Little Creampie:
Chapter 8
သူပိုပြီး ကြောက်လာတိုင်း တုန်လှုပ်လာတိုင်း သူ့မှာအကျင့်ဆိုးတစ်ခုရှိတယ်။ အခြေအနေ တင်းမာမှုများလျော့လာတဲ့အထိ သူ့ပါးစပ်ကို မပိတ်နိုင် ၊ စကားပြောတာ မရပ်နိုင်တာတွေပေါ့။
“ဆရာ… ကျွန်တော် အချစ်ရေးမှာ အခွင့်အရေးကောင်းကို လက်လွတ်ဆုံးရှုံးမခံချင်ပေမဲ့ ရိုးရိုးသားသားပြောရရင် ကျွန်တော့်ခြေထောက်တွေကိုလည်း မဆုံးရှုံးချင်ဘူး။ ကျွန်တော်နောက်ထပ် ထပ်ပြီး မြင်မြင်ချင်းအချစ်အကြောင်းကို ရုတ်တရက်ကြီးမပြောရဲတော့ပါဘူး။”
“ကျွန်တော်တောင်းပန်နေတာပါ ဆရာ၊ ရှရှင်းချီကို ဆည်ကန်ထဲမှာ မေ့ထားခဲ့ပါတော့။ကျွန်တော်ကိုယ်တိုင်ပဲ ကန်ထဲခုန်ဆင်းပါရစေ။လုပ်ပါနော်။ အဲ့မှာအနည်းဆုံးတော့ ငါးမန်းတွေမရှိဘူးမို့ပါಥ‿ಥ”
လီချန်ယွမ်က သူပေါက်ပေါက်ဖောက်နေတာကို လစ်လျူရှုပြီး အနားယူဖို့အတွက် ထိုင်ခုံအနောက်ကိုမှီလိုက်သည်။
ရှရှင်းချီ တွေးလေလေ သူပိုကြောက်လာလေလေဖြစ်၏။ တိတ်ဆိတ်နေတဲ့ အခန်းအကန့်ထဲမှာ ကျန်ရှိနေတာကတော့ ဗုံတီးသံလိုဖြစ်နေတဲ့ သူ့နှလုံးခုန်သံတွေပင်။
ဒီအကြီးစားဗီလိန်ကြီးကို သူ့ကိုသွားခွင့်ပြုဖို့ မေးရမှာက မဖြစ်နိုင်သလောက်ပဲ။
ရှရှင်းချီ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ စကားတွေ တတွတ်တွတ်ပြောရင်း ပြောလက်စ ဟာသကို ဆက်ရင်း Rolls Royce ကားပေါ်က အဖွင့်အပိတ်ခလုတ်ကိုလေ့လာဖို့ သူ့ခေါင်းကို တိတ်တဆိတ် ငုံ့လိုက်သည်။
မီးနီကြောင့်ကားရပ်သွားတာတဲ့ ခဏအတွင်း၊ ရှရှင်းချီ လော့လ်ဖွင့်တဲ့ခလုတ်ကို ချက်ချင်း နှိပ်ချလိုက်ကာ ကားတံခါးကိုဖွင့်ပြီး အလင်းရဲ့မြန်နှုန်းနဲ့ ကားထဲကခုန်ထွက်သွားခဲ့သည်။
အဲ့ဒီနောက် ဘန်းးး ဆိုပြီး ကားတံခါးနဲ့ သူတစ်ကိုယ်လုံး ပစ်တိုက်မိသွားသည်။
ခွေးမသားလို့ ဆဲတာက သင့်လျော်လားတော့ မသိဘူး။ ဒါပေမဲ့ ငါတော့ ဆဲမှာပဲ။
နားထောင်ဖို့ခေါင်းမာနေခဲ့တဲ့ လီချန်ယွီက ဆူညံသွားတဲ့မြည်သံကြောင့် မျက်လုံးကိုဖွင့်ပြီး အသံလာရာကို မျှော်ကြည့်လိုက်သည်။
သူ့မျက်နှာက ခံစားချက်မဲ့နေသေးပေမဲ့လည်း အကြည့်ချင်းစုံသွားတဲ့အချိန် သူ့မျက်လုံးထဲက ပေါက်ကွဲထွက်လာတဲ့ ဒေါသနဲ့ ကြမ်းတမ်းခက်ထန်မှုကို ရှရှင်းချီ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
ဒါဆို ဒါက သူတကယ်ဒေါသထွက်နေတဲ့ပုံစံပေါ့။
ဒါက ရှရှင်းချီခေါင်းထဲ ဘွားကနဲပေါ်လာတဲ့အတွေးပင်။
အရင်ပြောခဲ့တဲ့ စကားလုံးအရိုင်းတွေနဲ့ ကုတ်ခြစ်တာတွေကတောင် ကားထဲကခုန်ထွက်ပြီး ထွက်ပြေးဖို့ကြိုးစားတာလောက် သူ့ကိုဒေါသမထွက်စေဘူးပေါ့။
ရှရှင်းချီရဲ့ တကယ်မရှိတဲ့ အမြှီးကတောင် ကြောက်လွန်းလို့ အမွှေးတွေထောင်လာသလိုပဲ။ လီချန်ယွီရဲ့ အကြည့်စူးစူးက သူ့ခေါင်းကိုပူထူသွားစေသည်။သူမပြုံးချင်ပြုံးချင် ပြုံးလိုက်ပြီး…
“ကျွန်တော် ကားတံခါးအရည်အသွေးကို ခင်ဗျားအတွက် စစ်ပေးနေတာ ၊ ခြုံပြီးပြောရရင် ကားမောင်းရင် လုံခြုံရေးက အရမ်းအရမ်းအရေးကြီးတယ်လေ”
“အရည်အသွေးအရမ်းကောင်းလိမ့်မယ်လို့ ကျွန်တော်မမျှော်လင့်ထားဘူး ဟားဟားဟား ဟား”
ဒရိုင်ဘာရှောင်ဝူက ကားအနောက်က အသံကိုကြားပေမဲ့ စကားမပြောရဲခဲ့ဘူး။သူ့စိတ်ထဲကနေပဲ ကြိတ်ချီးကျူးနေခဲ့၏။
မစ္စတာလီ မျှော်လင့်ထားသလိုမျိုးပဲ ကားတံခါးမှာ child locksထပ်တပ်ထားတာက အလုပ်ဖြစ်သွားခဲ့တယ်။ကားတံခါးက အတွင်းကနေ ဖွင့်လို့ ပွင့်သွားမှာမဟုတ်ဘူး။
(T/N: အဲ့တော့ ရှရှင်းချီက တံခါးlockကို ဖွင့်ပြီး အရှိန်အဟုန်နဲ့ ထွက်လိုက်ပေမယ့် တံခါးက မဖွင့်တော့ ကားတံခါးနဲ့ သူ့ကိုယ်နဲ့ ဘန်းးးးဆိုပြီး ပြန်တိုက်မိသွားတာပါ )
ကားထဲက လေဖိအားကလည်း တစ်ဖြေးဖြေးကျဆင်းလာပြီး ကားထဲကလူတွေရဲ့ အသက်ရှုနှုန်းကို ဖိနှိပ်နေခဲ့သည်။
တွဲဖက်ယာဉ်မောင်းသူနေရာက အတွင်းရေးမှုးယီမှာ ငြိမ်သက်စွာ နောက်ကြည့်မှန်ထဲကနေ နောက်ခန်းထဲကိုကြည့်လိုက်သည်။
သူမ့သူဌေးရဲ့ အေးစက်မှောင်မိုက်နေတဲ့ အကြည့်နဲ့စုံမိခိုက် သူမခေါင်းကို ချက်ချင်းပြန်လှည့်ကာ ထပ်မချောင်းရဲတော့။
လီချန်ယွမ်က အရင်ထဲက ဒေါသထွက်လွယ်တဲ့လူပဲ။သူ့ကို ဒေါသထွက်စေဖို့ ကိစ္စလေးတစ်ခုပဲလိုတယ်။
“ရှရှင်းချီ”
ပထမဆုံးအကြိမ် သူ့နာမည်အပြည့်အစုံကို ခေါ်လိုက်ခြင်းပင်။
“မင်းဘယ်ကို ထပ်ပြီး ထွက်ပြေးဖို့ကြိုးစားနေပြန်တာလဲ”
သူ့အသံက သူဒေါသထွက်နေတာကို အသိအမှတ်ပြုနိုင်လောက်အောင် အနိမ့်သံဖြစ်နေခဲ့၏။ ရှရှင်းချီလည်း ထိတ်လန့်နေရာကနေ အာရုံပျက်ပြားသွားခဲ့သည်။ “ထပ်ပြီး”ဆိုတာ ဘာကိုပြောတာလဲ။
သူ ၀တ္ထုထဲ ရောက်ခဲ့တဲ့ညက ဖြစ်ခဲ့တဲ့ အလွဲအမှားတွေကို ထွက်ပြေးတာအနေနဲ့ တွေးတာပဲလား။
ဆရာရေ…ခင်ဗျားခေါင်း တစ်ခန်းလွတ်သွားတာလား။ အရူးပဲ အဲ့လိုအခြေအနေမှာ ထွက်မပြေးပဲနေမှာ။
သူစကားမပြောနိုင်ခင်မှာပဲ လီချန်ယွမ်က သူ့ကို တိုက်ရိုက် ဘူလီတော့တာပါပဲ။သူတို့ကြားက အကွာအဝေးကလည်း လျှင်မြန်စွာ ကျဉ်းသွားခဲ့သည်။
သူ့ကျောက ကားတံခါးနဲ့မထိမချင်း နောက်ပြန်ဆုတ်ဖို့ ဖိအားပေးခံခဲ့ရသည်။အခုတော့ ပုန်းစရာနေရာလည်း မရှိတော့ဘူး။
ဗီလိန်ရဲ့ ထောင်ချောက်တည်နေရာက တကယ့်ကို အခြေခံကျသည်။သူ ဒီထူးဆန်းတဲ့ ထောက်ချောက်ထဲ မရည်ရွယ်ပဲခုန်၀င်မိချိန် ကြောက်စရာကောင်းမယ်လို့ ဘယ်သူထင်မှာလဲ။
ရှရှင်းချီ ဒီအချိန်မှာတော့ “The Scream”ဆိုတဲ့ နာမည်ကြီးပန်းချီကားထဲကလို ကြောက်ရွံ့နေခဲ့သည်။ကျိန်ဆဲတဲ့စကားလုံးတွေက လည်ချောင်းထဲ တစ်ဆို့နေခဲ့ပြီး လက်သီးကျစ်ကျစ်ဆုတ်ကာ ဒီပွဲကို သူဘယ်လိုနိုင်အောင်လုပ်ရမလဲ ဆုံးဖြတ်နေခဲ့သည်။ လီချန်ယွမ် သွေးတွင်းသကြားဓာတ်နည်းခြင်းကို မခံစားရခင်က လူတွေကို အသာလေး အလဲသိပ်ခဲ့တာ။
ထိုအချင်းအရာက သူ့ရဲ့ ချူချာပြီးထိခိုက်လွယ်တဲ့ ချောမောတဲ့အသွင်အပြင်က မယုံနိုင်စရာပဲဆိုတာ ပြသနေခဲ့သည်။အခုသူ ဖြေးဖြေးချင်း ပြန်ကောင်းလာတဲ့အခြေအနေနဲ့ ရှရှင်းချီ သူနဲ့တိုက်မယ်ဆို ရလဒ်က အရှုံးပဲဖြစ်မှာ။
အလိုအလျောက်သီးသန့်စခရင်က အချိန်တစ်ခုမှာ အသံတိတ် ပိတ်သွားခဲ့ပြီး နေရာခြားထားတဲ့ခုံတွေကလည်း လေမ၀င်နိုင်လောက်အောင်တိုးကပ်လာသည်။
အလွန်ပူနွေးတဲ့ အသက်ရှုငွေ့ က နီးပြီးရင်းနီးကပ်လာသည်။ရှရှင်းချီ ကားတံခါးမှာပဲ ပိတ်မိနေခဲ့တာမို့ ရူးသွပ်ပြီးကြောက်စရာကောင်းတဲ့ ဗီလိန်ရဲ့ မျက်၀န်းတွေထဲကို စိုက်ကြည့်နေခဲ့ရသည်။
လေထုက ပြင်းထန်နေခဲ့သည်။ ရက်စက်ရူးခါနေတဲ့ ဗီလိန်ရဲ့ ရှေ့မှာ သူ မကြောက်ဘူးလို့ပြောရင်တော့ လိမ်ရာကျနေလိမ့်မည်။
လီချန်ယွမ်ရဲ့ မျက်လုံးတွေဟာ ကြမ်းကြုတ်တဲ့ သားရိုင်းကောင်က သူ့ရဲ့ သားကောင်ကို ကြည့်နေသလိုမျိုးပဲ သာမာန် ခေါင်းကောင်းတဲ့ လူတစ်ယောက်ရဲ့အပြုအမူတော့ ဟုတ်မနေခဲ့ဘူး။
အဲ့ဒါက သူ့ရဲ့ပြောင်းပြန်အကြေးခွံကို အထိခံလိုက်ရတဲ့အချိန် ကြည့်တဲ့ အကြည့်မျိုးပဲ။
အဲ့တာက လိပ်ပြာတောင်ပံခတ်သံ ( butterfly effect ) ကြောင့်များလား။လက်ထပ်ဖို့က အကြောင်းပြချက်မရှိရှေ့ဆက်နေခဲ့ပြီမို့ လီချန်ယွမ် အချိန်မတိုင်ခင် ဂေါက်သွားတာမျိုးလေ။
သူ အခု ငါ့ကို လည်ပင်းညှစ်သတ်ချင်နေတာတော့ မဟုတ်လောက်ပါဘူးနော်။ ဟုတ်တယ်မလား။
အတွေးပေါ်လာတာနဲ့ အမျှ အစတည်းက သိပ်သတ္တိမရှိခဲ့တဲ့ ရှရှင်းချီမှာ ကြံရာမရဖြစ်ကာ တုန်လှုပ်နေခဲ့သည်။
ကြောက်ကြောက်လန့်လန့်နဲ့ သူလက်သီးကျစ်ကျစ်ဆုပ်မိချိန် သူ့လက်ချောင်းတွေကို ဆိတ်ဆွဲညှပ်လိုက်တဲ့အရာက ခိုဥပုံစံ စီခြယ်ထားတဲ့ စိန်လက်စွပ်ဖြစ်နေခဲ့သည်။
သူဉာဏ်အလင်းပွင့်သွားခဲ့သလိုမျိုးပဲ သူရဲ့ ကြောက်လန့်နေတဲ့ ဦးနှောက်ထဲ အံ့အားသင့်စရာကောင်းတဲ့ ရောင်ခြည်တော်စက်၀န်းရဲ့ ဉာဏ်ကွန့်မြူးမှုက ပေါ်ထွက်လာခဲ့သည်။
ရုတ်တရက်ဆိုသလိုပဲ အကျိုးသင့်အကြောင်းသင့် ရှင်းချက်ထုတ်လိုက်သည်။
ငါက သူနဲ့စေ့စပ်ထားတဲ့သူမို့ သူငါ့ကိုသတ်လို့မရဘူးလေ!
ဉာဏ်အလင်းပွင့်သွားပြီးနောက် ရှရှင်းချီက အံကြိတ်ရင်း လီချန်ယွီရဲ့ ကော်လံကို လက်တစ်ဖက်နဲ့ဆွဲလိုက်သည်။ကျန် လက်တစ်ဖက်က သူ့လည်ပင်းနောက်ကို ဖိထားလိုက်သည်။
အဲ့ဒီနောက် သူ့ရဲ့မျက်လုံးတွေကို မှိတ်ပြီး လီချန်ယွီကို ခပ်ပြင်းပြင်းနမ်းရှိုက်လိုက်တော့သည်။
***
ပူလောင်နေတဲ့နှုတ်ခမ်းတွေက အေးစက်နေတဲ့ပါးပြင်ပေါ်ကျရောက်လာသည်။
ရုတ်တရက်ဖြစ်ပေါ်လာတဲ့အခြေအနေကြောင့် ရုန်းကန်လွတ်မြောက်ဖို့ခက်ခဲနေပြီး၊ ၎င်းမှာလည်း သာမန်အနမ်းတစ်ပွင့်မဟုတ်ဘဲ နှုတ်ခမ်းနှင့်အသံအကျယ်ကြီးထွက်အောင် ပြင်းပြင်းထန်ထန်နမ်းလိုက်တာမျိုးဖြစ်သည်။
ထိုအသံထွက်ပြီးတာနဲ့ ကားတစ်စီးလုံးတိတ်ဆိတ်သွားကာ၊ ကြိုးပြတ်ထွက်တော့မည့်အခြေအနေ၌ ရုတ်တရက် pause ခလုတ်နှိပ်လိုက်သလိုမျိုး ရပ်တန့်သွားသည်။
ရှရှင်းချီမှာ ရှက်သွေးဖြာနေသည်ကိုပင် ဂရုမထားတော့ဘဲ လက်နှစ်ဖက်ဖြင့် လီချန်ယွမ်ကို တွန်းဖယ်လိုက်သည်။
ဒါပေမယ့် ထိုသူသည် ငြိမ်သက်သွားကာ၊ မျက်နှာအမူအရာမှာလည်းဗလာဖြစ်သွားကာ နည်းနည်း…အံ့အားသင့်နေသလိုလည်းဖြစ်နေသည်။
သို့သော် ဒါက ခဏတာပါပဲ၊ လီချန်ယွမ်က သူ့ကိုနောက်တစ်ခါ အနိုင်ကျင့်ပြန်တယ်! အရင်ကထက်တောင် ပိုဆိုးသေးတယ်!
“မင်းငါ့ကိုသတ်လို့မရဘူး!” ရှရှင်းချီသည် စေ့စပ်လက်စွပ်ကို ညာဘက်လက်ဖြင့်ဆုတ်ကိုင်ထားရင်း၊ “လီချန်ယွမ် ငါ…ငါတို့တွေက စေ့စပ်ပြီးပြီနော်! မင်း ကိုယ့်ခင်ပွန်းလောင်းကို ပြန်သတ်လို့မရဘူး!” ဟုကျယ်လောင်စွာ အော်ပြောလိုက်သည်။
အတွင်းရေးမှူးယီသည် ကန့်လန့်ကာ ချထားသော ကားနောက်ခန်းမှ ကလေးများ နားထောင်ရန် မသင့်တော်သည့် အသံများကြားရဖို့ နားစွင့်နေမိသော်လည်း၊ အဆုံးမှာ ဥပဒေဆိုင်ရာ အကြောင်းအရာ တစ်ခုအဖြစ်ပြောင်းလဲသွားမည်ဟု မျှော်လင့်မထားခဲ့ပေ။
သူမ ရေသောက်နေရင်း ဒီစကားတွေကိုကြားလိုက်ရသောအခါ အလွန်အံ့အားသင့်သွားပြီး ရေသီးလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။ Mr.လီနဲ့ပတ်သက်ပြီး သခင်လေးရှတွင် ဤကဲ့သို့ ထူးဆန်းသောအထင်မှားမှုမျိုး ရှိနေမယ်လို့ သူမ လုံးဝမမျှော်လင့်ထားပေ။
ဘော့စ်သည် တကယ်ပဲကြမ်းတမ်းပေမယ့် လူသတ်မီးရှို့တဲ့အဆင့်ထိတော့ မဟုတ်သေးဘူး။
……နားလည်ပြီ!
ဒါက စုံတွဲတွေကြားက စနောက်စရာ တစ်ခုပဲဖြစ်ရမယ်။
သူ၏စိုးရိမ်ပူပန်နေတဲ့ စကားတွေကို ကြားလိုက်သောအခါ လီချန်ယွမ်မှာ ခဏတာမှင်သက်သွားပြီးနောက်၊ ထိုစကားများမှာ အလွန်ပင်စိတ်အနှောင့်ယှက်ဖြစ်ရရုံသာမက ရယ်စရာလည်းကောင်းသည်ဟု တွေးလိုက်သည်။
ဒီတစ်ခါတော့ နောက်ခန်းက တကယ်ကို တိတ်ဆိတ်သွားခဲ့သည်။
လီချန်ယွမ်သည် အမျက်ထွက်နေရာမှာ ရယ်မောသွားပြီး၊ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သာသာအပြုံးတစ်ခုပေါ်လာခဲ့သည်။
ဒါမှမဟုတ် သူကိုယ်တိုင် စောနက စိတ်မထိန်းနိုင်ခဲ့သည်ကို သတိထားမိသွားခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် သူသည် ရှရှင်းချီကို ပိုပြီးကြောက်လန့်အောင် မလုပ်ချင်တော့ဘဲ၊ နောက်ခုံမှခါးပတ်ကိုဆွဲယူကာ သူ့အားစနစ်တကျတပ်ဆင်ပေးလိုက်သည်။
ထို့နောက် သူသည် ခုံနောက်မှီပေါ်သို့လှန်လျက် လှဲလိုက်ပြီး မျက်လုံးမှိတ်ကာ အနားယူလိုက်သည်။ စောနက ဖြစ်ပျက်ခဲ့သမျှမှာ အိပ်မက်တစ်ခုသဖွယ်ပင် ဖြစ်သွားခဲ့သည်။
ရှေ့ခန်းမှ အတွင်းရေးမှူးယီကတော့ ရေသီးကာ ချောင်းဆိုးနေပြီး၊ ခိုးနားထောင်ခြင်းရဲ့ အကျိုးဆက်ကိုခံစားနေရတာလည်းဖြစ်နိုင်သည်။
ရှရှင်းချီမှာလည်း အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်ကာ လီချန်ယွမ်ဘက်သို့ ကြည့်လိုက်မိသည်။ သူသည် အလွန်အမင်းကြောက်ရွံ့နေမိပြီး ကသိကအောက်ဖြစ်စရာကောင်းနေပြီလားဟုတွေးမိသည်။
တကယ်တမ်းပြောရလျှင် လက်ရှိအချိန်တွင် ဒီဗီလိန်ကြီးမှာ တကယ့်ကိုရူးသွပ်မနေသေးဘဲ ဥပဒေမဲ့တစ်ယာက်လည်း မဖြစ်သေးပုံရသည်။
ထိုစဉ်မှာပဲ ရှင်းချီသည် ရုတ်တရက်ခပ်ကြမ်းကြမ်းနမ်းလိုက်တာနဲ့ “ငါ့ကိုမသတ်ပါနဲ့” လို့အော်ရတာ ဘယ်ဟာက ပိုရှက်စရာကောင်းလဲဆိုတာတောင် မသိတော့ပေ။
ပြောရရင် သူ့ရှေ့မှာ အရှက်ကွဲတာ တစ်ခါတစ်လေတောင်မဟုတ်တော့ဘူး။
ဒါက သူနဲ့ မတည့်လို့ပဲဖြစ်ရမယ်၊ မဟုတ်ရင် ပထမဆုံးတွေ့တဲ့ညကတည်းက ထပ်ခါထပ်ခါအရှက်ကွဲနေရမှာမဟုတ်ဘူး!
Chapter 8 end
Chapter 9
ရှရှင်းချီ စာအုပ်ထဲကူးပြောင်းလာတာနဲ့ လီချန်ယွမ်ရဲ့ရေချိုးကန်ထဲပြုတ်ကျပြီး သူ့အပေါ်ကိုပါ ချော်လဲကျသွားခဲ့သေးတယ်။
ကမ္ဘာကြီးလှုပ်မတတ်ဖြစ်သွားပြီး ရေတွေမှာလည်း ဖိတ်စင်သွားခဲ့တယ်။ သူ့ရှေ့ကလူမှာ အိပ်နေတာ မဟုတ်ဘဲ သေနေတာဆိုရင်တောင် ဒီလောက်တုန်ခါမှုနဲ့ဆို နိုးလာမှာပဲ။
ရေထဲပြုတ်ကျတဲ့အခိုက်မှာ ရှရှင်းချီရဲ့စိတ်ထဲမှာ “သွားပြီ” ဆိုတဲ့အတွေးတစ်ခုပဲရှိခဲ့တယ်။
နောက်တစ်စက္ကန့်မှာ ထိုလူနိုးလာတော့မယ်လို့ထင်ခဲ့ပေမယ့် ထိုလူက သတိလစ်နေတယ်ဆိုတာ တွေ့လိုက်ရသည်။
သူ့ရဲ့ပါးစပ်နဲ့နှာခေါင်းက ရေအောက်မှာနစ်နေပြီး မျက်လုံးတွေလည်းမှိတ်ထားကာ လှုပ်ရှားမနေပေ။
ရှရှင်းချီ လုံးဝမှိုင်ငိုက်သွားပြီး၊ ထူးဆန်းတဲ့မိုးကြိုးကြောင့် ပြန်ရှင်လာတာ၊ ထူးဆန်းတဲ့အခြေအနေနဲ့ ထူးဆန်းတဲ့အဝတ်မပါသည့်နတ်သားတစ်ယောက်….. အရာအားလုံးက နားမလည်နိုင်စရာဖြစ်နေသည်။
ဒါပေမယ့် အခုအရေးအကြီးဆုံးက သူ တစ်ယောက်ယောက် ရေနစ်သေမှာကို ကြည့်နေဖို့မဟုတ်ဘူး။ ထို့နောက် အခြားအရာတွေကိုလည်း သေချာစဉ်းစားမနေတော့ဘဲ ထိုလူကို ရေထဲမှ မြန်မြန်ဆန်ဆန်ဆွဲတင်လိုက်သည်။
ဒီလူက ဖြူဖတ်ဖြူရော်နဲ့ နေမကောင်းသလိုထင်ရပေမယ့် ဆွဲတင်ကြည့်မှ အရပ်ရှည်ပြီး လူကောင်အရမ်းကြီးမားနေတာကို တွေ့လိုက်ရသည်။
ပထမဆုံးမြင်ရချိန်က သူ့ခန္ဓာကိုယ်ပေါ်မှ လှပတဲ့ကြွက်သားတွေကို ငေးမောနေမိပေမယ့် အခုချိန်မှာတော့ ရှရှင်းချီအတွက် ကပ်ဘေးတစ်ခုသာဖြစ်လာခဲ့သည်။
ဒီလိုပိန်လှီနေတဲ့ သူ့ခန္ဓာကိုယ်လေးနဲ့ ကိုယ်ခန္ဓာအရွယ်အစား ကွာဟမှုကြီးမားလှသော လူတစ်ယောက်ကို အပေါ်ဆွဲတင်ဖို့ဆိုတာ တကယ့်ကိုမလွယ်ပေ။
အတော်လေး အချိန်အတန်ကြာအောင် ရုန်းကန်ပြီးမှ နောက်ဆုံးတွင် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့သည်။ ရှရှင်းချီ အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး လီချန်ယွမ်ရဲ့ရင်ဘတ်ကို လက်နဲ့စမ်းကြည့်လိုက်သည်။
သတိလစ်နေပေမယ့် နှလုံးခုန်သံနဲ့ အသက်ရှူနှုန်းကတော့ ပုံမှန်ပဲ။
မဟုတ်ရင် ရဲတွေကို သူဒီကိုဘယ်လိုရောက်လာတယ်၊ ဘာလို့သေသွားတယ်ဆိုတာ ရှင်းပြဖို့ခက်လိမ့်မည်။
“Sir?” ရှရှင်းချီ စမ်းသပ်ခေါ်ကြည့်လိုက်သည်။
ဘယ်သူမှ ပြန်မဖြေပေ။ ဤအခြေအနေကို ရှင်းပြမည့်သူလည်းမရှိပေ။
ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဟိုတယ်၏ အဆင်မြင့်ဇိမ်ခံအခန်းတစ်ခုဟု ထင်ရသည်။ အလှဆင်ထားသည်မှာလည်း ကြယ်ငါးပွင့်အဆင့်ထက်တောင် မြင့်မားနေပြီး တစ်ညဈေးက ဂဏန်းငါးလုံးခြောက်လုံးလောက် ရှိနိုင်သည်။
ဒါကိုတွေးမိတော့ ဘာမှန်းမသိတဲ့အခြေအနေမှာတောင် ရှရှင်းချီမှာ ငွေကြေးကို ချစ်မြတ်နိုးသူတစ်ဦးကဲ့ မနေနိုင်ဘဲ ပင့်သက်ရှိုက်မိလိုက်သည်။ လေထဲမှာ ဆွဲဆောင်မှုရှိသော ကြွယ်ဝခြင်း အနံ့တစ်ခု ရှိနေသကဲ့သို့ ခံစားရသည်။
ခဏအကြာမှာတော့ သူသည် အဓိကအရေးကြီးသော အလုပ်ကို သတိရလာပြီး၊ မျက်နှာကြက်အထိ ရှည်လျားသော မှန်တံခါးကြီးဆီသို့ လျင်မြန်စွာ သွားလိုက်သည်။
ဒါက ဟိုတယ်ရဲ့အပေါ်ဆုံးထပ်ဖြစ်ပြီး မြို့တော်ရဲ့ စည်းကားသောညမြင်ကွင်းကို မြင်တွေ့နေရသည်။
ရှရှင်းချီက “မြို့တော်” ဆိုတဲ့စာလုံးကို ဝေဝါးစွာမြင်လိုက်ရသော်လည်း ဒါဟာ သူသိသော မြို့တော် မဟုတ်ချေ။
မိုးမျှော်တိုက်တွေ၊ အထိမ်းအမှတ်အဆောက်အအုံတွေ၊ အရာအားလုံးဟာ စိမ်းသက်နေသည်။
သို့သော် မှန်ပေါ်တွင် ရောင်ပြန်ဟပ်နေသော ပုံရိပ်မှာ သူ၏မူရင်းမျက်နှာပင်ဖြစ်ပြီး၊ လက်ကောက်ဝတ်ပေါ်က လခြမ်းပုံအမာရွတ်လည်းရှိနေဆဲဖြစ်ကာ၊ ဝတ်ထားသည့်အဝတ်အစားများသည်လည်း သေဆုံးခါနီးက ဝတ်ဆင်ခဲ့သော စားပွဲထိုးဝတ်စုံပင်ဖြစ်သည်။
အလွန်ထူးဆန်းလှသည်။ ဒါက မိုးကြိုးထိမှန်ပြီး အပြင်ကအကြော်၊ အတွင်းကအပြုတ်ဖြစ်ကာ၊ ဆားနဲ့ဇီရာအနည်းငယ်ဖြူးလိုက်ရုံနှင့် အိမ်နီးချင်းကလေးတွေကို ငိုအောင်လုပ်နိုင်သည့် ထိတ်လန့်စရာ သတင်းတစ်ပုဒ် ဖြစ်ရမည်ဖြစ်သည်။
သို့သော် သူသည် အသက်ရှင်နေရုံတင်မကဘဲ ဒီလိုထူးဆန်းတဲ့ “မြို့တော်” တစ်ခုတွင်လည်းရောက်နေသည်။ ဒါဟာ တခြားအချိန်ကာလတစ်ခုမှာလား?
အထူးသဖြင့် နားမလည်နိုင်တဲ့လူတစ်ယောက်… မဟုတ်ဘူး!
လူကဘယ်ရောက်သွားပြီလဲ?!
ရှရှင်းချီ ခေါင်းလှည့်ကြည့်လိုက်တော့ အိပ်ရာပေါ်မှာ ဘယ်သူမှမရှိတော့သည်ကို တွေ့လိုက်ရသည်။
သူတုံ့ပြန်ဖို့ မတတ်နိုင်ခင်မှာပဲ နောက်ကနေ လေပြင်းတိုက်သလို အားတစ်ခုက သူ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်ပြီး မမျှော်လင့်ဘဲ သူ့အား အောက်ကိုဖိချလိုက်သည်!
ချောမောပြီး အလွန်ဖြူဖတ်ဖြူရော်ဖြစ်နေသော မျက်နှာတစ်ခုသည် သူ့မျက်နှာနှင့် နီးကပ်စွာရှိနေသည်။ ထိုလူသည် မည်သည့်အချိန်က နိုးလာပြီး ရေချိုးဝတ်ရုံဝတ်ကာ သူ့နောက်သို့ ရောက်လာခဲ့သည်ကို သူမသိချေ။
သူသည် ကြောင်ကြီးတစ်ကောင်ကဲ့သို့ အသံမထွက်ဘဲ တိတ်တဆိတ်လှုပ်ရှားနိုင်သူဖြစ်ရမည်။
ရှရှင်းချီမှာ ရုတ်တရက် လန့်သွားပြီး ခုခံဖို့ ၊ ပြန်ပြောဖို့ အချိန်မရခင်မှာပင် သူ့လည်ပင်းကို အေးစက်သောလက်တစ်ဖက်က လှုပ်မရအောင် ညှစ်လာလေသည်။
ထိုအေးစက်သောလက်သည် အလွန်အားကောင်းနေပြီး၊ ညအချိန် အခန်းတွင်းသို့ ခိုးဝင်လာသည့် လူတစ်ယောက်အဖြစ် သူ့ကို မှတ်ယူထားသည်မှာ အထင်းသား။
“အာ့… အထင်မလွဲပါနဲ့ဗျာ၊ အရင်လက်လွှတ်လိုက်ပါ! ကျွန်တော်… ကျွန်တော်က ဝန်ဆောင်မှုပေးဖို့လာတာပါ!”
ရှရှင်းချီသည် အသက်ရှူကျပ်လုနီးပါး ဖြစ်နေစဉ်၊ သူဝတ်ထားသည့် စားပွဲထိုးဝတ်စုံကို ညွှန်ပြရင်း ဟိုတယ်ဝန်ထမ်းဟန်ဆောင်ရန် ကြိုးစားလိုက်သည်။
မဟုတ်ပါဘူး၊ ဘာတွေပြောနေတာလဲ ငါ?!
ညသန်းခေါင်ယံမှာ တစ်စုံတစ်ယောက်ရဲ့ ရေချိုးကန်ထဲဝင်ပြီး ဝန်ဆောင်မှုပေးဖို့အတွက် ဝန်ထမ်းတစ်ယောက်အဖြစ် ဟန်ဆောင်တာလား?
မျှော်လင့်ထားသလိုပဲ၊ ဤစကားလုံးများသည် လုံးဝယုံကြည်စရာမကောင်းပေ။ လည်ပင်းပေါ်ရှိ လက်အားသည် ပို၍ပင် ပြင်းထန်လာသည်။ ရှရှင်းချီသည် အသက်ရှူကြပ်လာပြီး ပြင်ဆင်ထားသော စကားလုံးအားလုံးသည် လည်ချောင်းထဲတွင် ညှပ်ကျန်ရစ်နေခဲ့လေသည်။
ပြီးပြီ… ငါသေတော့မယ်!
ဘုရားသခင်ကို ငါ ဘာအမှားများလုပ်မိခဲ့လို့လဲ… မိုးကြိုးပစ်ခံရပြီးသေတာနဲ့တင် မလုံလောက်သေးဘူးလား? အခြားကမ္ဘာတစ်ခုမှာ ပြန်လည်မွေးလာကာ လည်ပင်းညှစ်ခံရပြီးသေတော့မှာလား?
သူ့အခန်းထဲ ခိုးဝင်မိလို့ အဲ့အတွက်နဲ့တော့ သေဒဏ်ပေးဖို့ မလိုဘူးမလား? ဒီလူ တကယ်ပဲ သူ့ကိုသတ်တော့မှာလား?
ရှရှင်းချီ၏ မျက်လုံးထဲတွင် ကြယ်များနှင့် အမှောင်မှုန်များ ရစ်ဝဲနေပြီး၊ သူ့ဘာသာသူ အမျိုးမျိုးသော အဓိပ္ပါယ်မရှိသည့် အတွေးများကို တွေးနေမိသည်။
သူ မသိလိုက်တာက ထိုလူသည် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်သွားချိန်တွင် ခဏတာ အံ့အားသင့်သွားပြီး၊ လည်ပင်းပေါ်မှ အားသည် ရုတ်တရက် ပျောက်ကွယ်သွားခြင်းဖြစ်သည်။
လေကို ပြန်ရရှိသည်နှင့် ရှရှင်းချီသည် အလျင်အမြန် အသက်ပြင်းပြင်းရှူလိုက်ပြီး ဆိုးဆိုးရွားရွား ချောင်းဆိုးလိုက်သည်။
သူသည် “အစ်ကို အသက်လေးတော့ ချမ်းသာပေးပါ” ဟု ပြောကြားဖို့ ပြင်နေစဉ်၊ ဤအခြေအနေကို ဥပဒေနှင့်ညီအောင် ရှင်းပြဖို့ စဉ်းစားနေစဉ်၊ ထိုလူ၏ကိုယ်မှာ ယိုင်နဲ့သွားသည်ကို ခံစားမိလိုက်သည်။
ထို့နောက် သူ၏ခန္ဓာကိုယ်သည် တိမ်းစောင်းသွားပြီး၊ ရုတ်တရက် ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ ရှရှင်းချီ အပေါ်သို့ တစ်ကိုယ်လုံးဖြင့်ဖိထားမိလေသည်။
ဤသို့ရုတ်တရက် “လေတိုးပေါက်ပင် မရှိသည့် နီးနီးကပ်ကပ် ဆက်ဆံရေး” ကြောင့်၊ ရှရှင်းချီ သည် သူ့ဘဝတစ်လျှောက် 23 နှစ်အတွင်း ဒီညက ကြောက်စရာအကောင်းဆုံးအချိန်ဖြစ်မှန်း သိလိုက်ရသည်။
သူသည် အလျင်အမြန် ထိုလူ့ကိုတွန်းဖယ်ရန် ကြိုးစားသော်လည်း၊ ထိုလူ၏မျက်လုံးများမှာ မှိတ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေကာ တုန်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အလွန်အမင်း မသက်မသာဖြစ်နေပုံရသည်။
ရှရှင်းချီ နောက်မှသတိထားမိသည်မှာ ရေချိုးခန်းထဲတွင် ဒီလူသတိလစ်နေခြင်းမှာ နာမကျန်းဖြစ်၍ သတိလစ်သွားခြင်းဖြစ်နိုင်သည်။
“Sir… နေမကောင်းဘူးလား? လူနာတင်ယာဉ်ခေါ်ဖို့ လိုလား?”
ရှရှင်းချီသည် ထိတ်လန့်နေသော စိတ်ဝိညာဉ်ကို ပြန်ဆွဲယူကာ ထိုင်လိုက်ပြီး ကြည့်လိုက်သည့်အခါ၊ ထိုလူ၏မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖတ်နေပြီး နဖူးတွင် ချွေးများစို့နေသည်ကို တွေ့ရသည်။
“……ထွက်သွား။”
လီချန်ယွမ်သည် သတိရှိနေဆဲဖြစ်သော်လည်း အလွန်ဆိုးရွားစွာ နေမကောင်းဖြစ်နေပြီး၊ သွေးရောင်ပင် မသမ်းတော့သော ပါးစပ်မှာ တုန်ယင်နေကာ အသံမှာလည်း တိုးတိုးညှင်းညှင်းသာ ကြားရသည်။
သူစိမ်းတစ်ဦးအား သူ၏အားနည်းနေသောအခြေအနေကို မြင်စေလိုက်ရခြင်းကြောင့် သူ၏အပြုအမူမှာ စိတ်ဆိုးဒေါသထွက်နေသကဲ့သို့ရှိသည်။
ကံကောင်းစွာပင်၊ ရှရှင်းချီသည် ဤအပြုအမူကို ဂရုမစိုက်ဘဲ သူပြောနေသည်ကိုသာ နားထောင်နေပြီီး- “ထွက်သွား” ဆိုသည့်စကားကို ကြားသည်နှင့် သူသည် ချက်ချင်းပြေးဖို့ ပြင်လိုက်သည်။
သို့သော် သူလှည့်ထွက်သည်နှင့်တစ်ပြိုင်နက်၊ သူ့လက်ကောက်ဝတ်ကို အေးစက်သောလက်တစ်ဖက်က တင်းတင်းကျပ်ကျပ် ဆွဲကိုင်လာသည်။
ထိုသူမှာ နေမကောင်းသောကြောင့် လူမှားနေခြင်းလား၊ သို့မဟုတ် စိတ်ပြောင်းသွားခြင်းလား ဆိုတာကို မသိရပေ။
အတိုချုပ်ဆိုရလျှင်၊ ထိုလူသည် ခက်ခက်ခဲခဲထရပ်လာပြီး၊ သူ၏အသံသည် အမိန့်ပေးသံကဲ့သို့လည်းကောင်း၊ တောင်းဆိုသံကဲ့သို့လည်းကောင်း ဖြစ်နေသည်။
“မင်း… မသွားနဲ့…”
ရှရှင်းချီသည် အလွန်အံ့အားသင့်သွားရသည်။
စောစောက သူ့ကို အားနဲ့ညှစ်နေသူသည် ယခုအခါတွင် အိမ်မွေးတိရစ္ဆာန်ကြီးတစ်ကောင်လို သူလိုက်လျောအောင် တောင်းဆိုနေပြန်သည်။
အမူအရာပြောင်းလဲမှုမှာ စာရွက်လှန်သည်ထက်ပင် မြန်ဆန်လွန်းလှသည်။
လီချန်ယွမ်၏ ဝေဝါးနေသော အမြင်အာရုံတွင်၊ သူသည် မှုန်မှုန်ဝါးဝါး ပုံရိပ်တစ်ခုကိုသာ မြင်နေရသည်။
ကျန်ရှိနေသည့် သတိစိတ်ဖြင့် သူသည် ရှရှင်းချီ၏ လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး “မသွားနဲ့… ငါငွေပေးမယ်… ထပ်ထွက်မသွားနဲ့…”
“ငွေ?”
သေခါနီး တစ်စက္ကန့်အလိုအထိ အလုပ်လုပ်နေရင်း၊ “ငွေရှာရမယ်” ဆိုတဲ့စိတ်ဓာတ်ကို အရိုးထဲအထိ စွဲမှတ်ထားသူတစ်ယောက်အတွက် ဒီစကားလုံးမှာ အမှန်တကယ်အရေးကြီးလေသည်။
ရှရှင်းချီရဲ့ နားရွက်တွေ ချက်ချင်းထောင်သွားပြီး၊ “Sir…ညဘက်မင်းကို စောင့်ရှောက်ဖို့ အလုပ်ခေါ်နေတာလား?” လို့ မေးလိုက်သည်။
ဒီတောင်းဆိုမှုက နားလည်ရမခက်ပါပေ။ ဒီလူကြီး ဘာဖြစ်နေမှန်း အတိအကျမသိပေမယ့်၊ သူ့အခြေအနေက တကယ့်ကို ဂရုစိုက်ဖို့လိုနေပုံရသည်။
မဟုတ်ရင် ညသန်းခေါင်မှာ ရုတ်တရက်သေဆုံးသွားပြီး၊ ဘယ်သူမှသိလိုက်မှာမဟုတ်ဘဲ၊ အရေးပေါ်အကူအညီခေါ်ဖို့တောင် မဖြစ်နိုင်တော့ပေ။
“မသွားနဲ့…” လီချန်ယွမ်က သူ့ဘာသာထပ်ပြောလိုက်သည်။
“ငါ့ပိုက်ဆံအိတ်ထဲက ငွေအားလုံး ပေးမယ်…”
ကံကောင်းချင်တော့ ပိုက်ဆံအိတ်က ခေါင်းရင်းနားက စားပွဲပေါ်မှာရှိနေသည်။ ရှရှင်းချီက ဒီစကားကိုကြားတာနဲ့ လျှို့လျှို့ဝှက်ဝှက်ယူကြည့်လိုက်တယ် – ဒါပေမယ့် သူငွေပမာဏကို မြင်လိုက်တဲ့အခါ လန့်သွားလေသည်!
လီချန်ယွမ်သည် မနေ့ကပဲ နိုင်ငံခြားက စာချုပ်ညှိနှိုင်းပြီးပြန်လာတာဖြစ်ပြီး အိတ်ထဲမှာ အမေရိကန်ဒေါ်လာတစ်ထပ်မှာ မသိမ်းရသေးဘဲရှိနေသည်။
ဒီငွေကိုမြင်တော့ ရှရှင်းချီရဲ့ မျက်လုံးတွေမှာ လင်းလက်သွားကာ၊ စောနက ခြေထောက်မှာဆီသုတ်ပြီး ထွက်ပြေးဖို့ကြံနေခဲ့တာကိုပင် မေ့သွားသည်။
(ခြေထောက်မှာဆီသုတ်ပြီး ထွက်ပြေးဖို့= လျှင်မြန်စွာထွက်ပြေးခြင်း)
ဒီလောက်ငွေများများပေးမယ်ဆိုရင်၊ သူ မနေချင်ပေမယ့်လည်း… သူဌေးက တကယ်ကိုပင် အရမ်းရက်ရောလွန်းတယ်လေ။
ရှရှင်းချီက သူ့ကိုယ်သူ စည်းရုံးလိုက်တယ် – အခုသွားဖို့ နေရာမှ မရှိတာ ဒီမှာပဲနေလိုက်ပါတော့။ တစ်ညလောက်ပဲ ဒီမှာနေမယ်၊ ပြီးတော့ ဒီလူလည်း နောက်ထပ်ရူးကြောင်ကြောင်တွေထပ်လုပ်နိုင်မှာ မဟုတ်လောက်တော့ပါဘူး…။
ငွေရဲ့ ဆွဲဆောင်မှုအောက်မှာ နောက်ဆုံးတွင် “ရှပြုစုစောင့်ရှောက်ရေးသမား” သည် တက်ကြွကာအာရုံစိုက်မှုအပြည့်ဖြစ်နေပြီဖြစ်သည်။
“ဘော့စ်၊ ရေဘက်တိုက်ပေးရမလား? ဆေးတိုက်ပေးရမလား? ဒါမှမဟုတ် အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ပြောပြရမလား? သီချင်းတစ်ပုဒ်ဆိုပြရမလား?”
ဘယ်အဖြေမှ ပြန်မရခဲ့ပေ။ လီချန်ယွမ်သည် ရှရှင်းချီထံမှ “မသွားဘူး” ဆိုသော စကားကိုကြားရပြီးနောက်၊ နောက်ဆုံးတွင် တောင့်ခံမထားနိုင်တော့ဘဲ အိပ်ပျော်သွားခဲ့သည်။
ဤအခြေအနေကိုမြင်တော့ ရှရှင်းချီသည် သူ့ခန္ဓာကိုယ်ပေါ်က စိုစွတ်နေသော စားပွဲထိုးဝတ်စုံကို ချွတ်ပစ်လိုက်ပြီး၊ ရေချိုးဝတ်စုံတစ်စုံကို ရှာဖွေဝတ်ဆင်လိုက်သည်။
အိပ်ရာဘေးတွင် ထိုင်ပြီး လူနာပြုစုနေဟန်ဆောင်နေသော်လည်း၊ အမှန်တွင် သူသည် ပျော်ရွှင်စွာဖြင့် ငွေများကို ရေတွက်နေခြင်းဖြစ်သည်။
ဒေါ်လာတစ်ရာတန် အထုပ်ကြီးတစ်ထုပ်! ဆင်းရဲစွာသေဆုံးမည့်ဘဝမှ ရုတ်တရက် ကြွယ်ဝသူတစ်ဦးဖြစ်သွားမယ်!
.
နောက်တစ်နေ့ နံနက်စောစောအချိန်တွင် နွေးထွေးသောနေရောင်ခြည်သည် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
ရှရှင်းချီသည် အိပ်ရာထဲသို့ ပြန်တိုးဝင်လိုက်ပြီး၊ သက်တောင့်သက်သာဖြစ်စွာ သမ်းကာ၊ မျက်နှာတစ်ဝက်သာထုတ်ပြီး ခန္ဓာကိုယ်ကို လုံးလုံးလိပ်ထားလိုက်သည်။
အိပ်မက်ထဲတွင် သူသည် ငွေများကို ဆက်လက်ရေတွက်နေဆဲဖြစ်ပြီး၊ ဘယ်လိုမှ မကုန်ဆုံးနိုင်ဘဲ၊ ပိုပိုများလာသော ငွေများကြောင့် နစ်မြုပ်တော့မည့်အခြေအနေဖြစ်နေသည်။
ရှရှင်းချီသည် နောက်ဆုံးတွင် ဤသည်မှာ အိပ်မက်သာဖြစ်ကြောင်း သိလိုက်ရပြီး၊ ရုတ်တရက် နိုးလာကာ –
သူ့ရဲ့ အလွန်ချမ်းသာသော ယာယီအလုပ်ရှင်သည် ခေါင်းကိုမော့ကာမျက်နှာသေဖြင့် အင်္ကျီအားကြယ်သီးတပ်နေသည်ကို တွေ့လိုက်ရသည်။
သို့သော် သူ၏မျက်လုံးများသည် ရှရှင်းချီအပေါ်တွင် ကျရောက်နေပြီး၊ ဘယ်အချိန်ကတည်းက ကြည့်နေမှန်း မသိပေ။
နှစ်ယောက်သား မျက်လုံးချင်း ဆုံမိသောအခါ၊ ရှရှင်းချီသည် အစတွင် “ငါဘာဖြစ်သွားတာလဲ” ဟု စိတ်ရှုပ်ထွေးစွာ တွေးရာမှ နောက်ဆုံးတွင် စိတ်လှုပ်ရှားလာကာ၊ စိတ်ထဲတွင် “ကူညီကြပါ” ဟု အော်ဟစ်နေမိသည်။ ဤသည်မှာ အလွန်ထိတ်လန့်စရာကောင်းလှသည်!
သူဌေးက ငါ့ကို ပြုစုစောင့်ရှောက်ရေးသမားအဖြစ် ငှားရမ်းပြီး၊ ငွေပမာဏအများကြီးပေးထားသော်လည်း၊ ငါက… အိပ်! ပျော်! နေ! မိ! ပြီ!
ထို့နောက် ရှုပ်ထွေးသောအတွေးများသည် ရှရှင်းချီ၏ အိပ်ငိုက်နေသောဦးနှောက်ထဲသို့ ဝင်ရောက်လာသည်-
သူသတိလစ်နေချိန်က ပေးထားတဲ့လစာကို အခုပြန်တောင်းရင် ရပါဦးမလား? ဒါမှမဟုတ် သူ့ပိုက်ဆံအိတ်ထဲမှာ ဒီလောက်ငွေရှိမယ်မှန်း မသိခဲ့ဘူးလား? သူ့ရဲ့စကားကို ပြန်ဖျက်သိမ်းလောက်လား?
မဟုတ်ဘူး! ဘယ်အချိန်ပဲဖြစ်ဖြစ် ငွေတော့ပြန်တောင်းရမယ်!
သူငါ့ကိုဖက်ထားပြီး မလွှတ်ခဲ့တာကို အခုမှတ်မိရင် ဘယ်လိုလုပ်မလဲ? ငါဘာလို့သူ့အခန်းထဲက သူ့အိပ်ရာပေါ်မှာရှိနေတာလဲလို့ မေးရင် ဘယ်လိုဖြေရမလဲ?
ရှရှင်းချီသည် ချက်ချင်းထိတ်လန့်သွားပြီး၊ လီချန်ယွမ်ကို မျက်လုံးဝိုင်းကြီးများဖြင့် သတိထားပြီး စိုက်ကြည့်လိုက်သည်။
ထိုအချိန်တွင် အမျိုးသမီးအသံတစ်သံကို ရုတ်တရက်ကြားလိုက်ရသည်- “Mr.လီရေ၊ ဘဏ္ဍာရေးဌာနရဲ့ သုံးလပတ်အစီရင်ခံစာ- အာ!”
တံခါးသည် နည်းနည်းဟနေပြီး၊ ညင်သာစွာခေါက်သံနှင့်အတူ ပွင့်သွားသည်။
ထိုအခါ အင်္ကျီအစီအရီမကျနှင့် ဆံပင်များဖရိုဖရဲဖြစ်နေသော ရှဆိုသူသည် အိပ်ရာပေါ်တွင် လဲလျောင်းနေသည်ကို မြင်တွေ့လိုက်ရသည်။
ခဏအကြာမှာတော့၊ ရှရှင်းချီသည် လျှပ်စီးနှင့်ထိသကဲ့သို့ ခုန်တက်လာပြီး၊ အတွင်းရေးမှူးယီ၏ အံ့အားသင့်ဟန်နှင့်အတူ သူ၏အဝတ်အစားများနှင့် ပိုက်ဆံအိတ်ကို ကောက်ယူကာ ပြေးထွက်လာခဲ့သည်!
နှစ်ဆယ့်သုံးနှစ်ကြာ တစ်ကိုယ်တည်းနေထိုင်ခဲ့ရသူသည် သေဆုံးပြီးနောက် ပထမဆုံးနေ့မှာပင် “အိပ်ရာထဲဖမ်းမိ” သည့်အဖြစ်အပျက်ကို ကြုံတွေ့လိုက်ရသည်။
အရူးဆုံးအချက်က သူသေဆုံးခဲ့ချိန်မှာ ခြေဗလာဖြစ်နေသောကြောင့်၊ ဟိုတယ်မှ တစ်ခါသုံးဖိနပ်တစ်ရန်ကို “ငှား” ဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
မျှော်လင့်မထားဘဲ၊ ထိတ်လန့်ပြီး အပြည့်အဝမနိုးသေးသော သူသည် လူမရှိသောနေရာသို့ ပြေးရာတွင် သူ၏လက်ထဲရှိ အရာဝတ္ထုများကို သတိမထားမိခဲ့ပေ။
သူသည် “ပြောင်မြောက်သော” ခြိုးခြံချွေတာခြင်း အကျင့်ကို ထိန်းသိမ်းထားပြီး၊ မသိစိတ်မှာ ဟိုတယ်မှာ သူမြင်သမျှ တစ်ခါသုံး ပစ္စည်းအားလုံးကို လှမ်းကောက်ယူခဲ့သည်။
သူ့လက်ဖဝါးကို ဖြန့်လိုက်သောအခါ အခမဲ့ကွန်ဒုံးတစ်ခု ရှိနေသည်ကို သူတွေ့လိုက်ရသည်။
ရှရှင်းချီ……
Chapter 9 end
.