Little Creampie:
Chapter 28
ရှောင်းဝမ်လင်၏ ခန္ဓာကိုယ်က ကျင်းလော့ကို ဖိကပ်လိုက်သည်။ သူ့အသံမှာ ရယ်သံစွတ်နေပေမယ့် စိတ်ခံစားမှုတွေကိုတော့ မဖော်ထုတ်နိုင်ခဲ့ပေ “ဒါဆို မင်းဘာလို့ လင်လုနဲ့ပူးပေါင်းပြီး ငါ့ကိုလှည့်စားခဲ့တာလဲ?”
“ပျော်စရာကောင်းလား?”
ရှောင်းဝမ်လင်က သူ့နှာခေါင်းကို ကျင်းလော့၏ ဂလင်းနားကပ်ပြီး ညင်သာစွာ ရှူရှိုက်လိုက်သည်။ သူလက်မြှောက်ပြီး ပျင်းရိစွာနှင့် ကျင်းလော့ ခါးကို ပွတ်သပ်လိုက်၏ “မင်း ငါ့ဆီကအမှတ်သားခံချင်တာ မဟုတ်ဘူးလား၊ ဟမ်?”
ကျင်းလော့၏ မျက်တောင်များ အနည်းငယ် တုန်လှုပ်သွားရသည်။ သူသည် ရေပူများနှင့် စိုစွတ်နေခဲ့၏။ ရေအပူချိန်က အရမ်းမြင့်ပြီး သက်တောင့်သက်သာရှိပေမယ့် ကျင်းလော့အတွက်တော့ ဘယ်လိုရှင်းပြရမှန်း မသိချေ။ ကျင်းလော့သည် ရှင်းပြတတ်သူမဟုတ်ပေ “ငါ… ငါက…”
ရှောင်းဝမ်လင်က ချိုမြိန်သည့်အရာတွေကို မုန်းသည်။ ဒါပေမယ့် ဒီတစ်ခါတော့ သူခံစားလိုက်ရတဲ့ ကရာမယ်လ်ရနံ့သည် အရမ်းကို ချိုမြိန်နေသည်ဟု ထင်မိ၏။ ထိုအနံ့ကြောင့်ပဲ ချိုတဲ့အရာတွေဟာ လက်မခံနိုင်စရာမဟုတ်ဘူးလို့ သူခံစားမိလာသည်။
ရှောင်းဝမ်လင်က သူ့ဆံပင်တွေကို ထိုးဖွလိုက်ပြီး သူ့နဖူးနဲ့ မျက်နှာအစိတ်အပိုင်းတွေကို ရှင်းလင်းစွာဖော်ထုတ်လိုက်၏။
သူက ကျင်းလော့၏ကိုယ်ပေါ်က ပန်းရောင်ယုန်အလှဆင်တဲ့အရာလေး စိုစွတ်နေတာတွေ့ပြီး လက်တစ်ဖက်နှင့် ကျင်းလော့အား ဖြေလျှော့ပေးဖို့ ကြိုးစားလိုက်သည်။
တကယ်တော့ ယခုအချိန်တွင် ကျင်းလော့ပြောသည့်စကားတိုင်းက ရှောင်းဝမ်လင်ကို အနည်းငယ် စိတ်ဆိုးစေ၏။
ဒါက တစ်ပတ်နီးပါးလောက် လှည့်စားခံရသည်ကြောင့် ဖြစ်ပေါ်လာရသည့် စိတ်အနှောင့်ယှက်ပင်။
ဒါပေမယ့် နက်ရှိုင်းစွာကြည့်မယ်ဆိုရင်… သူ့အိုမီဂါက တခြားသူနဲ့ ပူးပေါင်းပြီး သူ့ကိုလှည့်စားတာကို ဒေါသထွက်နေခြင်းပင်။
ရှောင်းဝမ်လင်သည် ဒေါသထွက်နေဆဲဖြစ်ပြီး သရော်သံနှင့် ပြောလိုက်သည်၊ “တိုက်ဆိုင်မှုလား? ဒါမှမဟုတ် မတော်တဆလား?”
“ကျင်းလော့… ငါ့ကို ငတုံးလို့ မင်းထင်နေတာလား?”
ရှောင်းဝမ်လင်က ကျင်းလော့၏ ပေါင်ပေါ်က ပန်းရောင်နှင်းဆီဖဲကြိုးကို ဆွဲဖြုတ်လိုက်ပြီး ရေပူနဲ့ ကျင်းလော့ကိုယ်ပေါ်က အမှတ်တွေကို ဆေးကြောလိုက်သည်။ ပန်းရောင်ဖဲကြိုးကို အမှိုက်ပုံးထဲ ပစ်လိုက်၏။ ကျင်းလော့ခေါင်းပေါ်က ယုန်နားရွက်တွေကိုလည်း ကောက်ယူပြီး အမှိုက်ပုံးထဲ ထည့်လိုက်သည်။ လည်ပင်းပေါ်က ပန်းရောင်ခေါင်းလောင်းလေးနဲ့ လိင်အင်္ဂါပေါ်က ခေါင်းလောင်းလေးကိုလည်း ဖြုတ်လိုက်၏။ ရှောင်းဝမ်လင် ခဏတိတ်ဆိတ်သွားပေမယ့် ထိုနှစ်ခုကိုတော့ မပစ်ခဲ့ပေ။ ရေပူနဲ့ဆေးပြီး သူ့အိတ်ကပ်ထဲ ထည့်လိုက်၏။
ပြီးသွားတော့ ရှောင်းဝမ်လင်က ဘာမှမဖြစ်ခဲ့သလို စိတ်မရှည်သည့်လေသံနှင့် ပြောလိုက်၏၊ “ခြေထောက်မြှောက်၊ ငါဆေးပေးမယ်”
ကျင်းလော့ မလှုပ်ရှားနိုင်ခင်မှာပင် ရှောင်းဝမ်လင်က သူ့ ခြေထောက်တွေကို သူ့လက်ကြားထဲ ဖမ်းဆွဲလိုက်၏။ ကျင်းလော့ အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သက်တောင့်သက်သာမရှိသလို ခါးကို လှုပ်လိုက်သည် “ရှောင်းဝမ်လင်..”
ရှောင်းဝမ်လင်သည် ကျင်းလော့ကို သူ့သုတ်ရည်နှင့် ပြည့်နေစေချင်ပေမယ့် သုတ်ရည်များလွန်းရင် နောက်ဆုံးမှာ မသက်မသာဖြစ်စေနိုင်သည်။
သူ့လက်ချောင်းများနှင့် ကျင်းလော့၏ အပေါက်ကို ဖိထားပြီး ကျင်းလော့ ရုန်းကန်တာကို ခံစားလိုက်မိတော့ သတိပေးသလို သူ့တင်ပါးကို ပုတ်လိုက်သည် “မလှုပ်နဲ့ နောက်တစ်ခါ ထပ်လုပ်ဖို့လည်း ငါမကြောက်ဘူးနော်”
ကျင်းလော့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့အသက်ရှူသံတွေ အနည်းငယ်တုန်ရီလာသည်။ သူ့မှာ အားအနည်းငယ်သာကျန်ပြီး သူ့လက်တွေနဲ့ မျက်လုံးတွေကို ဖုံးထားလိုက်သည်။
မျက်လုံးမှိတ်လိုက်ပြီး ယက်တောင်လို မျက်တောင်တွေက အားနည်းမှုကြောင့် ငုံ့ကျသွား၏။ နည်းနည်းလေး အားနည်းနေသလိုပင်။ရှောင်းဝမ်လင်က ကျင်းလော့၏ ခြေထောက်တွေကို ထိတွေ့လိုက်၏။ သူ့ဝမ်းဗိုက်အောက်က မာနေသည့်ခံစားချက်က နာကျင်နေသည်။ ဘာမှမပြောဘဲ ကျင်းလော့၏ကိုယ်ကို အတင်းဆေးကြောလိုက်၏။ ထို့နောက် ကျယ်ပြန့်စွာ ဖွင့်ဟနေပြီး ပိတ်ဖို့ခက်နေတဲ့အပေါက်ကို ကြည့်ရင်း ကျင်းလော့၏ဂလင်းကို သက်သောင့်သက်သာဖြစ်အောင် ပွတ်သပ်ပေးလိုက်၏။
ဒါပေမယ့် ရှောင်းဝမ်လင် ရုတ်တရက်ပင် တစ်ခုခုကို သတိထားမိသွားပြီး သူ့မျက်နှာက ဒယ်အိုးခွက်လို မည်းနက်သွား၏။
သူ့မျက်နှာအမူအရာမှာ အနည်းငယ် စိတ်ဓာတ်ကျနေပြီး နည်းနည်းလေး ကြောက်စရာကောင်းတဲ့ သြဇာကြီးမားမှုလည်း ပါနေ၏ “မင်း…”
လေထဲမှာ ပျံ့နေသည့် သစ်သားရနံ့က အနည်းငယ် ဖိစီးနေသလို၊ စူးရှနေသလို၊ နောက်ပြီး ဘယ်လိုပြောရမှန်းမသိတဲ့ တင်းမာမှုတစ်ခုလည်း ရှိနေ၏။
“မင်းက လင်လုကိုကြိုက်လို့ပဲ ငါ့နဲ့အတူရှိနေတာလား?”
ရှောင်းဝမ်လင်က ဒါဟာ နည်းနည်းလေး မယုံနိုင်စရာကောင်းတယ်လို့ ခံစားမိသည်။ ဟိုတယ်တွင် မူးနေစဉ်က တစ်ဖက်လူ ဝတ်ဆင်ခဲ့သည့် အမျိုးသမီးဝတ်စားဆင်ယင်မှုတွေကို သူပြန်သတိရမိသည်။ သူဒေါသထွက်သွား၏။ “မင်းက သူမကို မင်းရဲ့ အိုမီဂါဖယ်ရိုမုန်းတွေ ငှားပေးထားတယ်မို့လား? ပြီးတော့ သူမကိုယ်စား ငါနဲ့အတူ အိပ်ဖို့လာခဲ့တာလား?!”
ကျင်းလော့ ဘယ်လိုရှင်းပြရမှန်း မသိတော့ချေ။ သူ့စိတ်ထဲမှာ ရှုပ်ထွေးနေပြီဖြစ်သည်။ အမှတ်အသားပြုခံပြီးတာတောင် အရမ်းကို ပင်ပန်းနွမ်းနယ်နေဆဲပင်။
ကျင်းလော့က လှိုင်းထန်နေသည့် ပင်လယ်ပြင်ပေါ်မှာ မျောနေသလို ခံစားရပြီး၊ စိတ်ခံစားမှုလှိုင်းတွေအားလုံးက သူ့အား ဖိညှစ်နေသလို ခံစားရကာ ထွက်ပြေးချင်စိတ်ပေါ်လာ၏။
ဘာကြောင့်မှန်းမသိ၊ သူ့ကိုအမှတ်အသားပြုခဲ့သည့်အယ်လ်ဖာက ဆိုးဆိုးဝါးဝါး ဆက်ဆံ၍ ကြမ်းတမ်းစွာ ပြုမူခဲ့တာကြောင့် ကျင်းလော့ အရမ်းကို မတရားခံရသလို ခံစားနေရသည်။ ဒါက အိုမီဂါတစ်ယောက်၏ သဘာဝပဲလား?
ဒါမှမဟုတ် သူက အားနည်းသွားပြီလား?
မတရားခံရသည့်ဒဏ်နှင့် ဝမ်းနည်းပူဆွေးမှုတွေကိုခံစားနေရသည်။
အမှတ်အသားပြုခံရခြင်းကို ကြောက်ရွံ့နေသည့်စိတ်။ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများ။ နှစ်ပေါင်းများစွာ ဂရုတစိုက်နဲ့ အခက်အခဲတွေကြားက တည်ဆောက်ခဲ့ရသည့် လုံခြုံတဲ့နေရာလေး။ သူ့ကိုယ်သူ တည်ဆောက်ထားတဲ့ အေးစက်နေသည့် အခွံမာကြီးဟာ အခုဆွဲခွဲခံလိုက်ရပြီး အားနည်းနေတဲ့ အတွင်းသားတွေနဲ့ ဘာမှဝှက်စရာမရှိတော့ပေ။
ကျင်းလော့၏ လည်ချောင်းသည် အရမ်းခြောက်သွေ့နေပြီး စကားလုံးတစ်လုံးတောင် မထွက်နိုင်တော့ချေ။
သူက ရေချိုးခန်းနံရံကို မှီပြီး ပင်ပန်းစွာနဲ့ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ သူ့ရဲ့ မျက်ဝန်းတောင်တံတွေဟာ ရှည်လျားပြီး မျက်ရည်လမ်းကြောင်းတွေက လေးလံကာ သနားစရာကောင်းနေ၏။
“အဲ့လိုပဲ!!”
ရှောင်းဝမ်လင်၏ နှလုံးသားသည် ဖိညှစ်ခံရလွန်းလို့ ပေါက်ကွဲမတတ်ပင် ခံစားလိုက်ရသည်။
ဒါပေမယ့် ရှောင်းဝမ်လင်သည် ကျင်းလော့၏ မျက်နှာအမူအရာကို တွေ့လိုက်ရသည်၊ ဒီလိုမျက်နှာအမူအရာမျိုးကို ရှောင်းဝမ်လင် ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။
တဒင်္ဂမှာပဲ၊ ဆီးနှင်းလို ဖြူစင်နုနယ်သည့် မျက်နှာလေးမှာ အလွန်အားနည်းနေသည့် ပုံစံတစ်ခု ရောင်ပြန်ဟပ်နေသည်၊ ပင်ပန်းပြီး ရှက်ရွံ့နေသလိုပင်၊ အနည်းငယ်လေး ထိမိရုံနှင့် ဒီခိုင်မာသည့် တစ်ကောင်တည်းသော ဝံပုလွေလေးကို ကျိုးပဲ့သွားစေမလိုပင်။
ရှောင်းဝမ်လင် ရင်ဘတ်ထဲမှာ ရုတ်တရက် စူးခနဲ နာကျင်မှုတစ်ခု ဖြစ်သွား၏။
သူ အံကြိတ်မိပေမယ့် ပြုံးလိုက်သည်။ သူက တဘက်ကို ဆွဲယူလိုက်ပြီး လူကိုသုတ်ပစ်ကာ ပိုးတုံးလုံးလိုမျိုး ထုပ်လိုက်သည်။ ပခုံးပေါ်တင်ဖို့ စဉ်းစားမိပေမယ့်၊ ရှောင်းဝမ်လင်သည် ကျင်းလော့၏ အားနည်းနေသည့် ပုံရိပ်လေးကို ပြန်အမှတ်ရလိုက်သည်။ ရှောင်ဝမ်လင်း ခဏရပ်လိုက်ပြီး၊ ထိုအစားမင်းသမီးလေးအား သယ်သလို ပွေ့လိုက်တော့၏။
ရှောင်းဝမ်လင်သည် တံခါးမှ ထွက်လာခဲ့သည်၊ သူ၏ အယ်လ်ဖာဖယ်ရိုမုန်းများသည် ထူထဲစွာနှင့် မပြတ်စီးဆင်းနေ၏။ သစ်သားရနံ့ထွက်သော အယ်လ်ဖာသည် ဝံပုလွေ၏ ခြိမ်းခြောက်မှုနှင့်တူပြီး လမ်းတစ်လျှောက်ရှိ အယ်လ်ဖာအားလုံးကို စည်းကမ်းမဲ့စွာ ဖိနှိပ်ထားသည်။
တရားဝင်အားဖြင့် လေ့ကျင့်ရေးနယ်ပယ်များသည် အယ်လ်ဖာများနေထိုင်ရန်အတွက်သာဖြစ်ပြီး အယ်လ်ဖာများအပန်းဖြေရန် အပိုနေရာများ မရှိသင့်ပေ။
သို့သော် အမှန်တွင် ရှောင်းဝမ်လင်သည် လေ့ကျင့်ရေးကွင်းမှ အထူးသီးသန့်ခွဲပေးထားသော ပထမထပ်ရှိ တိုက်ခန်းတစ်ခုတွင် နေထိုင်၏။ ရှောင်းဝမ်လင်သည် ကျင်းလော့၏တုံ့ပြန်မှုကို စောင့်ကြည့်လိုသည့် ရိုးရှင်းသောဆန္ဒကြောင့် ကျင်းလော့နှင့် တစ်ခန်းတည်းနေခဲ့ခြင်းဖြစ်သည်။
သို့သော် နေအိမ်ခန်းသည် အလွန်ရှုပ်ပွနေပြီး နေထိုင်ရန် မသင့်တော်ပေ။
ရှောင်းဝမ်လင်သည် ကျင်းလော့အား ပွေ့ချီထားကာ စကားဝှက်ကိုရိုက်ထည့်ပြီး သူ့ကိုအိပ်ရာပေါ်သို့ သယ်ဆောင်သွားလိုက်သည်။ ဖိနပ်များအား ချွတ်ပစ်ကာ ကော်ဇောပေါ်သို့နင်းလျှောက်လျက် ကျင်းလော့အား အိပ်ရာပေါ်တွင် ထားလိုက်သည်။ စောင်အသစ်လဲပြီး လေအေးပေးစက်ကို ညှိလိုက်ကာ နေအိမ်ခန်းသန့်ရှင်းရေးအတွက် လူတစ်ယောက် ခေါ်လိုက်၏။
ရှောင်းဝမ်လင်သည် ကျင်းလော့ကို တင်းတင်းကျပ်ကျပ် ပွေ့ချီပြီး ပြန်ခေါ်လာခဲ့ပေမယ့်၊ ရှောင်းဝမ်လင်ကိုယ်တိုင်တော့ ရေမချိုးရသေးပေ။ သူ့ရဲ့ဘောင်းဘီသည် ရေပူများဖြင့် စိုနေပြီး အပေါ်ပိုင်းက ဗလာဖြစ်နေသည်။ ဒါနဲ့ပဲ ရှောင်းဝမ်လင်သည် ရေချိုးခန်းထဲဝင်ပြီး မြန်မြန်ရေချိုးလိုက်ကာ ရေချိုးဝတ်စုံကို ပေါ့ပေါ့ပါးပါးဝတ်ပြီး ထွက်လာခဲ့သည်။
ရှောင်းဝမ်လင်က စောင်ကိုဆွဲဖယ်ပြီး အိပ်ရာထဲဝင်ကာ လဲလျောင်းလိုက်၏။ သူ့လက်ကို ဆန့်ထုတ်လိုက်ပေမယ့် ခဏရပ်ပြီး ကျင်းလော့အား မပွေ့ဖက်ခဲ့ပေ။
ကျင်းလော့ကို ပွေ့ဖက်လိုက်မယ်ဆိုရင် သူလုံးဝရှုံးနိမ့်သွားသလို ခံစားရလိမ့်မည်။
ဟုတ်ပါတယ်၊ သူကျင်းလော့ကိုကြိုက်တယ်။ ဒါပေမယ့် သူက S-အဆင့် အယ်လ်ဖာတစ်ယောက်ပဲလေ။ ကျင်းလော့ကို သူ့ရဲ့စိတ်ခံစားမှုတွေကို အလွယ်တကူ ထိန်းချုပ်ခွင့်ပြုလိုက်မှာလား?
ရှောင်းဝမ်လင်သည် ချဉ်စူးစူးမျက်နှာဖြင့် စဉ်းစားနေမိသည်။
တကယ်လို့ ကျင်းလော့သာ သူ့ကိုပြုံးပြလိုက်မယ်ဆိုရင်၊ အိုမီဂါကို အလိုလိုက်တတ်သည့် အယ်လ်ဖာ ခင်ပွန်းတစ်ယောက်အနေနှင့် သူဒါကိုလွတ်လွတ်လပ်လပ် ခွင့်လွှတ်လိုက်မှာပင်။
ရှောင်းဝမ်လင်၏ အတွေးများသည် အနည်းငယ် ပျံ့လွင့်နေခဲ့သည်။
မင်္ဂလာပွဲ နှစ်ကြိမ်လုပ်မည်။ တရုတ်နိုင်ငံတွင် ရိုးရာမင်္ဂလာပွဲတစ်ခုနှင့် နိုင်ငံခြားရှိ ရဲတိုက်တစ်ခုတွင် မင်္ဂလာပွဲတစ်ခု ကျင်းပမည်။ မင်္ဂလာဓာတ်ပုံများအတွက် အာကာသထဲတွင် ရိုက်ကူးခြင်း၊ မိုးသစ်တောစတိုင်များလည်း ရွေးချယ်စရာဖြစ်သည်…
ဤအရာများကို တိုင်ပင်ဆွေးနွေးနိုင်၏။ အမှန်တွင် သူသည် ဤကဲ့သို့သော အသေးစိတ်အချက်များကိုပါ ထိန်းချုပ်လိုသော အယ်လ်ဖာမျိုးမဟုတ်ချေ။ ဟန်းနီးမွန်းကော? သုံးနှစ်မှ ငါးနှစ်အထိ သွားလည်နိုင်သည်၊ အထူးသဖြင့် ကျင်းလော့သာ အလိုလိုက်ခံထားရသည့်ကောင်ဆိုးလေးလိုပြုမူပါက…..
ရှောင်းဝမ်လင်သည် ဤသို့ အတွေးများနှင့် စိတ်ထဲတွင် မျှော်လင့်နေစဉ်၊ သူ၏လက်သည် ဘေးနားတွင် လုံးပြီးအိပ်နေသော ကျင်းလော့ကို မသိစိတ်ဖြင့် ဆွဲယူကာ ပွေ့ဖက်လိုက်မိသည်။
အလိုလိုက်ခံထားရတဲ့ကောင်ဆိုးလေး……
ကျင်းလော့က ကောင်ဆိုးလေးလို ပြုမူတာလား?
ရှောင်းဝမ်လင်သည် မရည်ရွယ်ဘဲ ကျင်းလော့၏ အားပါးတရ ညည်းတွားသံနှင့် နူးညံ့သော ငိုသံကို ပြန်သတိရမိပြီး သူ၏လည်ချောင်းကြွက်သားမှာ လှုပ်ရှားသွားသည်။
အမှန်တော့… သူ့ရဲ့ ပင်ကိုစရိုက်က သိပ်ကိုချစ်စရာကောင်းပါတယ်။
ရှောင်းဝမ်လင်က ကျင်းလော့၏ ကျောပြင်ကို ပေါ့ပေါ့ပါးပါး ထိတို့လိုက်ရင်း၊ ကျင်းလော့ သူ့အိပ်ရာပေါ်မှာ တင်းတင်းကျပ်ကျပ် နားနေလျက် မျက်နှာနီရဲသွားတဲ့အချိန်ကို ပြန်သတိရနေမိသည်။ ကျင်းလော့က ရှက်ပြီး… အရမ်းကို နူးညံ့နေတာပဲ။
ဘယ်သူက ကျင်းလော့မှာ ဒီလိုစရိုက်ရှိမှန်း သိမှာလဲ?
ရှောင်းဝမ်လင်သည် ငယ်စဉ်ကတည်းက ကျင်းလော့၏ လှောင်ပြောင်မှုတွေကို မကြာခဏ ခံခဲ့ရဖူးသည်။
ဒါက ပင်ကိုယ်စရိုက်ပဲဆိုရင်၊ လူတွေနဲ့တွေ့တဲ့အခါ ဘာလို့ တင်းတင်းမာမာ နေရတာလဲ? အေးအေးဆေးဆေး နေရတာ ပျော်စရာမကောင်းဘူးလား?
ရှောင်းဝမ်လင်သည် သူ့ကိုယ်တိုင်ကျင်းလော့အကြောင်း အမှန်တကယ် သိပ်မသိဘူးဆိုတာကို ရုတ်တရက် သတိထားမိလိုက်သည်။ မကြာသေးခင်က ရေချိုးခန်းထဲမှာ အားအင်ကုန်ခမ်းနေတဲ့အချိန်မှသာ ကျင်းလော့၏ အမှန်တရားကို မြင်ခဲ့ရခြင်းပင်။
ရှောင်းဝမ်လင် က တစ်စုံတစ်ယောက်ကို ပွေ့ဖက်ထားကြောင်း ရုတ်တရက် သတိရလိုက်သည်။ နည်းနည်းမသက်မသာဖြစ်ပြီး သဘာဝအတိုင်း ပိုကာတင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်၏။
ထိုအချိန်တွင်ပဲ ရှောင်းဝမ်လင်၏ ဖုန်းကတုန်ရီလာခဲ့သည်။ ကြည့်လိုက်တော့ လင်းလုဆီက မနက်ဖြန်ဒိတ်ဖို့ ဖိတ်ခေါ်ထားသည့်စာတိုပင်။
ရှောင်းဝမ်လင်၏ မျက်လုံးများ မှောင်မိုက်သွားသည်။
Chapter 28 end
*