⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
ငါ့ကို လာမချော့သေးဘူးပေါ့လေ!
Bookmark
Followed 3 people

ငါ့ကို လာမချော့သေးဘူးပေါ့လေ!

Read full chapter ငါ့ကို လာမချော့သေးဘူးပေါ့လေ!, Light Novel ငါ့ကို လာမချော့သေးဘူးပေါ့လေ! english, LN ငါ့ကို လာမချော့သေးဘူးပေါ့လေ!, ငါ့ကို လာမချော့သေးဘူးပေါ့လေ! Online, read ငါ့ကို လာမချော့သေးဘူးပေါ့လေ! at Red Knot.
还不哄我是吧
Status: Ongoing Type: Author: Native Language: Chinese Posted by: LCP Posted on: Updated on: View: ? Views
Read complete ငါ့ကို လာမချော့သေးဘူးပေါ့လေ! on Red Knot. You can also read ငါ့ကို လာမချော့သေးဘူးပေါ့လေ! free and no registration required, We always be the fastest to update series chapter ငါ့ကို လာမချော့သေးဘူးပေါ့လေ!.

Synopsis ငါ့ကို လာမချော့သေးဘူးပေါ့လေ!

Intro

 

ကျီထုံသည် အန်းကျင်းတက္ကသိုလ်၌ ကုလင်းနှင့် ထပ်မံဆုံတွေ့ရလိမ့်မည်ဟု တစ်ခါမျှ မတွေးဖူးခဲ့ချေ။ ဤလူယုတ်မာနှင့် ထပ်မံဆုံတွေ့ရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။

 

—

 

လွန်ခဲ့သော ခြောက်လခန့်က တက္ကသိုလ်တက်ခွင့်ရပြီဖြစ်ကြောင်း အတည်ပြုပြီးသည့် တတိယနှစ်အထက်တန်းကျောင်းသားများ၏ ဆောင်းရာသီကျောင်းပိတ်ရက်၌ ဖြစ်၏။

 

အလွန်သာမန်ဆန်သော စကားပြောဆိုမှုတစ်ခုအပြီးတွင် ကုလင်းက ဝီချက်(WeChat)မှတစ်ဆင့် သူ့ထံသို့ အသံမက်ဆေ့ချ်တစ်ခု ရုတ်တရက် ပို့လာသည်။

 

” ကျီထုံ… မင်း ငါ့ကို ဘာလို့သဘောထားလဲ… ”

 

ဖုန်းတစ်ဖက်ခြမ်းမှ အသံမှာ တိုးလျသော်လည်း လေးနက်နေ၏။

 

ကျီထုံက အကြောင်းရင်းကို နားမလည်သော်လည်း ဘာမျှမတွေးဘဲ ပြန်ဖြေလိုက်သည်။

 

” အကောင်းဆုံးထိုင်ခုံဖော်… အကောင်းဆုံးသူငယ်ချင်း… အကောင်းဆုံး ညီအစ်ကိုလေ… ”

 

တစ်ဖက်မှ အချိန်အတော်ကြာသည်အထိ စာပြန်မလာချေ။

 

မိမိပြောသောစကားမှာ အဓိပ္ပာယ်မနက်ရှိုင်းဘဲ စိတ်လှုပ်ရှားဖွယ် မကောင်းဟု ယူဆကာ ကျီထုံက ခဏတာ စဉ်းစားလိုက်၏။

 

” လွန်ခဲ့တဲ့ရက်ပိုင်းက တရုတ်စာအချိန်မှာ ဆရာမ ရှင်းပြသွားတဲ့ စာပိုဒ်ကို မင်း မှတ်မိသေးလား… ”

 

” အဲ့ဒါက ငါမသေခင် ငါ့မိန်းမနဲ့ ကလေးတွေကို မင်းဆီ ယုံယုံကြည်ကြည် အပ်ခဲ့သလို မင်းမသေခင်မှာလည်း မင်းရဲ့ မိန်းမနဲ့ ကလေးတွေကို ငါ့ဆီ စိတ်ချလက်ချ အပ်ခဲ့လို့ရတဲ့ တစ်သက်တာ ညီအစ်ကိုကောင်းမျိုးကို ပြောတာလေ… ”

 

ကုလင်းမှာ ဆွံ့အသွား၏။

 

စက္ကန့်အနည်းငယ်ကြာပြီးနောက် အသံမက်ဆေ့ချ် နောက်တစ်ခု ဝင်လာသည်။

 

ကျီထုံက ဖွင့်နားထောင်လိုက်ရာ ဖုန်းထဲမှ ကုလင်း၏ အလွန်အေးစက်နေသော အသံ ထွက်ပေါ်လာ၏။

 

” ကျီထုံ… မင်း ဦးနှောက်မပါဘူးလား… ”

 

သူက ဘာလို့ ငါ့ကို ဦးနှောက်မပါဘူးလို့ ပြောရတာပါလိမ့်…

 

ဤသည်မှာ ကုလင်းက ကျီထုံအား ပထမဆုံးအကြိမ် စကားလုံးကြမ်းကြမ်း သုံးလိုက်ခြင်း ဖြစ်၏။

 

ကျီထုံသည် အလွန်ဒေါသထွက်သွားကာ ဖုန်းကီးဘုတ်ကို မီးပွင့်မတတ် ရိုက်နှိပ်လိုက်သည်။

 

” ကုလင်း! မင်းတော့ သေပြီသာမှတ်!… ကျောင်းဖွင့်ရင် ဘယ်သူ အရင်စကားစပြောမလဲ ကြည့်ကြသေးတာပေါ့!… အရင်စပြောတဲ့သူ အရှုံးပဲ!… ”

 

တစ်ပတ်ကြာပြီးနောက် ကျောင်းဖွင့်ချိန်သို့ ရောက်လာ၏။

 

ထိုအချိန် ကုလင်း နိုင်ငံခြားသို့ ထွက်သွားပြီဖြစ်ကြောင်း ကျီထုံတစ်ယောက် ဆရာမထံမှ သိလိုက်ရသည်။

 

—-

 

ဤတစ်သက်တွင် ထပ်မံမတွေ့ရ​တော့ပြီဟု ကျီထုံ ထင်မှတ်ထားသောလူက အန်းကျင်းတက္ကသိုလ်၌ ပေါ်လာ​လေသည်။

 

ကျောင်းဖွင့်ပြီး မကြာမီပင် ကျီထုံသည် ရုတ်တရက် အဖျားကြီးလာကာ သူငယ်ချင်းဖြစ်သူ၏ လက်ကို ဆုပ်ကိုင်လျက် ဒေါသတကြီး ကယောင်ကတမ်းများ ပြောနေ၏။

 

” ကုလင်းဆိုတဲ့ အဲ့ဒီခွေးကောင် ဘယ်မှာလဲ!… ”

 

” သူက ဘာလို့ ငါ့ကို ဦးနှောက်မပါဘူးလို့ ဆဲရတာလဲ!… သူ့ဆီ ဖုန်းဆက်ပေး… ငါ ပြန်ဆဲရမှ ကျေနပ်မယ်!… ”

 

သူငယ်ချင်းဖြစ်သူမှာ ဘာမျှမတတ်နိုင်သဖြင့် လူမမာအား တွဲဖေးထားလျက် ဖုန်းခေါ်ဆိုလိုက်ရသည်။

 

သတိလစ်ခါနီးအချိန်လေးတွင် ကျီထုံသည် မှတ်ဉာဏ်ထဲရှိ အသံကို နောက်ဆုံးတွင် ကြားလိုက်ရ၏။

 

ထိုလူက မေးလာသည်။

 

” ဘယ်နားက နာနေလို့လဲ… ”

 

ကျီထုံ ခေါင်းမော့ကြည့်လိုက်၏။ သူ၏ မျက်နှာနှင့် မျက်လုံးများမှာ အဖျားဝင်နေသဖြင့် ရဲရဲနီနေကာ အချိန်အတော်ကြာသည်အထိ ငြိမ်သက်နေသည်။

 

” မင်း ငါ့ကို စကားမပြောတော့ဘူးလို့ ဆုံးဖြတ်ထားတာ မဟုတ်ဘူးလား… ”

 

” ကုလင်း… မင်း ငါ့ကို အရင် စကားလာပြောတာနော်… ”

 

” ငါ နိုင်သွားပြီ… ”

 

ငါနိုင်သွားပြီဟု ပြောနေသော လူသည် သူ၏ အင်္ကျီစကိုမူ တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။

 

ကုလင်းက မျက်လွှာချလိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ မှောင်မိုက်နေပြီး ထိုလူအား ဂရုတစိုက် ပွေ့ဖက်လိုက်၏။

 

” အင်းပါ… ”

 

” မင်း နိုင်သွားပါပြီ… ”

 

—

 

သူတို့နှစ်ဦးမှာ ယခင်ကဲ့သို့ ပြန်လည်သင့်မြတ်သွားကြသည်။ ဘေးနားရှိ သူငယ်ချင်းတစ်စုမှာလည်း ဝမ်းသာလွန်းသဖြင့် ဘုရားတကာ ကျေးဇူးတင်နေကြပြီး နောက်ပြောင်လိုက်ကြ၏။

 

​” ခဏလောက် ခွဲနေပြီး ပြန်တွေ့တော့လည်း အသစ်စက်စက် လင်မယားတွေထက်တောင် ကြည်နူးဖို့ ပိုကောင်းနေပါရောလားကွ… ”

 

ကျီထုံက ချက်ချင်းပင် အမှားပြင်ပေးလိုက်သည်။

 

” ဒါကို သစ္စာရှိတဲ့ မိတ်ဆွေတွေ၊ ညီအစ်ကို သံယောဇဉ် နက်ရှိုင်းတယ်လို့ ခေါ်တယ်ကွ!… ”

 

ထို့နောက် နေ့တစ်နေ့တွင် သူငယ်ချင်းဖြစ်သူက သူတို့နှစ်ဦး နမ်းနေကြသည်ကို မတော်တဆ တွေ့သွားသည်။

 

ဒါက တကယ်ကြီး ညီအစ်ကိုသံယောဇဉ် နက်ရှိုင်းနေကြတာလား…

 

—-

 

မြူဆွယ်နေမှန်း မိမိကိုယ်ကိုယ် မသိ၊ ကွေးနေမှန်းလည်း မိမိကိုယ်ကိုယ် မသိဘဲ အနားကပ်ကာ ချွဲတတ်သော နေမင်းငယ်လေးရှို့ × အထာကျကျ အအေးစက်ဆုံးဖြစ်သော ကုန်း

 

Intro ended

Mm trans ရှိမရှိကို တစ်ပတ်စောင့်ပါမယ်။

 


Read ငါ့ကို လာမချော့သေးဘူးပေါ့လေ!

Vol/Ch
Chapter Title
Release Date

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset