Little Creampie:
Chapter 31
အကြီးအကဲမန်နေဂျာသည် နှစ်နာရီကြာ ချော့မော့နေပုံရကာ ဒီလူ အမှုမဲ့အမှတ်မဲ့ စကားပြောနေတာကိုကြည့်ပြီး ရှရှင်းချီ နားလည်သွားသည်။ “Supreme VIP” တွေက ဘာလို့ ဒီလိုဝန်ဆောင်မှုမျိုး ရတာလဲဆိုတာကိုပေါ့။
ထိပ်တန်းဒီဇိုင်နာများသည် အလွန်မာနကြီးသောကြောင့် ဖောက်သည်များကို ယဉ်ကျေးစွာ ဆက်ဆံရန် ခက်ခဲသည်ဟု ဆိုကြသည်။ လီချန်ယွမ်ကဲ့သို့ အကောင် အကြီးကြီးနှင့် တွေ့ဆုံသောအခါတွင် တစ်စုံတစ်ယောက်သည် တံတားအနေဖြင့် ပံ့ပိုးကူညီရန် လိုအပ်သည်။
သို့သော် ရှရှင်းချီ၏အမြင်အရ၊ ဤပုဂ္ဂိုလ်သည် သူ့စီးပွားရေးကို မြှင့်တင်ရန် ဤနေရာ၌ရှိနေသည်။
တစ်ဖက်လူက အချိန်အတော်ကြာ ညှိနှိုင်း စကားပြောပြီးနောက် နောက်ဆုံးတွင် “မစ္စတာလီ၊ ဒီဝတ်စုံက ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ်စတိုင် ဖြစ်ရုံသာမကဘဲ အဖြူအမည်း ဆိုပြီး စတိုင်တစ်မျိုးနဲ့ စုံတွဲစတိုင်လည်း ရှိပါတယ်။”
“သခင်ကြီး ဒီနှစ် ဖက်ရှင်ပွဲမှာ ရှသခင်လေးနဲ့ လိုက်သွားမှာမလား။”
“သခင်လေးတို့ရဲ့ စုံတွဲဝတ်စုံအတွက် ကျွန်တော်တို့ စီစဉ်ပေးရမလား? ဒီစုံတွဲစတိုင်—”
လီချန်ယွမ် ၏ အမြဲတမ်း အမူအရာ ကင်းမဲ့နေသော မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားသည်။
မန်နေဂျာသည်လည်း ထိုမြင်ကွင်းကို အံ့အားသင့်သွားကာ အလျင်စလိုဖြင့် ပါးစပ်ပိတ်၍ နောက်ထပ် မပြောဝံ့တော့ဘဲ သူပြောခဲ့သော စကားများ မှားသွားသလားဟု စိတ်ထဲ ရှုပ်ထွေးနေတော့သည်။
ရှရှင်းချီ မှာမူ ဤဝတ်စုံသည် သန်းပေါင်းများစွာ တန်ဖိုးရှိပုံကို စဉ်းစားနေစဉ်တွင် ထိုမန်နေဂျာအတွက် ပြဿနာကို မှန်းဆခဲ့သည်။
ဟီးဟီး၊ ငါတို့နှစ်ယောက်က ချစ်လို့ လက်ထပ်ဖို့ သဘောတူခဲ့တာမှမဟုတ်တာ။ မမျှော်လင့်ထားဘူးမလား။
သူ့လိုသူဌေးကြီးက ငါနဲ့ ဖက်ရှင်ပွဲကို အတူလိုက်တက်ပါ့မလား စဉ်းစားလေ။ မင်းက ငါ့ကိုပဲအထင်ကြီးလွန်းနေတာလား သူ့ကိုပဲ အထင်သေးလွန်းတာလား။
ပြီးတော့ သူမှာ အေးစက်စက်နဲ့ လူတောမတိုးတဲ့ ကိုယ်ရည်ကိုယ်သွေးရှိနေတာကို။ ဒီလိုကိစ္စမျိုးမှာ သူဘယ်လိုလိုက်နိုင်မလဲ။
မန်နေဂျာသည် အချိန်အတော်ကြာအောင် စိတ်ပျက်သွားပြီး နောက်ဆုံးတွင် ၎င်း၏အမှတ်တံဆိပ်အရည်အသွေးအတွက် လီချန်ယွမ် ၏ အထင်အမြင်သေးမှုကို လက်ခံရမည်ကို စိုးရိမ်ခဲ့သည်။
၎င်းသည် နာမည်အကြီးဆုံး အမှတ်တံဆိပ်ဖြစ်နေပြီးသားဖြစ်ပြီး ဖျော်ဖြေရေးသမားများနှင့် ချမ်းသာသူများကြားတွင် အလွန်လေးစားမှုခံရသည်။ ဒါပေမဲ့ ဒါက နာမည်ကြီးတွေအတွက် မျက်နှာပွင့်လန်းမှုရရှိဖို့ လူအများရင်းနှီးတဲ့ နာမည်ကြီးအမှတ်တံဆိပ်တွေကို လိုအပ်လို့ပဲ ဖြစ်သည်။
သို့သော်လည်း လီချန်ယွမ် ၏ ကိုယ်ပိုင်အမူအကျင့်အရ သူသည် စီးပွားရေးစျေးကွက်ကို ဦးတည်ခြင်းမရှိသော ကိုယ်ရေးကိုယ်တာရှိသည့် ဂန္ထဝင်အမှတ်တံဆိပ်မျိုးကိုသာ ရွေးချယ်လေ့ရှိသည်။ လူအများ ကြားတောင်မကြားဖူးသည့်၊ ဤဂန္ထဝင်အမှတ်တံဆိပ်သည် ကမ္ဘာပေါ်ရှိ ထိပ်တန်းစား လက်ချိုးရေ၍ရသော လူအနည်းငယ်အတွက်သာ အ၀တ်အစားများကို ဖန်တီးပေးခြင်းဖြစ်သည်။
ထို့ကြောင့် အနှီပုဂ္ဂိုလ်သည် ၎င်းတို့၏ အဝတ်အစားဘရန်းများကို လူသိရှင်ကြား တစ်ကြိမ်ဝတ်လိုက်လျှင်ပင် ရောင်းအား သန်းပေါင်းများစွာ ရရှိရုံသာမကဘဲ ဂုဏ်ယူစရာ၊ မျက်နှာပွင့်စရာလည်း ဖြစ်လိမ့်မည်။
လီချန်ယွမ် သူ့နှုတ်ခမ်းတွေကို စေ့လိုက်သည်။ မသိနားမလည်တဲ့ ဒီလူက ဖက်ရှင်ပွဲသွားမယ့်အကြောင်း ရုတ်တရက် ဖော်ထုတ်လိုက်တော့ သူ ရှက်လည်းရှက်၊ ဒေါသလည်းထွက်မိပေမယ့် အနည်းငယ် စိတ်ရှုပ်ထွေးသွားသလိုလည်း ခံစားလိုက်ရသည်။
ဒါနဲ့ သူက ဘေးဘက်ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။ မှန်ထဲကနေ သူ့ကို ကျောပေးထားတဲ့ ရှရှင်းချီဆီကိုပေါ့။
အဆုံးတွင် ရှရှင်းချီသည် ၎င်းကို မကြားသလိုပင် ပြုမူခဲ့သည်။ သူသည် သူ့ “စေ့စပ်ထားသူ” ၏ နေရာကို ဂရုမစိုက်ဘဲ စုံတွဲအဝတ်အစားများ ၀တ်ထားသည်ဖြစ်စေ မဝတ်သည်ဖြစ်စေ ၊ တန်ဖိုးကြီးဝတ်စုံပေါ်မှ ကြယ်သီး၏ အသွင်အပြင်ကိုသာ အာရုံစိုက်နေခဲ့သည်။
ထို့ကြောင့် အရှက်တရားမှသည် မကျေနပ်မှုနှင့် စိတ်အနှောင့်အယှက်အဖြစ်သို့ ပြောင်းလဲသွားသည်။
လီချန်ယွမ်၏အမူအရာသည် မဲမှောင်နေတာမို့ မန်နေဂျာမှာ ပါးစပ်ပင်မဟရဲတော့ပေ။
****
ပွဲက တစ်ရက်ပြီးတစ်ရက် နီးကပ်လာတာနဲ့အမျှ လူမျိုးပေါင်းစုံက ကိုယ်ရည်ကိုယ်သွေးတွေ ပြသဖို့ အရှိန်အဟုန်နဲ့ ဖန်တီးနေကြပြီ။
ရှရှင်းချီက Weiboအား ပွတ်နေလေကာ hot searchမှာ ပါတဲ့ လူတွေရဲ့ နာမည်တွေက အကုန် ရင်းနှီးပြီးသားတွေချည်းပဲ။ ဒီရက်ပိုင်းအတွင်းမှာ ဒီအသိုင်းအဝိုင်းထဲကလူတွေကို သူ ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်နေပြီ။
မူလခန္ဓာကိုယ်ပိုင်ရှင်ဟာ ရှယွီကြောင့် လုံလောက်အောင်ကို ဒုက္ခရောက်ခဲ့ရပြီး ရန်သူများနဲ့ အကြပ်ကိုင်စရာတို့မှာ နေရာအနှံ့ရှိခဲ့၏။
တမင်လူတွေကို မသိဟန်ဆောင်ခြင်း ၊ မကောင်းသည့်ပြုမူပြောဆိုပုံရှိခြင်းနှင့် လေပေါ်မြောက်နေခြင်း အစသဖြင့်…. နောက်တစ်မှုသာ ထပ်တိုးခဲ့ပါက သူ မတရားစွာ သေရလိမ့်မည်။
ပျင်းရိပျင်းတွဲနဲ့ စာမျက်နှာတွေကို ဆွဲလှိမ့်ရင်း #
#ရှယွီ၊ ကျွန်တော် ကြိုးစားအားထုတ်မှုနဲ့ပဲ ရပ်တည်ချင်ပါတယ်# ဆိုတဲ့ ရေပန်းစားနေတဲ့ ရှာဖွေမှုတစ်ခုကို ပေါ့ပေါ့ပါးပါးပဲ နှိပ်လိုက်သည်။
သူဟာ နာမည်ကြီးidolတစ်ယောက် ဖြစ်ဖို့ ထိုက်တန်ကာ marketing account ပေါင်းစုံနှင့် ရေတပ်(ပိုက်ဆံပေးကာ ခိုင်းထားသည့် commentရေးပေးသူ) တို့က သူ ပရိသတ်ရှေ့မှာ ဖော်ပြထားတဲ့ ဇာတ်ကောင်ပုံစံဖြစ်သည့် “သခင်ငယ်လေးမှန်း အသိသာကြီး၊ ဒါပေမယ့်မမြင်သာအောင် နေပြီး သူ့အားသူ ကိုးတယ်” အား အလွန်အကြူး ချီးကျူးနေခဲ့ကြသည်။
သူ့ရဲ့ ကျော်ကြားမှုဟာ မိသားစုရဲ့ ပိုက်ဆံနဲ့ အရင်းအမြစ်တွေကြောင့် ဖြစ်နေပေမယ့်၊ သူက “နာမည်မကြီးအောင်” နေချင်တဲ့ပုံစံမျိုး ဖမ်းထားပေမယ့် တစ်နိုင်ငံလုံးကို သူ့က လူချမ်းသာ ဒုတိယမျိုးဆက်သခင်လေးလို့ သိစေချင်တဲ့အထိ ဖြစ်နေခဲ့ပေမယ့် သံသယဝင်တဲ့ အသံတွေ ဘယ်လောက်ပဲ ထွက်ပေါ်လာပါစေ၊ ရူးသွပ်တဲ့ ပရိသတ်တွေက ပျောက်ကွယ်သွားတဲ့အထိ ဖုံးလွှမ်းပစ်လိုက်ကြသည်။
ရှရှင်းချီ သူ့ခေါင်းအား စောင်းလိုက်ကာ မူလ အမြှောက်စာဇာတ်ကောင်၏ ဝမ်းနည်းစရာ အဆုံးသတ်ကို ပြန်မှတ်မိအောင်လုပ်နေ၏။
အစစ်အမှန် ချမ်းသာသည့် သခင်ငယ်လေးအနေဖြင့် ရှမိဘတို့မှာ ရှရှင်းချီ၏ စတားဘဝအား မထိခိုက်စေရန် သူဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားရန် အတင်းအကြပ်ခိုင်းခဲ့သည်။
အဲ့ဒါမှာ မူလပိုင်ရှင် သေဆုံးသွားသည့်တိုင် သူက “ရှမိသားစု၏ တရားမဝင် သားတစ်ယောက် အဖြစ် သံသယဖြစ်ခံရသူ” ဟု နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ရသည်အထိ ရောက်ခဲ့သည်။ ဌက်ကျား၏ အသိုက်ကို အပိုင်သိမ်းခဲ့သော အတုကောင် ရှယွီမှာ “သနားဂရုဏာသက်စရာ” နစ်နာသူ နှင့် “တကယ့်” သခင်လေး အစားဖြစ်သွားခဲ့၏။
မူလပိုင်ရှင်မှာ မဝံ့မရဲဖြင့် ဒီမကျေနပ်ချက်အား သေသည်အထိ သည်းခံခဲ့သည်။ သို့သော် ရှရှင်းချီက အဲ့ဒါအား တကယ်မခံနိုင်ပေ။ အခြားအရာတို့အား အချိန်တစ်ခုလောက် ဘေးဖယ်ထားကာ coffee position (ဖျော်ဖြေမှုလုပ်ငန်းထဲ၌ ကြယ်ပွင့်၏ အဆင့်အတန်း) နှင့် ဂုဏ်သတင်းတို့မှာ ပိုက်ဆံရှာသည့်ကိစ္စ၌ အရေးကြီးသည်။
ဆိုရိုးရှိသည့်အတိုင်း တစ်ယောက်ယောက်၏ ငွေကြေးအင်အားတို့အား ဖြတ်ချသည်မှာ သူတို့၏ မိဘအား သတ်သည့်နှင့် တူသည်။ ငွေကြိုက်ခင်လေး၏ စတားဘဝနှင့် ပိုက်ဆံအများကြီးရှာခြင်းအား ဝင်ရှုပ်ရဲသည့် ဘယ်သူပဲဖြစ်ဖြစ် သူ သူတို့အား သူ့ရှိသမျှ ခွန်အားဖြင့် ပြန်ချမည်။
– – –
“ဘာတွေ ဖြစ်ကုန်တာလဲ။” ရှယွီက သူ့ဖုန်းထဲမှ ဖိတ်ကြားလွှာ စာရင်းအား ထိုးပြလိုက်ကာ စိတ်တိုစွာ မေးလိုက်သည် “သူ့နာမည်က ဘယ်တုန်းက ပေါ်နေတာလဲ။”
သူ့ရှေ့တွင်ရှိသည်မှာ သူ့ပြိုင်ဘက်ကင်းမန်နေဂျာ ဖုန်းယင်းရွှီ တစ်ဖြစ်လည်း သူ နှင့် ရှရှင်းချီ၏ သရုပ်မှန်ကိုသိသော လူနည်းစုထဲမှ တစ်ယောက်ဖြစ်၏။
ရှယွီ၏ အကြံအဖန်ကောင်းသော အပြင်ပန်းဖန်တီးထားသည့် သရုပ် marketingမှာ ဖုန်းယင်းရွှီ လက်ထဲမှပင်ဖြစ်သည်။ ထို့ကြောင့် သူ ဘာကို ပူပန်နေမှန်းအား သဘာဝကျစွာပင် သိ၏။
ရှရှင်းချီကို အချိန်တိုင်း ဖိနှိပ်ရခြင်းမှာ အပျော်သက်သက်ကြောင့် မဟုတ်ပါ။ သူက နာမည်မကြီးလာရမည် သို့မဟုတ် လူအများမျက်စိရှေ့ မပေါ်လာရမည်ဖြစ်သောကြောင့်လည်း ပါသည်။
မဟုတ်ခဲ့ပါက သခင်လေး အတု နှင့် အစစ်တို့ကို ဖုံးကွယ်ဖို့ ခက်လိမ့်မည်။
“စိတ်မပူပါနဲ့” ဖုန်းယင်းရွှီ စိစစ်လိုက်သည်၊ “ပွဲကို အတော် လူသိရှင်ကြားဖြစ်အောင်လုပ်ထားတယ်ဆိုရင်တောင် ကော်ဇောနီပေါ်မှာ နှစ်တိုင်း လူတွေအများကြီး ရှိပါတယ်။ ပြီးတော့ ဘယ်သူကမှ ဒါကြောင့် နာမည်မကြီးဖူးဘူး။”
“ဒါပေမယ့် ရှရှင်း……!” ရှယွီက စိတ်ဆိုးလွန်းသောကြောင့် သူ့ပါးစပ်ကို ဖွင့်လိုက်တာ ဆွံ့အနေသည်။
သူပြောချင်ခဲ့သည်မှာ “ဒါပေမယ့် ရှရှင်းချီက အရမ်း ကြည့်ကောင်းတယ်။ လူတွေ သူ့ကိုမြင်ရင် သေချာပေါက် စိတ်အားထက်သန်မှုရှိမှာပဲ။”
သို့သော် ထိုအရာမှာ မှားယွင်းနေသလို ခံစားရသည်။ သူ ရှင်းလင်းစွာ နားလည်သည်မှာ ဒီလူက ရွက်ကြမ်းရည်ကျိုရုပ်ရှိ၏။ သူ့စျေးပေါတဲ့ အဖေဖြစ်သူ ရှဖျင်ကျန့်နဲ့ အလွန်ဆင်လေသည်၊ မနပ်ကာ အရည်ထူလျက်။ ဖျော်ဖြေရေး လုပ်ငန်းထဲ၌ သူ့အား တခြားသူတွေကို ပိုပေါ်လွင်စေအောင်သာ သုံးလို့ရနိုင်သည်။
တိတိကျကျ ဒါကြောင့် သူက သူ့အား ဒီအသိုင်းအဝိုင်းထဲဝင်အောင်နှင့် ဆွေမျိုးနဲ့ သူငယ်ချင်းများရှေ့ တခြားသူတွေကို ကူညီပေးသည့်အတွက် ဂုဏ်သတင်းကောင်းရအောင် “ရက်ရက်ရောရော” ကူညီပေးခဲ့ခြင်းပင်။ ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ဆိုးတဲ့ ရှရှင်းချီမှာ အရံလူဇာတ်ကောင်အဖြစ်သာ သရုပ်ဆောင်နိုင်လိမ့်မည်။
ရှယွီ အဲ့အကြောင်းအား သေချာ ပြန်စဉ်းစားလိုက်၏။ သို့သော် သူ့မှတ်ဉာဏ်ထဲမှ ပုံပန်းမှာ ချက်ချင်း ဝါးသွားခဲ့ကာ ဒီ ချောမော သန့်စင် လှပသော ကောင်လေး၏ သရုပ်သကန်သာ ကျန်နေခဲ့သည်…… ကြည့်ရတာ သူက အမြဲ ဒီလိုပဲဖြစ်ခဲ့တာလား။
ကြည့်ကောင်းလွန်းလို့ လူတွေတောင် သူ့ကို မနာလိုဖြစ်တယ်။
“အဲ့ဒါဆို သူ့ကို အကြပ်ကိုင်ဖို့ဟာတွေ ဆက်ဝယ်ပြီး ရေအညစ်အပတ်တွေနဲ့ ဆက်ပတ်! သူ့နာမည်အနောက်ကို ရှက်စရာပဲ လိုက်ရမယ်! သူ ထင်ပေါ်ကျော်ကြားလို့ မဖြစ်ဘူး!” ရှယွီ သူ့အံကို ကြိတ်လိုက်သည်။
ဖုန်းယင်းရွှီက ဒီတစ်ခါ ဒါကို မထောက်ခံကာ စကားပြောဖို့ တွန့်ဆုတ်နေခဲ့သည် : “ရှောင်ယွီရယ် အဲ့ဒါက မစ္စတာလီကြောင့် ခြွင်းချက်ဖြစ်သွားပြီး သူ ဖိတ်စာရသွားတာနေမှာပါ။”
ဖြစ်နိုင်သည်မှာ ရှရှင်းချီက လီချန်ယွမ်ဆီမှ ပစားပေးခံနေရကာ သူ့အား ထပ်ထိဖို့ မဖြစ်နိုင်တော့ပေ။ မဟုတ်လျှင် သူရန်မစသင့်သည့် တစ်စုံတစ်ယောက်ကို သွားအပြစ်ပြုမိပါက နောက်ဆက်တွဲပြဿနာများအား မည်သူမှ ခေါင်းခံနိုင်မည်မဟုတ်ချေ။
ရှယွီ ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည် : “မဖြစ်နိုင်ဘူး!”
သူက ရှရှင်းချီရဲ့ စေ့စပ်ပွဲပြီးတဲ့နောက်ပိုင်း သူ့အရင်းအမြစ်အပြောင်းအလဲများကို အထူး သတိထားနေခဲ့တာဖြစ်သည်။ သို့ပေမယ့် ၎င်းတို့မှာ သနားစရာကောင်းစွာ ရှားပါးတုန်းဖြစ်ကာ လီချန်ယွမ်က သူ့အား ဘာမှ မပံ့ပို့ပေးခဲ့ပေ။
သူသာ ကုမ္ပဏီဆီမှ အထောက်အပံ့ရခဲ့ပါက လျစ်လျူရှုခံရကာ အိမ်မှာ ပျင်းနေရမည် မဟုတ်ချေ။
လီချန်ယွမ်က ပွဲအား တက်ချင်ခဲ့တာသာ ဖြစ်လိမ့်မည် ဖြစ်ကာ ပွဲစီစဉ်သူက သူတို့၏ ဆက်ဆံရေးအား သိသောကြောင့် ရှရှင်းချီအား အပေါင်းတစ် အဖြစ် လက်ခံခဲ့တာသာဖြစ်မည်။
အဲ့ဒီလိုမျိုး မာနကြီးပြီး စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ ရူးကြောင်ကြောင်လူမျိုးကို ဘယ်သူမှ မြှူဆွယ်လို့ မရနိုင်ဘူး။
ရှယွီ အံတွေကျိတ်ပြီး သူ့ကိုယ်သူ အားပေးလိုက်သည်။ ဒီမင်္ဂလာပွဲအခွင့်အရေး ဆုံးရှုံးတာ ဘာမှမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် လီချန်ယွမ်က လူမှုဆက်ဆံရေးမှာ ခေါင်းမာပြီး အေးစက်စက်နေတတ်သူမို့ သူ့ကိုယူရင်လည်း အသုံးမဝင်ဘူး။
– – –
ဖက်ရှင်ကျတဲ့ “ညစာ” စားပွဲလို့ ဆိုပေမယ့် လူတော်တော်များများက နေ့လယ်ကတည်းက စောစောရောက်နှင့်နေကြပြီ။
သူတို့၏ ပုံပန်းသွင်ပြင်အား သေသေချာချာ သပ်ရပ်အောင် ပြုပြင်နိုင်ခဲ့ရုံတင် မကဘဲ လူရှေ့ထွက်နေကျမဟုတ်သော တခြား လူမှုအသိုင်းအဝိုင်းမှ သူဌေးများအား တွေ့ဆုံရမည့် အခွင့်အရေးမှာ ပိုကောင်းနေသည်။ အဆင့်မြင့်ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံနိုင်ချေရှိတာကိုး။
ရှရှင်းချီက အိမ်မှာ အလွန် ပျင်းနေခဲ့ကာ အပြင်ထွက်ချင်နေခဲ့တာ ကြာပြီဖြစ်သည်၊ လေ့ကျင့်ခန်းလုပ်ရန်အတွက် လွှတ်ပေးခံရသည့် အကျဉ်းသားကဲ့သို့ပင်။ အိမ်တွင် ဆယ်ရက်နေခဲ့ပြီးသော် နောက်တစ်ရက်ထပ်နေလျှင် သူ့ခေါင်းပေါ် မှိုများ ပေါက်တော့မည်။
“အစ်မ မုန့်မုန့်၊ ဘယ်လိုထင်လဲ!” သူ အဝတ်လဲခန်းထဲမှ ခုန်ထွက်လာကာ တစ်ပတ်လှည့်ပြရင်း သူဝတ်ထားတာလေးကို ဂုဏ်ယူ စိတ်လှုပ်ရှားစွာ ကြွားနေခဲ့သည်။
လင်းမုန့်က ချက်ချင်း လက်မထောင်ပြလိုက်ကာ တွန့်ဆုတ်မနေဘဲ ချီးကျူးလိုက်၏ : “အရမ်းကောင်းတယ်!”
ဝတ်စုံဖြူ၏ ချုပ်လုပ်ပုံလက်ရာမှာ အရမ်းအဆင့်မြင့်ကာ မီးရောင်အောက်တွင်ကြည့်ပါက တန်ဖိုးကြီးပြီး အပေါစားမဟုတ်သည့် စိန်များအား တွေ့နိုင်သည်။ အထူးသဖြင့် ရှရှင်းချီ၏ နုပျိုသော ပင်ကိုစရိုက်နှင့်အတူ သူ့အား ဂုဏ်သရေရှိ သခင်လေးကဲ့သို့ ဖြောင့်မတ်ကာ ဝင်းလက်တောက်ပြောင်စေသည်။
ပထမကတော့ သူမသည် အဲ့ဒီစက်ဆုပ်ဖွယ်ကောင်းသော လူအိုကြီးနှင့်ပတ်သက်၍ စိတ်ပူနေခဲ့သည်။ သူက သူမ၏ မိုက်မဲသော တိတိလေးအား ဘာအင်အားမှ မထောက်ပံ့ပေးဘဲ ဝန်ဆောင်မှုအား အခမဲ့ရယူနေခဲ့သည်လေ။ သို့သော် ဒီဝတ်စုံက တကယ်ကို ကွက်တိကျကာ အလွန်ကြည့်ကောင်းနေသည်မလား။
စားဝတ်နေရေးပြေလည်ရုံသာရှိသော အနုပညာရှင်ငယ်လေးတွေမှာ တန်ဖိုးကြီး၍ စတိုင်အသစ်များဖြင့် အလှပြိုင်ဖို့ မတတ်နိုင်သော်လည်း အနည်းဆုံးတော့ အခု သူက အကောင်းဆုံး ဝတ်စားထားသည့် လူငယ်လေး ဖြစ်နိုင်လိမ့်မည်။
လင်းမုန့်က နောက်ဆုံးတော့ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့၏ : “ ကြည့်ရတာ နင့်ကျေးဇူးရှင်က အလှအပနဲ့ ပတ်သက်ပြီး ကောင်းတဲ့အမြင် ရှိတဲ့ပုံပဲ။ အနည်းဆုံးတော့ နည်းနည်း အားကိုးရသေးတယ်။”
အဲ့ဒါက “နည်းနည်းပဲ” ဖြစ်နေရခြင်း အကြောင်းအရင်းမှာ ဘာလို့လဲဆိုတော့ သူမက အခုလေးတင် အလွန် ဒေါသထွက်သွားခဲ့သောကြောင့်ဖြစ်၏ – limited edition စူပါကားကို ဝယ်ဖို့ တတ်နိုင်တဲ့အထိ ချမ်းသာတဲ့သူက တကယ်ကြီး ရှရှင်းချီကို သူ့ဟာသူ ဘက်စ်ကားနဲ့ လာခိုင်းတယ်တဲ့လား?!
သူတို့က အတူတူတောင်နေပြီးနေတာကို ဒရိုင်ဘာလေးပို့ပေးဖို့ ခက်ခဲနေသလား။ သူမ တကယ်မေးချင်သည်က အဲ့ဒီ အရမ်းကြည့်ကောင်းတဲ့ ဒရိုင်ဘာ ဘယ်ကိုရောက်သွားလဲ ဟုပင်။ သို့သော် သူမ ရုတ်တရက် သတိရသွားသည်မှာ ဒီဝတ်စုံကို ကျေးဇူးရှင်အား ကျေနပ်စေခြင်းဖြင့် ဝယ်ခဲ့တာဖြစ်၏။
အဲ့ဒါကြောင့် လင်းမုန့်၏ စိတ်ကူးယဉ်မှုမှာ သူ့ကျေးဇူးရှင်နဲ့ ကားပေါ်မှာ ချစ်ကြည်နူးနေကာ ဒရိုင်ဘာက ထိုအချစ်ဇာတ်ကြမ်းကို ဘေးကနေ ဖြူဖပ်ဖြူရော်ဖြင့် အကူအကယ်မဲ့စွာသာ ကြည့်နေနိုင်ကာ တစ်ယောက်တည်း ဝမ်းနည်းကြေကွဲနေသည်အား အာရုံ၌ မြင်ယောင်မိသွားသည်။
-ဘုရားရေ၊ ဒါဘယ်လိုတောင် ဆင်းရဲဒုက္ခကြီးလဲ! တော်တော်စက်ဆုပ်ဖို့ကောင်းလိုက်တဲ့ လူအိုကြီးပဲ!
Chapter 31 end
Chapter 32
လီအုပ်စု ဌာနချုပ် အဆောက်အအုံ..
သူ “တစ်ရုပ်တည်း နှစ်နေရာ သရုပ်ဆောင်” နေရမှန်း မသိခဲ့သော လီချန်ယွမ်မှာ ကိုယ်ရုံတော်ပေါင်း မြောက်များစွာအား အပြစ်တင်နေခဲ့သည်။ သူတို့က လူတစ်ယောက်လေးကိုတောင် မစောင့်ကြည့်နိုင်ကာ ရှရှင်းချီအား ဒရိုင်ဖဘာကို ထားခဲ့ပြီး တစ်ယောက်တည်း ထွက်သွားစေခဲ့၏။
သူ ပွဲအတွက်တာဝန်ရှိသူနှင့် ရှရှင်းချီ အဲ့ကိုရောက်ကြောင်း အတည်ပြုရန်သွားနေတုန်းမှာပဲ သူ နှာချေခဲ့သည်။
အဲ့အချိိန်မှာပဲ ဒေါက်တာကျောက်ယင်းဟယ်က တံခါးကို တွန်းဖွင့်ကာ သူ့ရုံးခန်းထဲ လမ်းလျှောက်လာနေတာ ဖြစ်နေသည်။ ဒါကို မြင်တဲ့အခါ သူက မျက်ခုံးပင့်၍ ပြောလိုက်သည် “အိုး? ကြည့်ရတာ တစ်ယောက်ယောက်က ကွယ်ရာမှာ မင်းအတင်းတုပ်နေတယ်နဲ့ တူတယ်နော်?”
လီချန်ယွမ် : “……”
တခြားဘက်ခြမ်းမှာတော့ လင်းမုန့်က သူတစ်ပါးကို ညှင်းပန်းနှိပ်စက်မှုနှင့် မိမိကိုယ်တိုင်နှိပ်စက်ခံရခြင်းဖြင့် ကာမခံစားသူတို့၏ အချစ်တြိဂံအကြောင်း ဆက်မစဉ်းစားတော့ဘဲ ရှရှင်းချီဝတ်ထားတဲ့ အဝတ်အစားကို ဝမ်းမြောက်စွာဖြင့် ကြည့်နေလေသည်။ သို့သော် သူမ ကြည့်လိုက်သည်နှင့် ရင်းနှီးနေသလို ခံစားရ၏။
“နေပါဦး?” သူမ ခဏ တွန့်ဆုတ်နေပြီးမှ ဖုန်းအားထုတ်၍ လိုင်းပေါ်ရှာခဲ့သည်။ “ဘာလို့များ ဒီဝတ်စုံက ဟိုဟာနဲ့ တူနေတယ်လို့ ငါထင် – ”
စခရင်ပေါ်၌ ထိပ်တန်း luxury brandတစ်ခု၏ နောက်ဆုံးပေါ်ဒီဇိုင်းက ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
လင်းမုန့် အသက်ရှူမှားသွားသည်။ ရှရှင်းချီ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖုန်းဆက်ပြီး အဝတ်အစားကိစ္စ ပြေလည်သွားပြီ၊ သူ့ကို ကူညီခဲ့တဲ့သူက အရမ်းလှပြီး ဈေးကြီးတဲ့ ဝတ်စုံတစ်စုံ ဝယ်ပေးခဲ့တယ်လို့ ပြောခဲ့တာကို သူမ သတိရမိသွားတယ်။
ဝယ်ပေးခဲ့တယ်…… ဒီကျေးဇူးရှင်က ဘယ်လောက်တောင်ချမ်းသာပြီးချစ်တတ်လွန်းနေလို့ ဒီအဆင့်မြင့် ဖက်ရှင်ပေါ်မှာ သိန်းပေါင်းချီပြီး သုံးနိုင်တာလဲ။
အဲ့နောက် အမှန်တရားတစ်ခုသာ ရှိလေသည်။ ဒီအတွေး ထွက်ပေါ်လာချိန်တွင် သူမက နာမည်ကြီး ပန်းချီကားဖြစ်သော “The Scream” အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည် : “ရှင်းချီ မင်း red carpet ပေါ်မှာ အတုတွေ ဝတ်လို့မရဘူးနော်။ အဲ့ brandက သတိထားမိသွားရင် နင်လျော်ရလိမ့်မယ်!”
ချုပ်ထားသည်မှာ ကွာလတီကောင်းလွန်းကာ အသေးစိတ်ကျသော်ငြား ဒီလို လူ အတော် စိတ်ဝင်စားတဲ့ luxury brand နဲ့သာဆိုရင် ၊ brandက ရှာမတွေ့ခင် သူ ပစ္စည်းအစစ်ဝတ်တဲ့ သူနဲ့ရောက်ရောက်ချင်း တိုးလိမ့်မယ်။
ရှရှင်းချီက သူပြောတာကို နားမလည်ပါ၊ သို့သော် သူ “ပိုက်ဆံပေး” ဆိုတဲ့ စကားလုံးအား ကြားလိုက်ရာ ကြောက်အားလန့်အားဖြင့် မြန်မြန် မေးလိုက်သည် :
“ဘာလို့ ကျွန်တော်တို့က ပိုက်ဆံ ဆုံးရမှာလဲ။”
သူ၏ ကြီးမားကာ မိန်းမောတွေဝေနေသော မျက်လုံးများဖြင့် ရင်ဆိုင်ရသော် လင်းမုန့်မှာ ပြောစရာ စကား ပျောက်သွားလေသည်။ သူမ တကယ် ဒီကျေးဇူးရှင်အား ဖြုတ်ချပစ်ကာ ဟစ်ကြွေးချင်သည် : ရှင် ဒီအင်္ကျီတွေကို ဘယ်လိုရွေးလိုက်တာလဲ။ ငါ့တိတိလေးက မသိနားမလည်သူလေးလေ၊ ရှင် အဲ့ဒါတောင် မသိဘူးလား?
နှစ်ဦးသား တစ်ယောက်ကို တစ်ယောက် စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်မိကြသည်၊ ပြီးေသော် ရှရှင်းချီက သူမ၏ စကားများကို နားလည်သွားကာ ပျော်ရွှင်စွာ ရှင်းပြ၏ : “စိတ်မပူပါနဲ့ အစ်မမုန့်မုန့် ကျွန်တော့်ရဲ့ဒီတစ်ခုက အရမ်း စစ်ပါတယ်။ ကျွန်တော့်ရဲ့ စပွန်ဆာက စူပါရှယ် ချမ်းသာတယ်။”
နိုင်ငံထဲက ထိပ်တန်းစာရင်းဝင်တဲ့အထိကို ချမ်းသာတာမျိုးလေ။ တစ်ခါတည်းနဲ့တင် အကျိုးအမြတ်တွေ အများကြီးရနိုင်တယ်။
မျှော်လင့်ထားသည်နှင့် ဆန့်ကျင်လျက် ဒါက လင်းမုန့်ကို စိတ်မအေးစေရုံတင်မဟုတ်ဘူး အဲ့အစား ပိုလို့တောင် စိတ်ဓါတ်ကျသွားစေကာ သည်းမခံနိုင်အောင်ဖြစ်စေ၏ : ဒါ လွန်လွန်းတယ်။ လူအိုကြီးတစ်ယောက်က ဘာမှ မသိတဲ့ကလေးတစ်ယောက်ကို ဘယ်လိုတောင် လှည့်ဖြားနိုင်ရတာပါလိမ့်။
သန်းချီသုံးဖို့မပြောနှင့်၊ ပိုအရေးကြီးသည်မှာ ပိုက်ဆံသုံးချင်လျှင်တောင် လူတိုင်းက အဲ့ဒါကိုဝယ်ဖို့သတ်မှတ်ချက်နှင့် မကိုက်ညီပေ။ သာမန် ချမ်းသာသော brand တို့က သူတို့ကိုတောင် မရာင်းပါ။
သို့သော် ရှရှင်းချီအား အခုမှ ကိုယ်လုံးတီးဖြစ်အောင် ချွတ်၍ မရချေ။ အဲ့brandက လာတရားမစွဲဘူးလို့သာ မှန်းဆကာ လင်းမုန့်က သန်းတွေအရမ်းများနေရင် ကိုက်ခံရမှာ မကြောက်ရတော့ဘူးဆိုတဲ့ စိတ်နဲ့ပဲ သူ့ကိုယ်သူ နှစ်သိမ့်နေရသည်။ နောက်ပြီး အတုဝတ်တဲ့သူတွေ အများကြီး ရှိဦးမှာပါလို့လည်း တွေးလိုက်၏။
ညရောက်လာသည်နှင့် အပြင်က ကော်ဇောနီကို လမ်းအဆုံးထိ ခင်းထားကာ နှစ်ဖက်လုံးမှာလည်း မရေမတွက်နိုင်သည့် ကင်မရာများနှင့်ပင်။
ခန်းမအပြင်ဘက်ရှိ ကော်ဇောနီဘေးတွင် မရေမတွက်နိုင်သော fanများက သူတို့idolများအား စောင့်နေကာ အားပေးသည့် မီးရောင်စုံတို့အား ဝေ့ယမ်းရင်း စိတ်လှုပ်ရှားစွာ ရပ်နေကြ၏။
Live broadcast မှာလည်း အဆင်သင့်ဖြစ်နေလေပြီ။ Screen ပေါ်၌ ပွဲစီစဉ်သူ၏ logoသာရှိသေးသော်လည်း broadcast တွင် စိတ်အားထက်သန်နေသော fanများဖြင့် ပြည့်နေလေပြီ။
မထင်ပေါ်လွန်းသောကြောင့် သူ့အား ဘယ်သူမှမသိသည်ကို အခွင့်ကောင်းယူ၍ ရှရှင်းချီက အချိန်ဖြုန်းရန် ပတ်လျှောက်သွားနေလေကာ “နာမည်ကြီးအိုင်ဒေါ ရှယွီ” မျက်နှာအား လူအုပ်ထဲ၌ တွေ့ခဲ့သည်။
သူ့ကို အားပေးနေသော မီးတို့မှာ သောင်းသောင်းဖြဖြဖြစ်နေရုံတင်မဟုတ်ဘဲ fanများက သူ့sloganကိုပင် တစ်ခဏ အဆိုကျင့်နေကြသည်။
သူက ဝတ္ထုစာအုပ်ထဲ၌ အားလုံးချစ်ကြသည့် အဓိကဇာတ်ဆောင်အဖြစ် ထိုက်တန်လေသည်။ သူ့ကို အားလုံးက နှစ်သက် အလိုလိုက်ကြကာ မကောင်းသော အပြုအမူတို့မှာလည်း ခွင့်လွှတ်ခြင်းခံရ၏။
Fanထဲကြား၌ အသည်းစွဲများလည်း ရှိကြကာ တစ်နေ့ သူ မိုးကောင်းကင်၏ ပြစ်ဒဏ်သင့်ကာ မိုးကြိုးပစ်သတ်ခံရလျှင် လူအများကြီးက သူ့အတွက် မျက်ရည်ကျပေးလိမ့်မည်။
ရှရှင်းချီ မျက်တောင်ခတ်လိုက်ကာ သူပျောက်နေကြောင်း တစ်ယောက်ယောက်သတိထားမိရန် ဘယ်လောက်ကြာမလဲဟု တွေးနေခဲ့သည်။ နောက်ပြီး သူသာ ဒီကနေ ပျောက်သွားခဲ့လျှင် လီချန်ယွမ်တစ်ယောက်တည်းကသာ သူ့အား လိုက်ရှာလိမ့်မည်။
ဖြစ်နိုင်သော အကြောင်းပြချက်မှာ ဒီလူ၏ တစ်ပါးသူအပေါ် ယုံမှားသံသယလွန်ကဲသော စရိုက်က မည်သူ့ကိုမျှ သူ့ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ခွင့်ပေးမည် မဟုတ်သောကြောင့်ပင်။
ဒီကြောက်မက်ဖွယ် ထိန်းချုပ်ရန် ပြင်းပြသည့် ဆန္ဒအကြောင်းပြောကာမှ ရှရှင်းချီ မျက်မှောင်မကြုတ်ဘဲ မနေနိုင် :
သူ ဘက်စ်ကားစီးရန် လစ်ထွက်သွားခြင်းအား မိသွားပြီဖြစ်ကြောင်းနှင့် လီချန်ယွမ် ဒေါသထွက်နေကြောင်းကို အတွင်းရေးမှူးယဲ့က အခုလေးတင် သတင်းပေးသွား၏။
လေထုမှာ အလွန် ကြောက်လန့်ဖွယ်ကောင်းနေ၍ မည်သူကမျှ သူ့အား စာရွက်စာတမ်း သွားမပို့ရဲကြကာ သူမနှင့်အတူ သူတို့အားလုံးအားခေါ်သွားရန် သူမအား တောင်းဆိုနေကြသည်။
အဆုံးသတ်၌ သူမ သုံးသပ်ချက် ချလိုက် သည် : မစ္စတာလီ ဒေါသထွက်နေတယ်၊ မင်းသူ့ကို ချော့ရင်ချော့ မဟုတ်လည်း သူနဲ့ ဝေးဝေးမှာနေ။ ဒရိုင်ဘာက ရောက်ပြီးနေပြီ၊ ပြီးတော့ မစ္စတာလီကလည်း သိပ်မကြာခင် ပွဲကို ရောက်လာလိမ့်မယ်။
ရှရှင်းချီက ထိုသတင်းများအား ကြားပြီးသော် ကြောင်အသွား၏။ လီချန်ယွမ်က မကြာခင် ရောက်တော့မယ်? သူပွဲတက်ဖို့လုပ်နေတာလား ဒါမှမဟုတ် တစ်ယောက်ယောက်ကို ဒေါသတကြီး ဖမ်းဖို့လား။
ရိုးသားစွာဖြင့် ရှရှင်းချီမှာ တိတ်တိတ်လေး မခိုးထွက်သွားချင်ခဲ့ပါ။
သို့သော် သူ့လို dark coffee (လူမသိသူမသိ စတား) က ဒရိုင်ဘာနဲ့ luxury ကားနဲ့ အတွေ့ခံရပြီး ဇာချဲ့ခံရလျှင် အဲ့ဒါ အတော်ပြဿနာတက်လိမ့်မည်။ ပို၍ တရားလွန်သည်မှာ သူ့နောက်လိုက်နေသည့် ကိုယ်ရံတော်မှာ လေးယောက်တောင်ရှိ၏။
ဖက်ရှင် ဂီတဆည်းဆာပွဲဟာ မင်းသားလေးတစ်ယောက် ဝင်ပြိုင်သည်နှင့် တူနေလိမ့်မည်။ သူ့အား ဘယ်လိုဖြစ်ဖြစ် မကြိုက်ကြသည့် anti-fan များ မပြောနှင့်၊ သူတောင် သူ့ကိုယ်သူ အဲ့ဒါ ဟိတ်ဟန်ထုတ်သလိုဖြစ်လိမ့်မည်ဟု ထင်၏။
အဲ့ဒါက တကယ်တမ်း သူ့ရဲ့ သူတစ်ပါးအပေါ်သံသယလွန်ကဲကာ လွန်စွာထိန်းချုပ် တတ်ပြီး အကြောင်းတစ်မျိုးမျိုးကြောင့် အမြဲ သူထွက်ပြေးသွားမှာစိုးသည့် စေ့စပ်ထားသူကြောင့်ဟု ဘယ်သူက သိထားလိမ့်မလဲ။
ရှရှင်းချီ ရုတ်တရက်ကြီး ပတ်မလျှောက်သွားရဲတော့ပေ။ လီချန်ယွမ်အား သူ ဒီကိုမရောက်မီ စိတ်ငြိမ်စေသည်မှာ ကောင်းလိမ့်မည်။ အဲ့နောက် တစ်ချိန်တည်းမှာ သူ့ကိုရှာတွေ့ပြီးနောက် သူ့ခေါင်းအား ရက်စက်စွာ ကိုက်ဖြတ်မခံရခင် လစ်ထွက်ကာ သွားပုန်းမည်။
– – –
လီချန်ယွမ် ကားစီးနေတုန်း တစ်ယောက်ယောက်ထံမှ message များက သူ့ဖုန်းအား ဆက်တိုက်လင်းနေစေ၏ :
[ချစ်လှစွာသော သူဌေးလီ ~ ခင်ဗျား ဒီနေ့ ပျော်ရဲ့လား။ ခင်ဗျား ဒီနေ့ ရွှင်ပျရဲ့လား။ ခင်ဗျား ဒီနေ့ စိတ်ကျေနပ်ရဲ့လား။]
[ဒါနဲ့ ကျွန်တော် ခင်ဗျားအတွက် လုပ်ပေးထားတဲ့ အချစ်ရဲ့မုန့်လေးတွေက အရသာရှိရဲ့လား။ အဲ့ဒါတွေက ရှစားဖိုမှူးအသစ်ရဲ့ အသစ်ဖန်တီးထားတဲ့ salty cheese-baked soda cookies လေ!
[အခု မိုးလေဝသက ကောင်းတယ်လို့ ခင်ဗျားထင်လား။ ခင်ဗျား တစ်ယောက်ယောက်ကို စိတ်ဆိုးနေလား။]
အဲ့နောက် သူ သက်ကြီးပိုင်းအတွက် လူသိများတဲ့ သိပ္ပံဆောင်းပါးကို ပို့စ်တင်လိုက်တယ် : “စိတ်ဆိုးခြင်း၏ ဆိုးကျိုးများ: ဒေါသက တကယ်ပဲ လူတွေကို ရူးသွပ်အောင် လုပ် နိုင်လား။ မကြာခဏ စိတ်ဆိုးခြင်း၏ အဓိက ဘေးအန္တရာယ် ၅မျိုး – ခင်ဗျား ဒါကို ဖတ်ပြီး စိတ်ဆိုးရဲသေးလား။”
လီချန်ယွမ်က နူးညံ့စွာ ပြုံးလိုက်ကာ ကားပြတင်းပေါက်အပြင်ဘက်ရှိ ညကောင်းကင်အား မော့ကြည့်လိုက်၏။ ရှင်းလင်းသည်မှာ မိုးလေဝသ ကောင်းမကောင်း သူမမြင်နိုင်ပေ။
ဒါပေါ့ သူ ဘာလို့ ရှရှင်းချီ က မရပ်တမ်း စကားတွေများနေမှန်း သိပါသည်။ သို့သော် သူစိတ်ဆိုးချင်ယောင်သာ ဆောင်လိုက်ကာ သူ့messageများကို replyမပြန်ဘဲ လျစ်လျူရှုခဲ့ကာ ဖြူကောင်ပုံ ဘူးလေးထဲမှ ကွတ်ကီးများအား ယူနေခဲ့၏။
ပျော့ပြောင်းနူးညံ့သော ချိစ်နှင့် နို့အရသာက သူ့လျှာဖျားတွင် ထွက်ပေါ်လာခဲ့သည်။ လီချန်ယွမ် သူ့နှုတ်ခမ်းများအား စေ့လိုက်ကာ ဘေးမှ လက်တစ်ဖက်က တိုးတိုးလေး သူ့ဘေးခုံမှ ဆန့်ထွက်လာပြီး တစ်ခုယူကာ စားချင်နေသည်အား တွေ့၏။
အဲ့ဒါကြောင့် သူ ဘူးအဖုံးအား ချက်ချင်း မျက်နှာ အမူအရာ မဲ့စွာဖြင့် ပိတ်လိုက်ကာ ဘူးကိုပင်လျှင် တခြားသူ မထိနိုင်ပါ။
ကားလိုက်စီးဖို့ အရှက် လုံလုံလောက်လောက် မရှိသည့် ကျောက်ယင်းဟယ်မှာ ရွေးချယ်စရာမရှိ သူ့လက်အား စိတ်တိုစွာ ပြန်ရုတ် လိုက်ရပြီး သူ့မျက်လုံးတို့ကို လှိမ့်လိုက်ကာ ပြောသည် : “မင်း ငါ့ကို ကွတ်ကီးလေး တစ်ခုတောင် မကျွေးချင်ဘူး၊ ဘာလို့ အဲ့လောက် ကပ်စီးနည်းရတာလဲ! မင်း အဲ့ဒါကိုလက်က မချနိုင်တာ အဲ့ဒါ ဘယ်လောက်တောင် အရသာရှိလိမ့်မလဲ ဟမ်?”
အဲ့အကြောင်း တွေးပြီးနောက် သူထပ်ပြောလိုက်သည် : “မင်း အဲ့ဒါတွေကို အရင်က မကြိုက်ဘူးမလား။ ငါကြားတာ မင်းအခုတလော အဲ့ဒါတွေကို နေ့တိုင်း စားနေတယ်ဆို?”
သေချာတာပေါ့ လီချန်ယွမ်က ဘယ်အချိုပွဲကိုမှ သိပ်စိတ်မဝင်စားပေ။ သို့သော် သူမုန့်များကို နေ့တိုင်း ကုန်အောင် စားသေးကာ ဘူးအလွတ်အား စားပွဲပေါ်တင်ထား၏။
ထို့ကြောင့် ရှရှင်းချီ အထင်လွဲသွားသည်မှာ “သူအတိအကျကြိုက်သည့်” လျှို့ဝှက် မုန့်လုပ်နည်းအား တွေ့သွားပြီဖြစ်ကာ စိတ်လှုပ်ရှားစွာဖြင့် သူစားဖို့ အရသာမျိုးစုံကို ပြောင်းလုပ်ပေးနေခဲ့လေသည်။
ကျောက်ယင်းဟယ်က သူ့အသံကို လျှို့ဝှက်ဆန်းကြယ်စွာ လျှော့ချပြီး မေးလိုက်တယ်– “မင်း အခြားလူအပေါ် အချစ်ပြောင်းသွားတာလား။ ဒါ မင်းအမှား မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းလေးရှက တကယ်ကို ချစ်ဖို့ကောင်းတာကိုး။ ဒါပေမဲ့ မင်းနဲ့ စေ့စပ်ပြီးသားဖြစ်နေတာပဲ နှမြောတယ်။ မဟုတ်ရင် ငါက……”
လီချန်ယွမ်က ရုတ်ခြည်း သူ့အား အေးစက်စွာ ကြည့်လိုက်ရာ ဟိုတစ်ယောက်မှာ သူစကားမပြောရဲကြောင်းကိုပြဖို့ ပါးစပ်မြန်မြန် ပိတ်လိုက်လေသည်။
နှစ်စက္ကန့်လောက် ငြိမ်သွားပြီးနောက် ကျောက်ယင်းဟယ်က ပါးစပ်စည်းမစောင့်ဘဲ ဆက်ပြောသည်– “ငါပြောဦးမယ်၊ နှစ်ပေါင်းများစွာ ရှာဖွေပြီးတာတောင် သူ့ကို မတွေ့သေးဘူးဆိုရင် မင်း လက်လျှော့လိုက်သင့်ပြီ။ ပင်လယ်ထဲမှာ ငါးတွေ အများကြီးရှိ -“
“အဲဒါ သူပဲ”
“အို……အာ?” ကျောက်ယင်းဟယ် ကြက်သေသေသွား၏။
လီချန်ယွမ် တကယ်ကြီး အဲ့လူကို ရှာတွေ့သွားသောကြောင့် သူကြက်သေသေသွားရခြင်းမဟုတ်၊ သို့ပေမယ့် သူရှာနေတဲ့သူက ရှရှင်းချီ လုံးဝ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
အရင်တုန်းက ရှမိသားစုခေါင်းဆောင်နဲ့ သူ့မိန်းမက မြို့လေးတစ်မြို့ဆီ စီးပွါးရေးအရ ခရီးသွားခဲ့ကြကာ သူတို့ ကလေးက ကိုးလထက် နည်းပြီးနောက် စောမွေးခဲ့၏။
တိတိကျကျ ဒီလို မထင်မှတ်ထားတဲ့ မြန်ဆန်မှုကြောင့် တကယ့်သခင်လေး “ရှရှင်းချီ” က သူ့ဘဝကို လျှို့ဝှက်ပူးပေါင်းကြံစည်ကြတာ ခံရပြီး မြို့တော်နှင့် မိုင်ပေါင်းထောင်ချီဝေးသည့် မြို့ငယ်လေး၌ နေခဲ့ရသည်။
မည်ရွေ့မည်မျှ သူ့ဘဝက အလွန်ဝမ်းနည်းစရာကောင်းကာ ဆင်းရဲခဲ့သော်လည်း တစ်ဆင့်ပြီးတစ်ဆင့် ခြေရာခံနိုင်ခဲ့၏။ လီချန်ယွမ် ၇နှစ်သား၌ တစ်ဖက်လူမှာ မြို့တော်တွင် ခြေမချဖူးပေ။ အဲ့ဒါဆို သူက ဘယ်လိုများ သူရှာနေတဲ့သူ ဖြစ်ရတာလဲ။
ဒါကိုစဉ်းစားမိသော် ကျောက်ယင်းဟယ်မှာ အချိန်အတော်ကြာ ဘာပြောရမှန်းမသိ ဖြစ်နေခဲ့၏။
သူနားလည်ခဲ့သည်မှာ လီချန်ယွမ်၏ စူးရှကာ အနုစိတ်သော စရိုက်အရ သူမစေ့စပ်မီ တစ်ဖက်လူ နောက်ကြောင်းအား ရှာဖွေပြီးခဲ့မည်ဖြစ်ရာ ဒီဟာ၏ မဖြစ်နိုင်ကြောင်းကို သူ ကောင်းစွာ သိရမည်။
လီချန်ယွမ် ဒီလိုပြောနေရခြင်း အကြောင်းအရင်းက ……. သူက သူ့ကိုယ်သူ လှည့်စားနေရုံတင်မဟုတ်ဘူး၊ ရှရှင်းချီကို အစားထိုးခံအဖြစ် သုံးနေတာများလား။
ကျောက်ယင်းဟယ်က သူ့အမြင်သုံးဖက်မှာ ချက်ချင်း အက်ကွဲသွားသလို ခံစားရ၏။ ဘယ်မှာများ သံသစ်ပင် (ဖြစ်နိုင်ချေနည်းတဲ့ အရာ) ပေါက်နေတာလဲ။ ဒါ တကယ်တမ်း သံသစ်ပင်က ကောက်ကွေ့စွာ အဆိပ်သီးသီးနေတာပဲ အာ
သူ ချက်ချင်း သူ့အား ဒီလို ဆန်ကုန်မြေလေး အမူအကျင့်အတွက် ပြင်းထန်စွာ ကြပ်တည်း ဆုံးမလိုက်ချင်သော်လည်း သူ့ခေါင်းကို လှည့်လိုက်သောအခါ လီချန်ယွမ် မျက်ဝန်းတို့မှာ အပြုံးများဖြင့် ပြည့်နေကြောင်း တွေ့လိုက်ရ၏။
သူ အမြဲ ဖျောက်ရခက်ခဲ့သည့် ရန်လိုမှုအား ဘေးဖယ်ထားပြီး သူတစ်ခါမှ မဖြစ်ဖူးသည့် အမူအရာအား ပြလို့နေသည်။
-မေ့လိုက်ပါတော့၊ လူတွေရဲ့ အချစ်ရေးက သူကိုယ်တိုင်နဲ့ ဘာမှ မဆိုင်ပါဘူး။
အဆုံးမှာတော့ ဒါဟာ အစားထိုးတဲ့ အခြေအနေဆိုလျှင်တောင် သူ့၏ အဆိုပါ လရောင်ဖြူလေး ရှိခဲ့ မရှိခဲ့မှာ ပဟေဠိ ဖြစ်နေသေးသည်။
အခု ဘယ်သူမှ သူ့ရှေ့တွင် သံသယမဝင်ရဲတော့ချေ။ သို့ပေတည်း အဲ့အချိန်တုန်းက လီချန်ယွမ်လေးမှာ တန်ရာတန်ကြေးပေးခဲ့ကာ အံကိုကြိတ်၍ “သူ” ဆိုပြီး ဆက်လက်တည်ရှိဖို့အတွက် ဆင်းရဲဒုက္ခများကို တောင့်ခံခဲ့၏။
အခု လီချန်ယွမ် ပျော်နေသည်မှာ ကောင်းပေကာ မန်ဒရင်းဘဲအား တင်းပုတ်ဖြင့်ရိုက်နှက် (အချစ်ရေးတွင် ဝင်စွက်ဖက်) ခြင်းက ပြစ်မှုကြီး ဖြစ်လိမ့်မည်။ မတော်လို့ သူသာ တစ်ဘဝလုံး ဆင်ဂယ်ခွေးဘဝနဲ့ နေသွားရမယ်လို့ ဘုရားက ပြစ်ဒဏ်ချမှတ်ရင် ဘယ်လိုလုပ်မလဲ။
Chapter 32 end