⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 10

Little Creampie:
Chapter 10

အတိတ်က အဖြစ်အပျက်များသည် မခံမရပ်နိုင်စရာဖြစ်ပြီး၊ သူသည် နှစ်ရက်ကြာထိ ရှက်ရွံ့မှုကိုခံစားခဲ့ရသည်။

နောက်ဆုံးတွင် သူ့ကိုယ်သူ နှစ်သိမ့်ရင်း၊ ထိုလူသည် အံ့အားသင့်ဖွယ်ရာလှပသော NPC တစ်ဦးသာ ဖြစ်မည်ဟု ယူဆလိုက်သည်။

ပထမဆုံးအကြိမ် ဂိမ်းကစားသကဲ့သို့၊ ငွေနှင့်အတွေ့အကြုံများပေးပြီးနောက် နောက်တစ်ခါ ထပ်ဆုံတော့မည်မဟုတ်ဟု သူထင်မှတ်ခဲ့သည်။

သို့သော် ဘယ်သူက စစချင်းမှာပင် အဓိကဗီလိန်ကြီးနှင့် တွေ့ရလိမ့်မည်ဟု ထင်မိမှာလဲ?

အခုတော့ ဘော့စ်ကိုယ်တိုင်ပတ်ပေးထားသော ခုံခါးပတ်ဖြင့်ခိုင်မြဲစွာချည်နှောင်ခံထားရတဲ့ ရှရှင်းချီလေးသည် လုံးလုံးလေး ကွေးပြီးနေနေလေသည်။ လီချန်ယွမ် နောက်တစ်ခါရူးသွပ်သွားမှာကို ကြောက်သောကြောင့် စိုးရိမ်စွာဖြင့် မလှုပ်ရှားရဲတော့ပေ။

တိတ်ဆိတ်လေလေ ဦးနှောက်ထဲတွင် အရင်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်များကို ပြန်ပြီးတွေးနေမိလေဖြစ်သည်။

ရှရှင်းချီမှာ ရွေးချယ်စရာမရှိတော့ဘဲ ခြေချောင်းလေးတွေနဲ့ ကားကြမ်းပြင်ကို ထပ်ကာထပ်ကာကုတ်ခြစ်ရင်း ကားအောက်ခြေကိုတူးပြီး ပုန်းခိုရန် ကြိုးစားနေသကဲ့သို့ ခံစားရလေသည်။

****

ကားသည် ခြံဝင်းထဲကို ဖြည်းဖြည်းချင်း မောင်းဝင်လာပြီးနောက် ရပ်တန့်သွားလေသည်။ ကားထဲ၌မူ အလွန်တိတ်ဆိတ်နေသည်။

ရှရှင်းချီ သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ သူ့အိမ်မက်ထဲ၌ တလက်လက်တောက်ပနေသော ရွှေဝါရောင် ဧရာမ ရွှေပင်ကြီးတစ်ပင် ရှိနေသည်။

ရွှေရောင်အကိုင်းအခက်များမှ အထိအတွေ့မှာ အေးစက်နေပြီး အခက်တစ်ခတ်မှာ သူ့ခါးကို ရစ်ပတ်ကာရှင်သန်နေပြီး တစ်ခြားတစ်ခတ်မှာ သူ့နှုတ်ခမ်းကို အသာအယာ ထိတွေ့သွားသည်။

ထိုအေးမြမြ အထိအတွေ့သည် သူ့နှုတ်ခမ်းများမှတဆင့် ညှပ်ရိုးများဆီသို့ ပျံ့နှံ့သွားပြီး ရှရှင်းချီ မသိစိတ်က ရွှေသစ်ခတ်ကိုဖမ်းယူရန် သူ့လက်ကို ဆန့်ထုတ်လိုက်မိသည်။

သို့သော် သူသည် လီချန်ယွမ်၏ လက်ချောင်းများကိုသာ ဆုပ်ကိုင်လိုက်မိသည်။

မျက်လုံးဖွင့်လိုက်သောအခါတွင် လီချန်ယွမ်၏ အမူအရာကင်းမဲ့သော မျက်နှာကို အနီးကပ်မြင်လိုက်ရသည် ။ အနှီမျက်ဝန်းနက်များမှာ သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေပြီး ထိုလက်ချောင်းများမှာ အခုလေးတင် သူ့နှုတ်ခမ်းတွေကို ထိတွေ့နေခဲ့သည်မှာ အမှန်ပင်။

ရှရှင်းချီသည် ခဏမျှ တွေဝေနေပြီးမှ ရုတ်တရက်ထလာသည် ။

သူ့အမြင်အရတော့ ဒီဗီလိန်က သူ့အသားအိအိလေးကို ဟင်းချက်ရလောက်အောင် နူးညံ့နေသလားဆိုတာ စမ်းကြည့်နေတာပဲဖြစ်ရမည်။

ဘုရားရေ… တစ်ခဏလေးအိပ်ပျော်မိတာ ဘဝပျက်တော့မလို့ပါလား။ လီချန်ယွမ်‌ ရှေ့မှာမှ မတော်တဆ အိပ်ပျော်သွားရတယ်လို့။

အခုလို အိပ်ပျော်သွားတာကိုလည်း ရှရှင်းချီအပေါ် အပြစ်တင်၍ မရ။ ဤသည်မှာ သူ ကူးပြောင်းပြီးကတည်းက တစ်ပတ်လုံးလုံး အိပ်ရေးဝဝ မအိပ်ခဲ့ရဘဲ ငွေရှာဖို့ နေ့တိုင်း အလုပ်ကြိုးစားနေခဲ့ရသောကြောင့်ပင်။

ဤလ၌ သူ့အကြွေးကို ဆပ်ပြီးသည်နှင့် ကောင်းကောင်း အိပ်စက်ရန် ကြံရွယ်ထားသော်လည်း လမ်း၌ မိုးကြိုးကြောင့် အနှောင့်အယှက်ဖြစ်ရပြန်သည်။

ဤသို့ဖြင့် ယခုကဲ့သို့ သူ ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။

ကြောက်မက်ခြောက်ခြားဖွယ်ကောင်းသော ရာဇ၀တ်မှုများအတွက် အထူးသင့်လျော်သော ဤတိတ်ဆိတ်သောည၌ ရှရှင်းချီနှင့် ဗီလိန်တို့သည် မျက်လုံးချင်းဆိုင်နေမိသည်။ သူနိုးလာသည်နှင့်တစ်ပြိုင်နက် အနီးကပ်စိုက်ကြည့်ခံလိုက်ကြပြီး ဤမြင်ကွင်း၏ ကြောက်စရာအကောင်းဆုံးအပိုင်းသည် ချက်ချင်းပြည့်စုံသွားတော့သည်။

သူ မတော်တဆ လီချန်ယွမ်၏လက်ချောင်းများကို ဆုပ်ကိုင်ထားဆဲဖြစ်သည်ကို သတိထားမိသောအခါ ဓာတ်လိုက်ခံရသကဲ့သို့ ချက်ချင်းလွှတ်လိုက်လေသည်။

ကံကောင်းစွာဖြင့် လီချန်ယွမ်က တခြားဘာမှ လုပ်ရန် အကြံအစည်မရှိပေ။ သူ အဝေးကို တစ်ချက် လှမ်းကြည့်လိုက်ကာ ကားပေါ်မှ ဆင်းသွားသောခါ ရှရှင်းချီလည်း အိမ်မက်ယောင်နေသည့်အတိုင်း လိုက်သွားရန်မှတပါး ရွေးချယ်စရာမရှိပေ။

အနီးတွင် ခြံဝင်းကျယ်နှင့် ရေကန်တစ်ခုပါရှိသော ဇိမ်ခံပြင်သစ်ဗီလာတစ်ခုရှိသည်။ ပန်းခြံထဲ၌ မီးရောင်တောက်တောက်များအကြား တောက်ပြောင်သန့်ရှင်းကာ သေချာရိတ်ထားသော မြက်ခင်းပြင်များ၊ ဂရုတစိုက် ဖြတ်တောက်ထားတဲ့ ပန်းပင်များကို ရောင်ပြန်ဟပ်နေသည့် ပန်းပုရုပ်တုများ၊ စမ်းချောင်းငယ်များ ရှိနေသည်။

မြေတစ်လက်မစီကပင် ရွှေအလေးချိန်နှင့်ထိုက်တန်သော ဤမြို့တော်ရှိ အရာအားလုံးသည် ပိုင်ရှင်၏ စည်းစိမ်ဥစ္စာများမှာ မည်သူမျှ တုနှိုင်းမယှဉ်နိုင်သည်ကို ပြသနေသည်။

ဤကဲ့သို့သော ကံကြမ္မာက ရှရှင်းချီကို ထိတ်လန့်စေခဲ့သည်။

သူခြေလှမ်းကို မစတင်ခင်မှာပင် ဤနေရာ၌ သူ့အသက်သည် အန္တရာယ်ရှိနေဆဲဖြစ်ပြီး လှီးဖြတ်စားသုံးခံရန် စောင့်ဆိုင်းနေသော ငါးတစ်ကောင်ကဲ့သို့ဖြစ်သည်ကို တံခါးဝသို့လျှောက်လာသည်နှင့်အမျှ သတိထားမိနေသည်။

လီချန်ယွမ်ကတော့ အခုထိ လုံးဝစိတ်မဖောက်သေးပေမယ့် သူ ဘယ်အချိန်ထရူးသွားမလဲဆိုတာ ဘယ်သူကကြိုသိမှာလဲ ။

ဆက်စပ်ကြည့်ရလျှင် ဤစေ့စပ်ပွဲက မူလ‌ဇာတ်ကြောင်းကို စောစေရုံသာမက မူလဇာတ်ကြောင်းကဲ့သို့ ဖျက်သိမ်းခြင်းလည်း မရှိခဲ့ပေ။

လီချန်ယွမ်ကိုလည်း ဘာကြောင့် သူ့ကို ဖမ်းထားရတာလဲလို့ မမေးရဲချေ။ ရှရှင်းချီတစ်ယောက် ကျားအမြီးကို နောက်တစ်ကြိမ် တက်နင်းမိမှာကို ကြောက်မိသောကြောင့် သူ၏ စကားများသော အကျင့်ကို ထိန်းထားကာ ပါးစပ်လေး အသာပိတ်ပြီး နောက်မှ လိုက်သွားခဲ့သည်။

ဗီလာ၏အတွင်းပိုင်းသည် အလွန်ကျယ်ဝန်းပြီး ဇိမ်ခံပစ္စည်းများမှာ အံ့ဩစရာဖြစ်သည်။ ရှရှင်းချီ မျှော်ကြည့်လိုက်စဉ် စာအုပ်ထဲ၌ ဖော်ပြထားသော ဓာတ်လှေကားကို တွေ့လိုက်ရသည်။

စာအုပ်ဖတ်ရင်း သူတွေးကြည့်ဖူးသည်။ မြေညီထပ်တွင် ကားဂိုဒေါင်နှင့် ပထမထပ်တွင် ရေကူးကန်၊ ထို့အပြင် အခြားသုံးထပ်ရှိသည်။ ထို့ကြောင့် ပဉ္စမထပ်တွင် ဓာတ်လှေကား တပ်ဆင်ခြင်းသည် လူသားမဆန်သော အကဲပိုခြင်းမှုဖြစ်သည်။

သူ အစားအသောက်တွေ လိုက်ပို့တုန်းကဆိုရင် အချိန်မီ ပို့နိုင်ဖို့ ဆယ်ထပ်ကို တစ်ချိုးထဲ ပြေးတက်ဖူးသည်။

ဒါပေမယ့် ဇိမ်ခံတိုက်က ဇိမ်ခံတိုက်ပါပဲ။ ထို့အပြင် ဤသို့အပြင်အဆင်များမှာ လီချန်ယွမ်၏ ရောဂါအခြေအနေကြောင့် ဖြစ်မှန်း ရှရှင်းချီသတိထားမိသည်။

ဒီလူက ကြည့်တော့သာ အကောင်းကြီး.. ဒါပေမယ့် သူအသက်ဆက်ရှင်ဖို့ နှစ်ဝက်ပဲ အချိန်ကျန်တော့တာ။

အခုလို အပြင်းအထန် နေမကောင်းတဲ့အခါ လမ်းလျှောက်ရန် ခက်ခဲလွန်းသည်။ သို့သော် ဤမာနကြီးပြီး စိတ်ဆိုးလွယ်သူက သူ့ကိုယ်သူ ဘယ်သူ့ကိုမှသယ်သွားခွင့်မပေးခဲ့ချေ။

သူ့ဘီးတပ်ကုလားထိုင်ကို သယ်ဖို့ရန် ဓာတ်လှေကားမရှိဘဲ သူ့အခန်းထဲသို့ သူ့ဘာသာ ပြန်မသွားနိုင်‌ပေ ။

အိမ်တော်ထိန်း အန်ကယ်တင်းက လီချန်ယွမ်၏ ကုတ်အင်္ကျီကို ယူပေးရန် ရှေ့ကို လျှောက်လာပြီး လက်တွင်ချိတ်ဆွဲလိုက်ကာ ပြုံးရယ်လျက် နှုတ်ဆက်လေသည်။

“သခင်”

ထို့နောက် သူက ခေါင်းကိုလှည့်ကာ ကြင်ကြင်နာနာနှင့် ရင်းရင်းနှီးနှီးပြောလာသည်-

“မင်းက ရှသခင်လေး မဟုတ်လား၊ သယ်‌စရာအိတ်တွေပါလာလား ဒါမှမဟုတ် ကျွန်တော်ကူညီပေးစရာ တစ်ခုခုများရှိလားခင်ဗျ”

ရှရှင်းချီက ချစ်စဖွယ် ခေါင်းခါပြလိုက်သည်။ ထို့နောက် အစေခံ ငါးယောက် ခြောက်ယောက် ရှိသည်ကို ထပ်တွေ့လိုက်ရသည်။ သူ့ပတ်ဝန်းကျင်၌ ကြင်နာတတ်တဲ့ အိမ်တော်ထိန်းတစ်ယောက်ရယ် အစေခံတွေပါရှိတော့ သူ့ရဲ့ တင်းမာနေတဲ့ နှလုံးသားလေးဟာ နောက်ဆုံးတွင် ပြေလျော့သွား‌တော့သည်။

ဗီလိန်ကြီးက ဒီလောက် လူအများကြီးရှေ့မှာတော့ လူသတ်မှု မကျူးလွန်လောက်ပါဘူး။ သူ့ဘဝလေးတော့ လုံခြုံပြီ။ ရှရှင်းချီသည် နောက်ဆုံးတွင် သတ္တိရှိရှိမေးထုတ်လိုက်သည်။

“မစ္စတာလီ၊ ကျွန်တော် ဘယ်တော့ပြန်ရမှာလဲ”

လီချန်ယွမ်မှာ သူ့နက်ခ်တိုင်ကို ဖြုတ်ရင်းဖြင့် လှေကားပေါ်တက်သွားသည်။

ရှရှင်းချီ၏စကားကြားသည်နှင့် သူက ပေါ့ပေါ့ပါးပါး ပြန်မေးလာသည်။

“ငါတို့က စေ့စပ်ထားပြီးပြီ၊ မင်းက ဘယ်ကိုပြန်ချင်တာလဲ”

ကြည်လင်သော မီးအလင်းရောင်အောက်၌ ရောင်ပြန်ဟပ်နေသည့် အလင်းတန်းများ လင်းလက်နေပြီး ၎င်းတို့နှစ်ဦး၏ လက်ခလယ်တွင် စေ့စပ်လက်စွပ်များက တောက်ပြောင်နေသည်။

ဒီအဖြေက ကျိုးကြောင်းဆီလျော်သည်။ ရှရှင်းချီတစ်ယောက် အနည်းငယ် အံ့အားသင့်သွားပြီး “အာ” ဟု အသံရှည်ဆွဲကာ ပြောလိုက်သည်။

အမှန်ပင် ၊ သူတို့ မကြာသေးခင်ကပင် စိတ်လှုပ်ရှားစရာကောင်းသော စေ့စပ်ပွဲပါတီတစ်ခု ရှိခဲ့ဖူးသည်…… သို့သော် ဒါက တကယ်ကို စေ့စပ်ပွဲပါတီတစ်ခုလား။

မူလဇာတ်ကြောင်းသည် ဤကဲ့သို့ မဟုတ်သော်လည်း လီချန်ယွမ်၏တန်ဖိုးကို ထည့်သွင်းစဉ်းစားကြည့်ပါက ဤသို့သော ချစ်သူမျိုးကို ဘယ်တော့မှ ရရှိနိုင်မည်မဟုတ်ပေ။

ဤကဲ့သို့ အလျင်စလိုနိုင်သော ဘဝ ဆုံးဖြတ်ချက်ကြီးကို သူ မည်သို့ ချနိုင်မည်နည်း။

ဘန်း!

အေးစက်စက် တံခါးပိတ်သံနှင့်အတူ လီချန်ယွမ်သည် သူ့အခန်းထဲဝင်သွားပြီး ရှရှင်းချီကို တံခါးပိတ်ပစ်လိုက်သည်။

ရှရှင်းချီ : …….

ဒီဗီလိန်က သူ့ကိုလက်ထပ်ချင်တာထက် ဝက်တွေက သစ်ပင်ပေါ်တက်သွားတယ်ဆိုတာကမှ ပိုယုံချင်စရာကောင်းသေးတယ်။

သူ ပွင့်ပွင့်လင်းလင်းဖြင့် လက်ချင်းချိတ် နှုတ်ဆက်ကာ ပြောင်ပြောင်တင်းတင်း အော်မေးလိုက်ချင်သည်။ ငါတို့နှစ်ယောက်စလုံး သိတယ်ဆိုတာ ရှင်းနေတာပဲ .. ဘာကြောင့်များ စေ့စပ်ပွဲကို ဇာတ်ညွှန်းအတိုင်း မဖျက်သိမ်းလိုက်တာလဲ။

နှစ်ယောက်လုံးက အဆုံးသတ်မည့် ဗီလိန်သူဌေးကြီးနှင့် အမြောက်စာဇာတ်ကောင်။ အနုတ်လက္ခဏာနှစ်ခုက ဘယ်လိုမှ အပေါင်းဖြစ်ဖို့ မရှိဘူး။

ဒါကိုစဥ်းစားရင်း ရှရှင်းချီတစ်ယောက် အမြောက်စာဇာတ်ကောင် အဖြစ် ဘယ်လိုသေရမယ်ဆိုတာ တွေးတောနေမိရင်း ဝမ်းနည်းစရာကောင်းတဲ့ ဖားတစ်ကောင်အဖြစ် ရုတ်တရက် ပြောင်းလဲသွားတော့သည်။

“သခင်လေး၊ အိပ်ခန်းက အဆင်သင့်ဖြစ်ပါပြီ၊ မအိပ်ခင် တစ်ခုခုစားချင်လား ဒါမှမဟုတ် နို့တစ်ခွက်လောက် သောက်မလား”

အန်ကယ်တင်းက အပေါ်ထပ်သို့တက်လာရင်း မေးသည်။

ရှရှင်းချီတစ်ယောက် လီချန်ယွမ်၏ တင်းတင်းပိတ်ထားသော တံခါးဝတွင် ထိုင်ချကာ မြေပြင်ပေါ် တွင် စက်ဝိုင်းပုံများကို လက်ညှိုးဖြင့် ရေးဆွဲနေသည့် မြင်ကွင်းမှာ သူ၏ စေ့စပ်ထားသူနှင့် အိပ်ရာတစ်ကုတင်တည်း မအိပ်နိုင်သောကြောင့် ဝမ်းနည်းနေတဲ့လူပုံစံပေါ်နေလေသည်။

လူအိုကြီးက ချက်ချင်းပင် သူ့ကို စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ပေးတော့သည်-

“အများကြီးမတွေးပါနဲ့ ။ သခင်လေးတို့ လက်ထပ်စာချုပ်မှာ လက်မှတ်မထိုးရခင် သခင်ကြီးက ဆင်ခြင်နေတာနေမှာပါ ဒါပေမယ့် သူ သခင်လေးကို ချစ်ပါတယ်”

သူ့လေသံက အတော်လေးကို ယုံကြည်ချက်ရှိနေပုံ။

သို့သော် ရှရှင်းချီ၏ မယုံကြည်နိုင်သော မျက်ဝန်းများကို သူမြင်ပြီးထပ်ပြောလာသည်။

“တကယ်ပါ။ သူက သခင်လေးကို စောင့်ကြည့်ပြီး အချိန်မရွေး လိုအပ်တာရှိရင် သတင်းပို့ဖို့ ကျွန်တော်တို့ကို အတိအကျ ပြောထားပါတယ်”

ရှရှင်းချီ : …..

ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါလုံးဝစိတ်မသက်သာနေဘူးလို့။ သူက ငါ့ရဲ့ လွတ်မြောက်ရေး အစီအစဉ်တွေအားလုံးကို တိုက်ရိုက်စောင့်ကြည့်ဖို့အတွက် လူတွေကို အမိန့်ပေးထားတာပဲ နေမှာ။

လီချန်ယွမ် ကြီးပြင်းလာတာကို စောင့်ကြည့်ပြီး သူ့ကို ကောင်းကောင်းသိတဲ့ အိမ်တော်ထိန်းကြီးက လီချန်ယွမ်ရဲ့ဒီအကျင့်စရိုက်ကို ဘာလို့ မသိမှန်း သူ တွေးမရတော့ဘူး။

Chapter 10 end
___

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

Status: Ongoing Type: Author: Released: 2022

Name-နာမကျန်းဗီလိန်ကြီးနဲ့စည်းစိမ်ရှာသူတို့၏အိမ်ထောင်ရေး

Description

ရှရှင်းချီဟာ အရမ်းဆင်းရဲခဲ့တယ်။ သူသေသွားပြီး စာအုပ်ထဲကို ပြန်ဝင်စားလိုက်တော့ ချမ်းသာတဲ့မိသားစုက ပြန်ခေါ်ထားတဲ့ သခင်လေးဖြစ်သွားပြီး ချက်ချင်းကြီး ချမ်းသာသွားတာပေါ့။

ဒါပေမဲ့ စာအုပ်ထဲက သ​ေဘာတရားတွေက လွဲနေတော့ သူက အ​မြောက်စာ​ဇာတ်ကောင်သာဖြစ်ပြီး ဇာတ်လမ်းကို ခိုးယူသွားတဲ့ သခင်လေးအတုက ဇာတ်လိုက်ဖြစ်နေတယ်လေ။

မိဘနှစ်ပါးစလုံးရဲ့အချစ်ကို မရတဲ့ ရှရှင်းချီဟာ နာမကျန်းတဲ့ ဗီလိန်သူဌေးကြီး လီချန်ယွမ်နဲ့ အတင်းအိမ်ထောင်ချပေးခံလိုက်ရတယ်။ ဒီအိမ်ထောင်ရေးကနေ ထွက်ပြေးရင် သူသေမှာ။ စေ့စပ်ပွဲမှာ သခင်လေးအတုက ထောင်ချောက်ဆင်ပြီး သူ့ကို ထွက်ပြေးအောင်၊ ပြဿနာရှာအောင် လုပ်ပေမဲ့ သူကတော့ ချက်ချင်းပဲ မျက်လုံးတွေတောက်ပသွားပြီး “လောင်ကုန်း!” ဆိုပြီး အပြေးသွားလိုက်တယ်။

မသေမျိုး အမတလို ပုံစံ၊ ပခုံးကျယ်ကျယ် ခြေတံရှည်ရှည်နဲ့ ပြီးပြည့်စုံတဲ့ ကိုယ်လုံးကိုယ်ပေါက်... စည်းစိမ်ရှာသူလေးကတော့ အဲဒါတွေကို စိတ်မဝင်စားဘူး။ သူ့မျက်လုံးထဲမှာ သူ့ရဲ့စေ့စပ်ထားသူ လီချန်ယွမ်ကြီးက တလက်လက် တောက်ပနေတဲ့ လူပုံစံ ငွေထုတ်စက်ကြီးပဲ!

ရှရှင်းချီက လီချန်ယွမ်ရဲ့ပေါင်ပေါ်ကို ရဲရဲတင်းတင်းထိုင်ပြီး သူ့လက်ကို ချစ်ချစ်ခင်ခင်ကိုင်ထားလိုက်တယ်: “မစ္စတာလီ၊ မြင်မြင်ချင်း အချစ်ဆိုတာ ယုံကြည်လား?”

—သူကတော့ ငွေခေါ်သံကြားတာနဲ့ ယုံကြည်တယ်။

လူတိုင်း အံ့အားသင့်သွားပြီး ရှရှင်းချီဟာ တကယ်ကို အရူးပဲလို့ ထင်ကြတယ်။ ဗီလိန်သူဌေးကြီးက သူ့ကို ချက်ချင်းပဲ ကြမ်းပြင်ပေါ် ပစ်ချမှာပဲလို့ ထင်ကြတယ်။ မထင်မှတ်ပဲ လီချန်ယွမ်က တိတ်တဆိတ် အကြည့်ကိုအောက်ချလိုက်ပြီး ခဏကြာတော့ ပြုံးလိုက်တယ်: “ယုံကြည်တယ်”

လူအများရှေ့မှာပဲ သူက ရှရှင်းချီကို ပွေ့ချီပြီး အိမ်ကို ခေါ်သွားလိုက်တယ်။

ရှရှင်းချီလေး လန့်သွားတယ်: ခဏလေး! ကျွန်တော့်ကို လွှတ်ပေး! ဇာတ်လမ်းက မှားနေပြီဗျ!

ဇာတ်လမ်းလမ်းကြောင်းလွဲဖယ်သွားတော့ စည်းစိမ်ရှာသူလေးဟာ ဖျော်ဖြေရေးလောကထဲမှာ ငွေရှာပြီး ချမ်းသာအောင်လုပ်ရတော့တယ် — လီချန်ယွမ်ကို နောက်ဆုံးအချိန်ထိ ချစ်ခင်ယုယစွာ ပြုစုပေးရင်းပေါ့ —

မူရင်းစာအုပ်ရဲ့ဇာတ်လမ်းအရ ဗီလိန်ကြီးက မကြာခင်သေတော့မှာ။

လီချန်ယွမ်ရဲ့ မျက်နှာက ဖြူဖျော့နေပြီး အားနည်းတဲ့ အသံနဲ့ တိုးတိုးလေးမေးတယ်: “ငါပြောတာအားလုံးကို မင်းသဘောတူမှာလား?”

ရှရှင်းချီက မကြာခင် သူ့လက်ထဲရောက်လာတော့မယ့် 100 ဘီလီယံရှိတဲ့အမွေတွေကို တွေးပြီး ဝမ်းသာအားရ မျက်ရည်တွေနဲ့ ခေါင်းညိတ်လိုက်တယ်: “ပြောပါ၊ ကျွန်တော် သေချာပေါက် ကတိပေးမယ်”

သူအံ့အားသင့်သွားတာက သေတော့မယ့်လူက ချက်ချင်းထလာတယ်လေ: “မင်းစကားကို မင်းမှတ်ထား”

နောက်နေ့ အိပ်ရာကနေ မထနိုင်တဲ့ ရှရှင်းချီ: “ကျွတ်! နာမကျန်းဖြစ်လို့ သေတော့မယ့်လူက ဒီလိုမျိုးလုပ်နိုင်တယ်ပေါ့လေ!”

လီချန်ယွမ်: သူက ငါသေတော့မယ်လို့ အမြဲထင်နေတာ ဘာကြောင့်လဲတော့ မသိဘူး၊အဲ့တော့ ငါ ကျန်းမာတယ်ဆိုတာ သူ့ကို တခြားနည်းနဲ့ ပြရမယ်။

>>>>>>

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset