Little Creampie:
Chapter 13
“မစ္စတာလီ ခင်ဗျား- ခါးတာကို ကြောက်တာတော့ မဟုတ်ပါဘူးနော်။”
ဤစကားမှာ အခြေအမြစ်မရှိပေ။ သူ့အား ဆေးသောက်ချင်အောင် တိုက်တွန်းချင်၍ လျှောက်ပြောလိုက်ခြင်းသာလျှင်။
မျှော်လင့်ထားသည်နှင့် ဆန့်ကျင်လျက် ထိုစကားလုံးတွေထွက်ကျပြီးနောက် လီချန်ယွမ်၏ မျက်နှာအမူအရာမှာ ချက်ချင်း အေးစက်သွားလေသည်။
Summer…. Summerလေး ခေါင်းအကိုင်ခံလိုက်ရတဲ့ အချိန်တုန်းက အတိုင်းပဲ။ ဒီလူ နောက်တစ်စက္ကန့်မှာပင် ပေါက်ကွဲသွားတော့မယ်လို့ ခံစားနေရသည်။
သို့ပေတည်း ကြောင်ငယ်လေးနှင့် ကျားဖြူကြီး ကြားက သေစေနိုင်မှုမှာ လုံးဝ ကွာခြားလှကာ ရှရှင်းချီက ဒါကို မြင်လိုက်ရချိန်မှာ အံ့အားသင့်သွား၏။
ဘုရားရေ!ငါမတော်တဆ ချက်ကောင်းကို ထိမိသွားပြီလား။
လီချန်ယွမ်က တကယ်ကြီး ဒီဆေးကို သူ ခါးတယ်ထင်လို့ မသောက်တာလား။
“ရူးနေသည့် ဗီလိန်” နှင့် “အခါးကြောက်” ဟူသော စကားလုံးတို့ကို အတူတူထားရသည်မှာ ယုံနိုင်ဖွယ်မရှိ။
လီချန်ယွမ်၏ ထိတ်လန့်ဖွယ် လျှို့ဝှက်ချက်ကို မတော်တဆရှာတွေ့ခဲ့သော ရှရှင်းချီသည် နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်၏။ သူ့သွေးများ စင်ထွက်အောင် အသတ်ခံရတော့မည်ဟုလည်း သံသယဝင်မိသည်။
သူ မိုက်မဲစွာ ကြောက်လန့်နေတဲ့အချိန် လီချန်ယွမ်မှာ ဆေးပန်းကန်လုံးအား တည်ငြိမ်စွာ ကောက်ယူလိုက်ပြီး အလွန် အေးဆေး ဂရုမစိုက်စွာဖြင့် တစ်လုပ်တည်း အကုန် သောက်ချပစ်လိုက်၏။
ဒါ ရှရှင်းချီရဲ့ အဆိုပြုချက်က မှားကြောင်း သက်သေပြဟန်တူသည်။ သို့သော် အသေအချာ စူးစမ်းပြီးချိန်မှာတော့ သူက အဲ့ဒါကို ဖုံးဖို့ကြိုးစားနေတာသာ ဖြစ်နေလေသည်။
အဲ့ဒါ အရမ်းခါးလွန်းတာကြောင့် သူ့ပုခုံးမှာ မသိမသာတုန်သွားတာကို တွေ့လိုက်ရ၏။
လီချန်ယွမ်မှာ စိတ်မရှည်စွာဖြင့် ပန်းကန်လုံးအား ဘန်းခနဲ ချလိုက်ကာ ဒေါသတကြီး ပြောလိုက်သည် : “ထွက်သွား!”
ရှရှင်းချီမှာ သူ့အား ပြောစရာမဲ့စွာ ရပ်ကြည့်နေ၏။ အချိန်အတော်ကြာပြီးနောက် သူနောက်ဆုံး အသိပြန်ဝင်လာကာ အရိုင်းဆန်စွာ ရယ်လိုက်ချင်မိသည်။
ဒီလူမှာ တကယ်ကြီး အဲ့လောက် အသက်ဝင်ပြီး လူသားဆန်တဲ့ဘက်ခြမ်း ရှိသေးတာပဲ။
အဲ့ဒါကြောင့် သူ ဒီလူ့အားကြောက်သော်လည်း ရှရှင်းချီမှာ ဒီတစ်ခေါက်တော့ အဝေးသို့ မလှန့်ခံလိုက်ရပါ။
အဲ့အစား သူ့အိတ်ကပ်ထဲမှ တစ်ခုခုကို မြန်မြန်ဆွဲထုတ်လိုက်ကာ လီချန်ယွမ်၏ စားပွဲပေါ် pizzazzzဖြင့် ဖတ်ခနဲ ရိုက်ချလိုက်တော့သည်။
ထို့နောက် သူ လေအလျင်အတိုင်း ထွက်ပြေးသွား၏။
ဆေး၏ ခါးသက်သောအရသာဟာ သူ့လျှာဖျားပေါ်စွဲနေကာ လီချန်ယွမ်မှာ နှုတ်ခမ်းကို စေ့ထားလျက် စားပွဲပေါ်မှ ချောကလက်တုံးအပိုလေးကို တွေ့လိုက်ရသည်။
အခွံမှာတော့ တစ်မူထူးစွာ လျှာကို အပြင်ထုတ်လျက် ပြုံးနေသည့် ပုံပါပြီး အခုလေးတင် ရှရှင်းချီ လုပ်သွားသည့် မျက်နှာ အမူအရာဖြင့် တစ်ပုံစံတည်းပင်။
*
ရှရှင်းချီ ထွက်ပြေးလာတဲ့အချိန် အန်ကယ်တင်းက တံခါးမှာ စောင့်နေခဲ့သည်။ လင်ဗန်းနဲ့ ဘာမှမရှိတော့တဲ့ ဆေးပန်ကန်လုံးကိုကြည့်ကာ သူ ပြုံးပြီး…
“တော်ပါသေးတယ်၊မင်းသွားပို့တဲ့ ဆေးကို ဆရာ မငြင်းလွှတ်လိုက်လို့။ သခင်လေး မင်းဘာလို့-”
ရှရှင်းချီ အခုမှ တဖြည်းဖြည်းချင်း ပိုကြောက်လာခဲ့ပြီး သူ့ရဲ့ခေါင်းကို အသံမြည်အောင် ဆက်တိုက်တီးနေတဲ့ ဒရမ်လို ခပ်မြန်မြန် ခါနေခဲ့သည်။
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး သူကျွန်တော့်ကို အခုတကယ်သတ်ချင်နေလောက်ပြီ” လို့ပြောနေခဲ့သည်။
လီချန်ယွမ်ရဲ့ ကြောက်မက်ဖွယ် မျက်နှာထားအရ သူ့သွားတွေကို ချွန်အောင် သွေးပြီး ရှရှင်းချီခေါင်းကို နေရာမှာတင် ကိုက်မဖြတ်လိုက်တာနဲ့တင် တော်တော်လေး အခြေအနေကောင်းနေပြီ။
“အဲ့တာ ဖြစ်နိုင်ခြေ မရှိတာပဲ။ ဆရာ ဆေးတွေအကုန်သောက်ခဲ့လားဆိုတာ သခင်လေး မြင်ခဲ့ရဲ့လား”
ရှရှင်းချီ အခုချိန် လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ရိုးသားနိုင်တာပဲ။
” ကျွန်တော် မတော်တဆ သူ ခါးတဲ့အရာတွေကို ကြောက်တာကို ဖော်ထုတ်မိသွားခဲ့တယ်။ပြီးတော့ သူက အမှန်တရားကို ဖုံးဖို့ကြိုးစားခဲ့သေးတယ်”
လီချန်ယွမ်တစ်ယောက်တော့ ရှရှင်းချီကို နှုတ်ပိတ်ချင်နေလောက်ပြီ။
အန်ကယ်တင်းက ဒါကို အာရုံမထားသော်လည်း သူက ရှချင်းချီကို သူ(ရှရှင်းချီ)ငြင်းဆန်ဖို့ရာ ခက်ခဲသည့် ထိုအလွန်စိတ်အားထက်သန်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့သည်။ပုံစံကတော့ ဒီခက်ခဲကြမ်းတမ်းတဲ့ တာ၀န်ကို ရှချင်းချီကို လက်လွှဲယူစေချင်သည့်ဟန်ပင်။
ဒီသခင်လေးကသာ တရုတ်တိုင်းရင်းဆေးကို လီချန်ယွမ် သောက်အောင်လုပ်နိုင်တဲ့ ကမ္ဘာပေါ်မှာရှိတဲ့ တစ်ဦးတည်းသောလူသားလေ။
ဒါပေါ့ ရှချင်းချီက ၎င်းကို မယုံခဲ့ဘူး။ဒါပေမဲ့ သူ့ကိုဒီလိုကြည့်နေတဲ့ မျက်နှာကိုလည်း သူ မငြင်းနိုင်ခဲ့ဘူး။
ဒါကို လီချန်ယွမ်ရဲ့ခန္ဓာကိုယ် ကျန်းမာလာအောင် လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို အကူအညီပေးတဲ့အရာလို့သာ တွေးလိုက်။ဒါဆိုရင် သူလည်း ရက်အနည်းငယ်တော့ ပိုအသက်ရှင်နိုင်ပြီပေါ့။
ကြိုးစားပေမဲ့ ကျေးဇူးတင်ခြင်းမခံရတဲ့ ရှလူသားလေးမှာ အကူအညီမဲ့စွာ သူခေါင်းသူ ရမ်းလိုက်သည်။သူ့ခဗျာ နောက်ဆုံးမှာတော့ သဘောတူရပြန်သည်။
ကျေနပ်သွားတဲ့ အပြုံးနဲ့ အန်ကယ်တင်း လှေကားက ဆင်းသွားတာကို သူကြည့်ရင်း ရှချင်းချီ မတတ်နိုင်ပဲ စာကြည့်ခန်းကို တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်မိပြန်သည်။ အထဲက ဘာလှုပ်ရှားမှုအသံမှ မကြားရချိန်မှ သူ သူ့အခန်းသူ ပြန်လျှောက်သွားလိုက်၏။
သူ့အခန်းက မာစတာအခန်းကြီးရဲ့ဘေးမှာ ရှိ၏။လီချန်ယွမ်ရဲ့အခန်းနဲ့ နံရံပဲ ခြားတဲ့ အခန်းပေါ့။
မနေ့ညက အရမ်းအိပ်ချင်လာတာနဲ့ သူပတ်ကြည့်ချိန်တောင်မရပဲ ချက်ချင်း အိပ်ပျော်သွားခဲ့သည်။ဒါပေမဲ့ အခုတော့ သူ သေချာအာရုံစိုက်ကြည့်နိုင်ပြီလေ။ အဲ့ဒီမှာ အဘွားလျိူ ၀င်ခဲ့ဖူးတဲ့ ခမ်းနားကြီးကျယ်တဲ့ ဥယျာဉ်မြင်ကွင်းကို တူညီစွာ သဘောကျအားရမှု၊ အာရုံခံစားမှုကို သူခံစားလိုက်ရ၏။
အလင်းရောင်များများရပြီး နေရာလွတ်ပေါတဲ့ အိပ်ခန်းဟာ ဇိမ်ခံပစ္စည်းတွေပဲ အလှဆင်ထားပြီး ဒီအခန်းတစ်ခုတည်းကတင် သူရဲ့ တိုက်ခန်းဟောင်းလေးတစ်ခုလုံးထက် အဆပေါင်းများစွာ ပိုကြီးနေ၏။
ရှချင်းချီ ဟိုတို့ဒီထိနဲ့ အခန်းတွင်း စပ်စုနေပြီး ဈေးကြီးတဲ့အလှဆင်ပစ္စည်းတွေကို လိုက်စစ်ဆေးနေခဲ့၏။နောက်ဆုံးတော့လည်း ရှချင်းချီ ဇိမ်ခံရေချိုးခန်းကြီးရဲ့ဆွဲဆောင်မှုနောက်ကို ပါသွားခဲ့၏။
အဲ့ဒီမှာ အထိုင်ချထားတဲ့ ရေချိုးဇလုံရှိပြီး ဈေးကြီးတဲ့ ဝိုင်နဲ့ ဝိုင်ခွက်တွေက စင်ပေါ်မှာနေရာယူလျက်။ဘယ်အချိန်မဆို ဇာတ်ကားတွေကြည့်လို့ရအောင် ချိတ်ဆွဲထားတဲ့ စခရင်နဲ့ လိုက်ကာရဲ့အပြင်ဘက်ကို လှမ်းကြည့်ရင် လှပတဲ့ဥယျာဉ်ကြီးကို မြင်နိုင်သည်။
အရင်းရှင်းဝါဒရဲ့မကောင်းဆိုးဝါးတွေရဲ့ဘ၀က တကယ်ကို နေပျော်စရာတော့ကောင်းသား။
ညစာစားချိန် မရောက်သေးတာမို့ ရှချင်းချီ ဆက်ပြီး လျှောက်၀င်သွားခဲ့သည်။ အာဏာပါဝါနဲ့ ရေချိုးရတာ ဘယ်လိုနေလဲဆိုတာ ခံစားကြည့်ဖို့ အသင့်တော်ဆုံးအချိန်ပဲမလား။
****
စာကြည့်ခန်းထဲမှာတော့ လူကြိုက်များတဲ့ ချောကလက်သကြားလုံးအိတ်ခွံလေးဟာ လီချန်ယွမ်ရဲ့ လက်ချောင်းတွေအောက်မှာ သေသေချာချာ ပိပြားနေခဲ့၏။
လီချန်ယွမ် အံဆွဲတစ်ခုကိုဖွင့်လိုက်ပြီး အထဲက သစ်သားသေတ္တာလေးကိုယူလိုက်သည်။ တစ်၀က်ကအလွတ်ဖြစ်နေပြီး ကျန်တစ်၀က်က ချောကလတ်သကြားလုံးအိတ်ခွံတွေနဲ့ ပြည့်နေခဲ့သည်။
အထဲမှာ ရှိနေတဲ့အရာတွေက ကြိုးနီ၊ အကြွေစေ့အချို့နဲ့ ဘယ်ကိုသွားလို့ရမှန်းမသိတဲ့ ဘတ်စ်ကားလက်မှတ်နဲ့ လုပ်ထားတဲ့ လက်ပတ်လေးတစ်ခုသာဖြစ်သည်။
အဲ့အချိန်တုန်းက ငယ်ရွယ်တဲ့သခင်လေးလီက ကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်နေခဲ့သည်။သူဘယ်တုန်းကမှ ခရီးအဝေးကြီးသွားရတဲ့ ရထားကိုမစီးဖူးခဲ့သလို လက်မှတ်တွေက ဘယ်လိုပုံစံရှိလဲဆိုတာလဲ သူမသိခဲ့ချေ။ သူအဲ့အချိန်တုန်းက ပုံစံရော အရောင်ရော လက်မှတ်နဲ့တောင် မတူတဲ့ လက်မှတ်အတုနဲ့ တကယ်အရူးလုပ်ခံခဲ့ရ၏။
သူ တစ်ကယ်ကို နှစ်ပေါင်းများစွာ အမှန်တကယ်မရှိတဲ့ ခရီးဆိုက်ရောက်ရာနေရာကို ရှာဖွေနေခဲ့မိသည်။သေချာတာပေါ့၊ နောက်ဆုံးရလဒ်ကတော့ တကယ်ပဲ ဘာမှဟုတ်မနေခဲ့ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ထိုလူလိမ်လေး ကျိန်ပြောခဲ့တဲ့ကတိတွေနဲ့ တောက်ပနေတဲ့ အပြုံးတွေကို သူ တွေးမိလိုက်တိုင်း လီချန်ယွီ မကျေနိုင် မချမ်းနိုင် အံကိုကြိတ်ရင်း အဲ့လူလိမ်လေးကို ပြန်ဖမ်းချင်နေခဲ့၏။နောက်ပြီး သူ့အနားမှာ နေ့ရောညပါ အကျဉ်းချထားချင်မိ၏။
သူ့ရဲ့ကတိတွေနဲ့ အလိမ်အညာတွေအတွက် သူ့ဘ၀တစ်သက်တာလုံး ပြန်ပေးဆပ်ရမယ်။
လီချန်ယွမ် မျက်လုံးတွေက သူ့လက်ပေါ်ကိုရွေ့သွားခဲ့သည်။
လက်စွပ်လေးကို ပွတ်သပ်ရင်း နောက်ဆုံးမှာတော့
သူ့ခေါင်းကို နှိမ့်ကာ လက်စွပ်လေးကို ညင်သာစွာ နမ်းလိုက်လေသည်။ [T/N: အားးးးး ]
###
ဂလူး ဂလူး ဂလူး….
ရှရှင်းချီ ရေထဲ မျက်နှာနှစ်လိုက်ချိန် ရေပူပေါင်းတွေ စမ်းချောင်းပမာပေါ်ပေါက်လာခဲ့ပြီးနောက် သူ့မျက်နှာကို ရေပေါ်ပြန်ဖော်လိုက်သည်။
ဘေးမှာရှိတဲ့ လင်ဗန်းထဲက စပျစ်သီးတစ်လုံးကို လှမ်းယူပြီး ပါးစပ်ထဲပစ်ထည့်လိုက်၏။ အသီးကို ခပ်ပြင်းပြင်းစုပ်လိုက်တော့ အချိုရည်တွေက သူ့လျှာဖျားပေါ် စီးကျလာသည်။
သူ မချွတ်ချင် ချွတ်ချင် ချွတ်ထားရတဲ့ တဖျတ်ဖျတ်လက်နေတဲ့ စိန်လက်စွပ်ကြီးကို သူ စိတ်လှုပ်ရှားမှုအပြည့်နဲ့ လှမ်းယူကာ တယုတယ နမ်းလိုက်သေးသည်။ [T/N : လက်စွပ်လေးကို နမ်းတာချင်းအတူတူ ဒီတစ်ယောက်က မျက်ခွက်ပြောင်ပြောင်နဲ့ နမ်းတာဟ QwQ ]
ဒါက ချမ်းသာကြွယ်၀တဲ့ မိသားစုထဲကို လက်ထပ်ပြီး ၀င်ရောက်နိုင်တဲ့ ခံစားချက်မျိုးလား။
အရမ်းအားရကျေနပ်စရာပဲ!
ဘယ်တုန်းကမှ ချမ်းသာကြွယ်၀မှုကို မခံစားခဲ့ဖူးတော့ ရှရှင်းချီတစ်ယောက် အချိန်တစ်ခုထိကြာအောင် ဘာမှဂရုမစိုက်ပဲ ရေပတ်ကစားနေခဲ့၏။
ထိုစဉ်မှာပဲ ဗလာဖြစ်နေခဲ့တဲ့ သူ့ရဲ့ငယ်ဘ၀ကိုလည်း ကလေးဆန်စွာ ဆပ်ပြာပူဖောင်းတွေ လက်နဲ့ မှုတ်ရင်း ကွက်လပ်ဖြည့်နေခဲ့သည်။
ဘန်း!
ဆပ်ပြာပူဖောင်းအသေးလေးဟာ လေထဲပျောက်ကွယ်သွားခဲ့ပြီး ကမ္ဘာမြေကြီး ပြိုကျသလို ဆူညံသံအကျယ်ကြီးထွက်ပေါ်လာခဲ့၏။
ရေချိုးခန်းတံခါးဟာ အားအင်အပြည့်နဲ့ဖွင့်ချခံလိုက်ရသည်။
ဒါက တံခါးဖွင့်တယ်ဆိုတာထက် တစ်စုံတစ်ယောက်က တိုက်ဖို့ အသင့်ပြင်တာနဲ့ပိုတူ၏။
ရှရှင်းချီ ချက်ချင်း ကြက်သီးမွှေးညင်းတွေ ထောင်သွားခဲ့ပြီး အကြောက်ကြောက်အလန့်အလန့်နဲ့ ရေငုပ်ကာပုန်းလိုက်မိသည်။
သို့သော် ရေကကြည်လင်နေပြီး ပုန်းလို့ရတဲ့နေရာ ရှိမနေခဲ့ဘူး။
နောက်မှသိလာရတာက လီချန်ယွမ်သာမဟုတ်ရင် ဘယ်သူကမှ ဒီလိုစိတ်ဖောက်ပြန်တဲ့လုပ်ရပ်မျိုး လုပ်မှာမဟုတ်ဘူးဆိုတာ သေချာသိလိုက်၏။
ရှရှင်းချီ တကယ်ကို စိတ်တိုသွားရ၏။ သူ့အသည်းနှလုံးက လည်ပင်းကနေ ခုန်ထွက်တော့မဲ့အထိ သူလန့်နေရာမှ ပြန်စိတ်ငြိမ်သွားတုန်း ဒေါသက အူထဲအသည်းထဲက လှိုက်တက်လာလေသည်။
ရုတ်တရက် လူဆိုးကြီးရှေ့မှာ သူ ချစ်စရာကောင်းအောင် ဆက်ပြီး ဟန်ထုတ်ရမှာကို မေ့သွားကာ သူ့ပုံစံအစစ်အမှန်ကို နေရာမှာတင် ပြသလိုက်မိသည်။ဖြူကောင်ငယ်လေးရဲ့ ကိုယ်ပေါ်က ထိုးထောင်နေတဲ့ အမွှေးတွေလိုပဲ သူ့ဒေါသတွေကထွက်ပေါ်လာခဲ့၏။
“ခင်ဗျား လီးလိုလုပ်တာလား! လီချန်ယွမ်! ရန်ဖြစ်ချင်လို့လား!”
“လာစမ်းပါ၊ ခင်ဗျားသတ္တိရှိရင် အ၀တ်တွေအဲ့မှာတင်ချွတ်ပြီး အခု ရေထဲမှာထိုးကြတာပေါ့!”
လီချန်ယွမ်:……..…
Chapter 13 end
Chapter 14
ရှရှင်းချီ အော်ဟစ်ပြီးတဲ့နောက် တစ်ခုခုမှားနေပြီဆိုတာ သူသိလိုက်သည်။
သူပြောချင်ခဲ့တာက သူရေချိုးနေတုန်း သူ့ကို ရန်လာမစသင့်ဘူးဆိုပြီးတော့ပေါ့။
ဒါပေမဲ့ သူဘာလို့ အဲ့လို ဟိုဒင်းဟိုဟာဆန်တဲ့စကားမျိုးပြောမိလိုက်ရတာလဲ။
နေပါဦး၊အရေးကြီးဆုံးက သူ့ဆဲတဲ့စကားလုံးရွေးချယ်တဲ့အပေါ်မှာ မူတည်နေတယ်လို့ မထင်ဘူးနော်။
ဘုရား! ကျွန်တော်ဘာလို့ ဗီလိန်ကြီးကို ဆူငေါက်လိုက်မိတာလဲ?!
ရှရှင်းရှီက ဒေါသထွက်တတ်တဲ့ အကျင့်ကို ခုလောလောဆယ်တော့ မျိုသိပ်ထားလိုက်သည်။ဒါပေမဲ့ အဲ့အချိန်အတွင်းမှာပဲ သူဘာလုပ်မိလိုက်လဲဆိုတာ သဘောပေါက်သွားခဲ့၏။
လီချန်ယွမ် မျက်နှာအမူအရာပြောင်းသွားတာကို သူသတိထားမိလိုက်၏။အဲ့လူ အခုပဲ ရာဇ၀တ်မှုကျူးလွန်လာခဲ့ရင် သူ ကိုယ်လုံးတီးကြီးနဲ့ ထွက်မပြေးချင်ဘူး။
သို့သော်လည်း လီချန်ယွမ် မျက်နှာထားက ရှုပ်ထွေးပြီး လွန်ဆွဲနေခဲ့သည်။ ဒေါသထွက်ရမဲ့အစား၊ပြင်းထန်တဲ့ထိတ်လန့်စရာ ရုတ်တရက်ထွက်ပေါ်လာသလိုမျိုး သူ့မျက်လုံးတွေ ၀င်းကနဲ။
ရှရှင်းချီ သူဘာလို့အဲ့လိုအကြည့်မျိုးနဲ့ ကြည့်လဲဆိုတာ မသိချေ၊ဒါကြောင့် သံသယနဲ့ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ဒီလို စိတ္တဇအရူးကို ဘာကများဒီလိုတုန့်ပြန်စေတာလဲ။
ဒါပေမဲ့ သေချာ ဆန်းစစ်ပြီးတဲ့နောက်မှာ လီချန်ယွမ်ရဲ့မျက်နှာက မတူကွဲပြားတဲ့ တည်ငြိမ်မှုပြန်ပေါ်လာသည်က သူမြင်ခဲ့တာက ဘာမှမဟုတ်တဲ့ ပုံရိပ်ယောင်တစ်ခုလိုပင်။
ဒီတော့ နှစ်ယောက်သား ဘာလုပ်ရမလဲမသိပဲ တစ်ယောက်ကိုတစ်ယောက် ငေးစိုက်ကြည့်နေကြပြီး အခန်းက တိတိဆိတ်မှုထဲ ကျရောက်သွားသည်။
လီချန်ယွမ် တစ်ခုခုပြောရင်လည်း ပြောမယ် ဒါမှမဟုတ် မပြောရင်လည်း မြန်မြန်ထွက်သွားလိမ့်မယ်လို့ ရှရှင်းချီထင်လိုက်ပေမဲ့ ဒီလူက သူ့ကို အသေချာ စိုက်ကြည့်နေလေသည်။
ရှရှင်းချီ ဒီလို ရုတ်တရက်ဆန်ပြီး ကြောက်စရာကောင်းတဲ့ အကြည့်မျိုး အချိန်အကြာကြီး စိုက်ကြည့်ခံနိုင်ပေမဲ့ အခုအခိုက်တန့်မှာ သူက ရေချိုးနေခဲ့ပြီး မိမွေးတိုင်းဖမွေးတိုင်း အ၀တ်ဗလာဖြစ်နေတာလေးတစ်ခုပဲ ပြဿနာ ဖြစ်နေခဲ့၏။
မြင်ကွင်းတစ်ခုလုံးက လုံး၀ကို ကို့ရို့ကားကားကြီး။
ရှရှင်းချီ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပေမဲ့ သူစကားတော့မပြောရဲပါ။ သူ ပြန်ထိန်းထားနိုင်တဲ့ တစ်ခုတည်းသောအရာက မျိုးဆက်18ခုရဲ့ ဘိုးဘေးဘီဘင်တွေကို လီးပဲလို့ နှုတ်ဆက်တာပဲဖြစ်မည်။ ပြီးတော့ အပြုံးတုတစ်ခုနဲ့ သူမေးလိုက်တယ်။
“ဆရာ ကြည့်ရှုခတော့ ပေးရမယ်နော်၊တစ်ကြိမ်ကို နှစ်ရာနှုန်းနဲ့။ အပေါင်စာချုပ်၊အကြွေး၀ယ်ကတ်နဲ့ အရစ်ကျချေးငွေတွေကိုတော့ အားမပေးဘူးနော်။ Alipay လား WeChat နဲ့ ရှင်းမလား”
ဒီစကားလုံးတွေက နောက်ဆုံးတော့ လီချန်ယွမ်ကို သတိပြန်လည်လာစေခဲ့၏။
ဒီလူကို ဒေါသထွက်ရမလား လန့်ရမလား မသိပဲ ဒီရေလို သူပြန်ဆုတ်သွားခဲ့သည်။ထပ်ပြီး ပွင့်ပွင့်လင်းလင်း စိုက်မကြည့်ချင်တော့တာမို့ မျက်မှောင်ကျုတ်ကာ သူအဝေးကို ချက်ချင်း အကြည့်လွှဲလိုက်၏။
မျှော်လင့်မထားပေမဲ့ မတတ်နိုင် သူ့ခေါင်းထဲမှာ ပြကွက်တစ်ခုကို ရေးဆွဲနေမိခဲ့သည်။
ရေနွေးငွေ့တွေနဲ့ ၀န်းရံခံထားရတဲ့ လူငယ်လေးက ရေပြန်စိမ်နေလိုက်ပြီးတော့ သူ့ကို အနည်းငယ် ငေးမော့ကြည့်လာ၏။လှပတဲ့မျက်၀န်းတွေဟာ ရေဆိုနေတဲ့ သူ့ဆံပင်တွေနဲ့ လိုက်ဖက်နေပြီး သူ့ကြည့်ရတာ နာနာခံခံပြုမူနေသလိုပဲ။
နို့နှစ်လို ၀င်းလတ်တဲ့အသားအရည်က ရေပူစိမ်နေတာမို့ ခပ်ရဲရဲဖြစ်နေခဲ့သည်။
လီချန်းယွမ် သူ့နှုတ်ခမ်းတွေ စေ့စေ့ပိတ်လိုက်မိသည်။သူမတွေးမိအောင် ကြိုးစားလေလေ မြင်ကွင်းက သူ့အရှေ့မှာပိုပေါ်လာလေ။
အခန်းထဲမှာရှိတဲ့အပူချိန်က ပိုမြင့်တက်လာသည်ထင်ရသည်။လေထုကလည်း ဖော်ပြလို့မရအောင် အပူတက်နေပြီး ထူးဆန်းနေ၏။
ဆန့်ကျင်ဖက်အနေနဲ့ ရှရှင်းချီကတော့ အဲ့တာတွေ သိပ်မတွေးနေပဲ အပူအပင်မရှိ ဘာမှ ကွယ်ဝှက်မနေပဲ ရေစိမ်နေခဲ့သည်။
သူ ယောင်္ကျားတွေကို ပိုကြိုက်ပေမဲ့လည်း ဒီလူကတော့ သူ့ကို အခွင့်ကောင်း ယူမဲ့ပုံ မပေါ်နေခဲ့။
အဲ့တာတွေထက် တစ်ဖက်လူက လီချန်ယွမ်လေ။ သူတကယ်လုပ်ချင်ရင် ဒီလိုညစ်ပတ်တဲ့ နည်းလမ်းမျိုးတော့ သုံးမှာမဟုတ်ဘူး။ သူ့အ၀တ်တွေကို ဆွဲချွတ်ပြီး ဗြောင်ကြည့်နေမဲ့ လူမျိုး။
ဒီလူစိတ်လွတ်သွားပြီး သူကိုယ်သူ ဘာလုပ်နေလဲဆိုတာတောင် မသိဖို့များတယ်။
လီချန်ယွမ် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး လုံး၀ပြန်ငြိမ်သွားခဲ့သည်။ခပ်တည်တည်နဲ့ပဲ သူပြောလိုက်သည်။
“နောက်တစ်ခါ ငါမင်းကို ရှာမရတာမျိုး မဖြစ်စေနဲ့”
တစ်ယောက်ယောက်ကို အရှင်လတ်လတ် မြိုချတော့မလိုမျိုး သူ့အကြည့်က ကြောက်စရာကောင်းနေခဲ့သည်။
ဒီလိုလူရှေ့မှာ ရှရှင်းချီ မတတ်နိုင်ပဲ ကြောက်ရွံ့ကာ ခေါင်းခြောက်သလို ခံစားရ၏။
ရေချိုးနေရုံလေးကို ခင်ဗျားက ကျွန်တော် စည်းကမ်းတစ်ချို့ကျူးလွန်နေသလိုမျိူး တွေးနေတာလား။
“ဆရာ…ကျွန်တော်က ဒီမှာပဲရှိနေတာလေ၊ နေရာမှာတင် အငွေ့ပျံ ပျောက်ကွယ်သွားလို့မှ မရတာကြီး”
သူက သူ့ပိုင်နက်ထဲမှာတင်လေ။သူထွက်ပြေးချင်ရင်တောင် ဘယ်ကိုသွားနိုင်မှာတဲ့လဲ။
လီချန်ယွမ်က သူ့စကားတွေကြားပြီးတာတောင် ဘာမှမပြောတာမို့ သူအံ့ဩသွားရသည်။သူ့မျက်နှာကလည်း အရင်အတိုင်း အေးစက်နေခဲ့သည်။
အဲ့တာက သူတကယ်ပဲ မျက်လှည့်ဆရာတစ်ယောက်ရဲ့ လှည့်ကွက်ကိုသုံးပြီး ပျောက်ကွယ်သွားမယ်လို့ ထင်ကြေးပေးနေသလိုတောင် ထင်ရသည်။
ရှရှင်းချီ:………?
ဆရာ၊ ခင်ဗျားဘာလို့ အဲ့တာကို အတည်ကြီးတွေးနေရတာလဲ။
ဒီဗီလိန်ကြီး ရူးနေရုံတင်မဟုတ်ဘူး တကယ်ကြီး ဦးနှောက်မှာပါ ရောဂါတစ်ခုခု ရှိနေပုံပဲ။
သူလွတ်လာတဲ့ ဘယ်စိတ္တဇဆေးရုံပဲဖြစ်ဖြစ် သူ့ကို အမြန်ပြန်ခေါ်သွားဖို့ ကျွန်တော်တောင်းဆိုပါတယ်ဗျာ။
###
အကယ်လို့ အဲ့မှာ ပြဇာတ်တွေ ဇာတ်ဝင်ခန်းကူးပြောင်းတဲ့အချိန်မှာ သုံးတဲ့ တီးလုံးတွေရှိရင်တောင် ဒီလိုရေချိုးရတာလောက် စိတ်ကူးယဉ် သိပ်ဆန်မှာမဟုတ်။
ရှရှင်းချီ ရေလဲ၀တ်ရုံကို ၀တ်ပြီး သူအရည်ပျော်သွားနိုင်လောက်တဲ့ထိ ဖြစ်စေတဲ့ သက်တောင့်သက်သာဖြစ်မှုကို ခံစားနေခဲ့သည်။
သူရေချိုးခန်းထဲ ထွက်ထွက်ချင်းပဲ ဖက်ထုတ်ဖြူကြီးလို့ထင်ရလောက်အောင် သူ့အခန်းတံခါးမှာ အထက်တန်းကျစွာ ထိုင်နေတဲ့ ကြောင်လေးကိုတွေ့လိုက်၏။
Summerက အထဲကို စူးစမ်းစွာကြည့်လိုက်သည်။ သူ့အိမ်ထဲ ရောက်နေတဲ့ လူသစ်ကို တိတ်တိတ်လေး စောင့်ကြည့်ချင်သလိုမျိုး ရောက်လာခဲ့၏။
ဒါပေမဲ့ သူနဲ့ကြောင်နဲ့ ခဏလောက် အချင်းချင်းပြန်ကြည့်နေပြီးတော့ ကြောင်လေးက အမြှီးထောင်ကာ ကြောက်ပြီးပြန်ပြေးသွား၏။
ကြောင်တစ်ကောင်က သူ မချော့မြူပဲ ဘာလိုသူ့အခန်းဆီ ရောက်လာတာလဲ။ ရှရှင်းချီ အပျော်လွန်ကာ သူ့ဆံပင်အခြောက်ခံဖို့တောင် မတွေးပဲ ကြောင်လေးနောက် ပြေးလိုက်သွား၏။
စာကြည့်ခန်းကို ရောက်တဲ့ အခိုက် လီချန်ယွမ်ရဲ့ အသံကို သူကြားလိုက်ရ၏။
“ရှရှင်းချီ မင်း၀င်လာခဲ့”
ရှရှင်းချီ ချက်ချင်းရပ်တန့်သွားသည်။
မျက်နှာသေနဲ့ စည်းကမ်းထိန်းသိမ်းမှုးက သူ့ကို ရုံးခန်းကနေ ခေါ်လိုက်သလိုမျိူး ထင်ယောင်ထင်မှားတောင်ဖြစ်ကာ သူအဲ့ဒီနေရာမှာ လန့်ဖြန့်ပြီး လုံး၀မလှုပ်ရဲပဲ ရပ်နေခဲ့၏။
ဒါပေမဲ့လည်း ဗီလိန်ကြီးက အရမ်းကြောက်ဖို့ကောင်းနေတာမို့ ရှရှင်းချီ ရွေးချယ်စရာမရှိပဲ သူ့ခေါင်းကို စာကြည့်ခန်းထဲ ထိုးထည့်လိုက်သည်။သူ နားကြားမှားတာပါလို့ စိတ်ထဲကနေ ဆုတောင်းနေရင်းပေါ့။
ပထမဆုံး သူမြင်လိုက်ရတာက Summer ဆိုတဲ့ ကြောင်လေးက စားပွဲပေါ်မှာ စကားနားထောင်ကာ ထိုင်နေပြီး အပွတ်သတ်ခံဖို့ ဟိုလိမ့်ဒီလှိမ့်လုပ်နေတာပါပဲ။
သူ့ရဲ့ ရက်စက်တဲ့ ပိုင်ရှင်ကတော့ အဲ့ဒါကို လုံးလုံးလစ်လျှုရှုထားလေသည်။လမ်းမလွတ်တာမို့ ဘေးကိုတောင် တွန်းဖယ်လိုက်သေး၏။
နှစ်ယောက်သား အကြည့်စုံသွားသည်။ ရှရှင်းချီ ကျည်ဆံကိုကိုက်ပြီး အခန်းထဲ၀င်လာခဲ့သည်။
“မစ္စတာလီ ခင်ဗျား ကျွန်တော့်ဆီက ဘာလိုအပ်လို့လဲ”
စာကြည့်ခန်းထဲ ခုံအလွတ် အပိုတစ်ခုရှိနေပေမဲ့ လီချန်ယွီ သူ့ကို ထိုင်ဖို့ အချက်မပြပဲ အမိန့်တစ်ခုပဲပေးလိုက်သည်။
“ဆံပင်ခြောက်အောင် အရင်သွားလုပ်လိုက်”
“ဟမ်”
ရှရှင်းချီ ခေါင်းစောင်းငဲ့ကာ ဖြေးဖြေးချင်း လက်ကာပြလိုက်ပြီး ပြောလိုက်သည်က
“ရပါတယ် ခဏလေးနဲ့ ခြောက်သွားလိမ့်မယ်”
သူ့ ဆံပင်အခြောက်ခံစက်အဟောင်းက မီးလောင်မှု ဖြစ်ပွားတော့မလို ဖြစ်ပြီးခဲ့ကတည်းက သူ့မှာ ဒီအကျင့်ဆိုးရှိလာခဲ့သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူအသစ်၀ယ်ရမှာ ပျင်းလို့ လေနဲ့ပဲ အခြောက်ခံဖြစ်ခဲ့သည်။
လီချန်ယွမ် လူတစ်ယောက်ကို ဆံပင်ခြောက်စက် ပို့ခိုင်းလာစေခြင်းက သူ့ကို အံ့အားသင့်စေ၏။အစေခံက ရှရှင်းချီလက်ထဲ မပေးခင် ပလပ်တောင် ထိုးပေးသွားခဲ့သေးသည်။
ရှရှင်းချီ ခေါင်းရှုပ်သွားရ၏။
ဆရာ ခင်ဗျား ကျွန်တော့်ကို အဲ့လိုပဲ စိုက်ကြည့်ပြီး ခင်ဗျားအလုပ်လုပ်တဲ့ နေရာမှာ ဆံပင်အခြောက်ခံခိုင်းမလို့လား။
ဗီလိန်ကြီးရဲ့ အရှိန်အဝါက အရမ်းပြင်းထန်နေခဲ့၏။ ရှရှင်းချီရဲ့ သူ့ကို နားလည်နိုင်စွမ်းက အကန့်အသတ်ရှိပြီး သူအခုပဲ မလိုက်နာလို့ရှိရင် သွေးတွေနေရာမှာပဲ ပန်းထွက်သွားတော့မလိုခံစားလိုက်၏။
သူ မြန်မြန် အရှုံးပေးပြီး ခိုင်းတဲ့အတိုင်းလုပ်ဖို့ သူ့ကိုယ်သူ ဖိအားပေးလိုက်ရသည်။
လီချန်ယွမ် သူ့ရဲ့ နူးညံ့ပွယောင်းနေတဲ့ ဆံပင်ရှည်ကိုကြည့်ပြီးတဲ့နောက်ဆုံးမှာတော့ ခေါင်းငြိမ့်လိုက်၏။
“ထိုင်တော့”
Summer က သူတို့နှစ်ယောက်ကြား စားပွဲပေါ်မှာ လှဲနေပြီးတော့ သူ့ရဲ့ အမွေးပွပွ လက်လေးကိုမြှောက်ကာ သူ့ဘေးမှာရှိတဲ့ ဘော့ပင်ခွက်ကို ကုတ်ခြစ်နေခဲ့သည်။
လီချန်ယွမ် သူ့ရဲ့ လက်ချောင်းသွယ်သွယ်တွေနဲ့ စားပွဲကို ခေါက်လိုက်ပြီးနောက် ကြောင်လေးက ချက်ချင်း “မြောင်” လို့အော်က တပျော်ကြီး သူ့လက်မောင်းထဲ ခုန်ဝင်သွားခဲ့သည်။
ကြောင်က ကြီးပြီးချစ်စရာကောင်းတဲ့ လက်အနွေးပေးအိတ်လိုမျိုး လုပ်နေလိုက်သေးသည်။
ရှရှင်းချီ ဘေးမှာထိုင်ပြီး သူမျက်လုံးဝိုင်းတွေက မနာလိုမှုတွေနဲ့ပြည့်နှက်နေခဲ့၏။
ထို့နောက် လီချန်ယွီက ကြောင်ကို ဘာမှမဟုတ်သလို ကြမ်းပြင်ပေါ် ပစ်ချလိုက်၏။
Summerက လက်ဖြင့် လီချန်ယွမ်ဘောင်းဘီကို ခပ်ဖွဖွ တွန်းကာ ပွတ်သပ်ပေးဖို့ ဇွဲမလျှော့စတမ်း တောင်းဆိုနေပေမယ့် သူရဲ့ ကြမ်းကြုတ်တဲ့ သခင်ကတော့ လုံး၀ကို မလိုက်လျောခဲ့ဘူး။
သူဘယ်လိုတောင် ဂရုစိုက်ခံထားရတဲ့ ကြောင်လှလှလေးကို ငြင်းရက်တာလဲ။
ဒီမြင်ကွင်းကြောင့် ရှရှင်းချီမှာ “ခင်ဗျားမလိုချင်ရင် ကျွန်တော့်ကို အဲ့ကြောင်ပေးလိုက်လေ! ကောင်းချီပေးခံရတာက ဘယ်လိုလဲဆိုတာ ခင်ဗျား တကယ်မသိတာပဲ!” ဆိုပြီး အော်ပစ်ချင်လိုက်၏။
ဒါပေမဲ့ လီချန်ယွမ်က Summer ထိုင်သွားတဲ့နေရာကို ညွှန်ပြလိုက်တော့ အဲ့မှာ ဘဏ်ကတ်တစ်ခုရှိနေ၏။
ငွေအရမ်းမက်သူမို့ ယေဘုယျအားဖြင့် ပိုက်ဆံရယ် ငွေနဲ့ပတ်သတ်တဲ့ဟာတွေမြင်ရင် အရမ်းဆက်ဆက်ထိမခံဖြစ်သွား၏။သူ့အာရုံက သေချာပေါက်ကို ကြောင်လေးဆီကနေ လုံး၀လွဲသွားခဲ့သည်။
အဲ့တာ ငါ့ဖို့လားဟ!
သူအရမ်းကို စိတ်လှုပ်ရှားသွားပေမဲ့ သူ့တကယ့်သရုပ်မှန် အမြှီးကြီးကို ဝှက်ထားဖို့ကြိုးစားနေဆဲ။
ဒီတော့ သူ့နှုတ်ခမ်းထောင့်တွေက ကောင်းကင်ထိ လုံး၀မြင့်တက်နေခဲ့ပေမဲ့ မျက်လုံးတွေကတော့ စားပွဲကို မျက်တောင်မခတ်ကြည့်ကာ ငြိမ်ငြိမ်လေးထိုင်နေခဲ့၏။
လီချန်ယွီရဲ့ ရှုထောင့်ကနေကြည့်ရင် သူက ဆူးတွေကို ချက်ချင်းဖယ်ပစ်လိုက်တဲ့ ဖြူကောင်ငယ်လေးလိုပဲ။ပိုင်ရှင်ဆီက အစားကျွေးတာခံရဖို့ ချစ်စဖွယ်ကောင်းအောင် ဟန်ဆောင်နေတဲ့ အကောင်ငယ်လေးလိုပင်။
သူစိတ်ထဲကနေ ကြိတ်ရယ်ကာ ရှရှင်းချီရဲ့ နူးညံ့ပွယောင်းနေတဲ့ ဆံပင်တွေကို ထိချင်နေခဲ့၏။
ဒီအတွေးက ခဏပဲကြာလိုက်ပြီး လီချန်ယွမ် ၀တ်ကြေတမ်းကြေပဲပြောလိုက်သည်။
“ဒါ မင်းရဲ့ မုန့်ဖိုးပဲ”
ဒီစကားပြောပြီးတာနဲ့ ဖြူကောင်လေးရဲ့မျက်လုံးတွေ ၀င်းလက်သွားခဲ့၏။
သူ အကောင်းဆုံး သူ့ကိုယ်သူ ဖုံးဖိဖို့ကြိုးစားပေမဲ့ သူ့မျက်နှာပေါ်မှာတော့ ခံစားချက်တွေက ရေးထားသလိုပေါ်နေခဲ့၏။ အလျင်စလို သူ့ခေါင်းသူ တို့ထိရင်း အဲ့ကတ်မှာ ပိုက်ဆံဘယ်လောက်ပါမလဲ ဆိုတာ အဖြေရှာနေလေ၏။
ငွေရလာမယ်လို့ ရှရှင်းချီ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူးလေ။
အစားအသောက်တွေနဲ့ ယာယီတည်းခိုတဲ့နေရာ အပါအ၀င် ချမ်းသာတဲ့မိသားစုတစ်ခုရဲ့ ဘ၀ကို ကျေနပ်နေခဲ့ပြီး ပိုက်ဆံမပါပဲနဲ့တောင် သူအတော်ပျော်နေခဲ့သည်လေ။
ထပ်ပြောရရင် အေးစက်ပြီး အသောက်အစား အပျော်အပါးရှောင်တဲ့ လူက အိပ်ယာနွေးအောင်လုပ်ပေးတဲ့ ၀န်ဆောင်မှုအချို့လည်း မလိုတာ အသိသာကြီးလေ။
အကျိုးမဖြစ်ထွန်းတဲ့ ဖြုန်းတီးမှုလေးဖြစ်ပြီး ထိုကံကောင်းစေတဲ့ အဆောင်လေးလို ဘာမှလုပ်စရာမလိုခဲ့ဘူး။ရှရှင်းချီ သူ့ကိုယ်သူ အများကြီးတန်ဖိုးမရှိဘူးလို့လည်း တွေးမိ၏။
ဒါပေမဲ့ ဩဇာအာဏာကြီးပြီး အရမ်းချမ်းသာတဲ့ သူဌေးကြီးက သူ ကြိုက်သလိုသုံးဖို့ တစ်လကို ဒေါ်လာထောင်ချီပေးတာလိုမျိုး နောင်မှာလည်း ဒီလိုမျိုး အရမ်းသဘောထားကြီးပါစေလို့ မျှော်လင့်မိလိုက်သေးသည်။
လီချန်ယွမ် အေးဆေးပြောတဲ့ စကားသံကို သူကြားလိုက်သည်။
“တစ်လကို 1သန်း”
အိုးး အဲ့လောက်လေး….တစ်သန်း?!
ထိုအသံက အရမ်းမကျယ်ခဲ့ပါဘူး။ ကောင်းကင်ကြီး ထိုးဖောက်သွားသလို ကမ္ဘာကြီး အခြမ်းခြမ်းကွဲသွားသလို ထင်ရပြီး ရှရှင်းချီကို နေရာမှာတင် ကြက်သေသေသွားစေရုံပဲ။
ငွေတွေအများကြီးနဲ့ ထိုက်တန်ဖို့ဆိုတာ အသာထားဦး၊ သူ့ကို အလေးချိန်စက်ပေါ် တင်ပြီး ချိန်ရောင်းမယ်ဆိုရင်တောင် သူ့မှာ အဲ့လောက် အသားရှိမှာမဟုတ်ဘူးးး။
ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက မြင်မြင်ချင်းချစ်မိသွားတဲ့ သူနဲ့စေ့စပ်ထားတဲ့ အချစ်လေးတော့ ဟုတ်မနေဘူး။ သူ့ကို အကျိုးဖြစ်စေတဲ့သူက သေချာပေါက် ကမ္ဘာပေါ်မှာ ချောမော ခန့်ညားဆုံးဖြစ်ပြီး အကောင်းဆုံးပဲပေါ့!
ရှရှင်းချီ အစပိုင်း ကြောင်အမ်းအမ်းဖြစ်သွားပြီး ထို့နောက် အရူးလို တခစ်ခစ် ကြိတ်ရယ်နေတာကို မြင်ပြီး လီချန်ယွမ် ကိုယ်တိုင်လည်း မသိမသာ ပြုံးလိုက်မိ၏။
ဒါပေမဲ့ သူရဲ့ပုံမှန်မျက်နှာထားကို ပြောင်းသွားဖို့ သိပ်မကြာလိုက်ပဲ ချောင်းဟန့်ပြီး ရှရှင်းချီ အသိပြန်၀င်အောင် အချက်ပြလိုက်၏။
“မင်းရဲ့အလုပ်က ငါရဲ့…ချစ်သူအဖြစ် သရုပ်ဆောင်ဖို့ပဲ”
လီချန်ယွမ်က သူရဲ့ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်တာမို့ သူ့မျက်လုံးထဲက နေရခက်မှုတွေကလည်း လက်ဖက်ရည်ခွက်ထဲမှာ ဖုံးကွယ်ထားခြင်းခံလိုက်ရသည်။
“ငါ့ကို လက်ထပ်တာ အပါအ၀င်ပေါ့”
သူ ရှရှင်းချီကို ကောင်းကင်က ကြယ်တွေကို ဖြုတ်ယူခိုင်းချင်ရင်တောင် ဒီငွေမက်တဲ့ကောင်လေးအတွက် လတိုင်း လစာ တစ်သန်းပမာဏက ဒီကောင်လေးကို ကြိုးကြိုးစားစားအလုပ်လုပ်စေဖို့ လုံလောက်သည်။
“ကိစ္စမရှိပါဘူး”
သူ့ရဲ့ဘ၀က ဒီကိစ္စအပေါ်မူတည်နေသလိုမျိုး ရှရှင်းချီ ခေါင်းငြိမ့်လိုက်တယ်။
“မစိုးရိမ်ပါနဲ့ မစ္စတာလီ၊ ဘယ်လို ချစ်သူပုံစံမျိုးမဆို ကျွန်တော် သရုပ်ဆောင်နိုင်ပါတယ်။ ဘယ်လိုပုံစံပဲဖြစ်ဖြစ် ကျွန်တော် ပါတနာလုပ်နိုင်တယ်!”
“ဘယ်လိုပုံစံပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဒါပေမဲ့ ပထမဆုံး မင်းငါ့ကို ခေါ်တဲ့ အသုံးအနှုန်းကို ပြောင်းရမယ်”
လီချန်ယွမ် ပြောပြီးပြီးချင်း ရှရှင်းချီ သူ့စကားလုံးတွေကို
ခပ်ရိုးရိုးပဲ ပြောင်းလိုက်သည်။
“ယောင်္ကျားရေ”
လက်ဖက်ရည်သောက်နေခဲ့တဲ့ လီချန်ယွမ်တစ်ယောက် သူ မမျှော်မှန်းထားတဲ့ အခေါ်အဝေါ်ကို ကြားလိုက်ရနဲ့အချိန် ဆိုးဆိုးရွားရွား လက်ဖက်ရည်သီးသွားခဲ့ရ၏။
Chapter 14 end