ငါ့ကို လာမချော့သေးဘူးပေါ့လေ!
Intro ကျီထုံသည် အန်းကျင်းတက္ကသိုလ်၌ ကုလင်းနှင့် ထပ်မံဆုံတွေ့ရလိမ့်မည်ဟု တစ်ခါမျှ မတွေးဖူးခဲ့ချေ။ ဤလူယုတ်မာနှင့် ထပ်မံဆုံတွေ့ရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။ — လွန်ခဲ့သော ခြောက်လခန့်က တက္ကသိုလ်တက်ခွင့်ရပြီဖြစ်ကြောင်း အတည်ပြုပြီးသည့် တတိယနှစ်အထက်တန်းကျောင်းသားများ၏ ဆောင်းရာသီကျောင်းပိတ်ရက်၌ ဖြစ်၏။ အလွန်သာမန်ဆန်သော စကားပြောဆိုမှုတစ်ခုအပြီးတွင် ကုလင်းက ဝီချက်(WeChat)မှတစ်ဆင့် သူ့ထံသို့ အသံမက်ဆေ့ချ်တစ်ခု ရုတ်တရက်…