⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 45

Little Creampie:
Chapter 45

“အိမ်ကနေ ထွက်ပြေးမှာကို အကျိုးအားလျော်စွာနဲ့ တင်ပြရဦးမှာလား”

ရှရှင်းချီ ဒေါသတကြီး ပြောလိုက်သည်။

“အဲ့တာဆိုရင် ခွင့်ပြုချက်မရှိပဲ တရား၀င် မကြောညာခင်ကျွန်တော်နဲ့အရင် ဆွေးနွေးသင့်တယ်မဟုတ်ဘူးလား”

လင်းမုန့်ဖုန်းခေါ်တာကို သူ ချပြီးတည်းက ရှရှင်းချီ ထိုကိစ္စကို ပြန်တွေးခဲ့သည်။ နေတာကြာလေလေ သူဒေါသထွက်လာလေ ဖြစ်လာခဲ့သည်။

အင်တာ‌ဗျူးရဲ့ အသံဖိုင်ကို သူ အကြိမ်များစွာ နားထောင်ခဲ့သည်။ ကျေနပ်နေတဲ့ အပြုံးမျိုး လီချန်ယွမ်ရဲ့ အသံမှာ ပါနေတာကို သူကြားတိုင်း သူ့ရဲ့နှလုံးသားက ဖော်ပြလို့မရတဲ့ စိတ်အချဉ်ပေါက်တာတွေပဲ ‌တိုးလာခဲ့သည်။

ဒါပေမဲ့ ဘာအကြောင်းကြောင့် သူဒေါသဖြစ်နေတာလဲဟု မေးရင် ရှရှင်းချီ ဖြေနိုင်မှာမဟုတ်ပါ။

ဆီလျော်တဲ့ အကြောင်းပြချက် မပေါ်လာမချင်း သူ တစ်မွန်းတည့်လုံး ‌စိတ်ပြင်းပြစွာ ထိုင်တွေးနေခဲ့သည်။

သူ့ရဲ့လရောင်ဖြူလေးကို သူ့အချစ်တွေကို ၀န်ခံတာက ဒီလူအတွက်တော့ အဆင်ပြေသည်။ဒါပေမဲ့ ဘာလို့ငါကို ရေထဲ ဆွဲချခဲ့တာလဲ။အခုတော့ အင်တာနက်တစ်ခုလုံးက လူတစ်ယောက်ကို ရှာဖို့ အပြင်းအထန် တူးဖော်နေကြပြီ။

ဒီလိုတွေးရမယ်ဆိုရင်တော့ သူဒေါသဖြစ်တာက အကျိုးအကြောင်းဆီလျော်သည်လေ။

ပြီးတော့လည်း၊ “ချစ်သူကောင်မလေးများ”ဆိုတဲ့ ရူးသွပ်တဲ့ fanအုပ်စုကိုလည်း သူစစ်ဆေးခဲ့သေးတယ်။အဲ့မိန်ကလေးတွေက အခုဆို ဓားကို သွေးနေလောက်မည်ဖြစ်ပြီး ၎င်းက သူ့ရဲ့ငွေရှာတာကိုလည်း ထိခိုက်စေလိမ့်မည်။

လီချန်ယွမ်ကတော့ နားလည်ပုံမပေါ်ပါ။

“တရား၀င်ကြေညာလိုက်တာကြောင့် မင်းစိတ်ဆိုး‌ေနတာလား”

ဒါကိုကြားလိုက်ရတဲ့ ရှရှင်းချီ တကယ်ပဲ လန့်သွားခဲ့သည်။ဘယ်လို တာ၀န်ယူမှုမရှိတဲ့ စက်ဆုပ်စရာကောင်းတဲ့လူက ဒီလိုစကားမျိုးပြောတာလဲ။

အကယ်၍ သူရဲ့ ချစ်လှစွာ‌သော လရောင်ဖြူလေးကို ဂရုအစိုက်ဆုံးဖြစ်ရင်တောင်၊ အပြစ်ကင်းတဲ့ အစားထိုးခံလေးရဲ့ကျိုး‌ကြောင်းဆီလျော်စွာ စိတ်၀င်စားမှုကို လုံး၀ကြီး မသိချင်ယောင် မဆောင်သင့်ဘူးမလား။ အသေးအ‌ဖွဲ့လေးလို့လည်း မဆက်ဆံသင့်ဘူးလေ၊ ဟုတ်တယ်မလား။

နှစ်ယောက်ကြားက ကွဲပြားချက်တွေထဲမှာ၊ သူ့နှလုံးသားရဲ့ အခြေကနေ ပေါက်ဖွားလာတဲ့ စိတ်ပျက်မှုတွေက ပိုဆိုးလာခဲ့သည်။

ရှရှင်းချီရဲ့ တစ်နေ့လုံး စုပုံလာတဲ့ဒေါသတွေက နောက်ဆုံးတော့ ကန်ထွက်လာခဲ့သည်။ သူ ခပ်မြန်မြန်ပဲ ပြောပစ်လိုက်သည်။

“လီချန်ယွမ်! ခင်ဗျားရဲ့ သနားစရာကောင်းတဲ့ အလုပ်နှစ်ခုကို တကယ်ပဲ ခင်ဗျားရဲ့ လရောင်‌ဖြူလေးကို ချစ်ကြောင်းပြသဖို့အတွက်နဲ့ စတေးခဲ့တာလား!”

” ခင်‌ဗျားး၊ လူ့အခွင့်အ‌ရေးတွေကို ချနင်းပြီး အလုပ်သမားတွေကို တက်နင်းတဲ့သူဌေး!ခင်ဗျား ချစ်မိသွားရင်တောင် အဆင်ပြေတယ်၊ ဒါပေမဲ့ ကျွန်တော်ချမ်းသာလာမှာကို ဘာလို့ အကြောင်းပြချက်မရှိ နှောင့်ယှက်ရတာလဲ!အဲ့တာက အရေးကြီးတဲ့ကိစ္စတစ်ခု မဟုတ်ဘူးလား!”

ဖြူကောင်လေး ဒေါသတကြီး သွားစွယ်‌‌တွေ ထုတ်ကာခုန်ပေါက်‌ေနတာကို ကြည့်ရင်း၊ လီချန်ယွမ် ပိုပြီး ဝေခွဲမရဖြစ်သွားခဲ့သည်။

“ကိုယ်က အချစ်တွေထုတ်ပြနေတာ ….? ဘာ လရောင်ဖြူလဲ၊ ဘာ အစားထိုးခံလူလဲ”

သူတို့ နှစ်ယောက်လုံးက အစတည်းက တူညီတဲ့ အခြေအနေမှာ ရှိမနေကြပါ။ ရှရှင်းချီရဲ့ စိတ်ကူးယဉ်နိုင်စွမ်း အဲ့လောက်‌ကောင်းပြီး သူ့ကိုယ်သူ တစ်လ one million နဲ့ အလုပ်လုပ်နေတဲ့ သူအဖြစ် နေရာယူမယ်လို့လဲ လီချန်ယွမ် လုံး၀ မထင်ထားခဲ့ပါ။

သူ နေမကောင်းဖြစ်ပြီး သတိလစ်နေတုန်းက သူတို့ နှစ်ယောက် အရင်က သိခဲ့တယ်ဆိုတာကို ရည်ရွယ်ပြီး မပြီမပြင်ပြောခဲ့မိပုံပေါ်သည်။

ဒါပေမဲ့ ဒါက ရှရှင်းချီရဲ့ လေထဲကနေ တကယ်မရှိတဲ့ စိတ်ကူးယဉ်လူတစ်ယောက် ပေါ်လာပြီး ဒီလို ဒရမ်မာကြီးဖြစ်လာအောင် တကယ်ပဲ လုပ်ခဲ့တာလား။

ရှရှင်းချီ ဆက်လက်ပြီး ဒေါသမျက်စောင်းနဲ့ လီချန်ယွမ်ကို ကြည့်နေခဲ့သည်။

စာချုပ်အရ လက်ထပ်ခြင်းနဲ့ အစားထိုးခံရသူ ဖြစ်ကြောင်း တိုက်ရိုက် ဖော်ထုတ်ပစ်မယ်လို့ သူ့ကိုယ်သူတွေးခဲ့ပေမဲ့လည်း၊ ဗီလိန်ကြီး စိတ်တိုလာပြီး သူ့ကို ရိုက်နှက်မယ်ဆိုရင် သူသေချာပေါက် သူ့ခရီးဆောင်အိတ်ကို ကောက်ပြီး ထွက်ပြေးလိုက်မည်ဟု တွေးနေသည်။

လီချန်ယွမ် ဒေါသမထွက်ခဲ့ပါ။အဲ့ဒီအစား ထူးဆန်းတဲ့ မျက်နှာချိုးနဲ့ သူ့နှုတ်ခမ်းတွေကို ဖိပိတ်ထားသည်။အကြာကြီး တိတ်သွားပြီးတဲ့နောက် ၊ထိုယောက်ျားဟာ နောက်ဆုံးတော့ ရယ်ချလိုက်‌တော့သည်။

ပုံမှန် ဟက်ကနဲ ရယ်ချလိုက်မျိုးတော့ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ ကြည့်ရတာ သူရယ်ဖို့ မထိန်းထား‌နိုင်လောက်တဲ့ အရာတစ်ခုကို သူရှာတွေ့သွားတာမျာလား။

ရှရှင်းချီ:”…….”

နည်းနည်းပိုပြီးအလေးအနက်ထားပြီး ငြင်းခုန်သင့်တယ်မဟုတ်ဘူးလား၊ဆရာ။

ခင်ဗျား အကျယ်ကြီး အော်ရယ်နေတာက ဘာအဓိပ္ပာယ်လဲ။

ရှရှင်းချီ ပါးစပ်ကို ဖွင့်လိုက်ပြီး ဆက်ပြီး စကားများဖို့ စိတ်ဆုံးဖြတ်ထားပေမဲ့လည်း အကြောင်းအရင်း မရှိပဲ လီချန်ယွမ် ရယ်မောနေတဲ့ ပုံစံက တကယ့်ကို ထူးဆန်းပြီး ကြောက်စရာကောင်းနေခဲ့သည်။

အရမ်းကိုပဲမို့ သူ ဒေါသဆက်ထွက်ဖို့တောင် မေ့သွားခဲ့ရ၏။တစ်ဖက်မှာတော့၊ ထိုလူ‌ပြုံးရယ်တာက အရမ်းလှတယ်လို့ မြင်မိတာကြောင့်လည်း သူ့ကိုယ်သူ စိတ်ပျက်သွားခဲ့သည်။တခြား တစ်ဖက်မှာတော့၊ သူဒီလို ပြုံးနေရတဲ့ အကြောင်းအရင်းကို ကြောက်လန့်နေခဲ့မိ၏။

ပြီးတော့လည်း ဗီလိန်ကြီးက တကယ်ကို ရူးသွားတဲ့ပုံပဲ။သူ ၀ရမ်းပြေးလုံးလုံး ဖြစ်လာခဲ့ပြီးတဲ့နောက် ထိုလူရယ်လိုက်တိုင်း သေခြင်းကိုပဲရည်ညွှန်းနေခဲ့သည်။

“ခင်ဗျား၊ခင်ဗျား….”

ရှရှင်းချီ ယုံကြည်ချက်မရှိပဲ ပါးစပ်ဟလိုက်သည်။

“ဘာလို့ရယ်နေတာလဲ!”

သူ စကားထစ်သွားခဲ့ပြီး တင်းမာနေတဲ့ လေထုကလည်း တစ်ပြိုင်တည်း ပျောက်ကွယ်သွားရ၏။ ဒေါသကြီးနေတဲ့ ဖြူကောင်လေးဟာ သူ့ရဲ့ သွားနဲ့ ခြေစွယ်လက်စွယ်တွေကို သိမ်းပြီး ဖြူကောင်ဘောလုံးလေးအဖြစ်‌ေပြာင်းကာ သူ့ကိုယ်သူ တင်းကျပ်စွာဖက်ထားခဲ့၏။

အဲ့တာက လီချန်ယွမ်ကို သူ့အပြုံးတွေထိန်းထားဖို့ အရမ်းကြာစေခဲ့သည်။‌အေးစက်နေတဲ့လေသံ‌နဲ့ သူမေးလိုက်သည်။

” ဆိုတော့ မင်း ဘယ်သွားနေတာလဲ”

“Reality TV show တစ်ခုဆီကိုလေ”

ရှရှင်းချီ ‌စိတ်တိုနေတဲ့ကြားက အမှန်အတိုင်းပြောလိုက်ရသည်။ ထို့နောက် အတွေးခဏ၀င်ပြီး မျက်လုံးဝိုင်းတွေနဲ့မေးလာ၏။

“ကျွန်တော့် လစာ ဘယ်လောက် နှုတ်မှာလဲ”

ဒီ ရုပ်ရှင်အတွက် နာရီနဲ့ပေးတဲ့ လစာက လီချန်ယွမ် ပေးတာထက် ပိုများပေမဲ့လည်း သူဌေးဆီကနေ လုပ်အားခ အနှုတ်ခံရမှာက သောကရောက်စရာပင်။သူ ထိုအတွက် တိုက်ခိုက်ရလိမ့်မည်။

“ကျွန်တော့်ကို အိမ်မှာ တစ်ချိန်လုံး နေစေချင်တယ်လို့ ခင်ဗျား မပြောခဲ့ဘူးလေ။ ပြီးတော့ ခင်ဗျား ကျွန်တော်နဲ့ အိပ်ခဲ့တာပဲဟာ…လတစ်၀က်လောက် ကျွန်တော်နဲ့ အိပ်နေခဲ့တာလေ ပြီးတော့ ကျွန်တော် ပေးစရာလည်း နည်းနည်းပဲကျန်တော့တယ်။အဆိုးဆုံးပြောရရင် ရက်အနည်းငယ်စာကို ကျွန်တော်ပြန်လာတဲ့အခါ ခင်ဗျားကို ပေးမယ်”

လီချန်ယွမ် မတိုးသာ မဆုတ်သာ ဖြစ်နေခဲ့၏။သူတစ်ခုခုကို တွေးနေပုံ ပေါ်ပြီး ခဏအကြာမှာတော့ သူ ထကာ စာကြည့်ခန်းကို ထွက်သွားခဲ့၏။

ရှရှင်းချီ မျက်တောင်ခတ်လိုက်သည်။စကားနဲ့ပြောစရာမလိုတဲ့ ခွင့်ပြုချက်ကို သူရခဲ့ပြီဆိုတာ သဘောပေါက်လိုက်သည်။

__

တစ်ခြားသူတွေ အသုံးချတာ ခံခဲ့ရပြီး ခဏတာအရာတွေထဲ ဖိအားပေးခံခဲ့ရတဲ့ လူတစ်ယောက်အနေနဲ့၊ ရှရှင်းချီအဖို့ ပြင်ဆင်ရန် ကျန်တဲ့အချိန်က ရယ်စရာကောင်းလောက်အောင် ကန့်သတ်ပြီးဖြစ်ခဲ့၏။

တစ်ရက်အတွင်းမှာပဲ သူအလုပ်အမျိုးမျိုးကို ပြီးမြောက်အောင်လုပ်ရခဲ့သည်။လိုအပ်တဲ့အရာတွေ ဝယ်ရင်း၊ ခရီးသွားအိတ်ထုတ်ပိုးရင်း၊ အချိန်ကပ်မှ လေယာဉ်လက်မှတ်ကိုမှာယူရပြီး၊ ဒေသခံအစီအစဉ်အဖွဲ့နဲ့ ဆက်သွယ်ကာ အလုပ်အမျိုးမျိုးကိုလည်း စီမံဆောင်ရွက်ဖို့ လိုအပ်ခဲ့သည်။

လင်းမုန့်က မန်နေဂျာတစ်ဦးဖြစ်တဲ့အပြင် သူကိုယ်တိုင်ကလည်း လက်ထောက်ဖြစ်တာကြောင့် အလွန်အလုပ်များနေခဲ့သည်။သူမအရင်ဆုံး ရှရှင်းချီကို လေယာဉ်ပေါ်တက်ပြီးသား ဖြစ်အောင် စီစဉ်ပေးရမှာဖြစ်ပြီး သူမကတော့ မြို့‌ေတာ်မှာ နောက်ထပ်အလုပ်‌ေတွကို ကိုင်တွယ်ဖို့အတွက် နေခဲ့ရသည်။

မူလခန္ဓာပိုင်ရှင်အတွက်တော့ ဒီခရီးစဉ်က သူတစ်‌ေယာက်တည်း ခရီးထွက်တဲ့ ပထမဆုံးအကြိမ် ဖြစ်တာကြောင့် လင်းမုန့်က အရမ်း စိုးရိမ်နေခဲ့ရ၏။

ဆင်းရဲတဲ့မိသားစုက ကလေးတွေဆိုတာ မျက်စိဖွင့်ချင်းထဲက တာဝန်ယူတတ်ကြပေမဲ့၊ မူလပိုင်ရှင်ကတော့ ဝေးလံတဲ့ကျေးရွာကနေပဲ ပေကျင်းကိုရောက်လာတာဖြစ်တဲ့အတွက် လူတိုင်းအတွက် “သာမန်အခန်းကဏ္ဍ”လိုသာ ထင်ရတဲ့အရာတွေတောင် သူ့အတွက်တော့ ထူးခြားနေခဲ့၏။ လေယာဉ်နဲ့ ခရီးသွားတာတောင် သူအတွက်က ခက်ခဲတဲ့ပြဿနာဖြစ်နေခဲ့၏။

ဒါပေမဲ့ ဆင်းရဲမှုကြောင့် ငွေရှာရတဲ့သူတွေ၊ အမျိုးမျိုးလုပ်နိုင်တဲ့ ရှရှင်းချီလို သူတွေအတွက်ဆိုရင်တော့ ဒီလိုအရာလေးက ဘာမှမဟုတ်ဘူး။

သူက သူ့ခရီးဆောင်အိတ်ကို လက်ခံပြီး၊ အစီအစဉ်အဖွဲ့က ပို့လာတဲ့ကားထဲ တက်ပြီးတဲ့အထိ လင်းမုန့်က စိုးရိမ်နေဆဲဖြစ်သည်။ အားလုံးအဆင်ပြေလားဆိုတာကို စာပို့ပြီး မေးနေခဲ့သေး၏။

ရှရှင်းချီတော့ မနေနိုင်ပဲ ရယ်လိုက်ပြီး၊ လက်ထဲမှာလုပ်နေတဲ့အလုပ်တွေကို ခဏနားပေးကာ တစ်ခုချင်းစီကို သေချာ စာပြန်နေခဲ့သည်။ သူအတွက် အဲ့ဒီလို စိတ်ပူစောင့်ရှောက်မှုတွေဟာ အလွန်တန်ဖိုးရှိတယ်လေ။

ကားထဲမှာ လင်းမုန့်ရဲ့ မက်ဆေ့ခ်ျတွေ ပြန်ပြီးတာနဲ့, သူ့ဖုန်းထဲမှာ လီချန်ယွမ်ပို့ထားတဲ့ မဖတ်ရသေးတဲ့ မက်ဆေ့ချ်တစ်ခုရှိနေတယ်ဆိုတာ သူ မြင်လိုက်၏။

“လေယာဉ်ကဆင်းရင် ပြောဦး”

ရှရှင်းချီ နှလုံးသားထဲကနေ “ဟမ့်!” လို့ အသံတိတ်ငြင်းဆန်လိုက်သည်။

‌နှစ်ရက်လောက်အကြာက လီချန်ယွမ် အကြောင်းမဲ့ ရယ်မောခဲ့တာ‌ေကြာင့် ပြဿနာဖြစ်ပြီးနောက် သူတို့နှစ်ဦးဟာ စစ်အေးတိုက်ပွဲ တိုက်နေခဲ့ကြတာဖြစ်သည်။

ဒါမှမဟုတ် ဒါက တဖက်သက်ပဲဖြစ်‌ေနတာလည်း ဖြစ်နိုင်သည်။အမြဲ တိတ်ဆိတ်‌ေအးစက်နေတဲ့ လီချန်းယွမ်ဟာ သူမြို့တော်ကနေ ထွက်သွားမယ်ဆိုတာကို သိတဲ့အချိန်ကတည်းက ခံစားချက်မကောင်းဖြစ်နေတဲ့ ပုံပေါ်သည်။

လင်းမုန့်ထက် ပိုစိုးရိမ်နေတဲ့လူတစ်ယောက်ရှိတယ်ဆိုရင်၊ အထူးသဖြင့် ထိန်းချုပ်လိုစိတ်ပြင်းတဲ့ ဗီလိန်ကြီး လီချန်းယွမ်ပဲ။

လီချန်းယွမ်က တကယ်ပဲ သူ လေယာဉ်ဆင်းပြီးတာနဲ့ ဗီဒီယိုခေါ်တာဖြစ်ဖြစ်၊ အသံ‌ေကာလ်ခေါ်တာဖြစ်ဖြစ် လုပ်တာကိုလိုချင်တာလား?

ငြင်းဆန်ခံလိုက်ရပြီးတဲ့နောက် ၊ အမိန့်ပေးတဲ့အသံနဲ့ မပြောခင် သူသည် အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့ရ၏။

“အဲဒါမှမရရင် တည်နေရာ အချိန်နှင့်တပြေးညီမျှဝေမျှမှုကို ဖွင့်ထားလိုက်”

တစ်လကို one million လောက်လစာယူနေရင် စပွန်ဆာ‌ကို စိတ်ဆိုးအောင် မလုပ်သင့်ဘူးလို့ ရှရှင်းချီ ဆုံးဖြတ်လိုက်၏။ဖုန်းမခေါ်တာနဲ့ စိတ်ဆိုးတတ်တဲ့ သူ့ကို ရှရှင်းချီ သနားမိသည်။

သူက တည်နေရာမျှဝေမှုကို သာမန်လို ဖွင့်လိုက်ပေမဲ့ လီချန်းယွမ်ဟာ ထိုအချိန်မှာ ဘယ်နေရာမှာရှိနေလဲဆိုတာကိုတော့ သူ သတိမထားမိခဲ့ပေ။

သူက အကြောင်းမဲ့ ပျောက်သွားနိုင်တဲ့ လူမျိုး မဟုတ်တာကို ရှင်းလင်း‌ေအာင်လုပ်ဖို့ အခွင့်အရေးတစ်ခုရှာဖို့ပဲ သူ့စိတ်ထဲ ရှိနေခဲ့သည်။ လူတစ်ယောက်ကို သူ့စိတ်တိုင်းကျ ပေါ်ချင်ပေါ် ပျောက်ချင်‌‌ေပျာက် လုပ်လို့ရတဲ့ မှော်လှည့်ကွက်လေးတောင် သူ မတတ်ပါ။သိခဲ့ရင်‌ေတာင် သူ ချမ်းသာ‌ေအာင်လို့ အဲ့တာကို သုံးမိမှာ‌ေသချာသည်။

ဒီအချိန်မှာပဲ လင်းမုန့်ဆီက မက်ဆေ့ခ်ျအသစ်တစ်ခု ၀င်လာ၏။

“မစိုးရိမ်ပါနဲ့နော် ရှင်းချီ။ မင်းမှာ လူတိုင်း သဘောကျနိုင်တဲ့ ပုံစံရှိတယ်။ ခဏနားပြီး ပုံမှန်လိုပဲ နေလိုက်‌ေနာ်”

” နင် ရှယွီကို သဘောမကျရင် သူ့ကို သဘောကျသလို ဟန်ဆောင်ဖို့မလိုဘူး။နင်လုပ်ရင် ဟန်ဆောင်တဲ့အတွက်ကြောင့် ငါဆူမှာနော်။ တကယ်လို့ နင်အဲ့လို မလုပ်နိုင်ရင်တော့ သူနဲ့ ဝေးဝေးသာ နေလိုက်”

လင်းမုန့်က အသက်တစ်ရှိုက်တည်းနဲ့ မက်ဆေ့ချ် တစ်ဒါဇင်လောက် တစ်ပြိုင်နက်တည်းပို့ခဲ့၏။ သူမ တွေးနိုင်သမျှ အရာအားလုံးကို ဂရုတစိုက် သေချာ ညွှန်ကြားပေးခဲ့သည်။

လင်းမုန့်က အခုအချိန်မှာ အတော်စိုးရိမ်နေတာကို ရှရှင်းချီသိလိုက်သည်။အကြောင်းကတော့ တစ်နာရီအကြာမှာပဲ ရုပ်သံရိုက်ကူးခြင်း စတင်တော့မှာမို့ပင်။ ထိုချိန်မှာ သူ့ရဲ့ အပြုအမူတိုင်း၊ မျက်နှာအပြုံးတစ်ချက်ထိတောင် သန်းချီသောပရိတ်သတ်တွေ မြင်ကြမှာဖြစ်သည်။

《အဆင့်ဆင့် ပြောင်းလဲလာနေတဲ့ အချိန်ထဲ ဘဝကို ခံစားပါ》 လို့ခေါ်တဲ့ ဒီ reality show ရုပ်သံအစီအစဉ် လူကြိုက်များလာတာဟာ ထူးခြားတဲ့စိတ်ကူးနဲ့ တိုက်ရိုက်ထုတ်လွှင့်ပုံစံကို ရဲရဲဝံ့ဝံ့ အသုံးပြုခဲ့တဲ့အတွက်လည်း ဖြစ်နိုင်သည်။

“ဘဝကိုခံစားပါ” ဆိုတဲ့အဓိပ္ပါယ်အတိုင်း ဂိမ်းပုံစံ လှုပ်ရှားမှုတွေအနေနဲ့ ပူးပေါင်းပြီး ဆင်းရဲပြီး ရိုးရှင်းတဲ့ကျေးလက်ဘဝကို ကိုယ်တိုင်ခံစားဖို့ တက်ကြွနေရမည်။

ဒီလိုနဲ့ပဲ ပရိတ်သတ်တွေကို စွဲမက်ဖွယ်ကောင်းတဲ့ကြယ်ပွင့်တွေရဲ့ တကယ့်လူသားဘက်ကို မြင်တွေ့ခွင့်ရ‌ေစပြီး၊ လူတကာရဲ့ စိတ်ဝင်စားမှုတွေကို အပြည့်အဝ ရယူနိုင်ခဲ့သည်။

အခြားတစ်ဖက်မှာ “အဆင့်ဆင့်အချိန်” ဆိုတာကတော့ တကယ့် ပြင်းထန်ပြီး ခက်ခဲမှာဖြစ်၏။

အစအဆုံး တိုက်ရိုက်ထုတ်လွှင့်တာဖြစ်တဲ့အတွက်၊ တစ်ချက်မှားလိုက်တာနဲ့ အားလုံးမြင်နိုင်ပြီး ပြန်လည် တည်းဖြတ်ဖို့ အခွင့်အရေးမရှိပဲ ဇာတ်ကောင်ပုံစံပြိုကွဲနိုင်‌သည်။ အရမ်း ရက်စက်တဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု‌ေတွမှာ ဘယ်လိုမတော်တဆ မဆို ဖြစ်နိုင်သည်။

ဒီလိုအခြေအနေတွေဟာ “ကျေးလက်ဘဝ”ပဲ ဖြစ်ဖြစ်၊ “တိုက်ရိုက်ထုတ်လွှင့်မှု” ပဲဖြစ်ဖြစ် မူလခန္ဓာကိုယ်ပိုင်ရှင်အတွက်တော့ ဆိုးရွားလှတဲ့စကားလုံးတွေပါပဲ။ သေချာတာတစ်ခုကတော့ ရှယွီက ရှရှင်းချီကို ဖျက်စီးဖို့ ကြံစည်မှုကို မရပ်သေးဘူးဆိုတာ သိသာနေတာ ဖြစ်သည်။

လူတစ်ယောက်ဟာ ဝိညာဉ်ကူးပြောင်းခံထားတယ်ဆိုတဲ့အရာကို မည်သူမှ ယုံမည်မဟုတ်။ရှယွီရဲ့အမြင်ထဲမှာတော့ ရှရှင်းချီက အရင်လိုပဲ စိတ်လှုပ်ရှားရင် စကားတောင်မပြောနိုင်တဲ့သူပဲ ဖြစ်ပြီး နောက်ခံမကောင်းတဲ့သူ၊ “ဆင်းရဲ”ပြီး “ကျေးရွာ‌ေနထိုင်မှူ” စတဲ့စကားလုံးတွေကြားရင် ခံစားချက်ထိရှလွယ်တတ်တဲ့သူတစ်ယောက်ဖြစ်၏။

ဒါကြောင့်ပဲ တိုက်ရိုက်ထုတ်လွှင့်ရတဲ့ ဒီအစီအစဉ်ဟာ သူ့ရဲ့ အားနည်းချက်တွေကို အလွယ်တကူဖော်ထုတ်နိုင်ပြီး၊ ရှယွီအတွက်လည်း အခွင့်အရေးကောင်းတစ်ခုဖြစ်လာခဲ့သည်။

ရှရှင်းချီ ပုခုံးတွန့်လိုက်ပြီး ရှယွီက လက်ဖက်စိမ်းစိတ်ဓာတ်နဲ့ လူ ဖြစ်ဖို့ ထိုက်တန်တယ်လို့ တွေးနေခဲ့၏။လက်စားချေချင်တာ သိသာနေတဲ့ သူ့စရိုက်ဟာ တစ်ခြားသူတွေကို ဖက်မပြိုင်ပဲနဲ့တော့ ဘေးထွက်သွားမှာမဟုတ်ပေ။

အဆုံးမှာတော့၊သူ ဖြတ်ချခံခဲ့ရသည်။ပြီးတော့လည်း သူပါ၀င်ရမှာကို မနေ့ကမှ ကြေညာထားတာဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုက အခုပဲ စတင်တော့မှာ ဖြစ်ပြီး ဒီကိစ္စကို သုံးသပ်ဖို့ မြစ်ရေစီးသလို လူတွေ အများကြီးဖြစ်လာခဲ့၏။

[ဘုရားရေ! ရှယွီနဲ့ ရှရှင်းချီက ဘယ်ကနေ ဘယ်လို တစ်နေရာထဲ အတူတူ ပါ၀င်နေကြတာလဲ!]

[ရှရှင်းချီက ဘယ်သူလဲ]

[ပြီးခဲ့တဲ့ ရက်အနည်းငယ်က ပစ်မှတ်ထားခံရတဲ့ ‌လူချောလေးလေ! ငါသေချာတော့ မရှင်းပြတတ်ဘူး၊ သော့ချက်ကတော့ “သက်သေအစစ်အမှန် ရှယွီ”ဆိုတာပဲ”]

[ ဒါတွေအကုန်လုံးက ငါတို့မိသားစုရဲ့ ရှယွီကို အမှုဆင်ဖို့ပဲ!အဲ့တာက လူလိမ်ကော်ဖီရဲ့ လိမ်လည်ဖြား‌ယောင်းတာတွေကြောင့်ပဲ ဖြစ်ရမယ်!]

[ အာ…အမှန်ပဲ။ ကုမ္ပဏီက သူ့ကိုလည်း အရင်းမြစ်ပေးတယ်မဟုတ်ဘူးလား။ရှောင်းယွီကြောင့်နဲ့ သူ ကြောက်လန့်သွားတယ်လို့ပြောရအောင်‌လည်း အဓိပ္ပာယ်မှ မရှိတာ]

[အာ…ဒီ…ဒါက ဂုဏ်သိက္ခာပြန်ဆယ်ဖို့ ဖိအားပေးခံခဲ့ရတာဆိုတာ နင်မမြင်ဘူးလား။ရပ်လိုက်တော့။ ပွန်း တစ်ခုလို အသုံးချခံခဲ့ရတဲ့ ရှရှင်းချီက တကယ့်ကို သနားစရာကောင်းတယ်ဆိုတာပဲ ငါပြောနိုင်တော့တယ်။]

[ဒါက ဘာတွေလဲဟ။ရှရှင်းချီဆိုတာ ဘယ်ကကောင်လဲ။ ဒီ “အဆင့်ဆင့်အချိန်”မှာ ပါ၀င်ပြီး လူကြိုက်များမှုကိုရ‌အောင် ဖြတ်‌လျှောက်လုပ်ရတာက တကယ်ပဲ တန်လို့လားဆိုတာ ငါ‌ သူ့ကို မေးချင်မိတယ်။]

Chapter 45 ended

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

Status: Ongoing Type: Author: Released: 2022

Name-နာမကျန်းဗီလိန်ကြီးနဲ့စည်းစိမ်ရှာသူတို့၏အိမ်ထောင်ရေး

Description

ရှရှင်းချီဟာ အရမ်းဆင်းရဲခဲ့တယ်။ သူသေသွားပြီး စာအုပ်ထဲကို ပြန်ဝင်စားလိုက်တော့ ချမ်းသာတဲ့မိသားစုက ပြန်ခေါ်ထားတဲ့ သခင်လေးဖြစ်သွားပြီး ချက်ချင်းကြီး ချမ်းသာသွားတာပေါ့။

ဒါပေမဲ့ စာအုပ်ထဲက သ​ေဘာတရားတွေက လွဲနေတော့ သူက အ​မြောက်စာ​ဇာတ်ကောင်သာဖြစ်ပြီး ဇာတ်လမ်းကို ခိုးယူသွားတဲ့ သခင်လေးအတုက ဇာတ်လိုက်ဖြစ်နေတယ်လေ။

မိဘနှစ်ပါးစလုံးရဲ့အချစ်ကို မရတဲ့ ရှရှင်းချီဟာ နာမကျန်းတဲ့ ဗီလိန်သူဌေးကြီး လီချန်ယွမ်နဲ့ အတင်းအိမ်ထောင်ချပေးခံလိုက်ရတယ်။ ဒီအိမ်ထောင်ရေးကနေ ထွက်ပြေးရင် သူသေမှာ။ စေ့စပ်ပွဲမှာ သခင်လေးအတုက ထောင်ချောက်ဆင်ပြီး သူ့ကို ထွက်ပြေးအောင်၊ ပြဿနာရှာအောင် လုပ်ပေမဲ့ သူကတော့ ချက်ချင်းပဲ မျက်လုံးတွေတောက်ပသွားပြီး “လောင်ကုန်း!” ဆိုပြီး အပြေးသွားလိုက်တယ်။

မသေမျိုး အမတလို ပုံစံ၊ ပခုံးကျယ်ကျယ် ခြေတံရှည်ရှည်နဲ့ ပြီးပြည့်စုံတဲ့ ကိုယ်လုံးကိုယ်ပေါက်... စည်းစိမ်ရှာသူလေးကတော့ အဲဒါတွေကို စိတ်မဝင်စားဘူး။ သူ့မျက်လုံးထဲမှာ သူ့ရဲ့စေ့စပ်ထားသူ လီချန်ယွမ်ကြီးက တလက်လက် တောက်ပနေတဲ့ လူပုံစံ ငွေထုတ်စက်ကြီးပဲ!

ရှရှင်းချီက လီချန်ယွမ်ရဲ့ပေါင်ပေါ်ကို ရဲရဲတင်းတင်းထိုင်ပြီး သူ့လက်ကို ချစ်ချစ်ခင်ခင်ကိုင်ထားလိုက်တယ်: “မစ္စတာလီ၊ မြင်မြင်ချင်း အချစ်ဆိုတာ ယုံကြည်လား?”

—သူကတော့ ငွေခေါ်သံကြားတာနဲ့ ယုံကြည်တယ်။

လူတိုင်း အံ့အားသင့်သွားပြီး ရှရှင်းချီဟာ တကယ်ကို အရူးပဲလို့ ထင်ကြတယ်။ ဗီလိန်သူဌေးကြီးက သူ့ကို ချက်ချင်းပဲ ကြမ်းပြင်ပေါ် ပစ်ချမှာပဲလို့ ထင်ကြတယ်။ မထင်မှတ်ပဲ လီချန်ယွမ်က တိတ်တဆိတ် အကြည့်ကိုအောက်ချလိုက်ပြီး ခဏကြာတော့ ပြုံးလိုက်တယ်: “ယုံကြည်တယ်”

လူအများရှေ့မှာပဲ သူက ရှရှင်းချီကို ပွေ့ချီပြီး အိမ်ကို ခေါ်သွားလိုက်တယ်။

ရှရှင်းချီလေး လန့်သွားတယ်: ခဏလေး! ကျွန်တော့်ကို လွှတ်ပေး! ဇာတ်လမ်းက မှားနေပြီဗျ!

ဇာတ်လမ်းလမ်းကြောင်းလွဲဖယ်သွားတော့ စည်းစိမ်ရှာသူလေးဟာ ဖျော်ဖြေရေးလောကထဲမှာ ငွေရှာပြီး ချမ်းသာအောင်လုပ်ရတော့တယ် — လီချန်ယွမ်ကို နောက်ဆုံးအချိန်ထိ ချစ်ခင်ယုယစွာ ပြုစုပေးရင်းပေါ့ —

မူရင်းစာအုပ်ရဲ့ဇာတ်လမ်းအရ ဗီလိန်ကြီးက မကြာခင်သေတော့မှာ။

လီချန်ယွမ်ရဲ့ မျက်နှာက ဖြူဖျော့နေပြီး အားနည်းတဲ့ အသံနဲ့ တိုးတိုးလေးမေးတယ်: “ငါပြောတာအားလုံးကို မင်းသဘောတူမှာလား?”

ရှရှင်းချီက မကြာခင် သူ့လက်ထဲရောက်လာတော့မယ့် 100 ဘီလီယံရှိတဲ့အမွေတွေကို တွေးပြီး ဝမ်းသာအားရ မျက်ရည်တွေနဲ့ ခေါင်းညိတ်လိုက်တယ်: “ပြောပါ၊ ကျွန်တော် သေချာပေါက် ကတိပေးမယ်”

သူအံ့အားသင့်သွားတာက သေတော့မယ့်လူက ချက်ချင်းထလာတယ်လေ: “မင်းစကားကို မင်းမှတ်ထား”

နောက်နေ့ အိပ်ရာကနေ မထနိုင်တဲ့ ရှရှင်းချီ: “ကျွတ်! နာမကျန်းဖြစ်လို့ သေတော့မယ့်လူက ဒီလိုမျိုးလုပ်နိုင်တယ်ပေါ့လေ!”

လီချန်ယွမ်: သူက ငါသေတော့မယ်လို့ အမြဲထင်နေတာ ဘာကြောင့်လဲတော့ မသိဘူး၊အဲ့တော့ ငါ ကျန်းမာတယ်ဆိုတာ သူ့ကို တခြားနည်းနဲ့ ပြရမယ်။

>>>>>>

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset