သွားသဖြင့် ကျူလျိုမှာ ဒေါသထွက်လွန်း၍ သုံးပေခန့်ပင် ခုန်ပေါက်သွားပြီး သံတုတ်များကို ကိုင်ကာ ဆဲရေးတိုင်းထွာရင်း လိုက်ပါသွားခဲ့၏။ သူက ထိုဆံပင်နီနှင့် ကလေးကို အရင်ဆုံး အရေခွံခွာပြီးမှ ထိုဆံပင်နက်နှင့် လူငယ်ကို သေသည်အထိ ဖာ့ခ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။
သစ်တောထဲတွင် ဆယ်မီတာ၊ နှစ်ဆယ်မီတာခန့် ပြေးပြီးနောက် ရှန်ဝူ၏ မျက်စိရှေ့တွင် ကြိုးသေးသေးလေးများဖြင့် ရက်လုပ်ထားသော ပိုက်ကွန်ကြီးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ သစ်ပင်နောက်ကွယ်တွင် ပုန်းနေသော ချောင်ထိုးနှင့် အခြားကလေး သုံးယောက်က အားကုန်ဆွဲလိုက်ရာ ရှန်ဝူမှာ လေထဲတွင် တွဲလောင်းဖြစ်သွားတော့၏။
ရှန်ဝူ၏ တုံ့ပြန်မှုမှာ အလွန်လျင်မြန်လှသည်။ ချက်ချင်းပင် ကိုယ်ပေါ်ရှိ ဓားရှည်ကို ထုတ်ကာ ကြိုးများကို ဖြတ်ရန် ကြိုးစားလိုက်၏။ သို့သော် လျိုကွမ်က သူ့ကို မည်သို့ ဖြတ်ခွင့်ပေးမည်နည်း။
မြေကြီးပေါ်ရှိ မျက်နှာသစ်ဇလုံ အရွယ်အစားခန့်ရှိသော ကျောက်တုံးတစ်တုံးကို ဆွဲယူကာ ခုန်အုပ်သွားပြီး ရှန်ဝူ၏ ခေါင်းဆီသို့ အားကုန် ထုချလိုက်သည်။ ချောင်ထိုးတို့မှာလည်း တုတ်များကို ကိုင်ကာ ပြေးထွက်လာကြပြီး ရှန်ဝူကို အလယ်တွင် ဝိုင်းထားလျက် ပြင်းပြင်းထန်ထန် ရိုက်နှက်ကန်ကျောက်ကြတော့၏။
ကျူလျိုက ၎င်းမြင်ကွင်းကို နောက်ကွယ်မှ မြင်သောအခါ အလွန်အံ့သြသွားသော်လည်း ဤကလေးများကို သူ မကြောက်သဖြင့် သံတုတ်များကို ကိုင်ကာ အသံကုန်ဟစ်လျက် ခုန်အုပ်လာခဲ့သည်။
လျိုကွမ်က ရုတ်တရက် ခုန်တက်၍ ခြေထောက်ဖြင့် ကန်ချလိုက်ရာ ကျူလျို၏ လည်ပင်းကို တည့်မတ်စွာ ထိမှန်သွား၏။ သူ၏ ခွန်အားမှာ အလွန်ကြီးမားလှသဖြင့် ကျူလျိုမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သံတုတ်များလည်း ဘေးသို့ လွင့်စင်သွားခဲ့သည်။
လျိုကွမ်က မျက်လုံးမှေး၍ ကျူလျိုကို အေးစက်စွာ ကြည့်လိုက်ရာ မြစိမ်းရောင် မျက်လုံးများမှ ထိတ်လန့်ဖွယ်ကောင်းသော အလင်းတန်းများ ထွက်ပေါ်နေ၏။ ချန်နော့မှာ မျက်စိရှေ့ရှိ အပြောင်းအလဲများကို လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိသေးဘဲ ဘေးတွင် ရပ်ကာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။
ကျူလျိုက ထရန် ကြိုးစားလိုက်သော်လည်း လျိုကွမ်က သူ၏ လက်ကို ခြေထောက်ဖြင့် နင်းထားလိုက်သဖြင့် နာကျင်စွာ အော်ဟစ်လိုက်ရ၏။ လျိုကွမ်က သူ့ကို အေးစက်စွာ ကြည့်ကာ ခြေထောက်ကို ပို၍ အားထည့်လိုက်သည်။
သူ့လူကို ထိရဲတယ်ဆိုတော့ ကိုယ့်သေတွင်းကိုယ် တူးတာပဲ! သူ့ရဲ့လျိုကွမ်ဆိုတဲ့နာမည်ကိုတောင် မစုံစမ်းကြည့်ဘူး!
ရှန်ဝူမှာမူ ထိုကလေးများ၏ ရိုက်နှက်မှုကြောင့် နဖူးမှ သွေးများ ယိုစီးကျနေပြီး ပိုက်ကွန်ထဲတွင် ပျော့ခွေနေကာ အသက်ရှင်လျက် ရှိ၊ မရှိပင် မသိရတော့ချေ။ ချန်ချွန်းက ထိုသံတုတ်များကို ကောက်ယူကာ လျိုကွမ်ဆီသို့ ကမ်းပေးလိုက်၏။
” ကွမ်ကော… ရော့…”
ဤကလေးများအားလုံးမှာ လျိုကွမ်ထက် အသက်ပိုကြီးကြသော်လည်း ပုံမှန်အားဖြင့် လျိုကွမ်ကို ‘ကွမ်ကော’ ဟုသာ အမြဲခေါ်ဆိုလေ့ရှိကြသည်။ ချန်နော့က ယခင်က ကြားရတိုင်း ရယ်ချင်မိသော်လည်း ယခုမူ လုံးဝ မရယ်နိုင်တော့ချေ။ ယခုအချိန်တွင် လျိုကွမ်၏ မျက်နှာပေါ်ရှိ စိမ်းသက်ကာ ကြမ်းတမ်းသော မျက်နှာအမူအရာက သူ့အား ကြောက်ရွံ့မှုတစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့၏။
လျိုကွမ်သာမက ပုံမှန်အားဖြင့် ကြောက်တတ်ပြီး ရှက်တတ်ပုံရသော ချောင်ထိုးပင်လျှင် ယခုအချိန်တွင် မျက်လုံးများ အရောင်တောက်ကာ လျိုကွမ်ကို ကြည့်နေပြီး သူ၏ နောက်ထပ်လုပ်ရပ်များကို မျှော်လင့်နေပုံရသည်။
ချန်နော့မှာ သူ ဤကမ္ဘာနှင့် အသားကျနေပြီဟု ထင်ခဲ့သော်လည်း အမှန်တကယ်တွင် အဝေးကြီး လိုသေးကြောင်း နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရ၏။
ထိုသံတုတ်များမှာ အလွန်လေးလံသော်လည်း လျိုကွမ်ကမူ မည်သည့်အားစိုက်ထုတ်မှုမျှ မရှိဘဲ ဆုပ်ကိုင်ထားသည်။
သူက သံတုတ်များကို မြင့်မြင့်မြှောက်ကာ ကျူလျို၏ ကျောပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ရာ သူ့ကို မြေပြင်ပေါ်တွင် ပြားကပ်သွားစေခဲ့၏။ ထို့နောက် သူ၏ ကျောရိုးကို နင်းကာ အေးစက်စွာ ပြုံးလျက် မေးလိုက်သည်။
” မင်း ခုနက ဘယ်သူ့ကို ကစားမယ်လို့ ပြောလိုက်တာလဲ?…”
Chapter 7 ended