Little Creampie:
Chapter 2
စာအုပ်ထဲကူးပြောင်းတာချင်းအတူတူ သူရဲ့ကူးပြောင်းလာပုံက ဒီလောက်ထိ ကံဆိုးလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။
မိုးကြိုးထိမှန်ပြီး အကြောင်းမဲ့သေဆုံးရတာနဲ့တင် မလုံလောက်သေးဘူးလား။ မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ သူက ရေထဲမှာထိုင်နေမိတာ။
သူသေဆုံးခါနီးက ဝတ်ဆင်ခဲ့တဲ့စားပွဲထိုးဝတ်စုံကိုပင် ဝတ်ဆင်ထားပြီး လက်ကောက်ဝတ်ပေါ်က လခြမ်းပုံအမာရွတ်လေးတွေလည်း ရှိနေဆဲပင်။ ဒါက သူ့ကိုယ်ပိုင်ခန္ဓာပဲ။
မိုးကြိုးထိမှန်ထားသည့် လက္ခဏာတစ်စုံတစ်ရာမျှ မတွေ့ရပေ။
ရှရှင်းချီသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရာ အတော်လေးကြီးမားပြီး ဝိုင်းဝန်းနေသော ရေချိုးကန်ကြီးတစ်ခုအတွင်းရောက်နေသည်ဆိုတာ သိလိုက်ရသည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး သူ့နှလုံးခုန်သံသာ ကြားနေရသည်။
…ပြဿနာက ဒီရေချိုးကန်ထဲမှာ တစ်ယောက်ယောက်ရှိနေတာ!
မိုးကြိုးသင့်ပြီး မျက်လုံးပြန်ဖွင့်တဲ့အခါ သူသည် တစ်ခြားသူရဲ့ရေချိုးကန်ထဲမှာ ထိုင်နေမိပြီ ဖြစ်သည်။ ကံကောင်းချင်တော့ သူ့စိတ်ဓာတ်မှာ အတော်ခိုင်မာသောကြောင့်အရှိန်အဟုန်နှင့် ထိတ်လန့်သွားခြင်းမဖြစ်ခဲ့ပေ။
သို့သော်လည်း သူ့၏နှလုံးခုန်နှုန်းမှာ ရုတ်တရက် မြန်ဆန်သွားခဲ့သည်။ ကြည့်လိုက်တော့ ထိုလူသည် အိပ်ပျော်နေဟန်တူပြီး မျက်လုံးမှိတ်ကာ လှုပ်ရှားမှုမရှိပေ။ မီးခိုးမြူတွေနဲ့ပြည့်နေသော ပူနွေးသည့်ရေထဲတွင် စိမ်နေသော်လည်း သူ၏မျက်နှာသည် ဖြူဖတ်ဖြူရော်နှင့် သွေးရောင်မပါသလိုဘဲ ဖြစ်နေသည်။
ထိုလူသည် လူသားတွေထက် ပိုမိုလှပသည်ဟု ဆိုရမည့် အသွင်ရှိပြီး သူ၏မျက်နှာပုံပန်းသဏ္ဍာန်မှာ ပန်းချီဆရာတစ်ဦး ဂရုတစိုက်ရေးဆွဲထားသလိုမျိုး ပြေပြစ်နေသည့်ပုံစံမျိုးဖြစ်သည်။ ပခုံးကျယ်ပြီး ခါးသွယ်ကာ ခန္ဓာကိုယ်အချိုးအစားမှာ ပြည့်စုံလှသည်။ ကြွက်သားများမှာ ကျစ်လှစ်တောင့်တင်းကာ ခြေထောက်များမှာ ရှည်လျား ဖြောင့်တန်းနေသည်။
ရှင်းချီသည် ထိုလူကိုအတော်ကြာကြည့်နေပြီးမှ ဒါက တကယ့်လူသားတစ်ဦးဖြစ်ပြီး တစ်ခုခုကိုအပြည့်အဝအတုယူထားသည့် စက်ရုပ်တစ်ခုမဟုတ်ဘူးဆိုတာ သေချာလာခဲ့သည်။
ဒါဆို အခုအခြေအနေက ဘာဖြစ်နေတာလဲ?
အရာအားလုံးက အလွန်မယုံနိုင်စရာကောင်းလွန်းတယ်။ မိုးကြိုးထိမှန်ပြီး မသေရင်တောင် ဒဏ်ရာဒဏ်ချက်မရှိဘူးဆိုတာ မဖြစ်နိုင်ပေ။
သူသည် သူသေဆုံးသွားပြီဟု အခိုင်အမာယုံကြည်နေသည်။ သေဆုံးစဉ်က ခံစားခဲ့ရသော ကြောက်မက်ဖွယ်ရာခံစားမှုများသည် အလွန်နက်ရှိုင်းပြီး မေ့လျော့၍မရနိုင်သော အရာများဖြစ်သည်။
ဟင်းး တခြားအရာတွေကို မစဉ်းစားတော့ဘူး။ အရေးကြီးဆုံးက အရင်ဆုံးဒီနေရာကထွက်သွားဖို့ပဲ။
ရှရှင်းချီသည် ဖြည်းဖြည်းချင်းလှုပ်ရှားကာ သတိထား၍ ထလိုက်သည်။
လုံးဝအသံမထွက်ဘဲ ထဖို့က မဖြစ်နိုင်ပေ။ သူ့ခန္ဓာကိုယ်ပေါ်မှ ရေစက်များသည် သူလှုပ်ရှားလိုက်သည်နှင့်အမျှ စီတန်းကာ ရေပြင်ပေါ်ကိုပြန်ကျလေသည်။ တိတ်ဆိတ်နေသော ရေချိုးခန်းထဲမှာ ထိုအသံများမှာ အတော်လေးကျယ်လောင်လှသည်။
ထိုအချိန်မှာ သူ့ရှေ့က လှပသောလူငယ်သည် မျက်ခုံးကြုတ်လာပြီး တစ်ခုခုသတိထားမိပြီး နိုးတော့မယ့်ပုံရသည်။
ရှရှင်းချီသည် လန့်သွားပြီး ချက်ချင်းထိုနေရာမှာပင် မတ်တတ်ရပ်နေသလိုလည်းမဟုတ်၊ ထိုင်နေသလိုလည်းမဟုတ်တဲ့ ကြောင်တောင်တောင်အနေအထားဖြင့် ရပ်နေကာ အသက်ပင် မရှုရဲတော့ပေ။
ဘယ်သူပဲဖြစ်ဖြစ် ရေချိုးကန်ထဲမှာ လူအပိုတစ်ယောက်ရှိနေတာကိုတွေ့သွားရင် ထိုသူ့ကိုအလွယ်တကူ လွှတ်ပေးမည်မဟုတ်ပေ။
ပိုဆိုးသည်မှာ အခု ရှရှင်းချီကိုယ်တိုင်ပင် အခြေအနေကို နားမလည်နိုင်သေးသည့်အတွက် သူသည် သူစိမ်းအိမ်တစ်အိမ်ထဲသို့ ခိုးဝင်သည့်အပြုအမူကို ဘယ်လိုရှင်းပြရမည်နည်း။
သူက လုံးဝမလှုပ်ရှားဘဲ ခြေထောက်တွေထုံကျင်သွားသည်အထိ စောင့်ကြည့်နေကာ ထိုလူမှာ နိုးလာမည့်လက္ခဏာမရှိဘူးဆိုတော့မှ ရှရှင်းချီသည် ပို၍ဖြည်းဖြည်းချင်းနှင့်သတိထားပြီး ဆက်လက်လှုပ်ရှားသည်။
မိုးသည်းထန်စွာရွာတုန်းက ဝတ်ဆင်ခဲ့သော ဈေးပေါသည့်ပလတ်စတစ်ဖိနပ်များသည် ပျောက်ဆုံးနေပြီဖြစ်ရာ၊ သူသည် ခြေဗလာဖြင့်သာ ရေချိုးကန်အောက်ခြေကို လျောက်သောအခါ အောက်ခြေမှာနည်းနည်းချော်တက်နေလေသည်။
“ဒုန်း!”ဆိုတဲ့ အသံကြီးနဲ့ ရေချိုးကန်ထဲချော်မကျခဲ့တဲ့အတွက် သူစိတ်ထဲမှာ အတော်လေးသက်သာရာ ရနေမိသည်။
ဒါပေမယ့် နောက်တစ်စက္ကန့်မှာပဲ သူဟာ အရမ်းအပျော်လွန်းသွားကြောင်းကို သတိထားမိလိုက်သည်။
သူသည် ရေချိုးကန်အစွန်းက ချော်တဲ့နေရာတစ်ခုကို နင်းမိသွားကာ ဆပ်ပြာတုံးလိုမျိုး ချောမွေ့နေသော အရာက သူ့ကိုရုတ်တရက် ဟန်ချက်ပျက်စေလိုက်တယ်။
ထို့နောက် ရေထဲကို နောက်ပြန်လှဲကျသွားခဲ့လေသည်!
တစ်နည်းအားဖြင့်ဆိုရင် သူဟာ ထိုလှပသောနတ်သားရဲ့ လက်ထဲကို တိုက်ရိုက်ပြုတ်ကျသွားခဲ့တာပင်ဖြစ်သည်။
ကံဆိုးတဲ့သူဟာ သေတဲ့အထိ ကံဆိုးတာပဲ။ ရေအေးသောက်ရင်တောင် သွားကြားထဲမှာ အစာညှပ်သလိုမျိုး ဖြစ်ရတယ်ဟု ဆိုသည့်အတိုင်းပင်ဖြစ်လေသည်။
****
ရှက်စရာကောင်းတဲ့ အရာတွေကို ပြန်သတိရမိလေလေ ပိုရှက်စရာကောင်းလာလေလေပင်ဖြစ်သည်။ ရှရှင်းချီ၏ ခြေချောင်းထိပ်များသည် ကြမ်းပြင်ကိုပင် ထိလုနီးပါး ကွေးကော့ထားမိသည်။ တစ်ဖက်လူရဲ့ရင်ခွင်ထဲ ပြုတ်ကျသွားတာကို အသားထားဦး၊ တကယ်တော့ မနေ့ည တစ်ညလုံးက အမှန်တကယ်ကိုပင် ရယ်စရာကောင်းပြီး ရူးလောက်ချင်စရာဟု ဆိုရမည်။
ကမ္ဘာကြီးက ကျယ်ပြန့်လွန်းသောကြောင့် အမြောက်စာဇာတ်ကောင်အဖြစ် ချောမောကာ ချမ်းသာလွန်းသည့် NPC ဖြတ်လျှောက်နှင့် ဘယ်တော့မှ မဆုံနိုင်လောက်ဟု သူထင်ခဲ့သော်ငြား မမျှော်လင့်ဘဲ ဤလမ်းကျဉ်းလေး၌ပင် ရန်သူနှင့် ဆုံတွေ့ခဲ့လေသည်။
ကံဆိုးလွန်းသူ သူကိုယ်တိုင်က ဘာကြောင့်များ ကံကြမ္မာဆိုးအတွက် တံခါးဖွင့်ထားပေးမိပြန်ပါလိမ့်။ ယခုတော့ ထိုကံကြမ္မာဆိုးများ အိမ်အထိကပ်ပါလာတော့မည်။
“ဘာလို့ ပြေးနေတာလဲ?”
လီချန်းယွမ်သည် ရှရှင်းချီကို ခံစားချက်မဲ့စွာဖြင့် ကြည့်နေခဲ့သည်။ လေထုသည် ချက်ချင်း အေးခဲသွားသည်။ ရှရှင်းချီ မှာ ကသိကအောက်ဖြစ်စွာ အဖြေပေးဖို့ကလွဲ၍ ရွေးချယ်စရာမရှိခဲ့။
“ကျွန်တော် လေ့ကျင့်ခန်းလုပ်နေတာလေ။ ဘဝဆိုတာ လှုပ်ရှားနိုင်ဦးမှ!”
ပြောရင်းဆိုရင်းဖြင့်ပင် နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ကာ ဤခြောက်ခြားဖွယ် အလှလေးနှင့် အကွာအဝေးတစ်ခုထိန်းထားရန် ကြိုးစားလိုက်သည်။
တစ်ဆက်တည်း၌ပင် သူဌေးပေါက်စလေးများ၏ တီးတိုးစကားသံများကိုလည်း တိုးတိုးတိတ်တိတ် ကြားလိုက်ရသည်။
“သေစမ်း ဒီစောက်ကလေး ဆေးမှားသောက်ပြန်ပြီလား?”
“သူဘယ်ကို သွားပုန်းတာလဲ။ ငါသူ့ကိုရှာတွေ့လို့ကတော့ အသေဆော်ပြီး ပန်းတွေ ဘာကြောင့်နီနေလဲ ပြဦးမယ်”
(T/N – ပန်းတွေဘာကြောင့် နီနေလဲဆိုတာ ဝမ်းနည်းစရာအခမ်းအနားတွေမှာ ဖွင့်ပြတဲ့ သီချင်းတစ်ပုဒ်ပါ။)
“မလုံလောက်သေးဘူး၊ ဒီဝိုင်ပုလင်းကို ကြည့်လိုက် .. ငါ သူ့တွေ့တာနဲ့ သူ့ခေါင်းပေါ် ဒီဝိုင်ကို အရင်လောင်းချပြီး ခေါင်းကို ပုလင်းနဲ့ ဆော်ပစ်ဦးမယ်။ သူ့ကို အသေသတ်ပစ်မယ်”
အမျက်ထွက်ချင်စရာပင်။ လက်ရှိချမ်းသာသည့် ဒုတိယမျိုးဆက်မှာ အမှန်ပင် ရက်စက်လွန်းလှသည်။ အနည်းငယ်မျှ သဘောထားကွဲလွဲမိလျှင် တစ်စုံတစ်ယောက်ရဲ့ ခေါင်းကို မတုံ့မဆိုင်း ဖောက်ခွဲပစ်နိုင်သည်အထိ။
ရှရှင်းချီသည် သူ၏ ပုန်းအောင်းရန်နေရာရွေးချယ်မှုမှာ ကံမကောင်းသည်ကို သဘောပေါက်သွားတော့သည်။ ထိုလူငယ်များ သူ့ကို ဝိုင်နီဖြင့် ဆေးကြောရန် လာနေကြသောကြောင့်ပင်။
နည်းဗျူဟာသုံးဆယ့်ခြောက်ခုအနက် ထွက်ပြေးခြင်းသည် အကောင်းဆုံးရွေးချယ်မှုပင် ဖြစ်သည်။ သို့သော်ငြားလည်း သူအခုချိန် အပြင်ထွက်လိုက်သည်နှင့် သူတို့ကလည်းပြေးဝင်တော့မည်ဖြစ်၍ မူလအစီအစဉ်အတိုင်း ဆုံးဖြတ်ပြီး အခန်းတံခါးကို သော့ခတ်လိုက်ကာ ပုန်းနေလိုက်တော့သည်။
ရလဒ်အနေဖြင့် သူအကောင်အထည်ဖော်ခါနီး၌ အုံ့မှိုင်းမှိုင်းနှင့် ခြောက်ခြားဖွယ်အလှလေး၏ ဖြူဖပ်ဖြူရော်မျက်နှာနှင့်အတူ နဖူးမှ တစ်စက်စက်ကျနေသည့် ချွေးစက်များနှင့် မျက်နှာထားက သူ၏ခြေလှမ်းကို တုံ့ဆိုင်းသွားစေခဲ့သည်။
“အယ်? မင်းဘာဖြစ်နေတာလဲ!”
ရှရှင်းချီ တစ်ယောက် တွန့်ဆုတ်သွားသည်။ တစ်ဖက်လူမှာ မေ့လဲကျလုနီးနီး အခြေအနေဖြစ်သည်ကို မြင်လိုက်ရသဖြင့် အမြန်ကူညီရန် လက်လှမ်းလိုက်သည်။ သူ့ခေါင်းကို ရိုက်မိလို့များဖြစ်သွားတာလား။
သူပြောလိုက်သည့်လေသံမှာ အနည်းငယ်ကျယ်လောင်သွားရာ အကျိုးဆက်အနေဖြင့် အပြင်ဘက်ရှိ ခွေးသားလေးများက ကြားသွားပြီး သူတို့၏ခြေလှမ်းများ ရုတ်တရက် အရှိန်မြန်လာသည်။ သူတို့ သူ့ဆီသို့ ဒုန်းဆိုင်းပြေးလာကြသည်။
ရှရှင်းချီသည် ဒဏ်ရာရသွားသောလူကိုလည်း တစ်ယောက်တည်း မထားခဲ့ရက်ပေ။ ထို့ကြောင့် ထိုမေ့လဲခါနီးလူကို ဆွဲမလိုက်ကာ သန့်စင်ခန်းထဲသို့ လျှပ်စီး၏အလျင်အလား ခပ်မြန်မြန် အတင်းဆွဲခေါ်သွားရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။
တံခါးပိတ်ပြီးသည်နှင့် ဒုတိယမျိုးဆက် ဘိုးဘေးလေးများက ပါးစပ်ပေါက်ဆိုးဆိုးဖြင့် ပြောနေသည်ကို ကြားလိုက်ရသည်။
“သူ ဘယ်မှာလဲ၊ ခုနက သူ့အသံ မဟုတ်ဘူးလား”
“ဟုတ်တယ် ဒီငတုံးကောင် အထဲမှာပဲ ဖြစ်ရမယ်။ ငါတို့ မျက်နှာတွေကို အရင်ဆေးပြီးမှ ထပ်ရှာရအောင်။”
အနှီသန့်စင်ခန်းက နည်းနည်းကျဉ်းမြောင်းသောကြောင့် နှစ်ယောက်သားမှာ နီးနီးကပ်ကပ် ရပ်နေရသည်။
ရှရှင်းချီသည် တစ်ဖက်လူ၏ မျက်နှာနှင့် နှုတ်ခမ်းသားများ အလွန်ဖျော့တော့နေသည်ကို မြင်လိုက်ရသည်။ ထိုသူသည် မတ်တပ်ရပ်နိုင်နေသော်လည်း သန့်ရှင်းသပ်ရပ်မှုကို အလွန်ဇီဇာကြောင်လွန်းသဖြင့် ရှရှင်းချီကိုလည်း မထိချင်သောကြောင့် ရှချင်းချီကပဲ လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ကာ ထိုလူမတ်တပ်ရပ်နိုင်ရန် ထိန်းထားရလေသည်။
သို့သော်ငြားလည်း တဖက်လူက သူ့ကိုရွံရှာတဲ့ပုံပေါ်လျက် စိတ်တိုတိုဖြင့် တွန်းထုတ်လိုက်သည်။
နီးကပ်လွန်းနေ၍ ပွတ်တိုက်မှုဟာ လတ်တလော၌ အတော်လေး ပြင်းထန်နေသော်ငြား ထိခိုက်ဒဏ်ရာရတာမျိုး မဖြစ်သင့်ချေ။ ထိုလူက ငွေညစ်မယ့်ပုံလည်းဖြစ်ပုံမပေါ်။ သို့သော် အလွန်ချမ်းသာသော လူအမျိုးအစားနှင့်တော့ ဆင်တူသည်။
“ခေါင်းမူးနေသေးလား.. နေရတာအဆင်မပြေဘူးလား?”
ရှရှင်းချီသည် အပြင်ဘက်၌ ရေကျသံများကို အခွင့်ယူ၍ ခပ်တိုးတိုး ကပ်မေးလိုက်သည်။ ခေါင်းကိုထိတာက အသေးအဖွဲကိစ္စမဟုတ်ပေမယ့် တစ်စုံတစ်ယောက်ကို သတ်မိရင်တော့ သူ့အသက်လည်း ဆုံးသွားနိုင်သည်။
တဖက်မှ အဖြေပြန်မလာဘဲ အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့သည်ကို မြင်ရသောအခါ သူ့မျက်နှာက စိုးရိမ်လာပြီးရင်း ပိုမိုစိုးရိမ်လာသည်။ ရှရှင်းချီတစ်ယောက် သူ့ဆဲလ်ဖုန်းကို ထုတ်လိုက်ပြီး နံပါတ်တစ်ချို့နှိပ်လိုက်ရင်း တိတ်တဆိတ် မေးလိုက်တော့သည်။
“မင်းအတွက် 120 ကို ခေါ်ပေးရမလား”
(T/N – 120 ဆိုတာ 199 လိုမျိုး အရေးပေါ်ဌာနဖုန်းနံပါတ်ပါ)
လီချန်ယွမ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ သူ့နားထဲ၌ တဝီးဝီး မြည်သံများ ငြိမ်သက်သွားပြီးနောက် ရှရှင်းချီ ပြောနေသည်ကို သူကြားလိုက်ရသည်။
ရိုးရှင်းစွာပင် သူငြင်းပယ်လိုက်သည်။ မျက်မှောင်အသာကြုတ်ပြီး ရှရှင်းချီလက်ထဲက ဖုန်းကိုယူပြီး တိုတိုတုတ်တုတ်ပြောလိုက်သည်။
“ဒါက ရိုးရိုး သွေးတွင်းသကြားဓာတ်နည်းတာပဲ”
“အာ..?”
သူခေါင်းကို ထိမိလို့မူးတာမဟုတ်ရင် ပိုကောင်းတာပေါ့၊ ဒါပေမယ့် ဒီလောက်ကျန်းမာရေးကောင်းတဲ့လူက ရုတ်တရက်ကြီး သကြားဓာတ်အားနည်းတာ ဘယ်လိုဖြစ်နိုင်မှာလဲ။
မနေနိုင်စွာဖြင့် ရှရှင်းချီသည် မကြာသေးမီက အလကားစုဆောင်းရထားသော ချောကလက်လက်တစ်ဆုပ်စာကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး ထိုထဲမှ အပိုင်းတစ်ပိုင်းကို အခွံခွာကာ ပါးစပ်နားတေ့ပေးလိုက်သည်။
လီချန်ယွမ်သည် ပို၍ပင် ရွံရှာသွားကာ ခေါင်းကို ချက်ချင်းလှည့်ပစ်လိုက်သည်။
အိမ်သာထဲမှာ အစားစားတယ်??? သူ့လက်များမှာ တုန်ယင်နေသေးလည်း သူ ဒါကို သတိထားမိနိုင်သေးသည်။
ရှရှင်းချီတစ်ယောက် သေသေချာချာ မသိသေးဘဲ အလှလေးက အရမ်းကြည့်ကောင်းလွန်းသောကြောင့် ဆေးခတ်ကာ ပြန်ပေးဆွဲခံရမှာကို ကြောက်လို့ ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။
ရိုးရိုးသားသားဝန်ခံရရင် အရပ် ၁.၉ မီတာနီးပါးရှိတဲ့ လူတစ်ယောက်ကို ဘယ်သူက ပြန်ပေးဆွဲမှာလဲ!!
“တကယ် အဆိပ်မဟုတ်ဘူး၊ ဒီမှာကြည့်။”
ရှရှင်းချီက ချောကလက်ကိုနှစ်ပိုင်းပိုင်းကာ သူ့ပါးစပ်ထဲ တစ်ပိုင်းပစ်ထည့်ကာ စားပြလိုက်ပြီး ကျန်တစ်ပိုင်းကို ထပ်ခွံ့လိုက်သည်။
“အာ.. ပါးစပ်ဟ!”
တဖက်လူ၏မျက်လုံးများမှာ ဝေဝါးဝါးဖြင့် အာရုံမစိုက်နိုင်သည်ကို မြင်ရတော့ မကြာခင် ထိုလူသတိလစ်သွားတော့မည်ကို မှန်းဆမိလိုက်သည်။ သို့သော်ငြားလည်း ထိုလူသားမှာ ခေါင်းမာမာဖြင့် ပါးစပ်ကိုဟပြီး ပူးပေါင်းပေးဖို့ကိုတော့ ငြင်းဆန်နေတုန်းပါပဲလား။
စိတ်ပျက်ပျက်ဖြင့် ရှရှင်းချီ တစ်ယောက် ထိုလူကို တံခါးနားသို့ အတင်းတွန်းဖိထားလိုက်ပြီး ချောကလက်ကို ပါးစပ်ထဲသို့ အတင်း ထိုးထည့်ပေးလိုက်သည်။
လီချန်ယွမ်မှာလည်း အလွန်မူးဝေနေသောကြောင့် ချက်ချင်းမတုံ့ပြန်နိုင်ခဲ့ပေ။ သူ သတိပြန်ဝင်လာချိန်၌ ချိုမြိန်မြိန် အရသာက သူ့လျှာဖျား၌ အရည်ပျော်နေပြီဖြစ်သည်။
လီချန်ယွမ် : “……”
Chapter 2 end