⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 43

Little Creampie:
Chapter 43

နောက်တစ်နေ့မနက်တွင် ရှရှင်းချီက လက်ကိုင်ဖုန်းကြောင့် နိုးလာသည်။

မနေ့ညက သူအများကြီးသောက်ခဲ့ကာ သူဘာဖြစ်ခဲ့မှန်း မမှတ်မိချေ။ ဘယ်လို ပြန်ရောက်ခဲ့လဲဆိုတာ ဝေးရော။

ဒီနေ့ သူ ဆယ်နာရီ မတိုင်မချင်း မနိုးလာခဲ့ကာ လီချန်ယွမ်ကလည်း သူ့ဘေးတွင် မရှိနေတော့ချေ။ ပုံမှန်အတိုင်း Summerက အေအေးဆေးဆေး သူ့ဘေးနား လှဲနေကာ သူ့အား စိုက်ကြည့်နေ၏။

ရှရှင်းချီက ပိတ်ထားသော တံခါးအား လှမ်းကြည့်လိုက်ကာ လီချန်ယွမ်က သူ မထွက်သွားမီ သူ့အားအဖော်ပြုပေးရန် ကြောင်လေးအား တိတ်တိတ်လေး သယ်လာပေးသလားဟု ရုတ်တရက် သံသယဝင်ခဲ့သည်။

ဖုန်းက ဆက်တိုက်တုန်ခါနေသည်အား မြင်ရသော် Summerက အဲ့ဒါကို အသစ်အဆန်းဖြစ်နေ၏။ ထို့ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးဖြင့် သူ့ဖုန်းပေါ် ဖိထားကာ မလှုပ်မယှက် နေနေသည်။

ရလဒ်အနေဖြင့် ရှရှင်းချီက ဖုန်းတုန်သံကိုသာ ကြားနိုင်ကာ ဖုန်းအား ရှာမတွေ့နိုင်ချေ။ သူ စောင် နှင့် ခေါင်းအုံးအား ပြန်ဆွဲလိုက်ပြီး မတွေ့မချင်း အကြာကြီး ရှာနေခဲ့၏။

နေပါဦး……

သူက ဖုန်းကို အမြဲ သူ့ခေါင်းအုံးအောက် ထားနေကျပါ အဲ့ဒါကို ဘယ်သူက အိပ်ရာပေါ် သူဘေး လာထားပါလိမ့်။

မနေ့ညက ဘယ်သူ သူ့အဝတ်တွေကို ချွတ်ပေးခဲ့တာလဲ။

ရှရှင်းချီက အောက်ငုံ့ကြည့်လိုက်ရာ သူ အတွင်းခံဘောင်းဘီကလွဲလို့ ဘာမှမဝတ်ထားကြောင်း သိသွားခဲ့ကာ သူ့ဆံပင်မှ ရှန်ပူအနံ့ပြင်းပြင်းက သူမနေ့ညက ရေချိုးခဲ့ကြောင်း အမှတ်ရစေသည်။

ရှရှင်းချီက ကြောက်ရွံ့မှုကြောင့် ရုတ်တရက် ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ ရူးနေသည့် ဗီလိန်က သူ့အား ရေချိုးပေးနေသည့်ပုံအား မြင်ယောင်ရန် ခက်လှသည်။ အဲ့အစား လီချန်ယွမ်က သူ့ကို ကိုယ်လုံးတီးဖြစ်အောင် ချွတ်ကာ အိုးထဲသို့ ပစ်ထည့်မည့် ကြောက်စရာမြင်ကွင်းအား စိတ်ကူးကြည့်ရန်ကမှ လွယ်ကူ၏။

ဖုန်းက အခုထိ တုန်ခါနေတုန်းပင်။ ထို့ကြောင့် သူ သတင်းများအား အရင်ကြည့်ရမည်။ တစ်ခဏလောက် သူကိုယ့်ဘာသာရေချိုးခဲ့လားဆိုတာကို မှတ်မိရန် ကြိုးစားလိုက်ပြီးနောက် မေ့လျော့သွားခဲ့၏။

ရှာတွေ့ပြီးနောက် အရင်ဆုံး သူ ဖုန်းအား ကောက်ကိုင်လိုက်ရာ သူ့အား WeChat message များဖြင့် ထိတ်ထိတ်ပျာပျာ လာထိုးနေသူမှာ လင်းမုန့်ဖြစ်ကာ Weiboပေါ်တွင် ဖြစ်နေသည့် ပွက်လောရိုက်ခြင်းအား မြန်မြန် သွားကြည့်ရန် ပြောနေကြောင်း တွေ့လိုက်ရသည်။

လင်းမုန့်၏ သဘောထားက စိတ်လှုပ်ရှားနေတာရော ပျော်နေတာရော မဟုတ်ဘဲ စိတ်ပူကာ ကြောက်ရွံ့နေသည်ဟု ခံစားမိ၍ ရှရှင်းချီက စိတ်ပျက်ထိတ်လန့်သွားခဲ့၏။

ဟို မိမစစ်ဖမစစ် ရှယွီက ယုတ်မာတာ တစ်ခုခု လုပ်လိုက်တာများ ဖြစ်နိုင်လား?

သူ hot search အား နှိပ်လိုက်သည်။ သို့သော် အဲ့လက်ဖက်စိမ်းကောင်နှင့် ဘာမှမဆိုင်ကာ သူ့နာမည်လည်း ပေါ်မလာ။

သို့ပေသည့် သူ သေချာပြန်ကြည့်လိုက်ရာ screenပေါ်ရှိ စာအတန်းလိုက်ကြောင့် ရုတ်တရက် ဝိညာဉ်ထွက်မတတ် ကြောက်လန့်သွားခဲ့သည်။ ကြောက်လန့်လွန်း၍ သူ့မျက်နှာအား ဖုန်းနှင့် ရိုက်ခွဲမိတော့မလို့ပင် –

# လီချန်ယွမ်ရဲ့ ပထမဆုံး အင်တာဗျူး #

# လီချန်ယွမ်က သူ့အချစ်ရေးကို official ကြေညာခဲ့ပြီ #

# လီချန်ယွမ် : ဒီနေ့ ကျွန်တော်က ညစာပါတီကို ကျွန်တော့်ချစ်သူ နဲ့ အဖော်လိုက်မှာပါ #

# လီချန်ယွမ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ချစ်သူလေးဟာ အနုပညာလောကထဲက စတားတစ်ယောက်လို့ သံသယရှိ #

# လီချန်ယွမ် : သူက အရမ်းချစ်ဖို့ကောင်းတဲ့သူ တစ်ယောက်ပါ #

ရှရှင်းချီက hot search အား အကြာကြီး စိုက်ကြည့်နေပြီး ဆွံ့အနေမိကာ နောက်ဆုံး သူ့အိပ်ယာထဲသို့ အလောတကြီး ဝင်ကျုံ့ကာ ပုန်းလိုက်တော့သည်။ သူမနိုးသေးဘူးထင်ပါ၏။

ရှရှင်းချီ စောင်အောက်မှာနေရင်း အမှောင်ထဲ မျက်‌ေတာင်ပုတ်ခတ်ပုတ်ခတ် လုပ်နေမိသည်။လီချန်ယွမ် ထိုသို့ အပေါ်စီးဆန်သော ဆုံးဖြတ်ချက်မျိုးကို ချလိုက်တယ်ဆိုတာကိုလည်း မယုံနိုင်သေးပါ။

ဒါ့အပြင် သူ့ရဲ့ ရေတွက်မရတဲ့ ပုရိတ်သတ်တွေကို ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့‌ေသးသည်။ ကိစ္စကလည်း ခဏလေး နာမည်ကြီးသွားခဲ့သည်။

[တရား၀င်ကြောညာချက်!? အဲ့ မစ္စတာ လီ က ရုတ်တရက်ကြီး ချစ်မိသွားမယ်ဆိုတာကို ငါမယုံနိုင်သေးဘူး!]

[အားးးးး၊ကူကြပါဦးးး၊ငါအခုအသည်းကွဲနေရပြီ!ဒါပေမဲ့ အခုထိ ငါ့ရဲ့နတ်ဘုရား ဘယ်လိုပုံလဲ ငါမသိသေးဘူး]

[နောက်ဆုံးတော့ မစ္စတာ လီ အသံကြားနိုင်ခဲ့‌ေပမဲ့ တစ်ခဏလောက်တော့ ရယ်ရမလား ငိုရမလား မသဲကွဲခဲ့ဘူး။သူ့အသံက အရမ်း ရှူသိုးသိုးဖြစ်နေခဲ့တာ‌ေလ!ရက်စက်တဲ့စကားတွေ ပြောခဲ့တာပဲ]

[သူ့အသံက အရမ်းကောင်းလွန်းလို့ ငါ့နှလုံးသားတွေ ကြေမွစေတဲ့ အင်တာဗျုးကိုတောင် ခဏခဏ နားထောင်‌ေ‌နခဲ့မိတာ အီးဟီးး]

[ငါမယုံဘူး!ဒါအတုအယောင်ပဲ ဖြစ်ရမယ်။သက်သေကဘာလဲ လီချန်ယွမ်ကိုယ်တိုင် ပြောခဲ့တာကြောင့်လား]

[မှန်တယ်၊ “မစ္စတာလီကို အင်တာဗျူး”တယ်လို့ ဆိုတဲ့ အစီစဉ်တင်ဆက်သူက တမင် စကားချဲ့ပြောနေတာ နေမှာ။ဥက္ကဌ လီက ဒီလို အတင်းအဖျင်း အင်တာဗျုးမျိုးကို လက်ခံမှာမဟုတ်ဘူး!]

[အဲ့လိုဆိုပေမဲ့လည်း….လီချန်ယွမ် တကယ်ကြီး အခုတလော ပုံမှန်ဟုတ်မနေခဲ့ဘူး။သူတကယ်ပဲ မနေ့က ချစ်သူနဲ့ရှိနေခဲ့လားဆိုတာ သံသယဖြစ်မိတယ် (ငိုသံလေးဖြင့်)]

[အပေါ်ထပ်+1 ငါလည်းထင်တယ်။ဖက်ရှင်ခန်းမကို သူတက်တာကနေ Weibo အကောင့် ရုတ်တရက်ကြီး ထဖွင့်တာအထိ သူမူမမှန်ဘူး]

[မဖြစ်နိုင်ဘူး! ဒါကလုံး၀ကို သတင်းတုပဲ။ မစ္စတာလီနဲ့ ထိုက်တန်တဲ့လူ ရှိတယ်ဆိုတာ ငါမယုံဘူး! နတ်ဘုရားတစ်ပါးက ခန့်ညားပြီး လူလွတ်ပဲ ဖြစ်ရမယ်!]

ရှရှင်းချီ အသက်ပြင်းပြင်း ရှူလိုက်ပြီး အသံပဲပါတဲ့ အင်တာဗျုးကို ရှာဖို့ ကတုန်ကရင်နဲ့ စခရင်ကို ထိလိုက်သည်။သူကိုယ်တိုင် စစ်ဆေးပြီး အတည်ပြုဖို့ ဆုံးဖြတ်လိုက်သည်။

ဘာလို့လဲဆိုတော့ အင်တာနက်အသုံးပြုသူတွေဆီက‌နေ မျိုးစုံသော သုံးသပ်ချက်တွေကို ဖတ်ပြီးနောက်၊ ပါ၀င်နေတဲ့ လူတစ်ယောက်အနေနဲ့၊ ဒါက စန်းတင်ပြီး လိမ်ထားတာလို့တောင် ခံစာရတော့မလိုဖြစ်သွားရသည်။

ပြီးတော့လည်း၊ လီချန်ယွမ်ရဲ့ ရူးနေတဲ့ ဦးနှောက်က ရုတ်တရက်ကြီး သူဘာသူ ဖျက်ဆီးချင်ရင်တောင်၊အချစ်နဲ့ပတ်သတ်တဲ့ စကားတွေ ပြောလာမယ်ဆိုတာမျိုး ရှရှင်းချီ မယုံနိုင်ခဲ့ချေ။ ဆန့်ကျင်ဖက်အနေနဲ့၊ လီချန်ယွမ်ဆိုပြီး တစ်ယောက်ယောက်က ဟန်ဆောင်နေတာပဲ ဖြစ်ရမည်။

ဆန့်ကျင်ဘက်ဖြစ်ဖို့ မျှော်လင့်ချက်တွေနဲ့ အသံဖိုင်ကို သူဖုန်းထဲ ဖွင့်လိုက်ပြီး‌တဲ့နောက် ရင်းနှီးကျွမ်း၀င်ပြီးသားဖြစ်တဲ့ အသံခပ်ဩဩကို သူကြားလိုက်ရသည်။ မှန်ကန်တဲ့ အချိန်အဆနဲ့ ဆွဲဆောင်မှုရှိတဲ့ အသံ၊မကွဲပြားတဲ့ ဘ၀င်မြင့်နေတဲ့ အသံ။

“ဖက်ရှင်ခန်းမကို တက်ရောက်တဲ့ အပိုင်းကတော့ ကျွန်တော့် ချစ်သူကို အဖော်ပြုပေးဖို့ပါပဲ”

“ဟုတ်တယ်၊ကျွန်တော်တို့ စေ့စပ်ပြီးသွားပြီ”

“သူက ကျွန်တော် ဂရုအစိုက်ရဆုံးလူပါ”

“သေချာတာပေါ့ သူကအရမ်းချစ်ဖို့ကောင်းတယ်လေ”

_

ထိုမကွဲပြားတဲ့ လေသံထဲမှာ အပြုံး‌ယဲ့ယဲ့တစ်ခုက ဖြည်းဖြည်းချင်းပေါ်လာခဲ့သည်။တစ်ယောက်သောလူ ကြား‌နိုင်မယ်ဆိုတာကို သူကြိုတင်မျှော်လင့်နေခဲ့သလိုမျိုးပေါ့။

ထိုစကားတွေကို ရှရှင်းချီ ကြားပြီးနောက် သူနားထဲ တိုက်ရိုက်ပြောနေသလိုမျိုး လီချန်ယွမ်ရဲ့ ရယ်သံခပ်သဲ့သဲ့က သူ့စိတ်ထဲပေါ်လာရ၏။သူ့ရှေ့တည့်တည့်မှာ စကားထိုင်ပြောနေသလိုမျိုးပေါ့။

သူအခုထိ အရက်မူးမပြေသေးလို့လည်း ဖြစ်နိုင်သည်။ရှရှင်းချီ ပူနွေးနေတဲ့ မျက်နှာကို ကိုင်ရင်း အရက်နည်းနည်းပြန်မူးလာသလို ခံစားလိုက်ရသည်။သူ့မျက်နှာက ရှက်သွေးဖြာနေခဲ့ပြီး လျှပ်စီးလပ်သွားသလိုမျိုး သူ့အတွေးတွေကလည်း ခေါင်းထဲရှုပ်ပွနေသည်။

ဒါကြောင့် သူ့မျက်နှာကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ခပ်ပြင်းပြင်းဖိနယ်ချလိုက်သည်။ထို့နောက် summer ရဲ့ အမွှေးတွေထဲ သူ့မျက်နှာကို အတင်းပွတ်ပစ်ဖို့ တစ်ဖက်ကို ခေါင်းလှည့်သွားခဲ့သည်။

Summerလေးမှာ လန့်ဖြန့်ကာ စိတ်ပျက်သွားရသည်။ကြောင်က “မြောင်!” လို့ အကျယ်ကြီးအော်ပြီး မတော်မတရား ထူးဆန်းတဲ့လူသားဆီကနေ အမြန်ဆုံး ခုန်ထွက်သွားခဲ့သည်။အနီးအနားမှာ မျက်လုံးဝိုင်းကြီးနဲ့ ထိုင်နေခဲ့ပြီး ကြောင်က သူ့ဆီ ဘာဖြစ်သွားလဲဆိုတာ သတိထားမိသွားရ၏။

ဘေးမှာချထားတဲ့ လက်ကိုင်ဖုန်းမှာ အင်တာဗျုးမှတ်တမ်းကို ဆက်လက် ပွင့်နေခဲ့သည်။ ကြောင်ကို အတင်း ပွတ်သတ်ဖို့ ရှရှင်းချီ ကျဆုံးပြီးတဲ့နောက်မှာ သူဘေးကိုလှိမ့်လိုက်ပြီး ပက်လက်လှန်ချလိုက်ကာ အတွေးများနေတာနဲ့ အမျှ မျက်နှာကြက်ကို စိုက်ကြည့်နေခဲ့သည်။

ဘုရားသခင်ရဲ့ ကျေးဇူးနဲ့ လီချန်ယွမ်က ရူးသွားပြီပဲ!

ဒါကို အကြောင်းအရင်းမရှိပဲ သူဘာလို့ လုပ်မှာလဲ။

ဟန်ဆောင်နေတာထက်ပိုကောင်းတဲ့ လက်တွေ့ဆန်တဲ့ သရုပ်ဆောင်စွမ်းရည်ကို သူဘယ်လိုများ ရခဲ့တာလဲနော်။

ဒါမှမဟုတ်ရင်….သူတကယ်ပဲ ငါက ချစ်ဖို့ကောင်းတယ်လို့ထင်တာလား ငါ့ကိုတကယ်ပဲ ဂရုစိုက်တာလား။

အင်တာဗျူးမှတ်တမ်း ထပ်ခါထပ်ခါ ပွင့်နေတာကို ကြား‌တဲ့အချိန်မှာ သူဟာ ဖြစ်နိုင်ခြေရှိတဲ့ ရှုပ်ထွေးတဲ့ အဖြေတွေကို ‌စဉ်းစားနေခဲ့သည်။

“စီးပွားရေးအရ လက်ထပ်တာလား၊ စီးပွားရေး ပိုအခြေခိုင်လာဖို့ဆိုရင် သေချာတယ်။ကျွန်တော် အိမ်ထောင်ရေးကို မှီခိုဖို့မလိုဘူး”

“မှန်တယ်၊ ကျွန်​တော်တို့က နှစ်‌နဲ့ချီပြီး သိခဲ့တာ”

“ကျွန်တော့်အသက် အသက် ခုနှစ်နှစ်တုန်းကပါ”

” သူ့ကို နှစ်တွေအများကြီး ရှာနေခဲ့တာလေ”

ရှရှင်းချီ အံ့ဩသွားရသည်။

Summer ကို ဖမ်းဖို့ ကြိုးစားနေတဲ့လက်တွေဟာ လေထဲရပ်တန်းသွားခဲ့ပြီး တခဏကြာမှ လက်တွေပြန်ရုတ်သွားမိသည်။

ကြည့်ရတာ အရက်သောက်တာက လူတွေကို အတော်ဒုက္ခပေးတဲ့ပုံပဲ၊ သူ အခုထိ အမူးမပြေသေးတာပဲ ဖြစ်ရမယ်။

သူ မတ်တပ်ရပ်နေတုန်းဆိုတာကို မေ့လောက်အထိ သွေးရူးသွေးတန်းနဲ့ အရူးအမူး သူတွေးနေခဲ့သည်။

အကြင်နာမရှိတဲ့ လူဆိုးကြီးက ဒီလို သရုပ်ဆောင် မပီပြင်တဲ့ စကားတွေ ပြောနေတာက အံ့ဩစရာတော့ မရှိပေ။သူသရုပ်ဆောင်နေတဲ့တာ မဟုတ်၊ လီချန်ယွမ်က တကယ်ကြီး သူ့ရဲ့ လရောင်ဖြူ‌အတွက် သူ့ရဲ့အချစ်တွေကို ထုတ်ဖော်ပြသနေတာဖြစ်သည်။

ဖော်ပြလို့ မရတဲ့ စိတ်ပျက်မှုတစ်ခုက သူ့နှလုံးသားထဲ ပြည့်နှက်သွားခဲ့ရသည်။

ရှရှင်းချီ မျက်တောင်ခတ်လိုက်ပြီး သူ့ရဲ့ ပုံမှန်အပြုံးက ပေါ်လာခဲ့သည်။ဒီ စိတ်မသာမယာဖြစ်မှုက ခွေးစာနဲ့ ပါးရိုက်ခံရတဲ့ ခွေးတစ်ကောင်ရဲ့ ဒေါသပဲလို့ သူတွေးနေခဲ့သည်။

ဒီရ‌က်တွေမှာ ဗီလန်ကြီးတောင် ချစ်ရသူရှိနေခဲ့တယ်။နှစ်ဘ၀နေပြီးတဲ့‌‌နောက်မှာတောင် သူ့မှာတော့ အမြှောက်ဆံလို ထီးထီးကြီး တစ်ယောက်တည်း ဖြစ်နေတုန်းပင်။

ဒါပေမဲ့ ဒါက ဘာမှတော့မဟုတ်ပါဘူး။ ရှရှင်းချီက ခေါင်း‌ေစာင်းသလိုလှည့်ပြီး တွေးချလိုက်သည်။ ယောကျာ်းတစ်ယောက်က မိမိရဲ့ပိုက်ဆံရှာတဲ့ အမြန်နှုန်းကိုပဲထိခိုက်စေနိုင်တယ်။သဘောတူချစ်ခြင်းတွေထက် ပိုက်ဆံရှာဖို့ကြိုးစားတာကပိုအရေးကြီးတယ်။ ချမ်းသာအောင်မြန်မြန်လုပ်တာက ရယူလို့မရတဲ့အရာကို မျှော်လင့်နေတာထက် ပိုကောင်းတယ်။ချစ်သူအစားထိုးရှာနေတာက ငါးဖမ်းချင်ပြီး ငါးမရှိတဲ့ကန်မှာတံတားချနေတာနဲ့တူတယ်။

ဒီလောကမှာ ပိုက်ဆံနဲ့ဖြေရှင်းမရတဲ့ပြဿနာဆိုတာမရှိဘူး။ ရှိခဲ့ရင်တောင် အဲ့တာက ပိုက်ဆံမလုံလောက်လို့ပဲဖြစ်ရမယ်။

ဒါတွေကို တွေးနေတုန်းမှာပဲ လင်းမုန့်က ဖုန်းခေါ်လာသည်။သူကလျင်မြန်စွာဖုန်းကိုင်လိုက်ပြီးတဲ့နောက် သူမ အော်ပြော‌နေတာကိုကြားလိုက်ရသည်။

“လေးစားရပါသောပါးနပ်တဲ့သူလေးရယ်၊ နောက်ဆုံး‌ေတာ့ ဖုန်းကိုင်ပြီ‌ပေါ့!”

“အင်တာနက်ပေါ်မှာ (Weibo) မနေ့က အစောပိုင်းနာရီကစလို့ အခုထိ တအုံးအုံးပဲ။ မင်းကတော့ အခုထိ အိပ်‌နေနိုင်‌သေးတယ်!”

Chapter 43 ended

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

Status: Ongoing Type: Author: Released: 2022

Name-နာမကျန်းဗီလိန်ကြီးနဲ့စည်းစိမ်ရှာသူတို့၏အိမ်ထောင်ရေး

Description

ရှရှင်းချီဟာ အရမ်းဆင်းရဲခဲ့တယ်။ သူသေသွားပြီး စာအုပ်ထဲကို ပြန်ဝင်စားလိုက်တော့ ချမ်းသာတဲ့မိသားစုက ပြန်ခေါ်ထားတဲ့ သခင်လေးဖြစ်သွားပြီး ချက်ချင်းကြီး ချမ်းသာသွားတာပေါ့။

ဒါပေမဲ့ စာအုပ်ထဲက သ​ေဘာတရားတွေက လွဲနေတော့ သူက အ​မြောက်စာ​ဇာတ်ကောင်သာဖြစ်ပြီး ဇာတ်လမ်းကို ခိုးယူသွားတဲ့ သခင်လေးအတုက ဇာတ်လိုက်ဖြစ်နေတယ်လေ။

မိဘနှစ်ပါးစလုံးရဲ့အချစ်ကို မရတဲ့ ရှရှင်းချီဟာ နာမကျန်းတဲ့ ဗီလိန်သူဌေးကြီး လီချန်ယွမ်နဲ့ အတင်းအိမ်ထောင်ချပေးခံလိုက်ရတယ်။ ဒီအိမ်ထောင်ရေးကနေ ထွက်ပြေးရင် သူသေမှာ။ စေ့စပ်ပွဲမှာ သခင်လေးအတုက ထောင်ချောက်ဆင်ပြီး သူ့ကို ထွက်ပြေးအောင်၊ ပြဿနာရှာအောင် လုပ်ပေမဲ့ သူကတော့ ချက်ချင်းပဲ မျက်လုံးတွေတောက်ပသွားပြီး “လောင်ကုန်း!” ဆိုပြီး အပြေးသွားလိုက်တယ်။

မသေမျိုး အမတလို ပုံစံ၊ ပခုံးကျယ်ကျယ် ခြေတံရှည်ရှည်နဲ့ ပြီးပြည့်စုံတဲ့ ကိုယ်လုံးကိုယ်ပေါက်... စည်းစိမ်ရှာသူလေးကတော့ အဲဒါတွေကို စိတ်မဝင်စားဘူး။ သူ့မျက်လုံးထဲမှာ သူ့ရဲ့စေ့စပ်ထားသူ လီချန်ယွမ်ကြီးက တလက်လက် တောက်ပနေတဲ့ လူပုံစံ ငွေထုတ်စက်ကြီးပဲ!

ရှရှင်းချီက လီချန်ယွမ်ရဲ့ပေါင်ပေါ်ကို ရဲရဲတင်းတင်းထိုင်ပြီး သူ့လက်ကို ချစ်ချစ်ခင်ခင်ကိုင်ထားလိုက်တယ်: “မစ္စတာလီ၊ မြင်မြင်ချင်း အချစ်ဆိုတာ ယုံကြည်လား?”

—သူကတော့ ငွေခေါ်သံကြားတာနဲ့ ယုံကြည်တယ်။

လူတိုင်း အံ့အားသင့်သွားပြီး ရှရှင်းချီဟာ တကယ်ကို အရူးပဲလို့ ထင်ကြတယ်။ ဗီလိန်သူဌေးကြီးက သူ့ကို ချက်ချင်းပဲ ကြမ်းပြင်ပေါ် ပစ်ချမှာပဲလို့ ထင်ကြတယ်။ မထင်မှတ်ပဲ လီချန်ယွမ်က တိတ်တဆိတ် အကြည့်ကိုအောက်ချလိုက်ပြီး ခဏကြာတော့ ပြုံးလိုက်တယ်: “ယုံကြည်တယ်”

လူအများရှေ့မှာပဲ သူက ရှရှင်းချီကို ပွေ့ချီပြီး အိမ်ကို ခေါ်သွားလိုက်တယ်။

ရှရှင်းချီလေး လန့်သွားတယ်: ခဏလေး! ကျွန်တော့်ကို လွှတ်ပေး! ဇာတ်လမ်းက မှားနေပြီဗျ!

ဇာတ်လမ်းလမ်းကြောင်းလွဲဖယ်သွားတော့ စည်းစိမ်ရှာသူလေးဟာ ဖျော်ဖြေရေးလောကထဲမှာ ငွေရှာပြီး ချမ်းသာအောင်လုပ်ရတော့တယ် — လီချန်ယွမ်ကို နောက်ဆုံးအချိန်ထိ ချစ်ခင်ယုယစွာ ပြုစုပေးရင်းပေါ့ —

မူရင်းစာအုပ်ရဲ့ဇာတ်လမ်းအရ ဗီလိန်ကြီးက မကြာခင်သေတော့မှာ။

လီချန်ယွမ်ရဲ့ မျက်နှာက ဖြူဖျော့နေပြီး အားနည်းတဲ့ အသံနဲ့ တိုးတိုးလေးမေးတယ်: “ငါပြောတာအားလုံးကို မင်းသဘောတူမှာလား?”

ရှရှင်းချီက မကြာခင် သူ့လက်ထဲရောက်လာတော့မယ့် 100 ဘီလီယံရှိတဲ့အမွေတွေကို တွေးပြီး ဝမ်းသာအားရ မျက်ရည်တွေနဲ့ ခေါင်းညိတ်လိုက်တယ်: “ပြောပါ၊ ကျွန်တော် သေချာပေါက် ကတိပေးမယ်”

သူအံ့အားသင့်သွားတာက သေတော့မယ့်လူက ချက်ချင်းထလာတယ်လေ: “မင်းစကားကို မင်းမှတ်ထား”

နောက်နေ့ အိပ်ရာကနေ မထနိုင်တဲ့ ရှရှင်းချီ: “ကျွတ်! နာမကျန်းဖြစ်လို့ သေတော့မယ့်လူက ဒီလိုမျိုးလုပ်နိုင်တယ်ပေါ့လေ!”

လီချန်ယွမ်: သူက ငါသေတော့မယ်လို့ အမြဲထင်နေတာ ဘာကြောင့်လဲတော့ မသိဘူး၊အဲ့တော့ ငါ ကျန်းမာတယ်ဆိုတာ သူ့ကို တခြားနည်းနဲ့ ပြရမယ်။

>>>>>>

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset