⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 16+17

Little Creampie:
Chapter 16

“ဘိုးဘေးလေး နောက်ဆုံးတော့ရောက်လာပြီ! ဒီအချိန်မှာ တက္ကစီမရတော့မှာစိုးနေတာ!” လင်းမုန့်က ရှရှင်းချီကို အလျင်အမြန်အဝတ်လဲခန်းထဲသို့ တွန်းလိုက်သည်။

ကုမ္ပဏီက သူ့အတွက် ကားစီစဉ်မပေးထားသည့်အပြင် မူလဇာတ်ကောင်ကလည်း ကားဝယ်ဖို့ဆင်းရဲလွန်းလှသည်။

လင်းမုန့် ကိုယ်တိုင်ကလည်း ရှရှင်းချီလို ဖယ်ကျဉ်ခံထားရတဲ့ သနားစရာမန်နေဂျာတစ်ယောက်ပင်ဖြစ်သည်။

မှန်ထဲမှာ ရှရှင်းချီရဲ့ အတော်လေးစွဲမက်ဖွယ်ကောင်းတဲ့မျက်နှာကို မြင်နေရသည်-

သူ့မျက်နှာမှာ ထူးကဲပြီး အသေးစိတ်လှပတဲ့မျက်နှာသွင်ပြင်ရှိတယ်။ ဒါပေမယ့် အမျိုးသမီးဆန်နေခြင်းလည်းမဟုတ်၊ နွေရောင်ခြည်လိုနွေးထွေးပြီး လူငယ်ဆန်ဆန် တက်ကြွမှုတွေနဲ့ပြည့်နေခြင်းဖြစ်သည်။

လင်းမုန့်က ဘေးကနေကြည့်ရင်း ကြည့်ရင်း ပိုမိုအံ့အားသင့်လာမိသည်။

ခဏအကြာမှာ သူမ သတိထားမိတာက-

အရင်ကတည်းက ရှင်းချီမှာ လှပသည်မှန်သော်လည်း…ယခုကဲ့သို့မဟုတ်ပေ။

သို့သော် ရှရှင်းချီ၏ မူရင်းပုံရိပ်ကိုပြန်စဉ်းစားသည်ဖြစ်စေ၊ ဓာတ်ပုံနှင့် ဗီဒီယိုများကိုပြန်ကြည့်သည်ဖြစ်စေ “ရှရှင်းချီ” ဆိုသည့် အမည်သုံးလုံးသည် ဤမျက်နှာနှင့်သာ အံဝင်ခွင်ကျဖြစ်နေသည်။

မည်သူမျှမသိသော တိတ်တဆိတ် အပြောင်းအလဲတစ်ခုသာ ဖြစ်သည်။

အချို့သော လူငယ်အနုပညာရှင်များ အလှည့်ကျဝင်ရောက်လာကြသည်။

သူတို့အားလုံးသည် လက်ရှိအချိန်၏ အလှအပစံနှုန်းများနှင့်ကိုက်ညီသော်လည်း မထင်ရှားသည့် အနုပညာရှင်ငယ်များသာဖြစ်ကာ အရင်းမြစ်မှာလည်း အလွန်းနည်းပါလှသည်။

ဤသည်မှာ အသစ်ထွက်ရှိလာသော နှိပ်ကုလားထိုင် အမှတ်တံဆိပ်တစ်ခု၏ ကြော်ငြာဖြစ်သည်။ နာမည်ကြီး အနုပညာရှင်များကို ငှားရမ်းနိုင်သည့် ဘဏ္ဍာငွေမရှိသောကြောင့် အနုပညာရှင်ငယ်ခုနှစ်ယောက်ကို ခေါ်ကာရိုက်ကူးခြင်းဖြစ်သည်။

တစ်ယောက်တည်းသော နာမည်ရအနုပညာရှင်မှာ လင်းမုန့် ဖုန်းထဲတွင် ပြောပြခဲ့သည့် “ဟန်နဉ်ယွီ” ပင်ဖြစ်သည်။

ရှရှင်းချီရဲ့ ရုပ်ရည်သွင်ပြင်က အလွန်ကောင်းမွန်တာကြောင့် မိတ်ကပ်ဆရာအနေနဲ့ အားစိုက်ထုတ်စရာမလိုဘဲ အလွယ်တကူပြီးစီးသွားခဲ့သည်။

လင်းမုန့်က ဘေးတိုက်ကြည့်ရင်း သူ့လက်ခလယ်မှာ တစ်ခုခုလင်းလက်နေတာကို တွေ့သွားသည်။

အနီးကပ်ကြည့်တော့ မျက်စိကျိန်းလောက်စရာ စိန်တွေနဲ့ပြည့်နှက်နေတဲ့ လက်စွပ်တစ်ကွင်း ဖြစ်နေသည်။ သူမ လျင်မြန်စွာ သူ့လက်ကို လှမ်းပုတ်လိုက်ပြီး ပြောလိုက်တယ်-

“ဒါကို ချွတ်ထားလိုက်။ ဒီလိုမျိုးသံသယဖြစ်ဖွယ်အဆင်တန်ဆာတွေ မဝတ်သင့်ဘူး။ အချစ်ရေး (ဒါမှမဟုတ်) စေ့စပ်ထားတယ်လို့ အထင်မှားသွားနိုင်တယ်… ပြီးတော့ အတုလို့ထင်ခံရပြီး လှောင်ပြောင်ခံရနိုင်တယ်”

ဒီလောက်ကြီးမားတဲ့စိန်လက်စွပ်ဆိုရင် သိန်းရာချီတန်နိုင်ပေမယ့် ရှရှင်းချီမှာ ဒီလောက်ငွေဘယ်ကရနိုင်မလဲ?

ရှရှင်းချီ ခဏတာတုန်လှုပ်သွားပြီး သူ့ရဲ့တစ်သက်တာကိစ္စကြီးကို ရုတ်တရက်သတိရမိသွားသည်။ အစ်မလင်းမုန့်က သူစေ့စပ်ပြီးသွားပြီဆိုတာ မသိသေးဘူး။

ဒီကနေစပြီး မေးခွန်းတွေအများကြီးပေါ်လာတယ်-

အနုပညာရှင်တစ်ယောက်အနေနဲ့ စေ့စပ်တာ၊ မင်္ဂလာဆောင်တာ ပြုလုပ်လို့ရပါသလား?

သဘောတူညီချက်စာချုပ်ထဲမှာ ဘာတွေပါလဲ၊ ချိုးဖောက်မှုဖြစ်သွားမလား?

ပြီးတော့ ရှရှင်းချီ အရမ်းစိတ်ဝင်စားနေတဲ့ အရေးကြီးဆုံးမေးခွန်းမှာ- ဒါဏ်ကြေးပေးရမှာလား။

ဘာပဲဖြစ်ဖြစ်၊ တကယ့်အချစ်ရေးလည်းမဟုတ်တာကြောင့် စိတ်ပူစရာတော့မဟုတ်ပေ။

ရှရှင်းချီ ခေါင်းခါလိုက်ပြီး စဉ်းစားလိုက်တယ်- လီချန်ယွမ်က အနည်းဆုံး ခြောက်လအတွင်းမှာ သေဆုံးတော့မှာဖြစ်ပြီး ဒီလိုကိစ္စမျိုးက သူ့အတွက်အကျိုးမယုတ်နိုင်ပေ။

သူသည် သဘောတူစွာ လက်စွပ်ကို ချွတ်လိုက်ပြီးနောက် လင်းမုန့်သည် ခေါင်းညိတ်ကာ အလျင်အမြန်ထွက်သွားသည်။

…..

မရင်းနှီးမှုကြောင့်ရယ်၊ “ အနုပညာရှင်” ဆိုသည့် အလုပ်အကိုင်အရ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်လိုက်၍ အသိမှတ်ပြုခြင်းမခံရလျှင် ရှက်ဖွယ်ကောင်းသောကြောင့် အဝတ်လဲခန်းထဲတွင် လူများများလာသော်လည်း တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြကာ တိတ်ဆိတ်နေလေသည်။

တိတ်ဆိတ်ငြိမ်သက်နေသော အချိန်တွင် တံခါးသည် ရုတ်တရက် ကမ္ဘာကြီးပြိုတော့မည့်အသံနှင့် ပွင့်သွားခဲ့သည်!

ထိုသူသည် လေကိုသယ်ဆောင်လာသည့်အလား အသံကျယ်ကျယ်ဖြင့် ဝင်လာလေသည်။

ရှရှင်းချီမှာ စိတ်အနှောင့်အယှက်ဖြစ်သွားပြီး နားမလည်နိုင်ဖွယ် ခေါင်းမော့ကြည့်လိုက်ရာ၊ ညအချိန်တွင် နေကာမျက်မှန်တပ်ထားသော ထူးဆန်းသည့် သူတစ်ဦး ဝင်လာသည်ကိုတွေ့ရသည်။

သူ့နောက်တွင် အကူနှစ်ဦးလိုက်ပါလာပြီး၊ အထီးကျန်နေတဲ့ အဆင့်၁၈တန်းအနုပညာရှင်များထဲတွင် ပေါ်လွင်ထင်ရှားနေသည်။

“နေကာမျက်မှန် တပ်ထားတဲ့သူ” သည် မျက်ခုံးကျုံ့ကာ ပတ်ဝန်းကျင်ကိုခဏကြည့်ပြီး မေးလိုက်သည်-

“ဒီမှာ သီးသန့်အဝတ်လဲခန်းတောင်မရှိဘူးလား? ငါ့ကို သူတို့နဲ့အတူ ရောနေခိုင်းတာလား?”

“သူတို့” ဆိုသည့်စကားလုံးကို အထူးသဖြင့်အသံမြှင့်ပြောကာ မောက်မာဟန်အပြည့်နှင့်။

ရှရှင်းချီ ချက်ချင်းနားလည်သွားသည်၊ ထိုသူမှာ ဒီနေ့ကြော်ငြာရဲ့ အဓိကဇာတ်ဆောင်ဖြစ်မည့် ဟန်နဉ်ယွီပင်။

လေထုတစ်ခုလုံး တိတ်ဆိတ်သွားပြီး၊ မျက်နှာချင်းဆိုင်ပြောဆိုခံလိုက်ရသည်ကို ဘယ်သူမှမကြိုက်ကြပေ။

ဒါပေမယ့် ဘယ်သူကမှ သူ့ကိုပြန်မပြောရဲကြပေ။ အချို့က တိတ်ဆိတ်စွာနေနေကြပြီး၊ အချို့ကတော့ “ဟန်ကော” လို့ ပြုံးပြီးနှုတ်ဆက်ကြလေသည်။ ကျန်တဲ့သူတွေကလည်း မဖြစ်မနေ ယဉ်ကျေးစွာ လိုက်နှုတ်ဆက်ကြရလေသည်။

ဒီမှာရှိတဲ့သူတိုင်းမှာ နောက်ခံကောင်းကောင်းမရှိပေ။ ဒါကြောင့် ဟန်နဉ်ယွီမှာ အရမ်းနာမည်ကြီးသည့်အနုပညာရှင်မဟုတ်ပေမယ့် ဘယ်သူကမှ သူ့ကိုတိုက်ရိုက်ရင်ဆိုင်ဖို့ မလိုလားကြပေ။

“ဟန်ကော မင်းအတွက် သီးသန့်ပြင်ဆင်ခန်းက ဒီဘက်မှာပါ” ကြော်ငြာအဖွဲ့ဝင်တစ်ယောက်က ချက်ချင်းပြုံးပြီး ကြိုဆိုလိုက်တယ်။ “ကျွန်တော် ခေါ်သွားပါမယ်”

ပြောသူက ယဉ်ကျေးပေမယ့် စိတ်ထဲမှာတော့ စိတ်ညစ်နေတယ် – “ဒီလောက်ကြီးတဲ့ဆိုင်းဘုတ်ကို ဘယ်လိုများမှားဝင်လာတာလဲ?”

ဒါဟာ ကြက်တစ်ကောင်က ဖီးနစ်တစ်ကောင် ဖြစ်သွားပြီးတာနဲ့ ချက်ချင်းကိုယ့်ကိုယ်ကို အထင်ကြီးကာ အမောက်ထောင်လာတဲ့သဘောပင်။ သူ့ရဲ့အသစ်ရလာတဲ့ နောက်ခံကြောင့်သာ လူတိုင်းက သည်းခံနေကြတာဖြစ်သည်။

မျက်မှန်နက်ကြီးတပ်ထားတဲ့ဟန်နဉ်ယွီက လူတိုင်းရဲ့ ခစားနေတဲ့အမူအရာတွေကို ကြည့်ပြီး စိတ်ကျေနပ်သွားတယ်။

ဒါပေမယ့် ပတ်ဝန်းကျင်ကို လှည့်ကြည့်ရင်း သူ့နဖူးတွေ့ကျုံ့သွားလေသည် –

ဘေးထောင့်တစ်နေရာမှာ ဒီရာသီရဲ့ ဈေးအကြီးဆုံး အဝတ်အစားတွေနဲ့ လူငယ်တစ်ယောက်က သူ့ဘက်ကိုတောင် မကြည့်ဘဲ ခေါင်းငုံ့ပြီး ကြိုးတစ်ချောင်းနဲ့ လက်စွပ်ကို ဆော့နေလေသည်။

ဟန်နဉ်ယွီရဲ့ မျက်လုံးတွေက ချက်ချင်းဆိုသလို မနှစ်မြို့ဖွယ်ဖြစ်လာပြီး ရှရှင်းချီကို ကြာကြာကြည့်နေလေသည်။ ဒီလိုနည်းနဲ့ သူ့ကိုခြိမ်းခြောက်ချင်နေဟန်ရှိသည်။

ကျန်တဲ့သူတွေလည်း မနေသာတော့ဘဲ ရှရှင်းချီဘက်ကို လှည့်ကြည့်လိုက်ကြလေသည်။

ရှက်စရာကောင်းတာက ဟန်နဉ်ယွီမျက်လုံးတွေနာကျင်လာတဲ့အထိစိုက်ကြည့်နေသော်လည်း ရှရှင်းချီမှာတုံ့ပြန်မှုမရှိဘဲ၊ သူ့ဘက်ကို လှည့်ကြည့်ဖို့တောင် ရည်ရွယ်ချက်ရှိပုံမရပေ။

ဒါဟာ သူ့အတွက် ထိခိုက်မှုမရှိပေမယ့် အလွန်သည်းမခံနိုင်စရာကောင်းတဲ့အပြုအမူပင်ဖြစ်သည်။

ဒါကြောင့် ဟန်နဉ်ယွီမှာ ထွက်သွားတဲ့အခါ အလွန်ဒေါသထွက်နေပြီး တံခါးကို “အုန်း” ဆိုတဲ့အသံနဲ့ မှန်တွေပင်ကွဲလောက်အောင် အားပြင်းပြင်းနဲ့ပိတ်လိုက်လေသည်။

တံခါးပိတ်သံကြီး ကြားပြီးတဲ့အချိန်မှာ တစ်ယောက်က “သူတစ်ယောက်တည်းပဲ နောက်ခံကောင်းကောင်းရှိတဲ့သူ” လို့ ဒေါသထွက်စွာပြောလိုက်တယ်။

“ဟန်နဉ်ယွီက အဓိကရင်းနှီးမြုပ်နှံသူနဲ့ရင်းနှီးတယ်လို့ပြောတယ်။ အခုသူ့မှာ အရင်းမြစ်တွေအများကြီးရှိနေပြီ၊ ငွေတွေအများကြီးလည်းဝင်နေပြီတဲ့”

ခုနကတည်းက လက်ထဲမှ လက်စွပ်ပြုတ်ကျမှာစိုးလို့ ဂရုတစိုက် ကြိုးနဲ့တွဲနေတဲ့ ရှရှင်းချီမှာလည်း အခုမှပြီးသွားလေသည်။

“ငွေ” ဆိုတဲ့စကားလုံးကြားတာနဲ့ သူ့ခေါင်းထဲက ရေဒါတိုင်တွေ ထောင်မတ်လာပြီး ဒီလောကထဲမှာ ဘယ်လိုငွေများများရှာရမလဲဆိုတာ လေ့လာချင်နေပြီဖြစ်သည်။

“ရင်းနှီးမြုပ်နှံသူ?” သူဆွဲထားတဲ့အဲဒီ ၂ထောင်၊ ၅ထောင်၊ ၈ သောင်းတန်တွေကို ကြည့်လိုက်။ ဘယ်သူက ရင်းနှီးမြုပ်နှံသူလဲ?”

“မသိဘူး၊ ဒါပေမယ့် အရမ်းချမ်းသာတဲ့သူပဲ-ငါခုနကအောက်ထပ်မှာ Silbert တစ်စီးတွေ့ခဲ့တယ်!”

ရှရှင်းချီ ခေါင်းငုံ့ပြီးတွေးနေတယ် – Silbert ဆိုတာ ဘာလဲ?

တစ်ယောက်က “ဘုရားရေ! အနည်းဆုံး သန်း၅၀ရှိတဲ့ အဲဒီစူပါကားလား? ငါမြင်တောင် မမြင်ဖူးဘူး!”လို့ အော်ဟစ်လိုက်တယ်။

“ဒီကားကို driverတစ်ယောက်မောင်းမှာမဟုတ်ဘူး။ သူ့ရဲ့ထောက်ပံ့သူကိုယ်တိုင် လိုက်ပို့တာလား? တကယ့်ကို ဂုဏ်ယူစရာပဲ။ ဟန်နဉ်ယွီ ဒီလောက်မျက်နှာသာ ပေးခံရတာ မဆန်းပါဘူး။”

ရှရှင်းချီ နားထောင်ရင်းနဲ့ ခြောက်ခြားသွားတယ်။ ငွေကြေးအပေါ်စွဲလမ်းတဲ့သူတစ်ယောက်ရဲ့ တန်ဖိုးထားမှုတွေ တစ်နေ့ထဲမှာပဲ ချိုးဖဲ့ခံလိုက်ရပြီ။ တကယ်ပဲ သန်းချီတန်တဲ့ ဇိမ်ခံကားတွေ ရှိနေတာလား?

ဒါရွှေနဲ့လုပ်ထားတာလား? ကားပြပွဲမှာပြမထားဘဲ၊ မောင်းနှင်ဖို့ သူတို့ တကယ်ပဲ လိုလားကြတာလား?

ဘာပဲဖြစ်ဖြစ် ဟန်နဉ်ယွီတော့ တကယ်ပျော်နေလောက်ပြီ၊ ငွေရှာရင်းနဲ့ တဖက်မှာလည်း ဒီလိုထောက်ပံ့ပေးသူမျိုး ဘယ်ကမှန်းမသိ ရလာပြီဖြစ်တယ်။

ထိုစဉ် တစ်ယောက်က ပြတင်းပေါက်ကနေ အပြင်ကိုကြည့်ပြီး အော်ဟစ်လိုက်တယ် –
“ဟေ့ မင်းတို့ပြောနေတာ ဒီကားလား? သူ့ထောက်ပံ့ပေးသူက အောက်မှာထိုင်စောင့်နေသေးတယ်ကွ!”

လူတိုင်း ပြတင်းပေါက်တွေမှာ ဝိုင်းကပ်ပြီး အောက်ကိုငုံ့ကြည့်လိုက်တယ်။

ဒါကိုမြင်တော့ ရှရှင်းချီလည်း စိတ်ဝင်စားသွားပြီး ခေါင်းငုံ့ကာ ကြည့်လိုက်လေတယ်-

မှောင်နေတဲ့ညကြီးထဲမှာ ငွေရောင်ကားတစ်စီးက ထင်ထင်ရှားရှားရပ်နေတယ်။ အရမ်းရင်းနှီးပြီးသား ပုံစံပဲ။

ရှရှင်းချီ- …!!

သူတို့ပြောနေတာက လီချန်ယွမ်လား?!

သူတို့စကားဝိုင်းထဲမှာ လုံးဝမပါဝင်ဘဲ အေးအေးဆေးဆေး ဖြစ်နေတဲ့သူတစ်ယောက်ဟာ လန့်ဖြတ်သွားပြီး မရှိတဲ့ ဖရဲသီးတွေတောင် လက်ထဲကပြုတ်ကျသွားသလို ခံစားလိုက်ရတယ်။

Chapter 16 end

Chapter 17

ရုတ်တရက်ပေါ်လာသည့် ကားကြောင့် လူတိုင်း အံ့အားသင့်ခဲ့ကြရပြီး ဤလျှို့ဝှက်ဆန်းကြယ်သော ကျေးဇူးရှင်၏ “စစ်မှန်သော ချစ်ခြင်းမေတ္တာ” သဘောထားကြောင့် တုန်လှုပ်သွားခဲ့သည်။

“အာဏာရှိဆရာကို အားကိုးတတ်သော” ဆိုသည့် အရည်အချင်းရှိသော သရုပ်ဆောင်တွေကို နှိမ့်ချ ရှုံ့ချကြသော်လည်း တကယ်တမ်းမှာတော့ သူတို့ဟာ မနာလိုဖြစ်နေကြရုံပါပဲ။

အထူးသဖြင့် ဟန်နဉ်ယွီ ၏ အရှက်တရားကင်းမဲ့စွာ လွှမ်းမိုးချုပ်ကိုင်မှုကြောင့် ဖိနှိပ်ခံရသော အခါမျိုးတွင်၊  သူတို့သည် ပို၍ပင် မနာလို၊ဝန်လိုဖြစ်လိမ့်ကြမည်။

ရှရှင်းချီ နားထောင်သည်နှင့်အမျှ သူ့မှာ အပြစ်ရှိသလို ခံစားလာရသည်။ ဤသို့ မေးခွန်းထုတ်လွန်းသည့် ပါတီ၌ သူမရှိဟု ငုံးငယ်လေးကဲ့သို့ ဟန်ဆောင်ကာ တိတ်တိတ်ဆိတ်ဆိတ် ပုန်းကွယ်နေနိုင်ခဲ့သည်။

သို့သော် သူသည် ခဏမျှသာ ပုန်းကွယ်နေပြီးနောက် အပြင်ကိုစူးစမ်းရန် သူ့လည်ပင်းကို ဆန့်ထုတ်ကာ တစ်ချက်လှမ်းကြည့်လိုက်လေသည်။

ဒရိုင်ဘာထိုင်ခုံတွင် ဝိုးတဝါး အသွင်အပြင်ကို သူမြင်လိုက်ရသည်။  လီချန်ယွမ်က ဘယ်တော့မှ ထွက်မသွားခဲ့ဘူး။

ရှရှင်းချီသည် အနည်းငယ်စိုးရိမ်ပူပန်နေမိသည်။ သူညစာ မစားရသေးသည့်အတွက် သွေးတွင်းသကြားဓာတ်များ ကျနေမလား။  သူ့အစာအိမ်ရော အဆင်မပြေဖြစ်နေမလား။

ညဘက် ဒီလောက်အေးတာကို၊ အအေးမိပြီး အဖျားတက်ရင် ဘယ်လိုလုပ်မလဲ။

ဖြစ်ချင်တော့ ဒီလောက်ချမ်းသာသိတတ်ပြီး ချောမောတဲ့ကျေးဇူးရှင်ကြီးက သူ့ကို အထူးတလည် အကြိုအပို့လုပ်ပေးတာက  တကယ်ပဲအချစ်စစ်ကြောင့်များလား …… မဟုတ်သေးပါဘူး..  နေပါဦးဟ!

ရှရှင်းချီ သည် နောက်ဆုံးတွင် သူ့အာရုံများကို ပြန်လည်စုစည်းလိုက်ပြီးနောက် စိတ်ထဲနှောက်ကျိသွားကာ နှလုံးသားထဲတွင် အပြစ်တင်လိုက်မိသည် _ မဟုတ်သေးပါဘူး ငါ ပြုစားခံလိုက်ရတာလား!  ဒီလူဆိုးကောင်ကို ဘာလို့များ စိတ်ပူနေရတာလဲ။

ဘာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာလဲ။  ငါထွက်ပြေးမှာကို ကြောက်လို့ ဒီမှာ မျက်ခြည်မပြတ် စောင့်ကြည့်နေတာပဲနေမှာ။

ရှရှင်းချီ သည် လီချန်ယွမ်မြင်ကွင်းမှ ထွက်သွားမိသည်ကို ထိုသူက အကြောင်းပြချက်မရှိဘဲ အလွန်စိတ်ဆိုးနေပုံရသည်။
ကားထဲမှ မထွက်ခင် ထိုလူက ကြောက်စရာကောင်းသော လေသံဖြင့် ပြောခဲ့သည်။

“အလုပ်ကိစ္စနဲ့ထွက်တာ အဆင်ပြေတယ်၊ ဒါပေမယ့် ကိုယ် မင်းကို ရှာမတွေ့နိုင်တဲ့နေရာကို မသွားနဲ့”

သူ့အကြောင်း ပိုတွေးမိလေ၊ အကူအညီမဲ့သလို ခံစားရလေလေ ဖြစ်သည်။  ထိုလူသည် ရိုးရိုးရှင်းရှင်းကို ကျိုးကြောင်းဆီလျော်မှု မရှိပေ။

ဘယ်လိုပဲဖြစ်ဖြစ် သူ့လို “အခွင့်ကြုံလို့ လက်ထပ်လိုက်ရတဲ့လူ” တောင်မှ စောင့်ကြည့်ခံရမယ်တဲ့လေ။ တော်သေး‌တာပေါ့ ချင်မင်းဆက်ပျက်သွားလို့ … သူတို့လိုသာ မိဖုရားသုံးယောက်နဲ့ ကိုယ်လုပ်တော်လေးယောက်လောက်ရှိထားရင် မလွယ်ဘူး။

ဒီလိုမှမဟုတ်ရင် လီချန်ယွမ်ကြီးက သူ့ကိုယ်သူ ရှစ်ပိုင်းလောက်ပိုင်းပြီး စောင့်ကြည့်နေမှာသေချာတယ်။

ရုတ်တရက် ကားထဲ၌ တိတ်ဆိတ်သွားလေသည်။ လီချန်ယွမ် ၏ သွယ်လျသောလက်ချောင်းများသည် စတီယာတိုင်ဘီးပေါ်တွင် ဝဲသီနေပြီး အရှိန်အဟုန်ပြင်းစွာ စိတ်ဂနာမငြိမ်ဖြစ်မှုကို ထိန်းထားရန် အနည်းငယ် ဆုပ်ကိုင်ထားပုံရသည်။

သူ့လွတ်လပ်ခွင့်ကို ကန့်သတ်ထားလို့မရဘူး။  သူငါ့ကိုများ… ကြောက်နေတာလား။

လီချန်ယွမ်၏မျက်လုံးများတွင် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်သွားသည်။ တကယ်လို့ သူသာထွက်ပြေးသွားရင်……

လီချန်ယွမ် အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။  ထိုအချိန်၌ပင် သူ့ဖုန်းက နိုတီသံကြောင့် ရုတ်တရက် တုန်ခါသွားသည်။  ထိုစာကို ဂရုမစိုက်ချင်သော်လည်း WeChat မက်ဆေ့ချ်ပို့သောသူမှာ ရှရှင်းချီ ဖြစ်သည်ကို မြင်လိုက်ရသည်။

သေနတ်သံကိုကြားလိုက်ရသလိုပင်။ ထိုစကားပြော chat box ကို ချက်ချင်းဖွင့်လိုက်မိသည်။

“အောက်ထပ်မှာ ဘာလုပ်နေတာလဲ”

“သခင်လေး ကျွန်တော်ထွက်မပြေးဘူးလို့ ကတိပေးပါတယ်။ ဒီလိုမျိုးကြီး စောင့်ကြည့်နေတာကို ရပ်လို့ရမလား၊ တကယ် ကြောက်စရာကြီး”

“လေကိုရချင်ရင်လည်း ပြတင်းပေါက်မှာ နေရာလွတ်ကျန်အောင် သတိထား။”

“ကျွန်တော် အရူးကြီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်သိလား။ အဲဒီနေကာမျက်မှန်နဲ့ သူဘယ်သွားနေလဲဆိုတာတောင် မြင်ရရဲ့လားမသိ။ နံရံကို ပြေးဝင်တိုက်မိရင် ပို​ပြိးတော့တောင် အရူးနဲ့တူသွားဦးမယ်”

”  ဒါနဲ့ ကြော်ငြာရိုက်ဖို့ အချိန်ဘယ်လောက်ကြာမယ်မသိဘူး။ ကျွန်တော့်ကို စောင့်မနေနဲ့၊ ပြန်သွားပြီး တစ်ခုခုစားပြီး စောစောအိပ်နော်။”

____

ရှရှင်းချီသည် လီချန်ယွမ် ရှေ့၌ အထူးသတိထားကာ စကားအလွန်အကျွံ မပြောဝံ့ပေ။

သို့သော် ဖုန်းစခရင်ကဲ့သို့ ဝေးကွာသွားသောအခါ သူပိုဘေးကင်းသည်ဟု ခံစားရပြီး သူ့၏ စိတ်ရင်းအမှန်ကို ချက်ချင်းထုတ်ဖော်ကာ အဆုံးမသတ် အငမ်းမရပြောနေခဲ့တော့သည်။

လီချန်ယွမ် ဖုန်းစခရင်ပေါ်ကိုငုံ့ကြည့်ပြီး ခဏအကြာတွင် ပြုံးလိုက်မိသည်။  ထို့နောက် ဘာမှမဖြစ်ခဲ့သလို လျစ်လျူရှုကာ ကားထဲတွင် ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။

__

ဤအဝတ်လဲခန်းရှိ လူအနည်းငယ်တွင်လည်း “သစ္စာဖောက်” များမှာ တဖြည်းဖြည်းနှင့် တစ်ဖက်နှင့်တစ်ဖက် ရန်ဘက်ပြုလိုသည့် သတင်းစကားသယ်သူများ ဖြစ်လာသည်။

တစ်ချို့လူတွေမှာ ကျော်ကြားမှုအတွက် ဘာမဆိုလုပ်ဝံ့ကြပြီး ဟန်နဉ်ယွီ ကို ပိုမျက်နှာသာပေးချင်ကြသည်မှာ ထုံစံအတိုင်းပင်။

လေထုသည် ပို၍ ပွတ်လောညံလာကာ လူတိုင်းက ရုတ်တရက် သူ့အကြောင်း အတင်းအဖျင်းပြောနေသည်ကို ရပ်လိုက်ကြသည်။

ရှရှင်းချီသည် လက်ဗလာဖြင့် ဖုန်းကိုအားပါပါဆုပ်ကိုင်လိုက်ကာ တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။

အာရုံနောက်ဖွယ် ပွတ်လောရိုက်မှုအပြီးတွင် ထက်ဝက်ကျိုးလုနီးပါး ကွဲသွားသည့် ဆဲလ်ဖုန်းသည် တစ်ဖန် ပြန်လည်နိုတီပေါ်လာသောကြောင့် လီချန်ယွမ် ဆီသို့ ထပ်မံဆက်သွယ်ခဲ့သည်။

ယောက်ျားကြီးတစ်ယောက်က ရင်တွင်းစကားများကို မထိန်းချုပ်နိုင်တော့ပေ။

“စောက်ရမ်းမိုက်လိုက်တာ!”

ရှရှင်းချီ သည် ထိုစကားကို ကြားသောအခါ လေးလေးနက်နက် ပြုံးပြလိုက်ပြီး ပြန်ပြောလိုက်သည်။

“ဘဝက မလွယ်ကူဘူးမဟုတ်လား ၊ ဆိုတော့ လိုက်လျောညီထွေနေတတ်ရင် ကောင်းမယ်”

မည်သည့်စီးပွားရေးတွင်မဆို ဤကဲ့သို့ လိုက်လျောညီထွေနေတတ်မှုသည် မည်သည့်အရာကိုမဆို ပြီးမြောက်အောင်မြင်နိုင်သည့် အရည်အချင်းမျိုးလည်း ဖြစ်သည်။

အကျပ်အတည်းကြောင့် ဤလူများနှင့်စကားမပြောဆိုမိခြင်းကို အပြစ်ရှိသလိုခံစားရသည်။

ဥပမာအားဖြင့်၊ လူတိုင်းက ကုမ္ပဏီက ကားတစ်စီးတောင် မပေးထားဘူးဟူ၍ ညည်းညူနေကြပြီး တဖန် သူတို့ဒီကို မည်ကဲ့သို့ရောက်လာသည်ကို အပြန်အလှန်ဆွေးနွေးနေကြသည်။

အပြင်ဘက်မှ ဇိမ်ခံကားသည် သူ့အတွက်ဖြစ်ကြောင်း သူ့ပါးစပ်က ချော်ထွက်သွားမည်ကို စိုးရိမ်နေမိသည်။

အခြားသော ဖျော်ဖြေရေးနယ်ပယ်ဆိုင်ရာ အကြောင်းအရာများအတွက်မူ လွန်ခဲ့သော နှစ်ရက်ကမှ ဤလောကသို့ စတင်ဝင်ရောက်ခဲ့သော “လူသစ်” သည် မည်သည်ကို မေးရမည်၊ ပြောဆိုရမည်ကို မသိဟု ထင်နေခဲ့သည်။

ထို့ကြောင့် သူဆုံးရှုံးသွားသည်မှာ ထင်ရှားသော်လည်း အခြားသူများ၏အမြင်တွင်မူ သူက မာနကြီးပြီး အေးစက်နေ၏။

ရှရှင်းချီ သည် ပေါင်းသင်းရခက်ခဲသောလူဖြစ်သောကြောင့် ဖြစ်နိုင်သည်၊ သို့သော် ဤအေးစက်စက်အမူအရာဖြင့် စကားပြောရမည်ကို စဉ်းစားရင်း အသက်ရှုကြပ်မိသည်။

ထို့ကြောင့် ရှရှင်းချီ သည် သူ့ခေါင်းကိုအသာငုံ့လိုက်ကာ ကွဲအက်နေသော ဆဲလ်ဖုန်းပေါ်တွင် စာရိုက်ရန်မှတပါး ရွေးချယ်စရာမရှိပေ။  သူနှင့် စကားပြောနိုင်သော တစ်ဦးတည်းသော လီချန်ယွမ်ကို ဒီမှာစောင့်နေရင်း အချိန်မဖြုန်းဘဲ စောစောပြန်ဖို့သာ အကြံပေးခဲ့သည် ။

အချိန်အတော်ကြာ စာရိုက်ပြီးနောက် လီချန်ယွမ် ထံမှ စကားတစ်ခွန်းကို လက်ခံရရှိခဲ့သည်။

“အင်း”

ရှရှင်းချီ : ……?

ဒါက သူ့ကို စောင့်ကြည့်နေတာကို ရပ်မယ်လို့ ဆိုလိုတာလား၊ ဒါမှမဟုတ် သူဖတ်ပြီးပြီလို့ ဆိုလိုတာလားဟ!?

ဒီခံစားချက်က ကြီးမား နုနယ်ပြီး အဖိုးတန်တဲ့ ကြောင်ပေါက်တစ်ကောင်ကို မွေးမြူထားရသလိုပါပဲ။  မှန်မှန်ကန်ကန်သာ မမွေးမြူပါက ထွက်ပြေးမည်ကို စိုးရွံ့မိနေသည်။

ပြဿနာမှာ ဤကြောင်သည် အလွန်စိတ်အနှောက်အယှက်ဖြစ်စရာကောင်းပြီး မာနကြီးကာ လုံးဝမနာခံတတ်ခြင်းကြောင့် ဖြစ်သည်။

ရှရှင်းချီ သည် နောက်ထပ်မတွေးနိုင်မီ၊ ထိုသကောင့်သားလေး ဟန်နဉ်ယွီ သည် နောက်ဆုံးတွင် တောက်တောက်ပြောင်ပြောင် အသွင်အပြင်ဖြစ်ရန် သူ့ကိုယ်သူ သပ်သပ်ရပ်ရပ်ပြင်နေကာ နောက်ဆုံးတွင် လူတိုင်း ကိုယ့်အလုပ် ကိုယ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။

___

 

၎င်းတို့၏ သက်ဆိုင်ရာ ဇာတ်ညွှန်းများ မရရှိခင်တွင် ရှရှင်းချီ သည် ဧည့်ခန်းရှိ စားပွဲပေါ်တွင် သစ်သီးသကြားလုံးများနှင့် ဆော်ဒါ ကိတ်မုန့်များကို တွေ့လိုက်ရသည်။

ပြတင်းပေါက်ကို လှမ်းကြည့်လိုက်ပြန်သည်နှင့် သိသိသာသာ ဈေးကြီးသော ပြိုင်ကားတစ်စီးသည် အမှောင်ထဲတွင် တိတ်တိတ်ဆိတ်ဆိတ် ရပ်ထားဆဲ၊ ဤသည်မှာ ခင်ပွန်းသည်ကို ကြည့်နေသည့် ကျောက်တုံးကြီးနှင့်တူသည်။

ဗီလိန်သာ ဒီဖော်ပြချက်ကို ကြားရင် သူ့ခေါင်းသူဖြတ်ပစ်လိမ့်မယ်။

အလုပ်ပြန်ဆင်းချိန်အတွက် ထိုလူမှာ တစ်ခုခုပြဿနာဖြစ်နေဟန်ပေါ်သည်။  တက္ကစီငှားပေးရန် သို့မဟုတ် ယာဉ်မောင်းကို ခေါ်ပေးရန် သူကူညီပေးနိုင်သည်မှာ လွယ်ကူလှသော်လည်း သူသည် တွန့်ဆုတ်နေမိပြီး သူ့အကျင့်စရိုက်အရသာ ဆက်စောင့်ကြည့်နေခဲ့သည်။

သို့သော်လည်း အဆုံးတွင် ရှရှင်းချီ သည် အသဲနုကာ လီချန်ယွမ် နေမကောင်းဖြစ်မည်ကို စိုးရိမ်မိသည်။

ထို့ကြောင့် သူသည် မုန့်တချို့နှင့်သကြားလုံးအနည်းငယ်ကို တိတ်တဆိတ်ဆုပ်ယူကာ အခွင့်အရေးရသည်နှင့်တပြိုင်နက် သူ့ကို ပေးရန် ကြံစည်နေခဲ့သည်။

သူ့အိတ်ကပ်ထဲ မုန့်တချို့ထည့်နေရင်း  ဘေးနားက ရုတ်တရက် အသံတစ်ခု ကြားလိုက်ရသည်။

“ဟေး မင်းက ဒီမှာ လာခိုးနေတာလား”

ရှရှင်းချီ သည် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ သူ့စိတ်မကြည်ဖြစ်နေသည်ကို မည်သူမှလာအစားမထိုးနိုင်တော့ပေ။ ထို့အပြင်၊ ဤနေရာရှိ အရာများကို လွတ်လပ်စွာစားသုံးနိုင်သည်ကို ကလေး မက ခွေးပင် သိပါသည်။

တစ်ဖက်တစ်ချက် လှည့်ကြည့်လိုက်သောအခါ ဤသည်မှာ ဟန်နဉ်ယွီ၏ ထထိုးချင်စရာ မာနထောင်လွှားသော မျက်နှာကြီးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဟန်နဉ်ယွီက ခဏလောက်စဉ်းစားပြီး ကဲ့ရဲ့လှောင်ပြောင်လာခဲ့သည်။

“ဒါပေမယ့် မင်းရဲ့အဝတ်အစားအတုတွေကို တကယ့်အစစ်လို့ထင်နေတာ။ အခုတော့ မုန့်ဝယ်ဖို့တောင် မတတ်နိုင်တော့ဘူးလား?၊ အဲ့ဒါကြောင့် မုန့်ထုပ်တွေကိုခိုးပြီး မင်းစားဖို့ပြန်ယူသွားမလို့လား။”

ဧည့်ခန်းထဲတွင် လူအများအပြားရှိခဲ့သည်။  ငယ်ငယ်ရွယ်ရွယ်နှင့် အနုပညာရှင်တွေပဲဖြစ်ဖြစ်၊ ဝန်ထမ်းတွေပဲဖြစ်ဖြစ် ဒီနေ့ရိုက်ကူးရေးမှာ အနည်းငယ် စည်ကားသည်ဟု ပြောလို့ရသည်။

ဟန်နဥ်ယွီ၏ အသံသည် လူတိုင်းကြားနိုင်လောက်အောင် ကျယ်နေသည်။

အခြားသူများအတွက် စံနမူနာပြရန် “ငါ မင်းကို အသာလေး ရိုက်ချနိုင်တယ်၊ ရက်စွဲတစ်ခုသာ ရွေးလိုက်” ဆိုသည့် ကွက်ကွက်ကွင်းကွင်း တင်ဆက်မှုတစ်ခုနှင့်တူနေသည်။

ဤလှုပ်ရှားမှုမှာ သိသိသာသာ ထိရောက်ခဲ့သည်။ ဤသည်ကိုမြင်သည်နှင့် ဘယ်သူမှ စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့သွားကြသည်။

ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုသည်ကို သူတို့ အပြည့်အ၀ သိခဲ့ကြသော်လည်း ထိုသို့ဆင်းရဲပြီး မကျော်မကြား ရှရှင်းချီဘက်မှ ရပ်တည်ပေးရန် ဘယ်သူမှအလိုမရှိခဲ့ပေ။  အရာအားလုံးအတွက် သူတစ်ယောက်တည်းသာ သည်းခံရလိမ့်မည်။

သူတို့ခန့်မှန်းထားသည်နှင့် ဆန့်ကျင်စွာ ရှရှင်းချီက ပြုံးပြီး မေးလာသည်။

” မင်းက ဒါကို ဝယ်ချင်တာလား ၊ ဒါပေမယ့် ဒီတံဆိပ်အစစ်ထဲက အတုတွေကို မပြောနဲ့ဦး .. မင်းမျက်စိက ကန်းလွန်းတာမို့ လမ်းဘေးက အမှိုက်အိတ်ကို ရှာပြီး ကောက်စွပ်ထားလိုက်လေ။ ဟေးး…အပြင်မှာ သန့်ရှင်းရေးအမျိုးသမီးကိုင်ထားတဲ့ ပလတ်စတစ်အိတ် အနက်ရောင်က မဆိုးဘူးနော်.. ယူဦးမလား။”

ထိုစကားဖြင့် တုံ့ပြန်ပြီးနောက်တွင် ဖန်သားဖြင့်ပြုလုပ်ထားသော ကျိုးပဲ့လွယ်သည့် သူ့ကြောင်ကြီးအား အစာကျွေးရန် နောက်ထပ် မုန့်လက်တစ်ဆုပ်ကို ကောက်ယူလိုက်သည်။

ဟန်နဥ်ယွီသည် သူ့စကားကြားတော့ ဒေါသတကြီး ဖြစ်သွားသည်။

အားနည်းသူများကို နင်းချကာ အားကြီးသူများကို မြှောက်ပင့်ပေါင်း၍  ဤလမ်းကို စတင်လျှောက်လှမ်းရာတွင် အောင်မြင်သူတစ်ဦးအနေဖြင့် သူ၏ကျောထောက်နောက်ခံလူ နှင့် ရင်းနှီးလာကတည်းက ငယ်ရွယ်သော အနုပညာရှင်များကို အကြိမ်ကြိမ် အနိုင်ကျင့်ခဲ့သည်။

ဒါပေမယ့် သူ့ကိုမျက်နှာသာမပေးသည့်အပြင် သူ့အရည်အချင်းများကို သိသိသာသာပုတ်ခတ်လိုက်သည့် ဤသို့ ကတ်ကတ်လန်လူမျိုးဖြင့် ဘယ်တုန်းကမှ သူမကြုံတွေ့‌ဖူးပေ။

“ရှရှင်းချီ ဟုတ်တယ်မလား၊ မင်းစောင့်နေ ငါမင်းကိုမှတ်ထားပြီ!”

ထိုသို့ပြောဆိုပြီး ဒေါသတကြီး လှည့်ထွက်သွားတော့သည်။ ဒီတစ်ကြိမ်တွင် တံခါးပိတ်သံက ပိုကျယ်လောင်သည်။

Chapter 17 end

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

Status: Ongoing Type: Author: Released: 2022

Name-နာမကျန်းဗီလိန်ကြီးနဲ့စည်းစိမ်ရှာသူတို့၏အိမ်ထောင်ရေး

Description

ရှရှင်းချီဟာ အရမ်းဆင်းရဲခဲ့တယ်။ သူသေသွားပြီး စာအုပ်ထဲကို ပြန်ဝင်စားလိုက်တော့ ချမ်းသာတဲ့မိသားစုက ပြန်ခေါ်ထားတဲ့ သခင်လေးဖြစ်သွားပြီး ချက်ချင်းကြီး ချမ်းသာသွားတာပေါ့။

ဒါပေမဲ့ စာအုပ်ထဲက သ​ေဘာတရားတွေက လွဲနေတော့ သူက အ​မြောက်စာ​ဇာတ်ကောင်သာဖြစ်ပြီး ဇာတ်လမ်းကို ခိုးယူသွားတဲ့ သခင်လေးအတုက ဇာတ်လိုက်ဖြစ်နေတယ်လေ။

မိဘနှစ်ပါးစလုံးရဲ့အချစ်ကို မရတဲ့ ရှရှင်းချီဟာ နာမကျန်းတဲ့ ဗီလိန်သူဌေးကြီး လီချန်ယွမ်နဲ့ အတင်းအိမ်ထောင်ချပေးခံလိုက်ရတယ်။ ဒီအိမ်ထောင်ရေးကနေ ထွက်ပြေးရင် သူသေမှာ။ စေ့စပ်ပွဲမှာ သခင်လေးအတုက ထောင်ချောက်ဆင်ပြီး သူ့ကို ထွက်ပြေးအောင်၊ ပြဿနာရှာအောင် လုပ်ပေမဲ့ သူကတော့ ချက်ချင်းပဲ မျက်လုံးတွေတောက်ပသွားပြီး “လောင်ကုန်း!” ဆိုပြီး အပြေးသွားလိုက်တယ်။

မသေမျိုး အမတလို ပုံစံ၊ ပခုံးကျယ်ကျယ် ခြေတံရှည်ရှည်နဲ့ ပြီးပြည့်စုံတဲ့ ကိုယ်လုံးကိုယ်ပေါက်... စည်းစိမ်ရှာသူလေးကတော့ အဲဒါတွေကို စိတ်မဝင်စားဘူး။ သူ့မျက်လုံးထဲမှာ သူ့ရဲ့စေ့စပ်ထားသူ လီချန်ယွမ်ကြီးက တလက်လက် တောက်ပနေတဲ့ လူပုံစံ ငွေထုတ်စက်ကြီးပဲ!

ရှရှင်းချီက လီချန်ယွမ်ရဲ့ပေါင်ပေါ်ကို ရဲရဲတင်းတင်းထိုင်ပြီး သူ့လက်ကို ချစ်ချစ်ခင်ခင်ကိုင်ထားလိုက်တယ်: “မစ္စတာလီ၊ မြင်မြင်ချင်း အချစ်ဆိုတာ ယုံကြည်လား?”

—သူကတော့ ငွေခေါ်သံကြားတာနဲ့ ယုံကြည်တယ်။

လူတိုင်း အံ့အားသင့်သွားပြီး ရှရှင်းချီဟာ တကယ်ကို အရူးပဲလို့ ထင်ကြတယ်။ ဗီလိန်သူဌေးကြီးက သူ့ကို ချက်ချင်းပဲ ကြမ်းပြင်ပေါ် ပစ်ချမှာပဲလို့ ထင်ကြတယ်။ မထင်မှတ်ပဲ လီချန်ယွမ်က တိတ်တဆိတ် အကြည့်ကိုအောက်ချလိုက်ပြီး ခဏကြာတော့ ပြုံးလိုက်တယ်: “ယုံကြည်တယ်”

လူအများရှေ့မှာပဲ သူက ရှရှင်းချီကို ပွေ့ချီပြီး အိမ်ကို ခေါ်သွားလိုက်တယ်။

ရှရှင်းချီလေး လန့်သွားတယ်: ခဏလေး! ကျွန်တော့်ကို လွှတ်ပေး! ဇာတ်လမ်းက မှားနေပြီဗျ!

ဇာတ်လမ်းလမ်းကြောင်းလွဲဖယ်သွားတော့ စည်းစိမ်ရှာသူလေးဟာ ဖျော်ဖြေရေးလောကထဲမှာ ငွေရှာပြီး ချမ်းသာအောင်လုပ်ရတော့တယ် — လီချန်ယွမ်ကို နောက်ဆုံးအချိန်ထိ ချစ်ခင်ယုယစွာ ပြုစုပေးရင်းပေါ့ —

မူရင်းစာအုပ်ရဲ့ဇာတ်လမ်းအရ ဗီလိန်ကြီးက မကြာခင်သေတော့မှာ။

လီချန်ယွမ်ရဲ့ မျက်နှာက ဖြူဖျော့နေပြီး အားနည်းတဲ့ အသံနဲ့ တိုးတိုးလေးမေးတယ်: “ငါပြောတာအားလုံးကို မင်းသဘောတူမှာလား?”

ရှရှင်းချီက မကြာခင် သူ့လက်ထဲရောက်လာတော့မယ့် 100 ဘီလီယံရှိတဲ့အမွေတွေကို တွေးပြီး ဝမ်းသာအားရ မျက်ရည်တွေနဲ့ ခေါင်းညိတ်လိုက်တယ်: “ပြောပါ၊ ကျွန်တော် သေချာပေါက် ကတိပေးမယ်”

သူအံ့အားသင့်သွားတာက သေတော့မယ့်လူက ချက်ချင်းထလာတယ်လေ: “မင်းစကားကို မင်းမှတ်ထား”

နောက်နေ့ အိပ်ရာကနေ မထနိုင်တဲ့ ရှရှင်းချီ: “ကျွတ်! နာမကျန်းဖြစ်လို့ သေတော့မယ့်လူက ဒီလိုမျိုးလုပ်နိုင်တယ်ပေါ့လေ!”

လီချန်ယွမ်: သူက ငါသေတော့မယ်လို့ အမြဲထင်နေတာ ဘာကြောင့်လဲတော့ မသိဘူး၊အဲ့တော့ ငါ ကျန်းမာတယ်ဆိုတာ သူ့ကို တခြားနည်းနဲ့ ပြရမယ်။

>>>>>>

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset