Chapter 18
World 2 Chapter 5
အလှလေး တစ်ကိုယ်ရည် အာသာဖြေနေသည်ကို တွေးပြီး အဒေါ့ဖ် လမ်းမပေါ်တွင် နောက်ယောင်ခံလိုက်ခြင်း၊ အိမ်ထဲသို့ ဝင်ရောက်လာခြင်းနှင့် ညီအစ်ကိုနှစ်ယောက် ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း
*****
သူ၏ လက်ပေါ်တွင် ပြည့်နှက်နေသော နောက်ကျိကျိ အရည်များကို ကြည့်ရင်း အဒေါ့ဖ်က မျက်နှာသေဖြင့် မတ်တတ်ရပ်ကာ လက်သွားဆေးလိုက်သည်။ သူ၏ ဦးနှောက်ထဲတွင်တော့ မတိုင်ခင်က မြင်တွေ့ခဲ့ရသော မြင်ကွင်းကို အမှတ်ရနေဆဲပင်။
အနက်ရောင်ဆံပင်နှင့် အနက်ရောင် မျက်ဝန်းများရှိသော အရှေ့တိုင်းသား အလှလေး၏ တစ်ကိုယ်လုံးသည် အလွန် လှပလွန်းလှသည်။ နွေးထွေးသော ကျောက်စိမ်းကဲ့သို့ ဖြူစင်အပြစ်ကင်းသော ခန္ဓာကိုယ်လေးကို ကာကွယ်လိုစိတ်ကင်းမဲ့စွာဖြင့် ဖော်ပြထား၏။ ရင်ဘတ်ပေါ်ရှိ ပန်းရောင်သန်းနေသော ချယ်ရီသီးလေးများမှာ ရေစီးကြောင်းအောက်တွင် ပေါ်တစ်လှည့် ကွယ်တစ်လှည့် ဖြစ်နေသည်။ သူက ရှည်လျားသော လည်ပင်းမှသည် သေးသွယ်သော ခါးလေး၊ ထို့နောက် ပေါင်ကြားတွင် ငြိမ်သက်စွာ တွဲလောင်းကျနေသော ချစ်စရာကောင်းသည့် လီးလေးအထိ အလွန် သေချာစွာ ဆေးကြောနေခဲ့၏။
သူက ပေါင်ကြားကို ဆေးကြောနေချိန်တွင် ခေါင်းကို အနည်းငယ် ငုံ့ထားသည်။ ဘာဖြစ်သွားမှန်း မသိသော်လည်း လည်ချောင်းထဲမှ နူးညံ့သော ညည်းတွားသံလေးတစ်ခု ပေါ်ထွက်လာ၏။ အဒေါ့ဖ်၏ ရင်ထဲတွင် ထုံကျဉ်သွားသလို ခံစားလိုက်ရပြီး အောက်ပိုင်းရှိ လီးက ချက်ချင်းဆိုသလို မတ်ထောင်လာတော့သည်။
ချစ်ခြင်းမေတ္တာနှင့် တစ်ခါမှ မထိတွေ့ဖူးခဲ့သော အဒေါ့ဖ်မှာ သူ၏ ရုတ်တရက် ဖြစ်ပေါ်လာသော ဇီဝကမ္မ တုံ့ပြန်မှုကြောင့် အထန်ဖြစ်သွားရ၏။ ယောကျ်ားများရဲ့ ဤနေရာက စိတ်လှုပ်ရှားမှုနှင့် စိတ်ဆန္ဒများကြောင့် မတ်ထောင်လာတတ်မှန်း သူ သိထားသည်။ ထိုသေးသွယ်သော ပုံရိပ်လေးကို ကြည့်နေချိန်တွင် သူ၏ စိတ်ခံစားချက်က နူးညံ့နေခဲ့သည်မှာ သေချာလှ၏။ သူ့စိတ်ထဲတွင် ရှင်းပြ၍မရသော တန်ဖိုးထားမြတ်နိုးမှုများ ပါဝင်နေသည်။ သို့သော် ဘာကြောင့်များ ဤအချိန်မျိုးမှာ သူက လီးတောင်လာရသလဲ။
သူက တိတ်ဆိတ်စွာ ထိုင်နေပြီး ဇီဝကမ္မ တုံ့ပြန်မှု အလိုအလျောက် ပျောက်ကွယ်သွားရန် စောင့်ဆိုင်းနေလိုက်သည်။ သို့သော် ရေချိုးပြီးနောက် ခန္ဓာကိုယ်ပေါ်ရှိ ရေများကို သုတ်သင်ကာ အပြင်သို့ ထွက်လာသော အလှလေးက အတွင်းခံဘောင်းဘီဝတ်ရန် ခါးကို ကိုင်းကာ ခြေထောက်မြှောက်လိုက်ချိန်တွင် ပေါင်ကြားရှိ ပန်းရောင် အင်္ဂါလေးက လုံးဝ ဖုံးကွယ်၍ မရတော့ဘဲ အမျိုးသား၏ မျက်စိရှေ့တွင် အလုံးစုံ ပေါ်လာလိမ့်မည်ဟု မည်သူ သိမည်နည်း။
အဒေါ့ဖ်၏ လည်စေ့က မထိန်းနိုင်ဘဲ အကြိမ်အနည်းငယ် လှုပ်ရှားသွား၏။ သူ၏လီးက တင်းမာကာ နာကျင်လာပြီး လီးတံပေါ်ရှိ သွေးကြောစိမ်းများက စိတ်လှုပ်ရှားစွာဖြင့် တဆတ်ဆတ် ခုန်နေသည်။ ဤမျှတင်းမာနေသော လီးက ခဏလေးအတွင်းမှာ ပြန်ကျသွားမည် မဟုတ်ကြောင်း သူ ခန့်မှန်းမိလိုက်၏။ ထို့ကြောင့် ချက်ချင်းပင် လက်ကို ဆန့်ထုတ်ကာ မိမိ၏ လီးကို ဆုပ်ကိုင်ပြီး အထက်အောက် ဂွင်းထုပေးနေလိုက်တော့သည်။
နင်၏ ခန္ဓာကိုယ်က သာမန်လူများနှင့် မတူညီသော်လည်း အလွန် လှပ၏။ အပိုပါနေသော ထိုနူးညံ့သည့် အင်္ဂါဝလေးက သူ့ကို ထူးဆန်းသွားစေခြင်း လုံးဝ မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ‘သည်လိုမျိုး ဖြစ်သင့်တယ်၊ လိင်သဘာဝကို ကျော်လွန်နေတဲ့ အလှတရားပဲ။ အကယ်၍ ကောင်းကင်တမန်တွေသာ တကယ်ရှိခဲ့လျှင် သည်လိုပုံစံမျိုးပဲ ဖြစ်မှာ’ ဟု အဒေါ့ဖ်က စိတ်မပါတပါဖြင့် တွေးလိုက်မိသည်။
သူ လီးမတောင်ဖူးခဲ့သည်တော့ မဟုတ်ပေ။ သို့သော် ကိုယ့်ဘာသာကိုယ် ဖြေရှင်းရသည်မှာ အလုပ်ရှုပ်ပြီး အချိန်ကုန်သည်ဟု ထင်မြင်ထားသဖြင့် များသောအားဖြင့် အလိုအလျောက် ပြန်ကျသွားသည်အထိ စောင့်ဆိုင်းလေ့ရှိ၏။ အမှန်တကယ် လုံးဝ မရတော့မှသာ တစ်ချီလောက် ဂွင်းတိုက်လေ့ရှိသည်။ သို့သော် ယနေ့တွင်တော့ သူသာ ထွက်အောင် မလုပ်လိုက်ပါက ပေါက်ကွဲထွက်သွားလိမ့်မည်ဟု ခံစားနေရ၏။
အမျိုးသား၏ တိုးညင်းသော အသက်ရှူသံများက ကျဉ်းမြောင်းသော နေရာလေးထဲတွင် အဆက်မပြတ် ထွက်ပေါ်နေသည်။ သူ၏ အသံသြသြထဲတွင် လျစ်လျူရှု၍မရသော ကာမဆန္ဒများ ပါဝင်နေ၏။ အဒေါ့ဖ်သည် အော်ဒါများ ပြီးဆုံးသွားသည့်အခါတိုင်း လူရှာပြီး အိပ်ရာဝင်လေ့ရှိကြသော သူ့ဘေးနားမှ လုပ်ဖော်ကိုင်ဖက်များကို ပထမဆုံးအကြိမ် နားလည်သွားတော့သည်။ အကယ်၍သာ နင် နှင့် အတူတူနေခွင့်ရမည်ဆိုလျှင် လိင်ဆက်ဆံခြင်း၏ ကောင်းမြတ်မှုကို ခံစားကြည့်ရန် သူလည်း အလွန် ဆန္ဒရှိပေလိမ့်မည်။
သူတွေးနေမိသည်မှာ လီးက လက်ထဲတွင် ပန်းထုတ်လိုက်ပြီး ပျစ်ချွဲသော လရည် အများအပြား ထွက်ကျလာသည်အထိပင်။ ထိုအချိန်မှသာ ကုတင်ပေါ်တွင် စောင်ခြုံပြီး လှဲနေခဲ့သော အလှလေးမှာ ဘယ်အချိန်ကတည်းက ပျောက်ကွယ်သွားမှန်း မသိကြောင်း အဒေါ့ဖ် သတိထားမိလိုက်တော့သည်။
သူက လုံခြုံရေး ကင်မရာမှ ဗီဒီယိုကို နောက်သို့ ပြန်ရစ်ကြည့်လိုက်ရာ ယွီရှုးနင်က တံခါးဝတွင် အမျိုးသားတစ်ယောက်နှင့် စကားအနည်းငယ် ပြောပြီးနောက် သူ့နောက်သို့ လိုက်သွားကြောင်း တွေ့လိုက်ရ၏။ ကင်မရာ၏ ထောင့်ချိုးကြောင့် အမျိုးသား၏ မျက်နှာကို သေချာ မမြင်ရဘဲ ချစ်စရာကောင်းအောင် ပြုံးနေသော နင် ၏ ဘေးတိုက် မျက်နှာလေးကိုသာ မြင်ရသည်။ ထိုအခါ အဒေါ့ဖ်၏ ဝံပုလွေကဲ့သို့သော မီးခိုးရောင် မျက်ဝန်းများမှ ရက်စက်သော အလင်းရောင်များ ချက်ချင်း ထွက်ပေါ်လာတော့၏။
ယနေ့ နင် ၏ ခန္ဓာကိုယ်ပေါ်ရှိ အရာများကို မြင်တွေ့လိုက်ရချိန်ကတည်းက အဒေါ့ဖ် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားခဲ့ရသည်။ မျက်စိမမြင်ရဘဲ တစ်ယောက်တည်း နေထိုင်သော လှပသည့် ကောင်လေးတစ်ယောက်က ဘာကြောင့်များ သူစိမ်းတစ်ယောက်ရဲ့ ရှေ့မှာ သူ့ခန္ဓာကိုယ်ပေါ်က အနမ်းရာတွေကို အနည်းငယ်မျှတောင် မဖုံးကွယ်ထားရသည်လဲ။ ထို့ပြင် နင်တွင် ချိန်းတွေ့နေသည့် ချစ်သူ ရှိမရှိကို သူက သွယ်ဝိုက်သောနည်းဖြင့် မေးကြည့်ခဲ့သေး၏။ ရလဒ်ကတော့ သေချာပေါက် မရှိဘူး ဆိုတာပါပဲ။
ပုံမှန်အားဖြင့် အရှေ့တိုင်းသားများက ပို၍ ရှက်တတ်ကြသည်။ နင် ကဲ့သို့ငြိမ်သက်ပြီး သေးသွယ်သည့် အလှလေးက အနမ်းရာများကို ပြသနေမည့်သူမျိုး မဟုတ်ပေ။ ထို့အပြင် အဒေါ့ဖ်၏ အမြင်တွင် ထိုအနမ်းရာများ၏ ရည်ရွယ်ချက်မှာ အလွန် သိသာလှ၏။
“နင်က ငါ့အပိုင်ပဲ” ဟု လူအားလုံးကို ကြေညာနေခြင်းဖြစ်ပြီး သူ့အတွက်တော့ အလွန် မျက်စိစူးစရာ ကောင်းလှသည်။
‘နင် က သေချာပေါက် လူလိမ်ခံလိုက်ရတာ ဖြစ်မည်… ဒါမှမဟုတ် သူကိုယ်တိုင် သူ့ခန္ဓာကိုယ်ပေါ်က အရာတွေကို မသိတာပဲ ဖြစ်ရမည်’! အဒေါ့ဖ်က အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော ဒေါသနှင့် သဝန်တိုမှုများကို ခံစားလိုက်ရသည်။
နင် က မျက်စိမမြင်ရပေ။… တိုက်အိုကြီးရဲ့ လုံခြုံရေးစနစ်ကလည်း မကောင်းပေ… ဝင်လာသည့်သူက သူ့အိမ်ကို ရောက်သွားသည်နှင့် သူ့အပေါ်ကို အလွယ်တကူ စိတ်ကြိုက် ပြုမူနိုင်သည်… ဘာကြောင့်လဲဆိုတော့… အလှလေးက မျက်စိမမြင်ရ၍ သူ့ခန္ဓာကိုယ်ပေါ်မှာ ဘာဖြစ်သွားလဲဆိုသည်ကို သူ သိမှာမဟုတ်၍ပင်။
ထို့ကြောင့် အဒေါ့ဖ်က ကာကွယ်ပေးမည်ဟူသော အကြောင်းပြချက်ဖြင့် နင် ၏ အိမ်တွင် အသံဖမ်းစက် ပါဝင်သော လုံခြုံရေး ကင်မရာများကို တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။ ဤအတွက်ကြောင့် ပြင်ဆင်ထားပြီးသော လူသတ်မည့် အစီအစဉ်ကိုပင် ပြောင်းလဲပစ်ခဲ့သေး၏။ နည်းပညာ ပစ္စည်းများက ပို၍ စိတ်ချရသော်လည်း ၎င်းတို့ မပါဘဲနှင့်လည်း သူ လုပ်နိုင်ပါသည်။ နင် ထက် ပိုအရေးကြီးသောအရာ မရှိပေ။ သူတို့ ယခုမှ စတင် သိကျွမ်းခဲ့ကြသည် ဆိုလျှင်တောင်မှပေါ့။
အကယ်၍ နင် ကို ကျူးလွန်ခဲ့သည့်သူကို ရှာတွေ့လျှင် သူ့ကို သတ်ပစ်လိုက်မယ် ဟု အဒေါ့ဖ်က အေးစက်စွာ တွေးလိုက်၏။
ယွီရှုးနင် အိမ်ပြန်ရောက်ပြီး အိပ်ပျော်သွားချိန်အထိ စောင့်ပြီးမှသာ အဒေါ့ဖ်က မော်နီတာရှေ့မှ ထွက်ခွာသွားခဲ့သည်။ သူသည် နာရီအနည်းငယ် အချိန်ယူကာ အသစ် လက်ခံထားသော အော်ဒါကို ပြီးစီးအောင် သွားရောက် လုပ်ဆောင်ခဲ့၏။ ကောင်းကင်ယံတွင် အလင်းရောင် အနည်းငယ် ထွက်ပေါ်လာချိန်၌ သူက တိုက်အိုကြီး၏ အောက်ထပ်သို့ ပြန်လည် ရောက်ရှိလာပြီး ယွီရှုးနင်၏ ပြတင်းပေါက်ကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေလိုက်သည်။
ဒီနေ့ ထပ်တွေ့ရမလား။ အမျိုးသား၏ ရင်ထဲတွင် သူမသိသော ဆန်းသစ်သည့် မျှော်လင့်တောင့်တသော ခံစားချက်များ ဖြစ်ပေါ်လာ၏။
*
ယွီရှုးနင်က ကုတင်ပေါ်တွင် မှိုင်တွေစွာ ထိုင်နေပြီး အတွေးများက ရှုပ်ထွေးနေသည်။ သူ့လက်ချောင်းများက စောင်ကို အလိုအလျောက် ကုတ်ခြစ်နေ၏။
[စနစ်… ကမ္ဘာငယ်လေးတွေထဲက လူတွေက တခြားကမ္ဘာတွေကို ကူးသွားလို့ ရလား… ဒါမှမဟုတ် တစ်ကမ္ဘာတည်းမှာပဲ နေလို့ရတာလား။]
အချိန်အတော်ကြာပြီးနောက် သူက မျက်လွှာချကာ အလွန် သေချာစွာ ဖုံးကွယ်ထားသော မျှော်လင့်ချက်လေး တစ်ခုဖြင့် မေးလိုက်သည်။
System 520 ─ [ယေဘုယျအားဖြင့်တော့ မရပါဘူး။]
ယွီရှုးနင်က ကိုယ်ကို မတ်လိုက်၏။
[အဲဒါဆို ယေဘုယျမဟုတ်တဲ့ အခြေအနေတွေကရော ဘာတွေလဲ။]
System 520 ─ [ဥပမာအနေနဲ့ ပြောရရင်… တချို့ ကမ္ဘာငယ်လေးတွေက ရှိနေသေးပေမဲ့ ကံကြမ္မာရဲ့ သားတော်က သေသွားပြီဆိုရင် ငါတို့က သူတို့ရဲ့ နေရာမှာ ဝင်ရောက် သရုပ်ဆောင်ဖို့ လူရှာရတယ်… သရုပ်ဆောင်နေတဲ့ အချိန်မှာ သူတို့ရဲ့ မူလ မှတ်ဉာဏ်တွေက ပျောက်ဆုံးနေတတ်တယ်… တကယ်တော့ သူတို့ကလည်း တာဝန်ထမ်းဆောင်သူတွေပါပဲ… ဒါပေမဲ့ မင်းရဲ့ တာဝန်နဲ့တော့ မတူဘူးပေါ့။]
ယွီရှုးနင်က မျက်မှောင်ကြုတ်လိုက်သည်။
[ငါ သွားတဲ့ ကမ္ဘာငယ်လေးမှာရော အဲဒီလို အခြေအနေမျိုး ရှိလား။]
System 520 က ပြတ်သားစွာ ပြန်ဖြေ၏။ [မရှိဘူး… ကမ္ဘာတစ်ခုမှာ တာဝန်ထမ်းဆောင်သူ နှစ်ယောက် မရှိနိုင်ပါဘူး။]
[မင်း ထင်လား… ဝူဝမ် က အဲဒီလောက်တောင် စွမ်းနေတာ… ကမ္ဘာငယ်လေးရဲ့ အတားအဆီးတွေကို ချိုးဖျက်ပြီး တခြားကမ္ဘာတွေကို သွားနိုင်မလား။] ယွီရှုးနင်က တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
System 520 က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေ၏။ [အိုး… အရင်ကတော့ အဲဒီလို အခြေအနေမျိုး ရှိခဲ့ဖူးတယ်… အဆင့်မြင့် ကျင့်ကြံခြင်း လောကက စွမ်းအားရှင်ကြီး တစ်ယောက်က အာကာသ အတားအဆီးတွေကို ချိုးဖျက်ခဲ့ဖူးတယ်… ဒါပေမဲ့ အဲဒါက ပင်မစနစ် (Main System) က ခွင့်ပြုထားတာ မဟုတ်ဘူး… အဲဒီလိုလူမျိုးက အမြစ်ပြတ် သုတ်သင်တဲ့အထိ လိုက်လံ သတ်ဖြတ်ခံရလိမ့်မယ်။]
ယွီရှုးနင် မျက်မှောင်ကြုတ်သွားသည်။ [ပင်မစနစ်က ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ… သူတို့ကလည်း သူတို့ရဲ့ ကိုယ်ပိုင် စွမ်းဆောင်ရည်နဲ့ ချိုးဖျက်ခဲ့ကြတာပဲလေ… သူ့ရဲ့ နေရာကို ခြိမ်းခြောက်ခံရမှာကို ကြောက်နေလို့လား…]
သူက ခဏမျှ ရပ်တန့်သွား၏။ [အိုး… ဆောရီး… မင်းကလည်း စနစ်တစ်ခုဆိုတာကို ငါ မေ့သွားလို့… ပင်မစနစ်က မင်းရဲ့ အထက်လူကြီးမလား။]
System 520 က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် [ငါ ပင်မစနစ်နဲ့ မရင်းနှီးဘူး။]
ယွီရှုးနင်မှာ စနစ်ကြောင့် ရယ်ချင်သွားရသည်။ သူက System 520 ကို ဆက်ပြီး မမေးတော့ပေ။ 520 က အမြဲတမ်း သူ၏ ရှုထောင့်မှ စဉ်းစားပေးပြီး သူ့ကို ကူညီပေးနေသော်လည်း ထို ပင်မစနစ် ဆိုသည့်အရာက ဘာကောင်မှန်း မည်သူက သိမည်နည်း။ ပင်မစနစ် ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် သူ၏ ရင်ထဲတွင် ရှင်းပြ၍မရသော မုန်းတီးမှုတစ်ခုက မထိန်းနိုင်ဘဲ ဖြစ်ပေါ်လာရ၏။
သူ၏ ကိုယ်ပိုင် ခံစားချက်ကို သူ ယုံကြည်သည်။ ရှုး က သူ့ကို နမ်းသည့်ပုံစံက ဝူဝမ် နှင့် တစ်ပုံစံတည်း တူနေသောကြောင့်သာ မဟုတ်ဘဲ ထိတွေ့၍မရသော ခံစားချက်တစ်ခုက ဤသူသည် သူ ချစ်ရသူဖြစ်ကြောင်း သူ့ကို ပြောပြနေ၏။ ရုပ်သွင်နှင့် စရိုက်လက္ခဏာများ ပြောင်းလဲသွားပြီး မှတ်ဉာဏ်များ ပျောက်ဆုံးနေသော်လည်း သူ့အပေါ်ထားရှိသော သံယောဇဉ်ကတော့ ပြောင်းလဲမသွားခဲ့ချေ။
ယခင်ကမ္ဘာတွင် သူသည် ဝူဝမ် ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့သော ရေသူထီးလေး ဖြစ်သည်။ အတူတကွ နေထိုင်ရင်း တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားကြသည်မှာ သာမန်ပင် ဖြစ်၏။ သို့သော် ရှုး က သူ့ကို တစ်ခါမှ မမြင်ဖူးဘဲနှင့် သူ့အပေါ် ချစ်ခြင်းမေတ္တာများ ဖြစ်ပေါ်လာခဲ့သည်။ ရှုး လိုမျိုး စရိုက်ရှိတဲ့သူ တစ်ယောက်အတွက် အဲဒါက ဖြစ်နိုင်ပါ့မလား။
ယွီရှုးနင်က အများကြီး တွေးတောခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ ဖြစ်လာမည့် အခြေအနေကို ကြည့်ပြီးမှသာ ဆုံးဖြတ်ရန် ရွေးချယ်လိုက်သည်။ သူသည် အိပ်မက်ထဲတွင်သာ ရှုး နှင့် အဆက်အသွယ် ရှိခဲ့ခြင်း ဖြစ်သဖြင့် လက်တွေ့ဘဝတွင် ထပ်မံ စောင့်ကြည့်သင့်ပေသည်။
ဗိုက်က တဂွီဂွီ မြည်လာသဖြင့် ယွီရှုးနင်က မျက်မမြင်တုတ်ကို ကိုင်ကာ အောက်ထပ်သို့ ဆင်းပြီး စားစရာ သွားဝယ်ရန် ပြင်လိုက်၏။ သူက တစ်လှမ်းချင်းစီ အလွန် နှေးကွေးစွာ လျှောက်သွားပြီး ညီညာသော မျက်မမြင်လမ်းပေါ်သို့ ရောက်မှသာ အနည်းငယ် မြန်မြန် လျှောက်လိုက်သည်။
တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေသလို ခံစားရသော်လည်း ယွီရှုးနင်က ဂရုမစိုက်ခဲ့ပေ။ သူ့လိုမျိုး အရှေ့တိုင်းသား ရုပ်သွင်နှင့် မျက်စိမမြင်ရသည့် ပုံစံက လူအများ၏ အာရုံစိုက်မှုကို ခံရသည်မှာ မထူးဆန်းပေ။ မိနစ်အနည်းငယ်ကြာပြီးနောက် သူက မှတ်ဉာဏ်ကို အားကိုးကာ မလှမ်းမကမ်းရှိ နံနက်စာရောင်းသည့် ဆိုင်သို့ ရောက်ရှိသွားခဲ့၏။
“ဟိုင်း! နင်… ဒီနေ့ရော ပုံမှန်အတိုင်းပဲလား။” ယွီရှုးနင် ပြောင်းရွှေ့လာပြီးကတည်းက နေ့တိုင်း ဤနေရာတွင် နံနက်စာ လာစားလေ့ရှိသဖြင့် ဆိုင်ရှင်က သူ မှာလေ့ရှိသည့် အစားအစာများကိုပင် မှတ်မိနေလေပြီ။ ထောပတ်သီးထောင်း တင်ထားသော ပေါင်မုန့်ကင်၊ အုတ်ဂျုံဆန်ပြုတ်နှင့် ကြက်ဥကြော် ဘေကွန် တို့ဖြစ်သည်။
ယွီရှုးနင်က ခေါင်းညိတ်လိုက်၏။ “အင်း… ဒီနေ့တော့ ရေနွေးပူပူလေး တစ်ခွက် ထပ်ထည့်ပေးပါ။” စိတ်အခြေအနေ သိပ်မကောင်းသည့်အခါ အချိုစားလိုက်လျှင် ပိုကောင်းသွားတတ်သည်။
ကံကောင်းစွာဖြင့် အာကာသ ကမ္ဘာကြီးမှ အစားအစာများကို အသားကျခဲ့သောကြောင့်သာ တော်သေးသည်။ မဟုတ်လျှင် ယွီရှုးနင်က အနောက်တိုင်း အစားအစာများကို လုံးဝ စားတတ်မည် မဟုတ်ချေ။ ဤနေရာမှ အစားအစာများက မဆိုးလှပေ။ သို့သော်လည်း သူသည် ဇာတိမြေမှ မျိုးစုံလှသော ဟင်းလျာများကို အလွန် လွမ်းဆွတ်နေမိ၏။
ဆိုင်ထဲသို့ နောက်ထပ် လူတစ်ယောက် ဝင်လာပြီး ယွီရှုးနင်၏ အနောက်တွင် ထိုင်လိုက်သည်။ ထိုသူက သူ၏ စားပွဲပေါ်ရှိ အစားအစာများနှင့် တစ်ပုံစံတည်း မှာလိုက်သည်ကို ကြားလိုက်ရသဖြင့် ‘သူ့လိုမျိုး အကြိုက်တူတဲ့သူ ရှိနေသေးတာပဲ’ ဟု တိတ်တဆိတ် တွေးလိုက်မိ၏။
‘ဒီလူရဲ့ အသံက ရှုး ရဲ့ အသံနဲ့ နည်းနည်း တူနေတယ်… နှစ်ယောက်စလုံးက အရမ်းနားထောင်လို့ကောင်းတဲ့ အသံသြသြလေးတွေပဲ။’
သူ၏ အနောက်တွင် ရှိနေသူမှာ အောက်ထပ်တွင် စောင့်နေပြီး လူကို မြင်သည်နှင့် နောက်ယောင်ခံ လိုက်လာသော အဒေါ့ဖ် ပင် ဖြစ်သည်။ အစားအသောက် မှာသည့်အခါ သူသည် နင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က တမင်တကာ နှိမ့်ထားခဲ့သော အသံကြမ်းကြမ်းကို မသုံးဘဲ သူ၏ မူလအသံကို အသုံးပြုခဲ့သဖြင့် ယွီရှုးနင်က သူ့ကို မမှတ်မိခဲ့ပေ။
အဒေါ့ဖ်က အလှလေး၏ အစားစားနေသော ကျောပြင်ကို စူးစိုက်ကြည့်လျက် ကြက်ဥကြော်ကို တစ်လုတ် ကိုက်စားလိုက်၏။ သူ၏ အစားစားသည့် အရှိန်က အလွန် မြန်ဆန်လှသည်။ ယွီရှုးနင် စားလို့မပြီးသေးခင်မှာပင် အမျိုးသား၏ စားပွဲပေါ်ရှိ အစားအစာများ အားလုံး ကုန်သွားခဲ့ပြီဖြစ်သည်။
ယွီရှုးနင်က ရေနွေးပူပူ တစ်ခွက်ကို ကိုင်ကာ ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် အဒေါ့ဖ်က ခြေသံဖွဖွဖြင့် သူ၏ အနောက်မှ လိုက်သွားခဲ့၏။ သူသည် လူများကို နောက်ယောင်ခံလိုက်သည့် အလုပ်ကို ပထမဆုံးအကြိမ် လုပ်ဖူးခြင်း မဟုတ်မှန်း သိသာလှသည်။ ရပ်တန့်ခြင်းနှင့် ပုန်းအောင်းခြင်း နည်းစနစ်များက အလွန် ကျွမ်းကျင်နေပြီး လမ်းသွားလမ်းလာများ၏ သတိထားမိခြင်းကိုလည်း အနည်းငယ်မျှပင် မခံရချေ။
နင် ဘယ်ကိုသွားမလဲ… သူ့ခန္ဓာကိုယ်ပေါ်မှာ အနမ်းရာတွေ ပေးခဲ့သည့် ထိုယောကျ်ားနှင့် တွေ့ဦးမလား ဆိုသည်ကို သူ ကြည့်ချင်၏။
သို့သော် ယွီရှုးနင်၏ ဦးတည်ရာမှာ မလှမ်းမကမ်းရှိ စူပါမားကတ် ဖြစ်သည်။ အိမ်တွင် အစားအစာများ ကုန်သွားပြီဖြစ်သဖြင့် လွယ်ကူမြန်ဆန်သော အစားအစာ အချို့ကို ဝယ်ယူရန် လိုအပ်နေ၏။ မျက်စိမမြင်ရချိန်တွင် အပြင်ထွက်ရသည်မှာ စွန့်စားခန်း တစ်ခုနှင့် တူလှသည်။ ကံကောင်းစွာဖြင့် System 520 က သူ့ကို လမ်းပြပေးမည်ပင်။ ယွီရှုးနင်သည် အပြင်ထွက်တိုင်း တစ်ပတ်စာ လုံလောက်မည့် အစားအစာများကို ဝယ်ယူလေ့ရှိ၏။
စူပါမားကတ် တံခါးဝတွင် လုံခြုံရေး ကင်မရာများ ရှိနေမည်ဖြစ်သဖြင့် အဒေါ့ဖ်က လမ်းဘေးတွင်သာ ရပ်စောင့်နေလိုက်ပြီး နောက်တစ်ခါကျလျှင် နင် ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အသံဖမ်းစက် တစ်ခု တပ်ထားရမယ် ဟု တိတ်တဆိတ် တွေးလိုက်မိသည်။
ယွီရှုးနင်က အထဲသို့ ဝင်သွားသည်နှင့် ဝန်ထမ်းတစ်ယောက်ကို ရှာကာ သူ၏ ဖုန်းထဲရှိ စာရင်းအတိုင်း ပစ္စည်းများကို ဝယ်ယူပေးရန် အကူအညီ တောင်းလိုက်၏။ ဤသည်မှာ သူ ရှာဖွေတွေ့ရှိထားသော အမြန်ဆန်ဆုံး နည်းလမ်းဖြစ်ပြီး ကူညီတတ်သော ဝန်ထမ်းများက သူ၏ တောင်းဆိုချက်ကို အမြဲတမ်း လက်ခံပေးလေ့ရှိသည်။
ဝယ်ထားသော ပစ္စည်းများ များပြားလွန်းသဖြင့် စူပါမားကတ်မှ ဖောက်သည်များကို အနီးအနားရှိ လူနေရပ်ကွက်များသို့ လိုက်ပို့ပေးသည့် ဝန်ဆောင်မှု ရှိသည်။ ယွီရှုးနင်က ကားပေါ်တွင် ထိုင်ကာ ကြီးမားသော ဈေးဝယ်အိတ်ကြီးကို ပွေ့ဖက်ထားလျက် တိုက်အိုကြီး၏ အောက်ထပ်သို့ ပြန်ရောက်လာပြီးနောက် နှုတ်ခမ်းကို စေ့ကာ ရပ်နေလိုက်၏။
မှားသွားပြီ… ပစ္စည်းတွေ အများကြီး ဝယ်လာမိတော့ သူတစ်ယောက်တည်း ဘယ်လိုလုပ် အပေါ်ကို သယ်သွားနိုင်ပါ့မလဲ။
“ကူညီပေးရမလား။” အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
ယွီရှုးနင်က ထိုအသံကို မှတ်မိသွား၏။ နံနက်စာရောင်းသည့် ဆိုင်တွင် သူ၏ အနောက်၌ ထိုင်နေခဲ့သူဖြစ်သည်။ သူလည်း ဒီမှာ နေသည် ဟု မထင်ထားခဲ့ပေ။
“အိုး… ကျေးဇူးတင်ပါတယ်… ကျွန်တော် ခင်ဗျားရဲ့ အကူအညီကို လိုအပ်နေတာပါ။” ယွီရှုးနင်က ကျေးဇူးတင်သော အမူအရာကို ပြသလိုက်၏။
အဒေါ့ဖ်က ရှေ့သို့ တိုးလာပြီး သူ၏ ရင်ခွင်ထဲမှ ကြီးမားသော ဈေးဝယ်အိတ်ကြီးကို လက်တစ်ဖက်တည်းဖြင့် ပွေ့ယူလိုက်သည်။ ‘ခန္ဓာကိုယ်ရဲ့ အထိအတွေ့က သူထင်ထားသလို တကယ်ကို နူးညံ့တာပဲ’ဟု စိတ်ထဲမှ တွေးလိုက်မိ၏။ သူက ကြမ်းပြင်ပေါ်ရှိ နောက်ထပ် ဈေးဝယ်အိတ် နှစ်အိတ်ကို ထပ်မံ ဆွဲမ လိုက်ရာ ဈေးဝယ်အိတ် အသေးလေး တစ်အိတ်သာ ကျန်ရှိတော့ပြီး ၎င်းကို ယွီရှုးနင်အား ကမ်းပေးလိုက်သည်။
ယွီရှုးနင်က ဈေးဝယ်အိတ် အသေးလေးကို ဆွဲကိုင်ထားပြီး အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွား၏။
“မစ္စတာ… ကျွန်တော့်ကို နောက်ထပ် တစ်အိတ်လောက် ပေးပါ… ကျွန်တော် သယ်နိုင်ပါတယ်။”
သူ၏ စကားကို ဂရုမစိုက်ဘဲ အဒေါ့ဖ်က အပေါ်ထပ်သို့ ချက်ချင်း တက်သွားခဲ့သည်။ ထို့ကြောင့် ယွီရှုးနင်မှာ သူ၏ နောက်မှ လိုက်သွားရတော့၏။ တတိယထပ်ရှိ သူ၏ အိမ်တံခါးဝသို့ ရောက်မှသာ အိမ်လိပ်စာကို မပြောရသေးဘဲနှင့် ဤလူက ဘယ်လိုလုပ် သိနေရတာလဲ ဟု သူ ရုတ်တရက် သတိပြုမိသွားတော့သည်။
တစ်ခဏအတွင်းမှာပင် ယွီရှုးနင်၏ ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် ရွှဲလာတော့၏။ ထိုအချိန်မှာပင် ထိုလူ၏ ခြေသံက လှည့်ထွက်သွားပြီး အခန်း ၃၀၆ ၏ မျက်နှာချင်းဆိုင်ရှိ အခန်း ၃၀၂ သို့ ရောက်သွားသည်ကို ကြားလိုက်ရသည်။
“ကျွန်တော်က အခုမှ ပြောင်းလာတဲ့ အိမ်ငှား အသစ်ပါ… အခန်း ၃၀၂ မှာ နေတယ်… မင်းအိမ်က ဘယ်မှာလဲ။” အမျိုးသားက တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။
ယွီရှုးနင်က သက်ပြင်းချလိုက်၏။
“ကျွန်တော်က ခင်ဗျားအိမ်ရဲ့ မျက်နှာချင်းဆိုင်က အခန်း ၃၀၆ မှာ နေတာပါ… မစ္စတာ… တိုက်ဆိုင်လိုက်တာနော်။”
တိုက်ဆိုင်သည်တော့ မဟုတ်ပေ။ ယမန်နေ့က သူ မျက်နှာချင်းဆိုင်အခန်းမှ လူကို ပိုက်ဆံပေးကာ အခန်းငှားရန် အတင်းအကျပ် ဖိအားပေးခဲ့ပြီး မိမိကိုယ်တိုင် အခြားအခန်းတစ်ခန်းကို သွားငှားခဲ့ပုံကို အဒေါ့ဖ် သတိရသွားပြီးနောက် ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်၏။ “ဟုတ်တယ်… တိုက်ဆိုင်လိုက်တာ… ငါတို့က အခုကစပြီး အိမ်နီးချင်းတွေ ဖြစ်သွားပြီပေါ့။”
“ပစ္စည်းတွေ ကူသယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ… လာပါ… ရေနွေးကြမ်းလေး တစ်ခွက်လောက် ဝင်သောက်သွားပါဦး။” ယွီရှုးနင်က အိမ်တံခါးကို ဖွင့်လိုက်ရာ အမျိုးသားက သူ၏ နောက်မှ လိုက်ဝင်လာခဲ့၏။
ထို့နောက် တံခါးကို အမျိုးသားက ပိတ်လိုက်သည်။ ယွီရှုးနင်က ရေနွေးအိုးထဲတွင် ဖျော်ထားသော နို့လက်ဖက်ရည်ကို ခွက်ထဲသို့ ငှဲ့လိုက်၏ — ဤကဲ့သို့ ရိုးရှင်းသော အပြုအမူကို သူ အလွန် ကျွမ်းကျင်စွာ လေ့ကျင့်ထားပြီး ဖြစ်သည်။ ထို့နောက် သူ၏ အိမ်နီးချင်းသစ်ကို ကမ်းပေးလိုက်၏။
ယွီရှုးနင်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ “ခင်ဗျား နာမည် ဘယ်လိုခေါ်လဲ။”
အဒေါ့ဖ်က လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်၏။ “အဒေါ့ဖ်·ဟန့်တ် ပါ။” သူက ဂေဟာမှူး၏ မျိုးရိုးနာမည်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ဟင်? သူကလည်း အဒေါ့ဖ် လို့ ခေါ်တာလား။ ယွီရှုးနင်က မျက်တောင်လေးများကို ပုတ်ခတ်လိုက်ပြီး ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွား၏။
နေပါဦး… အဒေါ့ဖ်?
[ငါ ထင်နေတဲ့ အဒေါ့ဖ် များလား။]
ယွီရှုးနင်က မယုံနိုင်စွာဖြင့် မေးလိုက်သည်။ [သူက ဒီလိုကြီး လွယ်လွယ်ကူကူ ပြောလိုက်တာလား။]
System 520 က ပြောစရာစကားပင် ဆွံ့အသွားသည်။
[သူက ဖုံးကွယ်ထားဖို့ စဉ်းစားမထားလို့ နေမှာပေါ့… မင်းဘာသာမင်း မမှတ်မိတာလေ။]
အဲဒါကြောင့် ငါက သတိပေးလို့ မရခဲ့တာ။
ယွီရှုးနင်က ခြောက်ကပ်ကပ် ရယ်မောလိုက်၏။ သူက သောက်ရူးတစ်ယောက်ကို အိမ်ထဲကို ဖိတ်ခေါ်မိသွားတာပဲ။
တံခါးအပြင်ဘက်တွင်မူ ကုတ်အင်္ကျီရှည်ကြီးကို ဝတ်ဆင်ထားပြီး အေးစက်သော အငွေ့အသက်များ ထုတ်လွှင့်နေသည့် ရှုး က မတ်မတ်ရပ်နေသည်။ သူ၏ မျက်ဝန်းများက မှောင်မိုက်နေပြီး အခန်း ၃၀၆ ၏ တံခါးကို စူးစိုက်ကြည့်နေ၏။
မတိုင်မီက သူနှင့် အလွန်တူသော အမျိုးသားတစ်ယောက် နင် ၏ အိမ်ထဲသို့ ဝင်သွားသည်ကို သူ မြင်လိုက်ရသည်။ ထိုလူ… နင် အမြဲတမ်း မှားပြီး ခေါ်နေတဲ့သူများလား။
တကယ့်ကို… စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလိုက်တာ။
ရှုး၏ အကြည့်များက အေးစက်သွားပြီး တံခါးဘဲလ်ကို နှိပ်လိုက်၏။
“နင်… ကိုယ်ပါ… ဒီနေ့ အလုပ်စောစော ဆင်းလာလို့… မင်း အကြိုက်ဆုံး မုန့်လေးတွေ ဝယ်လာတယ်။”
Chapter 18 ended
World 2 Chapter 5 ended
T/N- world 2 က အနောက်တိုင်းပုံစံပါ။ အရှေ့တိုင်းက လာတဲ့ယွီရှုးနင်ရဲ့ နာမည်အသံထွက်က ခက်လို့ ‘နင်’ ဆိုပြီး ခေါ်ကြတာပါ။
World 1 မှာတော့ ‘နင်နင်’
World 2 မှာတော့ ‘နင်’ တစ်လုံးတည်းပါပဲ။