⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 36+37+38+39+40

Chapter 35+36+37+38+39+40

 

Chapter 36

“သည်းခံလိုက်ဦး… အခု အများကြီး စားလို့မရဘူး။ မဟုတ်ရင်… အိမ်သာသွားရင် နာလိမ့်မယ်”

ဖေးလု ချက်ချင်း သဘောပေါက်လိုက်ပြီး မျက်နှာကြီး မည်းမှောင်သွားတယ်။သူ ချွီလော့ချန်ကို စားမလိုဝါးမလို မျက်လုံးကြီးနဲ့ ပြန်ကြည့်လိုက်တယ်။

ချွီလော့ချန် အော်ရယ်မိသွားတယ်။သူ့မျက်ဝန်းတွေကတော့ နွေးထွေးလွန်းလို့ ရေနစ်သွားနိုင်လောက်တယ်။

“ကိုယ် မှားသွားပါတယ်… မနေ့ညက… အဲဒီလောက်ထိ မလုပ်ခဲ့သင့်ဘူး…”

“…”

ဘယ်အိုးမပူ၊ ဘယ်အိုးပူမှန်း မသိတော့ဘူး။ ဖေးလုရဲ့ အပူချိန်ပြန်ကျစ မျက်နှာလေးက ပြန်ရဲတက်လာတယ်။ စောင်ကို ဆုပ်ထားတဲ့ လက်တွေကလည်း စောင်ကို ဂေါ်ဖီထုပ်ချဉ်ဖြစ်အောင် လုပ်နေသလိုပဲ။

ချွီလော့ချန်က ဂနာမငြိမ်ဖြစ်နေတဲ့ ဖေးလုရဲ့လက်လေးကို သူ့လက်ဖဝါးထဲ ထည့်အုပ်လိုက်တယ်။ နည်းနည်း ကြမ်းတမ်းတဲ့ လက်ဖဝါးပြင်က လက်ဖမိုးလေးကို ပွတ်သပ်ပေးရင်း လေးနက်စွာ ပြောတယ်။

“ကိုယ် တာဝန်ယူပါ့မယ်…”

“… မင်း သေတဲ့အထိပေါ့”

လူသားတွေမှာ မွေး၊ အို၊ နာ၊ သေ ဆိုတာ ရှိစမြဲလေ။ သူ ကတိပေးနိုင်တာက ဖေးလုရဲ့ နောက်ဆုံးထွက်သက်အထိ အတူရှိနေပေးဖို့ပဲ။

နည်းနည်း စဉ်းစားပြီးတော့ အဲဒါက မလုံလောက်သေးဘူး ထင်လို့ ထပ်ဖြည့်ပြောလိုက်တယ်။

“မင်း သေပြီးလို့ လူဝင်စားမသွားသေးဘူးဆိုရင်လည်း ကိုယ် ဆက်ပြီး တာဝန်ယူပေးလို့ ရတယ်။ ကိုယ် ရှိနေသရွေ့ ဘယ်သရဲမှ မင်းကို မထိပါးစေရဘူး”

ဖေးလု : “…”

ခင်ဗျားက တော်တော် စွမ်းတာပဲပေါ့?

“ခင်ဗျား တာဝန်ယူစရာ မလိုပါဘူး”

ဖေးလုက လက်ကို ရုန်းဖယ်ဖို့ ကြိုးစားပေမယ့် နှစ်ခါလောက် ဆွဲထုတ်တာတောင် မရလို့ ပခုံးကို တွန့်ပြလိုက်တယ်။

“တစ်ညလေး အိပ်မိရုံပဲဟာ… ယောကျ်ားအချင်းချင်းပဲ၊ ဘာဖြစ်သွားတာမို့လို့လဲ”

ချွီလော့ချန်ရဲ့ အပြုံးတွေ ချက်ချင်း ပျောက်ကွယ်သွားတယ်။သူက ဖေးလုလက်ကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။

“မင်း တကယ် အဲဒီလို ထင်တာလား?”

ဖေးလု စိတ်မလုံလို့ သူ့ကို မကြည့်ရဲဘူး။ ခေါင်းငိုက်စိုက်ချပြီး ဘာမှ ပြန်မပြောဘဲ နေလိုက်တယ်။

“ကောင်းပြီလေ… ကောင်းပြီလေ”

ချွီလော့ချန်က ဒေါသထွက်မယ့်အစား ပြုံးလိုက်ကာ ဖေးလုရဲ့ ပါးပြင်လေးကို ဖွဖွလေး ပွတ်သပ်ပေးလိုက်တယ်။ အသံကတော့ အေးစက်စက်နဲ့။ ခုနက နူးညံ့နေတဲ့ လူနဲ့ လုံးဝ ကွဲပြားသွားပြီ။

“ဒါဆို မင်း ကောင်းကောင်း အနားယူလိုက်ပါဦး။ လောလောဆယ် အပြင်မထွက်နဲ့ဦး”

ဖေးလု မယုံနိုင်စွာ မော့ကြည့်လိုက်တယ်။

“… ခင်ဗျား… ခင်ဗျား ကျွန်တော့်ကို အကျယ်ချုပ် ချထားမလို့လား?!”

ချွီလော့ချန်က ပြုံးပြီး ခေါင်းလေးကို ပွတ်ပေးတယ်။ နူးညံ့နေတုန်းပဲ ဆိုပေမယ့် ဖေးလု ကြက်သီးတွေ ထကုန်တယ်။

“ဘယ်ကသာ… ကောင်းကောင်းသာ အနားယူလိုက်ပါ… လျှောက်မတွေးနဲ့နော်။ ညကျ ကိုယ် လာကြည့်မယ်”

ပြောပြီးတာနဲ့ ဖေးလု နဖူးပေါ် အနမ်းတစ်ပွင့် ပေးခဲ့ပြီး အခန်းတံခါးပိတ် ထွက်သွားတော့တယ်။

ဖေးလု တံခါးပိတ်သွားတာကို ကြည့်ပြီး ဒေါသထွက်လွန်းလို့ စောင်ခေါင်းမြီးခြုံလိုက်တယ်။

တော်တော် ဒေါသထွက်ဖို့ ကောင်းတယ်!

ငါ့ကို အတင်းလည်း လုပ်သေးတယ်၊ ပြီးတော့ ငါ့ကို မျက်နှာချင်းဆိုင်လည်း စကားမပြောချင်ဘူးတဲ့လား။ ဘယ်သူက အလုပ်ခံလိုက်ရတာလဲ?! တရားမျှတမှုဆိုတာ မရှိတော့ဘူးလား?!

စောင်ထဲမှာ ခဏလောက် နေလိုက်တော့ မွန်းကြပ်လာတာနဲ့ ခေါင်းပြန်ထုတ်ပြီး အသက်ပြင်းပြင်း ရှူလိုက်တယ်။ သူတွေးလေ ဝမ်းနည်းလေပဲ။ ရှေ့မှာ တာဝန်ယူမယ် ပြောပြီး နောက်ကျတော့ အကျယ်ချုပ် ချသွားတယ်။

သရဲစကားက ယုံရပါ့မလား!

ဖေးလု ရင်ထဲက ဒေါသတွေ ပေါက်ကွဲထွက်မတတ် ဖြစ်နေတယ်။ လှုပ်လည်း မလှုပ်နိုင်၊ တွေးလေ ဝမ်းနည်းလေနဲ့ မျက်ရည်တွေ ဝဲလာပြီး မကျအောင် မနည်းအောင့်ထားရတယ်။

666 က မနေနိုင်လို့ ဝင်နှစ်သိမ့်ပေးတယ်။

“ငိုချင်ရင် ငိုချလိုက်ပါကွာ… ယောကျ်ားအချင်းချင်းပဲ၊ ဘာဖြစ်လဲ”

ဖေးလု ငိုသံပါကြီးနဲ့ ပြောလိုက်တယ်။

“ဒါ ငါ့ရဲ့ ပထမဆုံး အကြိမ်ကွ… အခုလိုကြီး အဓမ္မဖာခ့်ခံလိုက်ရတာ”

အနမ်းဦးရော၊ ပန်းဦးရော အကုန်ပါသွားပြီ။ပြီးတော့ အခန်းထဲမှာလည်း အပိတ်ခံထားရတယ်၊ ဘယ်မှလည်း သွားမရ၊ ဗိုက်ကလည်း ဆာသေးတယ်။ တော်တော်ကြီးကို ဝမ်းနည်းစရာ ကောင်းနေပြီ။

မပြောရင် သက်သာသေးတယ်။ ပြောလိုက်တော့ ပိုဝမ်းနည်းလာပြီး ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ လှည့်ကာ ခေါင်းအုံးပေါ် မျက်နှာအပ်ပြီး အော်ငိုတော့တယ်။

“မဝမ်းနည်းပါနဲ့ကွာ…”

666 က ချော့တယ်။

“Progress Bar က ၄၃ ရာခိုင်နှုန်း ရောက်သွားပြီ။ မကြာခင် Mission ပြီးတော့မယ်။ ပြန်ရောက်ရင် မင်းက လူပျိုစစ်စစ် ပြန်ဖြစ်မှာပါ”

ဖေးလု ရှိုက်နေရာကနေ ရပ်သွားပြီး မျက်ရည်စိုနေတဲ့ မျက်နှာနဲ့ မော့ကြည့်တယ်။

“Progress Bar က ထပ်တက်သွားပြန်ပြီ?”

ချွီလော့ချန်က သူတွေ့ဖူးသမျှ လူနာတွေထဲမှာ အခက်ခဲဆုံးပဲ။ ခွန်အားကြီးတယ်၊ ပြီးတော့ ပုံမှန် မဟုတ်ဘူး။ Progress Bar တက်တာကလည်း လုံးဝ သိပ္ပံနည်းကျ မဟုတ်ဘူး။ အရင်လူနာတွေတုန်းက ဘယ်အချိန် ဘယ်လောက်တက်မယ် ဆိုတာ သူ ခန့်မှန်းလို့ ရသေးတယ်။ ကုသမှု လုပ်ငန်းစဉ်တစ်ခုလုံးကို သူ ထိန်းချုပ်ထားနိုင်တယ်။ ပြီးသွားရင်လည်း ကိုယ့်သဘောနဲ့ကိုယ် ထွက်လို့ရတယ်။

ဒါပေမယ့် ချွီလော့ချန်ကျတော့ သူက အစကတည်းက အမြဲ ခံစစ်ပဲ။ ချွီလော့ချန် ဆွဲဆောင်ရာနောက် ပါသွားရတဲ့အပြင် အခု အတင်းပါ အလုပ်ခံလိုက်ရသေးတယ်။

စိတ်ကမ္ဘာထဲမှာ ဖြစ်တာတွေက အစစ်မဟုတ်ဘူး၊ ထွက်သွားရင် ဘယ်သူမှ မှတ်မိတော့မှာ မဟုတ်ဘူး ဆိုပေမယ့် ဖေးလုရဲ့ စိတ်ထဲမှာတော့ တစ်မျိုးကြီးပဲ။ အကြီးကြီး ရှုံးသွားသလို ခံစားရတယ်။

သူ နှာရည်တွေ ရှူသွင်းလိုက်ပြီး မျက်နှာပေါ်က မျက်ရည်တွေကို ခေါင်းအုံးနဲ့ ပွတ်သုတ်လိုက်တယ်။ ခဏလောက် ကြောင်တောင်တောင် ဖြစ်နေပြီးတော့ အိပ်ချင်စိတ်ဝင်လာပြီး အိပ်ပျော်သွားတော့တယ်။

……..

အခန်းထဲက လူရဲ့ အသက်ရှူသံ ပုံမှန်ဖြစ်သွားတာကို သတိထားမိတော့ အပြင်မှာ စောင့်နေတဲ့ ချွီလော့ချန်က တံခါးတွန်းဖွင့်ပြီး ခြေသံလုံလုံနဲ့ ဝင်လာတယ်။

ဖေးလုက ဖင်ကုန်းပြီး မှောက်လျက်သားလေး အိပ်ပျော်နေတာ။ မျက်နှာတစ်ဝက်က ခေါင်းအုံးထဲ မြုပ်နေပြီး မျက်လုံးတွေက မို့အစ်နေတယ်။ မျက်တောင်လေးတွေပေါ်မှာ မျက်ရည်စက်လေးတွေ တွဲခိုနေတုန်းပဲ။ သနားစရာလေး။

ချွီလော့ချန်က မျက်ရည်တွေကို သုတ်ပေးလိုက်ပြီး ဖေးလုကို ရင်ခွင်ထဲ အသာအယာ ထည့်ကာ ကျောလေးကို ပုတ်ပေးနေတယ်။

ဖေးလု တော်တော် ပင်ပန်းနေရှာတာ။ အိပ်ချင်မူးတူးနဲ့ ကိုယ်ကို လှုပ်လိုက်တော့ နောက်ပိုင်းက ဒဏ်ရာကို သွားထိမိပြီး လေစုပ်သံလေး ထွက်လာတယ်။ ဝမ်းနည်းပက်လက် မျက်နှာပေးလေးနဲ့ ချွီလော့ချန်ရဲ့ ရင်ခွင်ထဲ တိုးဝင်ပြီး ထပ်မလှုပ်ရဲတော့ဘူး။

ချွီလော့ချန်က လက်ဖဝါးကို အပူဓာတ်ပေးလိုက်ပြီး ဖေးလုရဲ့ ခါးနဲ့ တင်ပါးဆုံကို နှိပ်နယ်ပေးတယ်။ နွေးထွေးတဲ့ အပူဓာတ်နဲ့ အနေတော် ဖိအားကြောင့် ဖေးလု သက်သောင့်သက်သာ ဖြစ်သွားပြီး ခန္ဓာကိုယ် လျော့ကျသွားကာ မသိစိတ်နဲ့ ညည်းသံလေးတောင် ထွက်လာလိုက်သေးတယ်။

ချွီလော့ချန်ရဲ့လက် ရပ်တန့်သွားတယ်။ သူ ဖေးလုရဲ့နှာခေါင်းလေးကို တို့ထိပြီး ပြောလိုက်တယ်။

“လူကို တော်တော် နှိပ်စက်တတ်တာပဲ…”

——-

နှစ်ရက်လောက် နားလိုက်တော့ ဖေးလု ခန္ဓာကိုယ်ပေါ်က အရာတွေ ပါးသွားတယ်။ ခါးနာတာလည်း သက်သာသွားပြီ။ ဖေးလု ခါးလေး လှည့်ကြည့်ပြီး မနာတော့ဘူး ဆိုတာ သေချာမှ အပြင်ထွက် လေညှင်းခံဖို့ ပြင်လိုက်တယ်။

ခြံတံခါးဝတောင် မရောက်သေးဘူး၊ ချွီလော့ချန်က ပိတ်ရပ်လိုက်တယ်။

ဒီနှစ်ရက်အတွင်း ချွီလော့ချန်က ထမင်းလာပို့တာကလွဲရင် သူ့ရှေ့ လာမရှုပ်ဘူး။ ဒါကြောင့် ဖေးလုက ချွီလော့ချန် အိမ်မှာ မရှိဘူးလို့ ထင်နေတာ။ ဘယ်ဟုတ်မလဲ၊ တံခါးဝတောင် မရောက်သေးဘူး၊ အဖမ်းခံလိုက်ရပြီ။

“မင်း ဘယ်သွားမလို့လဲ?”

ဖေးလု တစ်ချက်တော့ လန့်သွားတယ်။ ချွီလော့ချန်က တကယ်ပဲ သူ့ကို လှောင်ပိတ်ထားဖို့ ဆုံးဖြတ်ထားရင် သူ ဘာမှမတတ်နိုင်ဘူးလေ။ ငြိမ်ခံရုံပဲ ရှိတာ။ ဒါပေမယ့် ပွင့်ဟသွားတဲ့ ‘ပန်းပွင့်လေး’ ကို သတိရလိုက်တော့ ဖေးလု သတ္တိတွေ ပြန်ဝင်လာတယ်။ ကြောင်ပေါက်လေး ရန်ထောင်သလို သူ အော်ပြောလိုက်တယ်။

“ခင်ဗျား ဂရုစိုက်စရာ မလိုဘူး!”

ပြန်ရန်တွေ့လိုက်ပြီးမှ သူ နည်းနည်း ကြောက်သွားတယ်။ သူ မျက်လုံးကို အတင်းပြူးပြီး ချွီလော့ချန်ကို စိုက်ကြည့်လိုက်တယ်။ မျက်ဝန်းနက်နက်လေးတွေထဲမှာ ရေငွေ့တွေ ပြည့်နေပြီး ကြည့်ရတာ သခင်ကို စိတ်ကောက်နေတဲ့ ကြောင်ပေါက်လေးနဲ့ တူနေတယ်။

ချစ်ဖို့ကောင်းလိုက်တာ… ပွတ်သီးပွတ်သပ် လုပ်ပစ်ချင်စရာလေး။

ချွီလော့ချန် လက်ချောင်းလေးတွေကို ပွတ်သပ်လိုက်ကာ နှုတ်ခမ်းကတော့ မထိန်းနိုင်ဘဲ ကွေးတက်သွားတယ်။

“မင်း ဘာလို့ ပျာပျာသလဲ ဖြစ်နေတာလဲ? ကိုယ် မင်းကို ပိတ်လှောင်ထားမှာကို ကြောက်နေတာလား?”

ဖေးလု မျက်လုံးတွေ ပိုပြူးသွားပြီး ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။

“ခင်ဗျား လုပ်ရဲလို့လား?!”

“အင်း”

ချွီလော့ချန်က ဖေးလုရဲ့ ပါးဖောင်းဖောင်းလေးကို ကြည့်ပြီး အော်ရယ်မိတော့မလို ဖြစ်သွားတယ်။ သူက ဆံပင်နုနုလေးတွေကို ပွတ်ပေးရင်း နူးညံ့စွာ ပြောလိုက်တယ်။

“မလုပ်ရဲပါဘူးကွာ… အပြင်သွားကစားရင် စောစောပြန်လာခဲ့နော်… ကြားလား?”

ဖေးလုရဲ့ လေပွနေတဲ့ ပါးဖောင်းဖောင်းလေး ပြန်ကျသွားကာ လိမ်လိမ်မ္မာမ္မာပဲ ခေါင်းညိတ်လိုက်တယ်။

“အင်း”

“ပိုက်ဆံအိတ် ယူသွား… လိုချင်တာ ဝယ်”

ချွီလော့ချန်က လက်ပြတ်အင်္ကျီအိတ်ထဲက ပိုက်ဆံအိတ်ကို ထုတ်ပြီး ဖေးလုရဲ့ရင်ခွင်ထဲ ထည့်ပေးလိုက်တယ်။

ဖေးလု အိပ်မက်မက်နေသလိုပဲ တော်တော်ဝေးဝေး ရောက်တဲ့အထိ လျှောက်လာခဲ့တယ်။ ရင်ခွင်ထဲက လေးလံနေတဲ့ ပိုက်ဆံအိတ်ကို ပိုက်ထားရင်း ရေရွတ်လိုက်မိတယ်။

“လူတစ်ယောက်က Sugar Baby လုပ်ရတာ ခံစားလို့ ကောင်းသားပဲ…”

တက်လုပ်ခံလိုက်ရတဲ့ ကိစ္စကို ခေါင်းထဲကနေ အပြီးအပိုင် မေ့ပျောက်သွားပြီ!

ဒီစကားက 666 ရဲ့ ဘယ်အာရုံကြောကို သွားထိမိလဲ မသိဘူး။ 666 က ရုတ်တရက်ကြီး လှောင်ပြောင်သလို ပြောလာတယ်။

“မင်း ပိုက်ဆံ အရမ်း လိုနေလို့လား?”

ဖေးလု ကြောင်သွားတယ်။

“မလိုပါဘူး”

“မလိုဘဲနဲ့ ပိုက်ဆံအိတ်ကြီး ဖက်ထားပြီး ဘာလို့ ဒီလောက် ငမ်းငမ်းတက် ဖြစ်နေရတာလဲ?”

666 က စိတ်လှုပ်ရှားစွာ ပြောတယ်။

“မင်း ဒီလောက် လွယ်လွယ်လေးနဲ့ အဝယ်ခံလိုက်လို့ မဖြစ်ဘူးလေ!”

ဖေးလုက 666 ဂိမ်းရှုံးပြီး ဦးနှောက်ပျက်သွားပြီ ထင်လိုက်တယ်။

“ငါက ဒီအတိုင်း ပါးစပ်သရမ်းပြီး ပြောလိုက်တာပါ။ မင်းက ဘာလို့ ဒီလောက် စိတ်ဆိုးနေရတာလဲ?”

666 ရဲ့ သက်ပြင်းချလိုက်သံကို သူ ကြားလိုက်ရတယ်။ စိတ်သက်သာရာ ရသွားတဲ့ ပုံစံမျိုးပဲ။

“အဝယ်မခံလိုက်ရင် ပြီးတာပါပဲ… မင်း မှတ်ထားနော်… ဒါက စိတ်ကမ္ဘာကြီးပဲ။ ငါတို့က Mission လာလုပ်တာ!”

ဖေးလု ခေါင်းညိတ်လိုက်တယ်။ နားမလည်နိုင်တဲ့ မျက်နှာပေးနဲ့ပေါ့။

“ငါ သိပါတယ်”

“ငါ ထင်တာတော့ မင်းရဲ့ Chip ပြားလေးတွေ နည်းနည်းလောက် အနားယူဖို့ လိုနေပြီထင်တယ်”

ဖေးလုက စေတနာနဲ့ ပြောလိုက်တယ်။

666 : “…”

မင်းမှာ Black History (အတိတ်ဆိုး) တွေ ရှိလို့ ငါက စိတ်ပူပေးနေရတာလေ!

ဒါပေမယ့် ဒီစကားက ထုတ်ပြောလို့ မရဘူး။ 666က စိတ်ပျက်လက်ပျက်နဲ့ “ဟွန်း” ခနဲ လုပ်ပြီး အချက်အလက် သွားရှာနေလိုက်တယ်။ ကောင်းပါပြီ… တော်ပြီ… ဂိမ်းမကစားတော့ဘူး!

…….

တရုတ်ဆောင်းဦးလယ်ပွဲတော် ပြီးတာ မကြာသေးတော့ လမ်းပေါ်မှာ ချိတ်ထားတဲ့ မီးပုံးတွေ မဖြုတ်ရသေးဘူး။ ပွဲတော်အငွေ့အသက်တွေ ကျန်နေသေးတယ်။ ဖေးလု ပိုက်ဆံအိတ် သိမ်းပြီး လမ်းဘေး ခေါက်ဆွဲဆိုင်မှာ ဝင်ထိုင်ကာ ခေါက်ဆွဲပြုတ် တစ်ပွဲမှာပြီး တရှူးရှူး စားတော့တာပဲ။

ဘုရားရေ… သူ ဆန်ပြုတ်ချည်းပဲ သောက်နေရတာ နှစ်ရက်ရှိပြီ။ လျှာတောင် အရသာ မခံတတ်တော့သလိုပဲ။

စားကောင်းကောင်းနဲ့ စားနေတုန်း မလှမ်းမကမ်းမှာ ဆူညံသံတွေ ကြားလိုက်ရတယ်။ ယောကျ်ားတစ်ယောက်ရဲ့ ချော့မော့သံနဲ့ မိန်းမတစ်ယောက်ရဲ့ စူးစူးဝါးဝါး အော်ငိုသံတွေ ရောနေတယ်။

ဖေးလု စပ်စုချင်စိတ်နဲ့ လှမ်းကြည့်လိုက်တယ်။ အဝတ်အစား စုတ်ပြတ်နေတဲ့ မိန်းကလေးတစ်ယောက်ကို သက်လတ်ပိုင်း အမျိုးသမီးကြီးတစ်ယောက်က ဖက်ထားတယ်။ အမျိုးသမီးကြီးက စိတ်ပူနေပုံရပြီး မိန်းကလေးရဲ့နာမည်ကို အော်ခေါ်နေတယ်။ ဖက်ခံထားရတဲ့ မိန်းကလေးကတော့ စိတ်လွတ်နေပုံရပြီး အတင်း ရုန်းကန်နေတယ်။ ရုန်းရင်းကန်ရင်း မျက်နှာပေါ်လာတော့ နဖူးပေါ်မှာ သွေးခြောက်တွေ ကပ်နေတဲ့ ဒဏ်ရာအရှည်ကြီးကို တွေ့လိုက်ရတယ်။

ဆိုင်ရှင်က ဖေးလု စပ်စုနေတာမြင်တော့ ဝင်ရှင်းပြတယ်။

“အဲဒီမိန်းကလေးက ဒီနားမှာ ယောင်လည်လည် ဖြစ်နေတာ တစ်ရက်လောက် ရှိပြီ။ ကြည့်ရတာ တောင်ပေါ်မှာ လူဆိုးတွေနဲ့ တွေ့ခဲ့ပုံရတယ်။ စိတ်လွတ်နေပြီး အဝတ်အစားလည်း ကောင်းကောင်း မပါဘူး”

“လမ်းကြုံတဲ့ ကုန်သည်တစ်ယောက်က သူ့မိဘတွေကို သိလို့သာပေါ့… မဟုတ်ရင် သူ့ဘဝ ဘယ်လိုဖြစ်မလဲ မသိတော့ဘူး…”

ဒီမြို့မှာ လူမိုက်တွေက မရှားဘူးလေ။ ဒီမိန်းကလေး ရောက်လာကတည်းက ဘေးနားမှာ အခွင့်ကောင်းချောင်းပြီး အမြတ်ထုတ်ချင်တဲ့ကောင်တွေ အများကြီးပဲ။ ကံကောင်းလို့ လူစည်ကားတဲ့နေရာ ရောက်လာတာ။ လူမိုက်တွေက နေ့ခင်းကြောင်တောင်ဆို မလုပ်ရဲကြဘူး။ အခု မိဘတွေ ရောက်လာပြီး ပြန်ခေါ်သွားတော့ စိတ်လွတ်သွားရင်တောင် အသက်ဆက်ရှင်ဖို့ လမ်းစ ရှိသေးတာပေါ့။

ဆိုင်ရှင်က သက်ပြင်းချတယ်။ ဟိုဘက်မှာတော့ မိဘတွေက သမီးဖြစ်သူကို မြင်းလှည်းပေါ် အတင်းဆွဲတင်နေကြတယ်။ မြင်းက နှာမှုတ်လိုက်ပြီး ခွာသံ တခွပ်ခွပ်နဲ့ ထွက်ခွာသွားတော့တယ်။

ဖေးလုက ပွဲကြည့်ပရိသတ် မဟုတ်ဘူး။ ခဏကြည့်ပြီးတော့ ခေါက်ဆွဲကုန်အောင် စား၊ ဗိုက်ဖြည့်ပြီး ဆက်လျှောက်လည်ဖို့ ထွက်လာခဲ့တယ်။

ဟိုကြည့်ဒီကြည့်နဲ့ လျှောက်သွားရင်း ဖေးလု လူပြတ်တဲ့ နေရာဘက်ကို ရောက်သွားမိတယ်။ ပြန်လှည့်မလို့ လုပ်တုန်း တစ်ယောက်ယောက်က လှမ်းခေါ်လေတယ်။

Chapter 36 ended

စာရေးသူရဲ့စကား –

ချွီလော့ချန် : ပါးစပ်ကသာ မကြိုက်ဘူး ပြောတာ၊ ခန္ဓာကိုယ်ကတော့ ရိုးရိုးသားသားပါပဲ။ ဒါပေမယ့် ဒီစကားကို ထုတ်ပြောလို့ မဖြစ်ဘူးလေ

Chapter 37

“လူလေး! ခဏလောက်!”

ဖေးလု လှည့်ကြည့်လိုက်တော့ လမ်းမှာတွေ့ခဲ့တဲ့ တာအိုဆရာကြီးက သူ့ဆီ အပြေးအလွှား ရောက်လာတာကို တွေ့လိုက်ရတယ်။

ဆရာကြီးက စကားမပြောဘဲ ဖေးလုကို အကြာကြီး စိုက်ကြည့်နေတယ်။ ပြီးမှ မျက်မှောင်ကြုတ်ပြီး ပြောတယ်။

“လူလေး… မင်းဆီမှာ သရဲကြမ်း ပူးကပ်နေတဲ့ လက္ခဏာတွေ့နေရတယ်”

“မင်း ဒီရက်ပိုင်း ဘယ်သူတွေနဲ့ တွေ့ခဲ့​​သေးလဲ?”

‘သရဲကြမ်း’ လို့ ကြားတာနဲ့ ဖေးလု လန့်သွားတယ်။ ချွီလော့ချန်ကို မဖော်ထုတ်ချင်တာနဲ့ ဗြောင်ငြင်းလိုက်တယ်။

“အဘိုးကလည်း နောက်နေပြန်ပြီ။ ကျွန်တော်က တစ်နေ့ကုန် အိမ်ထဲမှာပဲ နေတာ။ ဒီနေ့မှ အပြင်ထွက်လာတာ ဘယ်က သရဲနဲ့ သွားတွေ့ရမှာလဲ”

“မဖြစ်နိုင်တာ!”
ဆရာကြီးရဲ့ မျက်လုံးတွေက စူးရှနေတယ်။
“လူလေး ငါ့ကို မလိမ်ပါနဲ့”

ဖေးလု ပါးစပ်ပိတ်ပြီး ခေါင်းမာမာနဲ့ ပြန်ပြောလိုက်တယ်။
“ကျွန်တော်က ဘာလို့ လိမ်ရမှာလဲ။ အိမ်မှာ ကိစ္စရှိသေးလို့ ပြန်တော့မယ်”

ပြောပြီးတာနဲ့ လှည့်ထွက်ဖို့ လုပ်ပေမယ့် ဆရာကြီးက ဖေးလုရဲ့လက်မောင်းကို လှမ်းဆွဲထားတယ်။ လက်တွေက ပိန်လှီနေပေမယ့် သံညှပ်လိုပဲ ခိုင်မာတယ်။ သူက လေးနက်တဲ့ အသံနဲ့ သတိပေးတယ်။

“လူငယ်လေး… အပေါ်ယံ အလှအပတွေကို မမက်မောနဲ့။ သရဲကြမ်းတွေက လူသား​တွေရဲ့ အသွေးအသားကို စားသုံးပြီး အသက်ဆက်ကြတာ။ မင်း သူနဲ့ ဆက်ပေါင်းနေရင် ကြာရင် အသက်ပါ ပါသွားလိမ့်မယ်!”

“သိပါပြီဗျာ… သိပါပြီ… အိမ်မှာ အလုပ်ရှိလို့ ပြန်လိုက်ဦးမယ်”

ဖေးလု အတင်းရုန်းပြီး ထွက်ပြေးလာခဲ့တယ်။

ဆရာကြီးက ပြေးထွက်သွားတဲ့ ကျောပြင်ကို ကြည့်ပြီး စိတ်ပူစွာနဲ့ သက်ပြင်းချကာ ကျန်ရစ်ခဲ့တယ်။

……..

ဖေးလု ဈေးဆက်လျှောက်ချင်စိတ် မရှိတော့ဘူး။ အိမ်ကိုသာ ကပျာကယာ ပြန်ပြေးလာခဲ့တယ်။ ဆရာကြီး နောက်ကနေ လိုက်လာမလားဆိုပြီး ခဏခဏလည်း လှည့်ကြည့်နေမိတယ်။

“ဘာဖြစ်လို့ ဒီလောက် အလောတကြီး ပြေးလာရတာလဲ?”

ချွီလော့ချန်က ပန်းခြံထဲမှာ စာဖတ်နေတာ။ နှစ်မျက်နှာလောက်ပဲ ဖတ်ရသေးတယ်၊ ဖေးလုက တံခါးကို ‘ဒုန်း’ ခနဲ ပိတ်ပြီး ဝင်လာတာ မြင်လိုက်ရတယ်။

ဖေးလုက မောပန်းတကြီး ဖြစ်နေကာ အသက်ကို မနည်းလုရှူပြီးမှ ပြောတယ်။

“ကျွန်တော် တာအိုဆရာကြီး တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူက ကျွန်တော် ခင်ဗျားနဲ့ အတူတူနေတာကို တစ်ချက်ကြည့်ရုံနဲ့ သိသွားတယ်။ ကျွန်တော့်မှာ သရဲပူးနေတယ်တဲ့”

“…”

ချွီလော့ချန်ရဲ့ လက်က စာအုပ်ကို တင်းခနဲ ဆုပ်ကိုင်လိုက်မိလို့ စာရွက်တွေ ကြေသွားတယ်။သူက မျက်နှာပျက်တာကို ဖုံးကွယ်ထားပြီး မေးလိုက်တယ်။

“ဒါဆို မင်းက ဘာလို့ ပြန်လာတာလဲ?”

ဖေးလုက ရင်ဘတ်ကို ဖိပြီး တံခါးဘက်ကို စိတ်မချသလို လှမ်းကြည့်တယ်။

“ခင်ဗျားကို သတင်းလာပေးတာလေ။ အဲဒီဆရာကြီးက တကယ် စွမ်းမယ့်ပုံပဲ။ ခင်ဗျား သူ့ကို နိုင်ပါ့မလား?”

ဖေးလုက မသေချာသလို မေးလိုက်တယ်။

မျက်ဝန်းနက်နက်လေးတွေထဲမှာ စိတ်ပူတာ၊ စိုးရိမ်တာတွေပဲ ရှိတယ်။ ကြောက်ရွံ့တာ၊ ရွံရှာတာတွေ လုံးဝ မပါဘူး။

“အင်း”
ချွီလော့ချန်က စာအုပ်ကို ပြန်ဖြောင့်လိုက်ပြီး ဖေးလုကို သူ့ဘေးနား ဆွဲခေါ်ထိုင်ခိုင်းတယ်။
“သူ ကိုယ့်ကို မယှဉ်နိုင်ပါဘူး”

ဖေးလု စိတ်သက်သာရာ ရသွားပြီး ကုလားထိုင်ပေါ် ပျော့ခွေကျသွားတယ်။
“တော်ပါသေးရဲ့… သူ နောက်က လိုက်လာပြီး ပြဿနာရှာမှာ စိုးနေတာ”

ချွီလော့ချန်က ဖေးလုရဲ့ ကြောက်ကြောက်လန့်လန့်နဲ့ ပြေးလာတဲ့ ပုံစံလေးကို မြင်ယောင်ပြီး သဘောကျသွားကာ ဖေးလုကို ရင်ခွင်ထဲ ထည့်လိုက်တယ်။

“ကိုယ် ရှိတယ်… မကြောက်နဲ့”

ဖေးလု ခေါင်းညိတ်လိုက်တယ်။
ခဏနေတော့ ဆရာကြီး ပြောတဲ့စကားကို သွားသတိရကာ စပ်စုချင်စိတ်နဲ့ မေးလိုက်တယ်။

“ဆရာကြီးက ပြောတယ်… သရဲကြမ်းတွေက အသွေးအသားကို စားသုံးပြီး အသက်ဆက်တာတဲ့။ ဒါပေမယ့် ခင်ဗျားက အရင် အစပိုင်းတုန်းကလွဲရင် ကျွန်တော့်သွေးကို မသောက်တော့ဘူးနော်…”

ချွီလော့ချန်ရဲ့ကိုယ်ခန္ဓာ တစ်ချက် တောင့်သွားကာ ဖေးလုရဲ့ကျောပြင်ကို ပွတ်ပေးနေတဲ့လက်လည်း ရပ်သွားတယ်။

“မင်း အဲဒါကို မှတ်မိနေသေးတာလား?”

အဲဒီတုန်းက သူက သူဖုန်းစားလေးကို အစာအဖြစ် သိုလှောင်ထားခဲ့တာ။ ဒါပေမယ့် နောက်ပိုင်းကျတော့… သူဖုန်းစားလေးရဲ့ အသွေးအသားက ဘယ်လောက်ပဲ ဆွဲဆောင်မှု ရှိနေပါစေ၊ သူ မစားရက်တော့ဘူး။

ပြီးတော့… ပိုပြီး အရသာရှိတဲ့ စားနည်း (sex) ကို တွေ့သွားပြီလေ။

ချွီလော့ချန်က ဖေးလုရဲ့ နားသီးလေးကို ပွတ်သပ်ရင်း တိုးတိုးလေး ကတိပေးတယ်။

“မကြောက်ပါနဲ့… ကိုယ် မင်းကို မစားတော့ပါဘူး… နှမြောလို့”

ဖေးလု မျက်နှာလေး ရဲသွားပြန်ပြီ။ သူ့ခန္ဓာကိုယ်ပေါ် လျှောက်သွားနေတဲ့ ချွီလော့ချန်ရဲ့ လက်ကို အတင်းဖမ်းဆုပ်ပြီး ရင်ခွင်ထဲ ထည့်ထားလိုက်တယ်။

“ကျွန်တော်က သိချင်လို့ မေးကြည့်တာပါ။ တကယ်လို့… ခင်ဗျား သောက်ချင်ရင် သောက်လို့ ရပါ…”

စကားမဆုံးခင်မှာပဲ ဖေးလု မျက်လုံးပြူးသွားကာ ကျန်တဲ့ စကားလုံးတွေက လည်ချောင်းထဲ ပြန်ဝင်သွားတယ်။

ချွီလော့ချန်က သူ့ခေါင်းကို လက်တစ်ဖက်နဲ့ ထိန်းကိုင်ပြီး အနမ်းမိုး ရွာချလိုက်တာ။ လျှာဖျားလေးက နှုတ်ခမ်းလွှာတွေကို တွန်းဖွင့်ပြီး ခံတွင်းထဲထိ တိုးဝင်လာကာ မွှေနှောက်ကစားနေတော့တယ်။

ဖေးလု မျက်လုံးလေးပြူးပြီး ကြောင်တောင်တောင်လေး ဖြစ်သွားပြန်ပြီ။ သူ့ဦးနှောက်က ဗလာဟင်းလင်း ဖြစ်သွားတာ။

အနမ်းတွေ ပြီးသွားတော့ ချွီလော့ချန်က လူချင်းခွာလိုက်တယ်။ သူတို့ နှစ်ယောက်ကြားမှာ တံတွေးမျှင်တန်းလေး သွယ်တန်းနေတာကို ချွီလော့ချန်က လျှာနဲ့ သန့်ရှင်းပေးလိုက်ပြီး ရဲရဲလေး ဖြစ်နေတဲ့ နှုတ်ခမ်းလေးကို ထပ်ပြီး ဖိနမ်းလိုက်တယ်။

“တောင်ပေါ်မှာ တောကောင်တွေ ရှိတယ်လေ…”

“ဟမ်?”

ဖေးလုရဲ့ဦးနှောက်က အလုပ်မလုပ်သေးဘူး။ ဘာပြောတာလဲ မသိလိုက်ဘူး။

ချွီလော့ချန်က နားရွက်လေးကို ပွတ်ရင်း ရှင်းပြတယ်။
“ကိုယ် အဲဒါတွေကို စားလို့ရတယ်။ မင်းကို စားစရာ မလိုဘူး”

ဖေးလု သဘောပေါက်သွားပြီး ပြုံးလိုက်တယ်။ စိတ်ထဲက အပူလုံးကြီး ကျသွားသလိုပဲ။

“တော်သေးတာပေါ့… နောက်ဆို အဲဒီအကောင်တွေ ဖမ်းလာခဲ့လေ။ ကျွန်တော် ချက်ကျွေးမယ်”

ချွီလော့ချန်က ဖေးလုရဲ့ ကြည်လင်နေတဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ပြီး “ကောင်းပြီ” လို့ ဖြေလိုက်တယ်။

——–

ဆောင်းဦးရာသီ ကုန်လို့ ဆောင်းတွင်း ဝင်လာပြီ။ သစ်ရွက်တွေ ကြွေကုန်ပြီး ပထမဆုံး နှင်းပွင့်လေးတွေ ကျလာပြီ။

ဖေးလု ဂွမ်းကပ်အင်္ကျီ အထူကြီးဝတ်၊ ဂျင်းပြုတ်ရည်ခွက်ကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး ပြတင်းပေါက်ကနေ နှင်းကျတာကို ငေးကြည့်နေတယ်။

ဆောင်းတွင်း စဝင်ကတည်းက သူ ဖျားနေတာ။ ချွီလော့ချန်က သမားတော်ခေါ်ပြပေမယ့် ဘာရောဂါမှ ရှာမတွေ့ဘူး။ အအေးမိတာပဲ နေမှာပါဆိုပြီး ဆေးပေးသွားတယ်။ ဖေးလုက တစ်ခါပဲ သောက်ပြီး နောက်ထပ် လုံးဝ မသောက်တော့ဘူး။ (ဆေးခါးလို့)

ချွီလော့ချန်လည်း သူ့ကို ရိုက်မရ၊ ဆူမရနဲ့မို့ နေ့တိုင်း ဂျင်းပြုတ်ရည် ကျိုတိုက်တယ်။ ပြီးတော့ အအေးမပျောက်မချင်း အပြင် လုံးဝ မထွက်ရဘူးလို့ အမိန့်ထုတ်ထားတယ်။

တံခါးဖွင့်သံ “ကျွီ” ခနဲ ကြားလိုက်ရတယ်။ ချွီလော့ချန်က ထမင်းဗန်းကိုင်ပြီး ဝင်လာတယ်။ ဖေးလုက ပြတင်းပေါက်နား ကပ်နေတာကို တွေ့တော့ မျက်မှောင်ကြုတ်တယ်။

“ပြတင်းပေါက်နား မနေနဲ့လို့ ပြောထားတယ်လေ။ အဲဒီနားက အေးတယ်”

ဖေးလု နှုတ်ခမ်းလေးဆူပြီး နည်းနည်းလေးပဲ ရွေ့ပေးကာ နှာသံနဲ့ ပြောလိုက်တယ်။
“ကျွန်တော် အပြင်မထွက်ရတာ ကြာလှပြီ”

“ရောဂါပျောက်ရင် ထွက်ရမှာပေါ့”
ချွီလော့ချန်က ထမင်းဗန်းကို စားပွဲပေါ်ချပြီး ဖေးလုပါးလေးကို ဆွဲညှစ်တယ်။
“မြန်မြန် ပျောက်အောင် လုပ်လေ”

ဖေးလု မျက်စောင်းထိုးလိုက်တယ်။ စိတ်ထဲကနေ ပြန်ပြောချင်ပေမယ့် ပါးစပ်ကတော့ ငြိမ်နေလိုက်တယ်။ ပြန်ပြောရင် ချွီလော့ချန်က ချော့မော့ပြီး နိုင်စားဦးမှာ။

ချွီလော့ချန်က ဟင်းရည်အိုးကို အဖုံးဖွင့်လိုက်တော့ မွှေးကြိုင်တဲ့ အနံ့တွေ ပျံ့လာတယ်။

“ဟင်းရည် အရင်သောက်လိုက်… ဗိုက်ထဲ နွေးသွားအောင်”

ဖေးလု နှာခေါင်းရှုံ့ပြီး အနံ့ခံလိုက်တယ်။ ပြီးမှ ဇွန်းနဲ့ ခပ်ပြီး မှုတ်သောက်တယ်။

ထမင်းတစ်နပ်လုံး ဖေးလု ဗိုက်ထဲပဲ ရောက်သွားတယ်။ ဟင်းရည်ထဲမှာ ဆေးဖက်ဝင် အပူစာတွေ ထည့်ချက်ထားတာမို့ တစ်ပန်းကန်လုံး သောက်ပြီးတဲ့အခါ ဖေးလု နှာခေါင်းထိပ်လေးမှာ ချွေးသီးလေးတွေ ထွက်လာတယ်။ မျက်နှာလည်း ရဲလာပြီး ပူလာလို့ အင်္ကျီချွတ်ချင်လာပေမယ့်
ချွီလော့ချန်က တားလိုက်တယ်။

“ကုတင်ပေါ်သွားပြီး စောင်ခြုံထား။ ချွေးထွက်ရင် ပျောက်သွားလိမ့်မယ်”

ဒါက စာအုပ်ထဲမှာ ဖတ်ဖူးတဲ့ နည်းလမ်း။ အပူစာစား၊ စောင်ခြုံပြီး ချွေးထုတ်ရင် အအေးမိ သက်သာတယ်တဲ့။

ဖေးလု မကျေမနပ်နဲ့ စောင်ပုံထဲ တိုးဝင်သွားတယ်။ ချွီလော့ချန်က ရေနွေးအိတ်တွေပါ ထည့်ပေးထားလို့ စောင်ထဲမှာ နွေးအိနေတာပဲ။ ဖေးလု အင်္ကျီချွတ်ပြီး စောင်ထဲ ကွေးနေလိုက်ကာ မျက်နှာလေးပဲ ဖော်ထားလိုက်တယ်။ နှာခေါင်းလေးက ရဲနေပြီး မျက်လုံးလေးတွေက တောက်ပနေတယ်။

ဖေးလုတစ်ယောက် မျက်လုံးလေး ကလယ်ကလယ်နဲ့ ပစ္စည်းသိမ်းနေတဲ့ ချွီလော့ချန်ကို လှမ်းခေါ်လိုက်တယ်။

“ခင်ဗျားပါ လာခဲ့ပါလား”

ချွီလော့ချန် ကြောင်သွားတယ်။ မရိုးသားတဲ့ အပြုံးလေးနဲ့ ကြည့်နေတဲ့ ဖေးလုကို မြင်တော့ ခေါင်းခါပြီး ရယ်လိုက်တယ်။

“ခဏနေဦး… ပစ္စည်းသိမ်းပြီးရင် လာခဲ့မယ်”

ဖေးလု လျှာထုတ်ပြပြီး စောင်ထဲ ပြန်ဝင်သွားတယ်။

“မင်း တော်တော် ပျက်စီးနေပြီပဲ”
666 က စိတ်ပျက်လက်ပျက် ပြောတယ်။
“ရန်သူ့ သကြားကလပ်မိပြီး အရည်ပျော်သွားပြီပေါ့လေ”

ဖေးလု ဖင်ကုတ်လိုက်တယ်။
“ငါ ဖျားနေလို့ပါကွ!”

“…”

666 က ဆက်မပြောတော့ဘဲ မေးခွန်းကိုသာ ပြောင်းမေးလိုက်တယ်။

“မင်း ဒီကို ဘာလာလုပ်တာလဲ ဆိုတာရော မှတ်မိသေးရဲ့လား?”

ဖေးလု မျက်လွှာချလိုက်ကာ စိတ်မပါသလို ပြန်ဖြေလိုက်တယ်။

“မှတ်မိတာပေါ့”

666 က အသံကုန် အော်တယ်။
​”ဟယ်… ငါ နားကြားမှားတာတော့ မဟုတ်ပါဘူးနော်။ငါက မင်း မေ့နေပြီလို့တောင် ထင်နေတာ….အခု Progress Bar ဘယ်လောက် ရောက်နေပြီလဲ သိလား?”

“…”

ဖေးလု ဖင်ဆက်ကုတ်နေတယ်။

“ဘယ်လောက်လဲ?”

“တွေ့လား! မင်း ဘယ်လောက်ရှိမှန်းတောင် မသိဘူး။ ဒါကိုများ မှတ်မိတယ် ပြောနေသေးတယ်!”

666က ဒေါသထွက်သွားတယ်။

“မင်း ငါ့ကို Progress bar မေးခဲ့တာ လွန်ခဲ့တဲ့ နှစ်လလောက်က ဟာ!”

ဖေးလု : “…”

ဟုတ်လား?

666 က ဆရာကြီးလေသံနဲ့ ဆုံးမတယ်။

“ဒါက စိတ်ကမ္ဘာကြီးပါ။ လူတွေ ဘယ်လောက်ကောင်းကောင်း အတုအယောင်တွေပါပဲ။ ရည်းစားထားချင်ရင် Mission မြန်မြန်ပြီးအောင် လုပ်ပြီး လက်တွေ့ဘဝဆီ ပြန်ရောက်မှ အတည်ကြီး ရှာပေါ့ကွာ”

အရင်ကမ္ဘာတုန်းကလည်း မပြီးနိုင်မစီးနိုင်၊ အခုကမ္ဘာလည်း လာပြန်ပြီလား?!

“မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ ဘယ်သူက ချွီလော့ချန်နဲ့ ရည်းစားဖြစ်ချင်လို့လဲ?!”

ဖေးလုက မျက်နှာနီရဲပြီး အတင်းငြင်းတယ်။

666 : “…”

“ငါ ပြောလိုက်တာက အများကြီးပဲ။ မင်း ခေါင်းထဲ ဝင်သွားတာက ဒီတစ်ကြောင်းတည်းလား? မင်း လိမ်မယ်ဆိုရင်လည်း ယုတ္တိရှိအောင် လိမ်စမ်းပါကွာ”

ဖေးလု ပါးစပ်ပိတ်သွားတယ်။

“အင်းပါ… နည်းနည်းတော့ စိတ်ပါနေတာ ဝန်ခံပါတယ်။ သူက ငါ့အကြိုက်Typeဖြစ်နေတာကိုး”

ချောတယ်၊ Sex လုပ်တာလည်း ကောင်းတယ်၊ အရမ်းလည်း ဂရုစိုက်တယ်။ Perfect Lover ကြီးပဲလေ!

666 က နောက်ဆုံးစည်းကို မကျော်အောင် တားတယ်။

“Progress Bar က ၂၅% ပဲ ကျန်တော့တယ်။ Mission ပြီးတာနဲ့ ငါတို့ ထွက်သွားရမှာ”

ဖေးလု တွေဝေသွားတယ်။ ဒါပေမယ့် 666 က ပြတ်ပြတ်သားသားကြီး ပြောနေတော့ မကျေနပ်ပေမယ့် “အင်း” လို့ပဲ ပြောလိုက်ရတယ်။

ပြီးတော့ သတိထားပြီး မေးလိုက်တယ်။

“မင်း ဒီရက်ပိုင်း ဂိမ်း (Rank) မဆော့ဘူးလား?”

666 က ‘ငါ့မှာ ဂိမ်းဆော့ဖို့ စိတ်ပါတော့မလား၊ မင်းကြောင့် ဒေါသထွက်ပြီး သေတော့မယ်’ လို့ တွေးလိုက်ပေမယ့် အထာကျအောင် ဟန်ဆောင်ပြီး ပြောလိုက်တယ်။

“ဖြတ်လိုက်ပြီ”

“ဟုတ်လား?”

ဖေးလု စိတ်ပျက်သွားတယ်။ ဂိမ်းစွဲနေတဲ့ 666 က ပိုကောင်းတယ်။ သူ့ကို အချိန်ပြည့် လိုက်မကြည့်ဘူးလေ။

666 က သူ့ကို ဆက်ဂရုမစိုက်တော့ ဖေးလု စောင်ထဲမှာ တစ်ယောက်တည်း ငေးငိုင်နေလိုက်တယ်။

Chapter 37 ended

စာရေးသူရဲ့စကား –
ချွီလော့ချန် : ဒီညတော့ နောက်တစ်နည်းနဲ့ စားဦးမှပါ

Chapter 38

ခဏကြာတော့ ပစ္စည်းတွေသိမ်းပြီးတဲ့ ချွီလော့ချန် ပြန်ရောက်လာတယ်။သူက အပေါ်ဝတ်ရုံကို ချွတ်ပြီး ကုတင်ပေါ်တက်လာကာ စောင်အပေါ်ကနေပဲ ဖေးလုကို လှမ်းဖက်လိုက်တယ်။

ဖေးလု မကျေမနပ်နဲ့ ခြေထောက်ကန်လိုက်တယ်။
“အပြင်မှာ အေးတယ်လေ… စောင်ထဲ ဝင်ပါ့လား”

ချွီလော့ချန် မျက်ခုံးပင့်လိုက်တယ်။
“တကယ် ဝင်လာစေချင်တာလား?”

“မြန်မြန်ဝင်ခဲ့”
ဖေးလုက သူ စကားလွှဲပြောနေမှန်း မရိပ်မိဘူး။ သူက ရိုးရိုးသားသားပဲ ခေါ်လိုက်တယ်။

“ကောင်းပြီလေ”
ချွီလော့ချန် ပြုံးလိုက်တော့ မျက်လုံးထဲမှာ အဓိပ္ပာယ်ပါတဲ့ အပြုံးတွေနဲ့ ပြည့်နေခဲ့တယ်။
“ဒါဆို ကိုယ် ဝင်လာပြီနော်”

ချွီလော့ချန်ရဲ့ မရိုးသားတဲ့ အကြည့်တွေကြောင့် ဖေးလု အခုမှပဲ သဘောပေါက်သွား​တော့တယ်။ မျက်နှာတစ်ခုလုံး “ဘုန်း” ခနဲ နီရဲသွားပြီး ရှက်လွန်းလို့ စောင်ထဲပဲ တိုးဝင်ပုန်းနေလိုက်ကာ ခေါင်းထိပ်လေးပဲ ဖော်ထားတော့တယ်။

ချွီလော့ချန်က ရယ်မောရင်း ဆံပင်နုနုလေးတွေကို ပွတ်သပ်ပေးတယ်။ ကိုယ်ပေါ်က အအေးဓာတ်တွေ ပျောက်အောင် ခဏစောင့်ပြီးမှ စောင်ကိုမပြီး ဝင်လိုက်တယ်။

ဖေးလု နေရာနည်းနည်း ဖယ်ပေးလိုက်ပေမယ့် ရှက်နေတုန်းမို့ ဘေးနားမှာ ကွေးကွေးလေး နေနေတယ်။

ချွီလော့ချန်က ဖေးလုကို ဆွဲဖက်လိုက်တယ်။ ဖေးလု ခန္ဓာကိုယ်လေးက နွေးအိပြီး နူးညံ့နေတော့ ဖက်ထားရတာ အရမ်းကောင်းတယ်။ ချွီလော့ချန် မနေနိုင်တော့ဘဲ ဖေးလုကို တင်းတင်းကျပ်ကျပ် ဖက်ပြီး နှိပ်နယ် (အသားယူ) နေတော့တယ်။ ဖေးလုမှာတော့ ရှက်လွန်းလို့ လည်ပင်းလေး ပုပြီး ရင်ခွင်ထဲကနေ ခေါင်းမဖော်တော့ဘူး။

ချွီလော့ချန်က သူ့ပုံစံလေးကို ကြည့်ပြီး စိတ်တွေကြွလာပြီး နားနားကပ်ကာ ပိုရှက်စရာကောင်းတဲ့ စကားလုံးတွေကို တိုးတိုးလေး ပြောနေတော့တယ်။

ဖေးလုက ရှက်လွန်းလို့ ခြေချောင်းလေးတွေပါ ကွေးသွားပေမယ့် ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးပဲ နေပြီး အစခံနေလိုက်တယ်။

……..

နိုဝင်ဘာလ ရောက်တော့ ဖေးလု အအေးမိတာ ပျောက်သွားပြီ။

အိမ်ထဲမှာ တစ်လလောက် အောင်းနေပြီး နေ့တိုင်း စားလိုက်အိပ်လိုက် လုပ်နေတော့ မျက်နှာလေးက သိသိသာသာ ပြည့်လာတယ်။ ပိန်ညောင်ညောင် ခန္ဓာကိုယ်လေးလည်း ချွီလော့ချန်ရဲ့ ပြုစုမှုအောက်မှာ ဖွေးဖွေးဥဥ ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်လာတယ်။ အရင်လို ပိန်ခြောက်ခြောက်ရုပ် မဟုတ်တော့ဘူး။

ဖက်တီးတို့က ဖေးလုကို မြင်တော့ အံ့သြလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတယ်။

ဖက်တီးက ဖေးလုကို ပတ်ကြည့်ပြီး ပြောတယ်။
“ကျွတ်… ကျွတ်… ဘယ်လိုလုပ် ဒီလောက်ဝသွားတာလဲကွာ!”

“…”

ဖေးလု သူ့ကို မျက်စောင်းထိုးကာ မကျေမနပ် ပြောလိုက်တယ်။

​”ငါ ဝချင်လို့ ဝတာ၊ မင်းအပူပါလား”

ဖက်တီးက ဖေးလုလည်ပင်းကို ဖက်လိုက်တယ်။

“ကြည့်ရတာ မင်းရဲ့ ‘အချစ်တော်’ က မင်းကို တော်တော် ဂရုစိုက်ပုံရတယ်။”

ဖက်တီးက တိုးတိုးလေး ကပ်မေးတယ်။

“မင်းတို့ အဆင်ပြေနေတာလည်း ကြာပြီဆိုတော့… ဘာအစီအစဉ်မှ မရှိဘူးလား?”

အခုချိန်မှာ ‘အချစ်တော်’ လို့ ကြားတာနဲ့ ဖေးလု မျက်လုံးထဲမှာ ချွီလော့ချန်ရဲ့ ချောမောလွန်းတဲ့ မျက်နှာကို ပြေးမြင်ယောင်လာကာ မျက်နှာလည်း အလိုလို ပူလာတယ်။

“ဘ… ဘာအစီအစဉ်လဲ?”

ဖက်တီးက မာန်မဲပြီး တစ်ချက်ထိုးတယ်။

“အ,လိုက်တာ… မင်းအချစ်တော်က ဒီလောက်ကောင်းတာ၊ အိမ်ခေါ်တင်ဖို့ စိတ်ကူးမရှိဘူးလား?”

ကျောက်စိမ်းရုံက တိုဖူးသည်မလေးက မုဆိုးမ ဖြစ်ပြီး နာမည်မကောင်းဘူး ဆိုပေမယ့် နာမည်ဆိုတာ စားလို့ဝတာမှ မဟုတ်တာ။ ညဘက် နွေးနွေးထွေးထွေး အိပ်ရတာကမှ တကယ် လက်တွေ့ကျတာ။

ဖေးလုတစ်ယောက် မူးဝေဝေ ဖြစ်သွားတယ်။ ချွီလော့ချန်ကို အိမ်ခေါ်တင်ရမယ်? (လက်ထပ်ရမယ်?)

မဖြစ်နိုင်တာတော့ မဟုတ်ဘူး… ဖေးလု ကိုယ့်အတွေးကို ကိုယ်လန့်သွားတယ်။ မျက်နှာတွေ ပိုရဲလာပြီး မျက်ဝန်းတွေ ရီဝေဝေ ဖြစ်လာတယ်။

နောက်ပိုင်း ဖက်တီး ဘာဆက်ပြောလဲဆိုတာ ဖေးလု ခေါင်းထဲ မဝင်တော့ဘူး။ ‘အိမ်ခေါ်တင်’ ဆိုတဲ့ စကားလုံးပဲ ခေါင်းထဲ ဂျာအေးပတ်နေတယ်။ ဘယ်လို အိမ်ပြန်ရောက်လာလဲတောင် သူ မသိလိုက်ဘူး။

……..

ဖေးလု စိတ်ကူးယဉ်ပြီး လမ်းလျှောက်ပြန်လာတုန်း နောက်ကနေ ရင်းနှီးတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။

“လူလေး?”

ဖေးလု သတိဝင်လာပြီး လှည့်ကြည့်လိုက်တော့ ဟိုတာအိုဆရာကြီး ဖြစ်နေတယ်။

ဆရာကြီးက မျက်လုံးတောက်တောက်နဲ့ သူ့ကို ကြည့်နေတယ်။

“နဖူးမှာ အမည်းရောင်သမ်းနေပြီး အငြိုးအတေးတွေ လွှမ်းနေတယ်… မင်း သရဲနဲ့ ပေါင်းသင်းနေတာ သေချာသွားပြီ”

ဖေးလု သတိထားလိုက်ပြီး နောက်ဆုတ်လိုက်တယ်။

“အဘိုး ဘာထပ်ပြောချင်ပြန်ပြီလဲ?”

ဆရာကြီး စိတ်ဆိုးသွားတယ်။

“မင်း ငါ့ကို ကယ်ဖူးလို့သာပေါ့… မဟုတ်ရင် ငါလည်း ဂရုစိုက်နေမှာ မဟုတ်ဘူး”

ဆရာကြီးက တြိဂံပုံ ခေါက်ထားတဲ့ အဆောင်လက်ဖွဲ့ တစ်ခုကို ဖေးလုလက်ထဲ အတင်းထိုးထည့်တယ်။

“မင်း ငါပြောတာကို မယုံရင် ဒီအဆောင်ကို မင်းနဲ့အတူအိပ်တဲ့သူရဲ့ ခေါင်းအုံးအောက်မှာ ထားကြည့်လိုက်။ သူရဲ့မူလရုပ် ပြန်ပေါ်လာလိမ့်မယ်”

“မင်းက အသက်ရှည်ရှည်နေရမယ့် ကံပါလာတဲ့သူပါ။ အပေါ်ယံ အလှအပလေး တစ်ခုအတွက်နဲ့ ကိုယ့်အသက်ကို စတေးမခံပါနဲ့”

ဖေးလုက ယုံကြည်သွားသလို ဟန်ဆောင်ပြီး အဆောင်ကို ယူလိုက်တယ်။ ပြီးတာနဲ့ လှည့်ပြေးတော့တာပဲ။ ခဏလောက်ပြေးပြီး နောက်လှည့်ကြည့်တော့ ဆရာကြီး ပါမလာတာ သေချာမှ သက်ပြင်းချလိုက်တယ်။ လက်ထဲက အဆောင်ကိုလည်း နံရံထောင့်ကို လွှင့်ပစ်လိုက်တယ်။

သူထွက်သွားပြီး မကြာခင်မှာပဲ ဆရာကြီး ရောက်လာတယ်။ နံရံထောင့်က ကြေမွနေတဲ့ အဆောင်ကို ကြည့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်တယ်။

“သေချင်နေတဲ့ သရဲကို တားရခက်သလိုပဲ (လူမိုက်ကို ဆုံးမရခက်တယ်)… ထားလိုက်ပါတော့… ငါ မင်းကို နောက်ဆုံးတစ်ကြိမ် ကယ်ကြည့်ပါဦးမယ်”

——–

ဖေးလု အိမ်ကို အပြေးအလွှား ပြန်ရောက်လာပြီး ချွီလော့ချန်ကို လိုက်ရှာတယ်။

ချွီလော့ချန်က နောက်ဖေးခြံထဲမှာ လှံကစားနေတာ။ သူက ငွေရောင်လှံတံရှည်ကို ကျွမ်းကျင်စွာ ကစားနေတာ။ လှံသွားက နေဝင်ချိန် နေရောင်အောက်မှာ သွေးရောင်လွှမ်းနေသလို တောက်ပနေတယ်။

အနီရောင် ဝတ်စုံက လေထဲမှာ တလူလူ လွင့်နေတယ်။ ချွီလော့ချန်ရဲ့နှုတ်ခမ်းမှာ အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး မျက်ဝန်းနက်တွေက ကြယ်ရောင်တွေလို တောက်ပနေတယ်။

ဖေးလု ငေးကြည့်နေမိတယ်။ အခုမြင်နေရတဲ့ ချွီလော့ချန်က သရဲကြမ်းကြီး မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရည်မှန်းချက်ကြီးတဲ့ စစ်သူကြီးလေး တစ်ယောက်လိုပဲ။ သက်ဝင် လှုပ်ရှားနေတယ်။

ချွီလော့ချန်က ဖေးလု ရောက်နေတာကို မြင်တယ်။ ကြောင်ပြီး ငေးကြည့်နေတာကိုလည်း သိတယ်။ သူ့အပြုံးတွေ ပိုကျယ်လာပြီး လှံတံကို နောက်ပစ်ကာ ဖေးလုရှေ့ သွားရပ်လိုက်တယ်။

“ငေးလို့ ကောင်းလား?”

ဖေးလု သတိပြန်ဝင်လာကာ လူမိသွားတော့ ရှက်ပြီး နားရွက်လေးတွေ ရဲတက်လာတယ်။ စကားတောင် မပြောရဲဘူး။

ချွီလော့ချန်က ဖေးလုပါးလေးကို တို့ထိတယ်။သူ စိတ်ကြည်နေလို့ မစတော့ဘူး။

“ခုနက ဘာလို့ အဲဒီလောက် အလောတကြီး ပြေးလာတာလဲ?”

ဖေးလု အခုမှ သတိရသွားတယ်။ အရေးကြီးကိစ္စ ပြောရဦးမယ်ဆိုတာကို။သူ တာအိုဆရာကြီးနဲ့ တွေ့ခဲ့တဲ့အကြောင်း အကုန်ပြောပြလိုက်တယ်။ ချွီလော့ချန်က ဆရာကြီးကို နိုင်တယ်လို့ ပြောဖူးပေမယ့် ‘တာအိုဆရာ’ ဆိုတာက သရဲနှိမ်တဲ့သူလေ။ ဖေးလုကတော့ စိတ်ပူနေတုန်းပဲ။

“သူ အိမ်အထိ လိုက်လာရင် ဘယ်လိုလုပ်မလဲ?”

ဖေးလု တကယ်ကြီး စိတ်ပူနေတာ။ ဆရာကြီးက စေတနာနဲ့ ဆိုပေမယ့် သူကမှ အကူအညီ မလိုချင်တာ။ နှစ်ဖက် ထိပ်တိုက်တွေ့မှာကို ဖေးလု မလိုလားဘူး။

ချွီလော့ချန်က ဖေးလု ဘာတွေးနေလဲ သိတယ်။ သူ့လက်ကိုဆွဲပြီး ထမင်းစားခန်းဘက် ခေါ်သွားလိုက်တယ်။

“မပူပါနဲ့… ကိုယ် တံခါးဝမှာ အစီအရင်ခံထားတယ်။ ကိုယ့်ထက် စွမ်းအားနိမ့်တဲ့သူတွေ ဝင်မလာနိုင်ဘူး”

ဖေးလု စိတ်အေးသွားတယ်။ ဆရာကြီး ရှာမတွေ့ရင် ထိပ်တိုက်တွေ့စရာ မရှိတော့ဘူးပေါ့။
သူ မျက်မှောင်ကြုတ်ထားတာတွေလည်း ပြေလျော့သွားပြီး ပျော်ပျော်ရွှင်ရွှင် ထမင်းသွားစားတော့တယ်။

……….

သန်းခေါင်ယံ အချိန်။

အခန်းထဲမှာ မှောင်မည်းနေတယ်။ လရောင်ဖျော့ဖျော့လေးက ပြတင်းပေါက်ကနေ ဝင်လာပြီး ကုတင်ပေါ်က ပုံရိပ်တွေကို ဝိုးတဝါး မြင်နေရတယ်။

ဖေးလု ပါးစပ်ကို ပြပ်ပြပ်မြည်အောင် စုပ်သပ်ပြီး အိပ်မက်ယောင်ရင်း ချွီလော့ချန် ရင်ခွင်ထဲ လှိမ့်ဝင်သွားသည်။

ချွီလော့ချန်ရဲ့မျက်လုံး ပွင့်လာတယ်။ အမှောင်ထဲမှာ မျက်လုံးတွေက ထူးဆန်းစွာ တောက်ပနေတယ်။ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ဖေးလုကို ကြည့်ပြီး အသည်းယားလာလို့ ခေါင်းကို ပွတ်၊ ပါးကို ဆွဲညှစ်လိုက်တယ်။

နူးညံ့နေတာပဲ။

ဖေးလုက အနှောင့်အယှက် ခံရလို့ စိတ်မရှည်တဲ့အသံ ပြုပြီး တစ်ဖက်ကို လှည့်သွားတယ်။ ခေါင်းကို ခေါင်းအုံးအောက် ထိုးထည့်ပြီး ဖင်ပေးအိပ်လိုက်တယ်။

အမှောင်ထဲမှာ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာတယ်။ ချွီလော့ချန်က ထလိုက်ပြီး ဖေးလုကို စောင်သေချာ ခြုံပေးတယ်။ ပြီးတော့ ပြတင်းပေါက်ကနေ တိတ်တဆိတ် ခုန်ထွက်သွားတယ်။

ခြံဝင်းထဲမှာ လရောင်ကြောင့် အိမ်ထဲကထက် ပိုလင်းနေတယ်။ တံခါးဝမှာ သူစိမ်းတစ်ယောက်ရဲ့ အငွေ့အသက်ကို ခံစားမိလိုက်တော့ ချွီလော့ချန်ရဲ့မျက်လုံးတွေ မှေးစင်းသွားတယ်။ အဲဒီလူက ဂရုတစိုက်နဲ့ ချဉ်းကပ်လာတာကို သိလိုက်ရတော့ သူ မထီမဲ့မြင် ပြုံးလိုက်တယ်။ ပြီးတော့ လေပေါ်ပျံတက်ပြီး အဝေးကို ပြေးထွက်သွားတော့တယ်။

သူထွက်သွားပြီး မကြာခင်မှာပဲ ခြံထဲမှာ တရှပ်ရှပ် အသံတွေ ကြားလိုက်ရတယ်။

တာအိုဆရာကြီးက ခြံစည်းရိုးကျော်ပြီး ဝင်လာတယ်။ သူက အမှောင်ထဲမှာ စမ်းပြီး ဖေးလုရဲ့အခန်းကို ရှာတယ်။

ခြံဝင်းက ချွီလော့ချန်ရဲ့အခန်းနဲ့ ကပ်လျက်ပဲ။ ဆရာကြီးက အိပ်ပျော်နေတဲ့ ဖေးလုကို ချက်ချင်း ရှာတွေ့သွားတယ်။ အိပ်နေတဲ့ ဖေးလုကို ကော်လာကနေ ဆွဲမလိုက်ပြီး လေထဲမှာ ကျန်နေတဲ့ အငွေ့အသက်နောက်ကို လိုက်တော့တယ်။

ဖေးလု အိပ်ကောင်းနေတုန်း ဆွဲမခံလိုက်ရတော့ လန့်နိုးလာပြီး ရုန်းကန်တယ်။

“ခင်ဗျား ဘယ်သူလဲ? လွှတ်!”

ဆရာကြီးက သူ့ကျောကို ပုတ်လိုက်တယ်။

“စိတ်မလောပါနဲ့… ငါ မင်းကို တစ်ခု လိုက်ပြမလို့ပါ”

ပြောပြီးတာနဲ့ ဖေးလုရဲ့ကျောပေါ် အဆောင်တစ်ခု ကပ်လိုက်တယ်။

ဖေးလု : “…. အွန်း အွန်း အွန်း!”

စကားပြောခွင့် ပေးဦးလေဗျာ!

ဆရာကြီးက ဖေးလု ဒေါသထွက်နေတာ မြင်တော့ သက်ပြင်းချပြီး ခြေလှမ်းကို ပိုသွက်လိုက်တယ်။

ရှေ့က တစ်ယောက်၊ နောက်က နှစ်ယောက်။

ဆရာကြီးက ဖေးလုကို ဆွဲပြီး အမြန်လိုက်သွားတယ်။ မကြာခင်မှာပဲ ရှေ့မလှမ်းမကမ်းမှာ အနီရောင် အရိပ်တစ်ခုကို တွေ့လိုက်ရတယ်။

တွေ့ပြီ!

ဆရာကြီးက နောက်ထပ် အဆောင်နှစ်ခုကို ထုတ်လိုက်တယ်။ တစ်ခုကို ကိုယ့်ကိုယ်ကိုယ် ကပ်၊ နောက်တစ်ခုကို ဖေးလုဆီ ကပ်လိုက်တယ်။ အဆောင်ကပ်လိုက်တာနဲ့ သူတို့ရဲ့ပတ်ဝန်းကျင်က လေငြိမ်သွားပြီး အသံတွေလည်း ပျောက်သွားတယ်။

ချွီလော့ချန်က ရှေ့ဆက်သွားနေတယ်။ ဆရာကြီးက ခပ်လှမ်းလှမ်းကနေ နောက်ယောင်ခံလိုက်တယ်။ ဖေးလုကတော့ မျက်လုံးပြူးပြီး ကြည့်နေတယ်။ ဒီနှစ်ယောက် ဘာတွေကြံနေလဲ မသိဘူး။

ချွီလော့ချန်က တောင်ပေါ်ရောက်တော့ အရှိန်လျှော့လိုက်တယ်။သူက ဘယ်ကြည့်ညာကြည့် လုပ်ပြီး နှာခေါင်းရှုံ့နေတယ်။ ကြည့်ရတာ တစ်စုံတစ်ခုကို အနံ့ခံနေသလိုပဲ။

ဆရာကြီးက မျက်လုံးမှေးစင်းလိုက်ကာ အသံတိုးတိုးနဲ့ ဖေးလုကို ပြောတယ်။

“မြင်လား… ဒါ သရဲကြမ်းက သက်ရှိလူသားရဲ့ အငွေ့အသက်ကို ရှာနေတာပဲ”

ဖေးလု ရင်ထိတ်သွားတယ်။ ချွီလော့ချန်က ညကြီးမိုးချုပ် မအိပ်ဘဲ တောင်ပေါ်တက်လာတာဆိုတော့ ကောင်းတဲ့ကိစ္စတော့ မဖြစ်နိုင်ဘူး။

ဆရာကြီးက ဖေးလုရဲ့မျက်လုံးတွေ လှုပ်ရှားသွားတာ မြင်တော့ သံသယဝင်သွားပြီဆိုတာ သိလိုက်တယ်။

“သူ မင်းကို ပြောဖူးတယ်မလား… လူတွေကို ဒုက္ခမပေးပါဘူးလို့?”

ဖေးလုက ဘာမှပြန်မပြောဘဲ တိတ်နေတယ်။

ဆရာကြီးက မုတ်ဆိတ်မွေးကို သပ်လိုက်တယ်။ပြီးတော့ ဖေးလုကို အောက်ချပေးပြီး ‘စကားမပြောရ အဆောင်’ကို ခွာပေးလိုက်တယ်။

“ဒီနေ့တော့ ငါ မင်းကို သရဲကြမ်းရဲ့ မျက်နှာဖုံးကို ခွာပြမယ်”
“အပေါ်ယံ အလှအပမှာ သာယာမနေနဲ့တော့”
“အသံမထွက်နဲ့… ငါ့နောက် လိုက်ခဲ့”

ဖေးလု စကားတစ်ခွန်းမှ မပြောဘဲ လိုက်သွားလိုက်တယ်။ ရင်ထဲမှာတော့ မသေချာဘူး။သူ 666 ကို စိုးရိမ်တကြီး မေးလိုက်တယ်။

“ချွီလော့ချန်က တကယ်ကြီး လူလာစားတာလား?”

Chapter 38 ended

Chapter 39

“ချွီလော့ချန်က တကယ်ကြီး လူလာစားတာလား?”

666က ဖြေတယ်။
“… ချွီလော့ချန်က လတ်ဆတ်တဲ့ သွေးကို စားသုံးတာ”

ဖေးလု မကျေမနပ် ရေရွတ်လိုက်တယ်။
“တိရစ္ဆာန်သွေးကလည်း လတ်ဆတ်တဲ့ သွေးပဲလေ”

“…… ဟက်!”
666 က လှောင်ရယ် ရယ်လိုက်တယ်။ သူ့ရယ်သံကြီးက ဖေးလုရဲ့ဦးခေါင်းခွံကို ကွဲထွက်သွားမတတ်ပဲ။

“ငါ ဂရုမစိုက်တော့ဘူးကွာ။ သူ တကယ် လူသားစားတယ်ဆိုရင်တောင်… ဟိုလေ… ငါ မမြင်ဘူးလို့ သဘောထားလိုက်တော့မယ်”

ဟုတ်တယ်… သူက မျက်နှာလိုက်တတ်တယ်။ လူသားစားတယ်ဆိုတာ လူသားချင်းစာနာမှု ကင်းမဲ့တယ်ဆိုတာ မှန်ပေမယ့် ဒီကမ္ဘာက လူတွေက ဖေးလုအတွက်တော့ သိပ်အစစ်အမှန် မဆန်လှဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် နားချရတာ သိပ်မခက်ခဲလှဘူး။

ချွီလော့ချန်က ဂူပေါက်တစ်ခုရှေ့မှာ ရပ်လိုက်တယ်။

ဂူထဲမှာ မှောင်မည်းနေပြီး ဂူဝမှာ ခြောက်သွေ့နေတဲ့ နွယ်ပင်တွေ တွဲလောင်းကျနေတယ်။ ချွီလော့ချန်ကတော့ ဂူထဲက အရာတွေကို အလွယ်တကူ မြင်နေရတယ်။

ဒါက မြွေတွင်းကြီးတစ်ခု။

ရေပုံးလောက် တုတ်တဲ့ စပါးအုံမြွေမည်းကြီးတစ်ကောင် ခွေနေပြီး ဂူတစ်ခုလုံးကို နေရာယူထားတယ်။ ချွီလော့ချန် မျက်လုံးကို နောက်ပြန်လှန်ကြည့်လိုက်ပြီး ခြေလှမ်းလှမ်းကာ ဖြည်းဖြည်းချင်း ဝင်သွားတော့တယ်။

ဆရာကြီးနဲ့ ဖေးလု အသက်အောင့်ပြီး ကြည့်နေကြတယ်။

ဒီဂူက လူလုပ်ထားတဲ့ လက်ရာတွေ ရှိနေတယ်။ အထဲမှာ လူနေနိုင်တယ်။

မကြာခင်မှာပဲ ဂူထဲကနေ တဒုန်းဒုန်း တိုက်ခိုက်သံတွေ ကြားလာရတယ်။ အသားနဲ့ နံရံ ရိုက်မိတဲ့ အသံကြီးတွေက ညဘက်မှာ ကြောက်စရာ ကောင်းနေတယ်။ ဆရာကြီးက ဖေးလုကို ဂရုမစိုက်နိုင်တော့ဘူး။ လူကယ်ဖို့က အရေးကြီးတယ် ဆိုပြီး မက်မွန်သစ်သားဓား(*)ကို ဆွဲထုတ်ကာ ဂူထဲ ဝင်သွားတော့တယ်။

“မိစ္ဆာကောင်! လူကို လွှတ်လိုက်စမ်း!”

ဖေးလုလည်း ကပျာကယာ လိုက်ဝင်သွားတယ်။ သူက သာမန်လူဆိုတော့ ဂူထဲမှာ ဘာမှမမြင်ရဘူး။ မီးတုတ်​ကို စမ်းထုတ်ပြီး မှုတ်လိုက်တော့မှ အလင်းရောင် မှိန်မှိန်လေး ရပြီး ဂူထဲကို မြင်ရတော့တယ်။

ဂူထဲက အခြေအနေ အကုန်လုံး ပေါ်လာတယ်။

ရေပုံးလောက် တုတ်တဲ့ မြွေကြီးကို ချွီလော့ချန်က လည်ပင်း (ခုနစ်လက်မနေရာ)ကနေ အသာလေး ကိုင်ပြီး ကြမ်းပြင်ပေါ် ဖိထားတာ။ မြွေကြီးက မသေသေးတော့ အမြီးကြီးနဲ့ ကြမ်းပြင်တွေ၊ နံရံတွေကို လျှောက်ရိုက်နေလို့ အသံတွေ ဆူညံနေတာ။

ဆရာကြီးက ပါးစပ်ဟပြီး ကြည့်နေ​လေတယ်။ ချွီလော့ချန်ရဲ့ နှုတ်ခမ်းထောင့်မှာ သွေးစတွေ ပေနေတာကို မြင်တော့ လက်တွေ တုန်သွားကာ “မင်း… မင်း…” နဲ့ စကားဆက်မပြောနိုင် ဖြစ်နေတယ်။

ဖေးလုက ဆရာကြီးရဲ့ နောက်ကနေ ချောင်းကြည့်လိုက်တယ်။ ချွီလော့ချန်က သူ့ကို လှမ်းကြည့်တဲ့အခါ မျက်ဝန်းထဲမှာ အံ့သြတာ၊ ဝမ်းနည်းတာတွေ ပါနေတာကို မြင်လိုက်ရတော့ ဖေးလု စိတ်မကောင်း ဖြစ်သွားတယ်။ ‘တောက်တောက်တောက်’ နဲ့ ပြေးသွားပြီး မြွေကြီးကို ရှောင်ကာ ချွီလော့ချန်ရဲ့ အင်္ကျီစကို ဆွဲလိုက်တယ်။

“ကျွန်တော် လာချင်လို့ လာတာ မဟုတ်ဘူးနော်။ သူ…”
ဖေးလုက ဆရာကြီးကို လက်ညှိုးထိုးပြတယ်။
“သူ ကျွန်တော့်ကို ဖမ်းခေါ်လာတာ!”

ဆရာကြီး : “…. ???”

“ငါ ဘယ်တုန်းက–”

“တွေ့လား! ကျွန်တော် ပြောသားပဲ သူက လူတွေကို ဒုက္ခမပေးပါဘူးလို့!”

ဖေးလုက ဆရာကြီးရဲ့စကားကို ဖြတ်ပြောပြီး ဦးအောင် ရန်တွေ့လိုက်တယ်။

“ခင်ဗျား ကျွန်တော့်ကို ဖမ်းခေါ်လာတာ ဒါကို ပြချင်လို့လား? ကျွန်တော့်ဖူကျွင်းက ညဘက် သရေစာထွက်ရှာတာက ဥပဒေနဲ့ ငြိစွန်းနေလို့လား?!”

ဆရာကြီးခဗျာ ဒေါသထွက်လွန်းလို့ မူးလဲချင်သွားတယ်။ ပြီးတော့ ဖေးလုရဲ့ စကားကို ကြားပြီး အသံတုန်တုန်နဲ့ မေးတယ်။

“ဖူကျွင်း??”

သူက ချွီလော့ချန်ရဲ့ လှပလွန်းတဲ့ မျက်နှာကို သေချာကြည့်ပြီး…
“… မင်း… မင်းတို့က….ဝတ်ရုံလက်ပြတ်(*)တွေလား?!”

(T/N: ဝတ်ရုံလက်ပြတ်ဆိုတာက Gay ကိုပြောတာ။ အရှည်ကို အောက်မှာ ရှင်းပြထားပေးမယ်။)

ဖေးလု မကျေမနပ် ဖြစ်သွားတော့ ပါးဖောင်းဖောင်းလေးနဲ့ ပြန်ပြောလိုက်တယ်။

“ဒါ ခင်ဗျားကိုက ခေတ်နောက်ကျနေလို့ပါ… ဝတ်ရုံလက်ပြတ်ဖြစ်တာကို ခွဲခြားချင်လို့လား?”

ဆရာကြီးမှာ ပြန်ပြောစရာ စကားမရှိတော့ဘူး။ မျက်နှာကြီးပဲ ရဲသွားတယ်။ မြွေသေကောင်ကြီးနဲ့ လူနှစ်ယောက်ကို ကြည့်ပြီး သူ သက်ပြင်းချလိုက်တယ်။

“ဒီတစ်ခါတော့ ငါ တွက်တာ လွဲသွားပြီ”

ဖေးလုက နှာခေါင်းရှုံ့လိုက်တယ်။
“ကျွန်တော် ပြောသားပဲ… ကျွန်တော်တို့အိမ်က လူက လူကောင်းပါဆို။ ခင်ဗျားမှ မယုံတာ”

ဆရာကြီးက မျက်လုံးလှန်ပြီး လက်ကာပြလိုက်တယ်။

“ထားလိုက်ပါတော့… ဒီတစ်ခါက ငါ့အမှားပါ။ ငါ မင်းကို အကြွေးတစ်ခု တင်သွားပြီ။ လူလေး… ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါတော့”

ပြောပြီးတာနဲ့ နောက်ထပ် သစ်သားပြားလေး တစ်ခုကို ဖေးလုရင်ခွင်ထဲ ပစ်ထည့်ပေးပြီး တောင်အောက်ကို ကမန်းကတန်း ဆင်းပြေးတော့တယ်။

ဖေးလု ကျေနပ်သွားတယ်။ သစ်သားပြားလေး ပိုက်ပြီး ချွီလော့ချန်ကို မျက်နှာချိုသွေးကာ ပြုံးပြလိုက်တယ်။

ချွီလော့ချန်ရဲ့ နှုတ်ခမ်းထောင့် ကွေးတက်သွားတယ်။ ဝမ်းသာတာလား၊ ဝမ်းနည်းတာလား ခွဲခြားမရတဲ့ မျက်နှာနဲ့ ဖေးလုကို နံရံမှာ ဖိကပ်လိုက်ကာ အသံအက်အက်ကြီးနဲ့ မေးတယ်။
“ဖူကျွင်း?”

ဖေးလု အချုပ်ခံထားရတော့ ဘာဆိုဘာမှ မလှုပ်နိုင်ဘူးဖြစ်နေတယ်။ မျက်လုံးလေး ကလယ်ကလယ်နဲ့ ဟိုကြည့်ဒီကြည့်ပဲ လုပ်နေတယ်။ ချွီလော့ချန်ကို မကြည့်ရဲဘူး။ ခုနက စိတ်လောပြီး ပါးစပ်ထဲ ရှိရာ လျှောက်ပြောလိုက်တာ၊ ဒီလောက် ရှက်စရာကောင်းတဲ့ နာမ်စားကြီး ထွက်သွားမယ်လို့ မထင်ခဲ့မိဘူး။

ချွီလော့ချန်က တိုးတိုးလေး ရယ်ကာ ဖေးလုရဲ့ မျက်နှာကို မေးစေ့ကနေ ကိုင်ပြီး သူ့ဘက် လှည့်ခိုင်းတယ်။
“နျန်ဇီ?”

——-(T/N: ခဏ ဖြတ်ပြောမယ်နော်။ ဖူကျွင်းဆိုတာက ခင်ပွန်းသည်ကို ခေါ်တာပါ။ ဒါက ရှေးခေတ်မလို့ လောင်ကုန်းဆိုပြီး မရေးထားပါဘူး။ ဖူကျွင်း နဲ့ ဖူရန်…. လောင်ကုန်း နဲ့ လောင်ဖော်….. နောက်ပြီး ရှန့်ကုန်း နဲ့ နျန်ဇီ ဆိုပြီးလည်း ရှိသေးတယ်…ဖူရန်က ရှင်မ လို့ လေးလေးစားစားခေါ်တာ။ ဒီနေရာမှာ gongက shouကို နျန်ဇီ (wifey) ဆိုပြီး ချစ်စနိုးနဲ့ခေါ်လိုက်တာပါ။​)

ဖေးလု မျက်နှာကြီး “ဘုန်း” ခနဲ ရဲတက်သွားတယ်။ နားရွက်တွေပါ သွေးရောင်လွှမ်းသွားပြီး ပုဇွန်ပြုတ်လေးလို ကွေးသွား​တော့တယ်။

“ခင်… ခင်ဗျား ဘာတွေ လျှောက်ခေါ်နေတာလဲ?!”

“မင်းက ကိုယ့်ကို ဖူကျွင်းလို့ ခေါ်မှတော့… မင်းက ကိုယ့်နျန်ဇီဖြစ်သွားပြီပေါ့”

ချွီလော့ချန်က နားနားကပ်ပြောတော့ လေပူတွေကြောင့် ဖေးလု ကြက်သီးတွေ ထသွားတယ်။

“အဲဒါက အခြေအနေအရ ဆရာကြီးကို လိမ်လိုက်တာပါ…” ဖေးလုက ဆင်ခြေရှာတယ်။

“ဒါပေမယ့်… ကိုယ်ကတော့ အတည်ယူလိုက်ပြီ”

ချွီလော့ချန်က သူ့မေးစေ့ကို ပင့်လိုက်ကာ မျက်ဝန်းနက်နက်တွေနဲ့ စိုက်ကြည့်နေတော့ ဖေးလု ရှောင်လို့မရတော့ဘူး။

“မင်း နောင်တရမယ် ဆိုရင်တောင်… နောက်ကျသွားပြီ”

ပြောပြီးတာနဲ့ အတင်း ဖိနမ်းတော့တာပဲ။ ဖေးလု ခေါင်းမော့ထားရပြီး သူ့ရဲ့ကျူးကျော်မှုကို လက်ခံလိုက်ရတယ်။ ချွီလော့ချန်ရဲ့ အနမ်းတွေက ကျွမ်းကျင်နေပြီ။ လျှာဖျားလေးက ပါးစပ်ထဲ ဝင်လာပြီး ဖေးလုရဲ့ လျှာလေးနဲ့ လိမ်ယှက်ကစားနေတယ်။

ထိုအချိန် ဂူအပြင်ဘက်မှာ မိုးချုန်းသံ ကြားလိုက်ရတယ်။ လျှပ်စီးလက်သွားလို့ ဂူထဲ လင်းခနဲ ဖြစ်သွားတော့ ဖေးလု ချွီလော့ချန်ရဲ့လည်ပင်းကို အလိုအလျောက် ဖက်လိုက်မိတယ်။

မိုးရေစက်တွေ သဲသဲမဲမဲ ရွာချလာတယ်။ ဖေးလုက မုန်တိုင်းထဲ ရောက်နေတဲ့လှေငယ်လေးတစ်စင်းလိုပဲ။ လှိုင်းလုံးကြီးတွေကြားမှာ နစ်လိုက် ပေါ်လိုက်နဲ့ ဝဲဂယက်ထဲမှာ လည်နေရတယ်။ မိုးရေတွေက လှေတစ်စင်းလုံးကို စိုရွှဲသွားစေတယ်။ ခြောက်သွေ့တဲ့ နေရာတောင် မကျန်တော့ဘူး။ လှေငယ်လေးက မိုးဒဏ်လေဒဏ်ကို အလူးအလဲ ခံနေရရှာတယ်။

မိုးချုန်းသံတွေ ပိုပြီးစိပ်လာတယ်။ ဂူဝက မီးတုတ်လေးလည်း လေတိုက်လို့ ငြိမ်းသွားပြီ။ အမှောင်ထဲမှာ ဖေးလုမှာ ပါးစပ်ဟပြီး အသက်လုရှူနေရတယ်။ တောင်းပန်စကားတောင် မပြောနိုင်တော့ဘူး…

လှေငယ်လေးက ဝဲဂယက်ထဲကနေ ရုန်းထွက်ချင်ပေမယ့် ရေစီးက သန်လွန်းတယ်။ မိုးကလည်း ပိုသည်းလာတယ်။ နောက်ဆုံးတော့ ဝဲဂယက်ထဲမှာပဲ နစ်မြုပ်လိုက်ပါသွားရတော့တယ်…

ဒီ ‘မုန်တိုင်း’ က တော်တော်ကြာတယ်။ အပြင်ဘက်မှာ မိုးတိတ်ပြီး နေရောင်ခြည်နုနု ထွက်လာမှ ဖေးလု လွတ်မြောက်သွားတော့တယ်။

သူ့ခန္ဓာကိုယ်ထဲက အရည်တွေ အကုန်ညှစ်ထုတ်ခံလိုက်ရသလိုပဲ။ အသက်ရှူဖို့လောက်ပဲ အားကျန်တော့တယ်။

ချွီလော့ချန်က အပေါ်ဝတ်ရုံ ချွတ်ပြီး ဖေးလုကို သေချာခြုံပေးလိုက်တယ်။ အနီရောင် ဝတ်စုံက အသားဖြူဖြူလေးနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှု ရှိနေတယ်။

ချွီလော့ချန်ရဲ့ မျက်လုံးတွေ အရောင်မှိန်သွားတယ်။ ဒီလူသားလေးကို ဘယ်လောက်စားစား မဝနိုင်ဘူး။ ရင်ထဲက ဆန္ဒတွေကို မနည်းထိန်းချုပ်ပြီး မေ့မြောနေတဲ့ ချစ်သူကို ပွေ့ချီလိုက်တယ်။

ဖေးလု သတိမရတချက် ရတစ်ချက်နဲ့ ချွီလော့ချန်ရဲ့ရင်ခွင်ထဲ မှီလိုက်ကာ မျက်နှာလေးကို ရင်ဘတ်နဲ့ ပွတ်သပ်နေလိုက်တယ်။သူ့မျက်ခွံတွေက ငိုထားလို့ ရောင်နေတယ်။ ဆံပင်တွေလည်း ရှုပ်ပွနေပြီး မျက်ရည်တွေကြောင့် ပါးပေါ်မှာ ကပ်နေတယ်။ ကြည့်ရတာ သနားစရာလေးပေါ့။

ချွီလော့ချန်က ဆံပင်တွေကို နားရွက်နောက် သပ်တင်ပေးလိုက်တယ်။ ပြီးတော့ မျက်ခွံလေးတွေကို ဖွဖွလေး နမ်းပြီး အိမ်ကို အမြန်ပြန်လာခဲ့လိုက်တယ်။

အိမ်ရောက်တော့ အခန်းထဲက မီးဖိုက မငြိမ်းသေးဘူး။ နွေးနေတုန်းပဲ။ ချွီလော့ချန်က ဖေးလုကိုယ်ပေါ်က အင်္ကျီကို ဖယ်၊ စောင်ကို နွေးအောင်လုပ်ပြီးမှ ဖေးလုကို ထည့်သိပ်လိုက်တယ်။

ဖေးလု မျက်လုံး တစ်ချက်ပွင့်လာပြီး ရင်းနှီးတဲ့ အနီရောင် အရိပ်ကို မြင်တော့ စိတ်ချလက်ချ ပြန်အိပ်သွားတယ်။

ချွီလော့ချန်က သူ အိပ်ပျော်သွားအောင် ချော့သိပ်ပြီးမှ မီးဖိုချောင်ဝင်ကာ ရေနွေးကြိုတယ်။ ဂူထဲမှာ ဘာမှမရှိတော့ ဖေးလုဗိုက်ထဲကို သူ (အရည်တွေ) အများကြီး ထည့်ခဲ့တာ။ ဒီအတိုင်း ထားလိုက်လို့ မဖြစ်ဘူးလေ။

ရေနွေးအိုး တည်ထားတာ နာရီဝက်လောက် ကြာသွားတယ်။ ရေချိုးကန် အပြည့်ဖြည့်ပြီး နောက်ထပ် ရေနွေးအိုးတစ်လုံး ထပ်တည်ထားလိုက်တယ်။ ပြီးမှ ရေချိုးကန်ကို မပြီး အခန်းထဲ ဝင်လာလိုက်တယ်။

ဖေးလုကတော့ အိပ်မောကျနေတယ်။ ရင်းနှီးတဲ့ နေရာလေးမို့ မျက်နှာလေးက အေးချမ်းနေတယ်။ လိမ်လိမ်မ္မာမ္မာလေး။

အခန်းထဲ နွေးလာတော့မှ ချွီလော့ချန်က ဖေးလုကို စောင်ထဲကနေ ပွေ့ထုတ်ပြီး ရေနွေးငွေ့ တထောင်းထောင်းထနေတဲ့ ရေချိုးကန်ထဲ ထည့်လိုက်တယ်။

ဖေးလု တော်တော် ပင်ပန်းနေရှာတာ။ အိပ်ချင်လွန်းလို့ မျက်လုံးတောင် မဖွင့်နိုင်ဘူး။ ချွီလော့ချန် သူ့ကို ကိုင်တွယ်နေတာ သိပေမယ့် မျက်မှောင်ကြုတ်ပြီး ညည်းညူရုံပဲ တုံ့ပြန်တယ်။ လုံးဝ မထနိုင်ဘူး။

ချွီလော့ချန်က ကန်အပြင်ဘက်ကနေ လှမ်းဆေးကြောပေးနေတာ။ လွှတ်လိုက်ရင် ဖေးလုက ရေထဲ လျှောကျသွားရော။ ဖမ်းထိန်းထားရတာနဲ့ သူ့လက်မောင်းတွေ ရေစိုကုန်တယ်။ နောက်ဆုံး မတတ်နိုင်တော့ဘဲ သူလည်း အဝတ်ချွတ်ပြီး ရေထဲ ဆင်းလိုက်တော့တယ်။

ရေချိုးကန်က မသေးပေမယ့် လူနှစ်ယောက်စာအတွက်ကျတော့ ကျဉ်းတယ်။ ချွီလော့ချန် ဝင်လိုက်တာနဲ့ ရေတွေ လျှံကျကုန်တယ်။ ကြမ်းပြင်ပေါ် ရေတွေ ပြည့်သွားတယ်။

ချွီလော့ချန် ဂရုမစိုက်တော့ဘဲ နေရာယူထိုင်လိုက်တယ်။ ပျော့ခွေနေတဲ့ ဖေးလုကို ပေါင်ပေါ်တင်ပြီး ရေနွေးနွေးလေးနဲ့ ဗိုက်ထဲ ဝင်သွားတဲ့ အရာတွေကို ဆေးကြောသန့်စင်ပေးတော့တယ်။

ရေနှစ်ခါလောက် လဲပြီးမှ ဖေးလု သန့်ရှင်းသွားတယ်။ ချွီလော့ချန်က မျက်နှာမကောင်းဘဲ ဖင်တုံးလုံး ဖေးလုကို စောင်ထဲ ပြန်ထည့်ပေးလိုက်တယ်။ သူကတော့ ခြံထဲဆင်းပြီး ပိုနေတဲ့ အားအင်တွေကို ထွက်ကုန်ပေးရ (ကစားရ) တော့တယ်။

ဖေးလု နေ့လယ်လောက်မှ မျက်လုံးကို ပွတ်သပ်ပြီး နိုးလာတယ်။ ကိုယ်လုံးတီးလေးနဲ့ စောင်ချောချောလေးကို ပွတ်မိတော့ နေလို့ကောင်းပြီး လူးလိမ့်နေလိုက်တယ်။

သူ့ဦးနှောက်က မကြည်လင်သေးဘူး။ နှစ်ပတ်လောက် လှိမ့်ပြီးမှ ကိုယ်ပေါ်မှာ ဘာမှမရှိမှန်း သတိထားမိတယ်။အဲ့တော့မှ မျက်လုံးပြူးသွားပြီး သူခိုးလူမိသလို ဘယ်ညာကြည့်လိုက်တယ်။ လူမရှိတာ သေချာမှ သက်ပြင်းချပြီး စောင်ကို လည်ပင်းထိ ဆွဲခြုံကာ ခေါင်းလေးပဲ ဖော်ထားလိုက်တယ်။ ပြီးနောက် အဝတ်အစား လိုက်ရှာတယ်။

ဒါပေမယ့် ဘယ်လောက်ရှာရှာ အဝတ်အစား ရှာမတွေ့ဘူး။

စိတ်ထဲကနေ ချွီလော့ချန် နှာဘူးကောင်ကို ကျိန်ဆဲလိုက်တယ်။ ပြီးတော့ အသက်အောင့်ပြီး လှမ်းခေါ်လိုက်တယ်။​ထွက်လာတဲ့အသံက နည်းနည်း အက်နေသေးတယ်။

“ချွီလော့ချန်!”

လှံကစားနေတဲ့ ချွီလော့ချန် ရပ်သွားပြီး မျက်လုံးထဲမှာတော့ အပြုံးရိပ်တွေ ယှက်သန်းလာတယ်။ သူ လှံကို ပစ်ချထားခဲ့ပြီး အသံလာရာဆီ ခြေလှမ်းကျဲကြီးနဲ့ လျှောက်လာခဲ့တယ်။

တံခါးပွင့်လာတော့ ဖေးလုက ဒေါသမျက်လုံးနဲ့ စိုက်ကြည့်ပြီး ရန်တွေ့တယ်။

“ခင်ဗျား ကျွန်တော့်အဝတ်အစားတွေ ဘယ်မှာ သွားဝှက်ထားတာလဲ?!”

Chapter 39 ended

Translator Note!
မက်မွန်သစ်သားဓား
တရုတ်ရိုးရာ အယူအဆနဲ့ တာအိုဘာသာမှာ မက်မွန်ပင်က သစ်သားက “နတ်သစ်သား” ဖြစ်ပြီး မကောင်းဆိုးဝါးတွေ၊ သရဲတစ္ဆေတွေကို နှိမ်နင်းနိုင်စွမ်း ရှိတယ်လို့ ယုံကြည်ကြပါတယ်။ အဲ့ဒါကြောင့် တာအိုဆရာတွေက သရဲဖမ်းရင်၊ စုန်းကဝေ နှိမ်ရင် မက်မွန်သားနဲ့ လုပ်ထားတဲ့ ဓား ကို အဓိက လက်နက်အဖြစ် အသုံးပြုကြလေ့ရှိပါတယ်တဲ့။ ဂလူးဂလူးကနေ မ,လာတာပါ။

——-

​”ဝတ်ရုံလက်ပြတ်”ရဲ့ နောက်ခံသမိုင်းကြောင်း….
​ဒီစကားလုံးက တရုတ်သမိုင်းရာဇဝင်ထဲက ဟန်မင်းဆက်လက်ထက်….ဧကရာဇ်အိုက်နဲ့ သူ့ရဲ့အချစ်တော် သို့ရှန်းတို့ရဲ့ အချစ်ဇာတ်လမ်းကနေ ဆင်းသက်လာတာပါ။
​ဇာတ်လမ်းက ဒီလိုပါ –
တစ်နေ့မှာ ဧကရာဇ်အိုက်နဲ့ သို့ရှန်းတို့ နှစ်ယောက်သား နေ့ခင်းဘက် အတူ အိပ်စက်နေကြတာ။ ဧကရာဇ်က အရင် နိုးလာပြီး ကုတင်ပေါ်က ထမလို့ လုပ်တယ်။ ဒါပေမယ့် သူ့ရဲ့ အင်္ကျီဝတ်ရုံလက်စ (ရှေးခေတ် ဝတ်ရုံလက်ပြားကြီး) က သို့ရှန်းရဲ့ ခန္ဓာကိုယ်အောက်မှာ ပိနေတာ။
သို့ရှန်းကို ကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို တွေ့ရတယ်။ ဧကရာဇ်က သူ့အချစ်တော်လေး အိပ်ရေးပျက်မှာ၊ လန့်နိုးသွားမှာကို စိုးရိမ်တာနဲ့ အင်္ကျီကို ဆွဲမယူရက်တော့ဘဲ ဓားနဲ့ သူ့ရဲ့ ဝတ်ရုံလက်စကို ဖြတ်တောက်ပြီး ထသွားခဲ့တာ။
​ဒါက ဧကရာဇ်ရဲ့ သူ့ချစ်သူအပေါ်ထားတဲ့ နက်ရှိုင်းတဲ့ မေတ္တာနဲ့ ဂရုစိုက်မှုကို ပြသခဲ့တာ။ အဲဒီအချိန်ကစပြီး တရုတ်စာပေတွေမှာ ယောကျ်ားချင်း ချစ်ကြိုက်တာကို “ဝတ်ရုံလက်ပြတ် မေတ္တာ” လို့ တင်စားခေါ်ဝေါ်လာခဲ့ကြတာပါတဲ့။ ဂလူးဂလူးကနေ မ,လာတာပါ။

—====

မုန်တိုင်းအခန်းက papapa လုပ်တဲ့အခန်းနော်။

 

Chapter 40

“ခင်ဗျား ကျွန်တော့်အဝတ်အစားတွေ ဘယ်မှာ သွားဝှက်ထားတာလဲ?!”

ချွီလော့ချန်က တင်းတင်းစည်းထားတဲ့ စောင်ပုံကြီးကို ကြည့်ပြီး ပြုံးလိုက်တယ်။

“မင်းအဝတ်အစားတွေက မနေ့ညက စုတ်ပြတ်ကုန်လို့ ကိုယ်လွှင့်ပစ်လိုက်ပြီ”

ဖေးလု မျက်နှာ ပြန်ရဲသွားတယ်။ မျက်လုံးဝိုင်းဝိုင်းလေးတွေထဲမှာ ရေငွေ့တွေ ပြည့်လာပြီး ဒေါသထွက်တာ မဟုတ်ဘဲ ချစ်စရာ ကောင်းနေပြန်တယ်။

တစ်ကိုက်လောက် ကိုက်စားချင်စရာလေး။

“ဒါဆို ကျွန်တော့်ရဲ့ တခြားအဝတ်အစားတွေကရော?”

ချွီလော့ချန်ရဲ့ လည်စေ့က နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားတယ်။ သူစိတ်ကူးကြည့်တယ်….ကောင်လေးကို အခန်းထဲမှာ ပိတ်လှောင်ထားမယ်၊ အဝတ်အစားလည်း ပေးမဝတ်ဘူး၊ သနားစရာကောင်းတဲ့ မျက်နှာလေးနဲ့ သူ့ဆီက အဝတ်အစားကို လာတောင်းရမယ်… စိတ်ကူးယဉ်လိုက်တာနဲ့တင် သူ့ရင်တွေ ခုန်လာတယ်။

ဖေးလုက ချွီလော့ချန်ရဲ့ အကြည့်တွေ ရုတ်တရက် ပူလောင်လာတာကို သတိထားမိလိုက်တယ်။ သတိနဲ့ နောက်ဆုတ်လိုက်ပြီး စောင်ကို ပိုလုံအောင် ဆွဲခြုံလိုက်တယ်။

“အဝတ်အစားတွေ ပေး!”

ချွီလော့ချန်က ကုတင်ဘေးမှာ ဝင်ထိုင်လိုက်တယ်။ သူ့လက်ချောင်းလေးတွေက စောင်အပေါ်ကနေ ပုံဖော်ဆွဲနေတယ်။

“နားထောင်လို့ကောင်းတာလေး တစ်ခုလောက် ခေါ်ကြည့်… ပေးမယ်”

ဖေးလု : “…”

ဖေးလုရဲ့ ပါးလေး ဖောင်းသွားတယ်။သူ မကျေမနပ် စွပ်စွဲလိုက်တယ်။

“ခင်ဗျား တော်တော် အခွင့်ကောင်းယူတာပဲ!”

ချွီလော့ချန်ကလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံတယ်။
“အင်း… အခွင့်ကောင်း ယူတာလေ”

ဖေးလု : “…”

ရက်စက်လိုက်တာ!

မနေ့ညက ချွီလော့ချန် အတင်းပြောခိုင်းခဲ့တဲ့ စကားလုံးတွေကို သတိရသွားတော့ ဖေးလု လည်ပင်းတွေပါ နီရဲလာတယ်။ ပါးစပ်က ပွစိပွစိ လုပ်နေပေမယ့် ချွီလော့ချန် ကြားချင်တဲ့ စကားလုံး နှစ်လုံးတော့ ထွက်မလာဘူး။

ချွီလော့ချန်က စိတ်ရှည်လက်ရှည် စောင့်နေတယ်။

ဖေးလု ဒေါသတကြီး မျက်စောင်းထိုးလိုက်တယ်။ ခေါင်းကို စောင်ထဲ ပြန်သွင်းလိုက်ပြီး စောင်ထဲကနေ အသံအုပ်အုပ်လေး ထွက်ပေါ်လာတယ်။

“ဖူကျွင်း”

“အင်း… ကိုယ် ရှိတယ်”

ချွီလော့ချန် ထူးလိုက်ပြီး စောင်ထဲကနေ ဖေးလုကို ဆွဲထုတ်ဖို့ လုပ်တယ်။ ဖေးလုက ပိုးကောင်လေးလိုပဲ ဘယ်လူးညာလူး လုပ်ပြီး အဖမ်းမခံဘူး။ ချွီလော့ချန် ရယ်လိုက်ပြီး စောင်ရော လူပါ သိမ်းကျုံးဖက်လိုက်တယ်။

“မင်းက ဘာလို့ ဒီလောက် ချစ်ဖို့ကောင်းနေတာလဲ…”

ပိုးကောင်လေး ငြိမ်ကျသွားပြီး ငါးသေတစ်ကောင်လို တောင့်တောင့်ကြီး နေလိုက်တယ်။ သူ ချစ်ဖို့မကောင်းပါဘူးလို့ ဆန္ဒပြနေသလိုပဲ။

ချွီလော့ချန် သူ့ကို တို့ထိလိုက်တယ်။

“မင်းကတော့လေ… စောင့်နေ၊ အဝတ်အစား သွားယူပေးမယ်”

ကုတင်မွေ့ရာ ကြွတက်သွားပြီး ချွီလော့ချန် ထွက်သွားမှ ပိုးကောင်လေးက ပိုးအိမ်ထဲကနေ ခေါင်းပြူထွက်လာတယ်။ စောင်ထဲမှာ လူးလိမ့်ထားလို့ ဆံပင်တွေက ရှုပ်ပွနေတယ်။ မျက်နှာလေးက ရဲနေပြီး မျက်တောင်လေးတွေပေါ်မှာ မျက်ရည်စက်တွေ ရှိနေသေးတယ်။ ဒီပုံစံကိုသာ ချွီလော့ချန် မြင်သွားရင် ရေအေးချိုးဖို့ နောက်တစ်ခေါက် ထပ်သွားရမှာ သေချာတယ်။

ဖေးလု စောင်ကို ဖက်ပြီး နှစ်ပတ်လောက် ထပ်လှိမ့်လိုက်တယ်။ ရင်ထဲက ပျော်ရွှင်မှုတွေကို မထိန်းချုပ်နိုင်ဘူး။ ကိုယ်ချစ်တဲ့သူနဲ့ ‘အဲလို’ ဖြစ်ရတာ တကယ် ပျော်ဖို့ကောင်းတာပဲ။ နည်းနည်းတော့ ရှက်ပေမယ့်ပေါ့။

ချွီလော့ချန် အဝတ်အစားတစ်စုံ ကိုင်ပြီး ပြန်ရောက်လာတယ်။ အဝတ်အစား အသစ်တွေ။ တိမ်ပြာရောင် ပိုးသားအဝတ်အစားက ကိုင်လိုက်ရင် ချောမွတ်ပြီး နေလို့ကောင်းတယ်။ ဖေးလု အတွင်းခံအင်္ကျီကို စောင်ထဲ ဆွဲယူပြီး တရှပ်ရှပ် ဝတ်လိုက်တယ်။ ပြီးမှ စောင်ဖယ်ပြီး အပေါ်ဝတ်ရုံ ထပ်ဝတ်တယ်။

ဖေးလု အသားအရေက ဖြူတော့ အပြာရောင်နဲ့ လိုက်တယ်။ ကမန်းကတန်း ဝတ်ပြီးတာနဲ့ ဘယ်ပြန်ညာပြန် လှည့်ကြည့်ပြီး ကျေနပ်သွားတယ်။ သူ ချွီလော့ချန်ကို လက်မထောင်ပြလိုက်တယ်။ အကြိုက်တူသားပဲ။

ချွီလော့ချန်က ဖေးလု ခါးပတ် စည်းထားတဲ့ ပုံစံကို ကြည့်ပြီး ရယ်ချင်သွားတယ်။ ဒီအဝတ်အစား ဒီဇိုင်းက နည်းနည်း ရှုပ်ထွေးတယ်။ ခါးပတ်စည်းနည်းကလည်း မတူဘူး။ သူဖုန်းစားလေးက ဘာမှ နားမလည်ဘဲ ခါးမှာ ရမ်းသမ်းပတ်ထားပြီး ကျေနပ်နေတာ။

သူ နဖူးကို လက်နဲ့ ထောက်လိုက်မိတယ်။ ချွီလော့ချန် ဒူးထောက်ချလိုက်ပြီး ခါးပတ်ကို ဖြည်၊ သေချာ ပြန်စည်းပေးလိုက်တယ်။

“အူကြောင်ကြောင်လေး… ခါးပတ်တောင် မစည်းတတ်ဘူး”

ချွီလော့ချန်က အာရုံစိုက်ပြီး ခါးပတ်စည်းပေးနေတာကို ကြည့်ရင်း ဖေးလု မျက်နှာလေး ရဲလာတယ်။ ရင်ထဲမှာတော့ သမင်ပျိုလေး တစ်ကောင် ခုန်ပေါက်နေသလိုပဲ။ သူ ပါးဖောင်းလိုက်ပြီး ပါးစပ်ကနေ လွှတ်ခနဲ ပြောမိသွားတယ်။

“နောက်ဆို ခင်ဗျား စည်းပေးရင် ပြီးနေတာပဲကို”

ချွီလော့ချန် ကြောင်အသွားတယ်။ ခဏနေမှ မော့ကြည့်လာပြီး သူ့မျက်လုံးတွေက ကြယ်ရောင်တွေလို တောက်ပနေတယ်။

“ကောင်းပြီ”

——–

ဆောင်းရာသီက ပိုပိုအေးလာတယ်။ လမ်းပေါ်မှာ လူသွားလူလာ နည်းသွားတယ်။ ဈေးသည်တွေလည်း တစ်ဝက်လောက် လျော့သွားတယ်။ ရောင်းတဲ့သူတွေကလည်း နောက်ကျမှလာပြီး စောစောပြန်သိမ်းကြတယ်။

အရင်က စည်ကားခဲ့တဲ့ လမ်းမကြီးက ခြောက်ကပ်နေတယ်။ လူတွေက အိမ်ထဲမှာ မီးလှုံရင်း ဆောင်းကုန်မယ့်ရက်ကို စောင့်နေကြတယ်။

ရှေးခေတ်က ဘဝက ပျင်းစရာ ကောင်းတယ်။ အထူးသဖြင့် ဒီလို အေးခဲနေတဲ့ ဆောင်းရာသီမှာ အိမ်ထဲနေပြီး မီးဖိုကို ထိုင်ကြည့်နေရုံကလွဲရင် အချိန်ကုန်စရာ နည်းလမ်း သိပ်မရှိဘူး။

ဖေးလုက အတွင်းခံအင်္ကျီ ပါးပါးလေး ဝတ်ပြီး ကုတင်ပေါ်မှာ ပျင်းရိစွာ လှဲနေတယ်။

အခန်းထောင့် လေးဖက်လုံးမှာ မီးဖိုတွေ ထားထားပြီး တံခါးနဲ့ ပြတင်းပေါက်တွေ အလုံပိတ်ထားတော့ အခန်းတစ်ခုလုံး နွေးထွေးနေတယ်။ ချွီလော့ချန်က ကုတင်ပေါ်မှာ မှီပြီး စာဖတ်နေတယ်။ ဖေးလုကတော့ ပျင်းလွန်းလို့ ငြိမ်မနေနိုင်တော့ဘူး။

ဒူးကိုပိုက်ပြီး ကုတင်ခေါင်းရင်းကနေ ခြေရင်းထိ လှိမ့်သွားတယ်။ ခြေရင်းကနေ ပြန်လှိမ့်လာတယ်။ ပြီးတော့ ချွီလော့ချန် ရင်ခွင်ထဲ အရှိန်နဲ့ ဒလိမ့်ခေါက်ကွေး ဝင်သွားတယ်။

ချွီလော့ချန်ရဲ့လက်ထဲက စာအုပ် လွတ်ကျသွားတယ်။ သူ စာအုပ်ကို ဘေးချပြီး ကိုယ့်သဘောနဲ့ကိုယ် ရောက်လာတဲ့ ယုန်ဖြူလေးကို ဖက်လိုက်ကာ စိတ်ကြိုက် ပွတ်သပ်နှိပ်နယ်ပေးလိုက်တယ်။

“ပျင်းနေပြီလား?”

“အင်း”
ဖေးလု ခြေထောက်ကို ကန်လိုက်တယ်။
“ဆက်နေရင် မှိုတက်တော့မယ်”

ချွီလော့ချန်က ဖေးလုကို ပွေ့ပြီး ပေါင်ပေါ် တင်လိုက်တယ်။ မေးစေ့က ဖေးလု ခေါင်းပေါ် တင်လို့ ကွက်တိပဲ။ ဖေးလုရဲ့ ဆံပင်လေးတွေက နူးညံ့နေတော့ ပွတ်သပ်ရတာ ကောင်းတယ်။ ချွီလော့ချန်က ကျေနပ်စွာနဲ့ ဆံပင်တွေကို ပွတ်သပ်ရင်း ပြောတယ်။

“ပျင်းနေရင်…ကိုယ် ပုံပြင်ပြောပြမယ်လေ”

ပုံပြင်ဆိုတာနဲ့ ဖေးလု ငြိမ်ကျသွားတယ်။သူ ရင်ခွင်ထဲ မှီပြီး နားထောင်ဖို့ ပြင်လိုက်တယ်။

ချွီလော့ချန် ပြုံးလိုက်မိတယ်။သူ ဖေးလုရဲ့ လက်ချောင်းလေးတွေကို ကိုင်ပြီး ဆော့ကစားရင်း စဉ်းစားတယ်။

“ဘယ်ကနေ စပြောရမလဲ…”

“အစဆုံးကနေပဲ ပြောကြတာပေါ့…”

“လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်က… ဒီမြို့လေးမှာ မိသားစုတစ်စု ရှိခဲ့တယ်။ အိမ်ထောင်ဦးစီးက စစ်မှုထမ်းတစ်ယောက်။ စစ်ပွဲတစ်ခုမှာ သူက နိုင်ပွဲရခဲ့တယ်…”

ချွီလော့ချန် အသံက တိုးညှင်းတယ်။ အတိတ်က အမှတ်တရတွေကို ဖြည်းဖြည်းချင်း ပြန်ပြောပြနေတာ။ အေးစက်တဲ့ လက်ဖဝါးက ဖေးလုရဲ့ နွေးထွေးတဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ထားတယ်။ ဖေးလု ပြန်ဆုပ်ကိုင်ပေးလိုက်တယ်။ စိတ်ထဲမှာ သူ ရိပ်မိနေပြီ။

“နောက်တော့ရော? သူ ရာထူးကြီး ရသွားတာလား?”

ချွီလော့ချန် ရယ်လိုက်တယ်။

“အင်း… စစ်သူကြီး ဖြစ်သွားတယ်။ မိသားစုတစ်ခုလုံး မြို့တော်ကို ပြောင်းသွားကြတယ်”

“မြို့တော်က ဒီမြို့လေးထက် အများကြီး သာတာပေါ့။ အိမ်ရှင်မက ဆန်၊ ဆီ၊ ဆား၊ မီး အတွက် ပူစရာ မလိုတော့ဘူး။ ကလေးတွေကလည်း ကြက်ဥတစ်လုံး ပိုစားရဖို့ အချင်းချင်း ရန်သတ်စရာ မလိုတော့ဘူး…”

ဖေးလုက ဆုပ်ကိုင်ထားတဲ့ လက်ချောင်းလေးတွေကို တစ်ချောင်းချင်း ဖြည်ပြီး နမ်းလိုက်တယ်။ ပြီးတော့ ရင်ခွင်ထဲ ထည့်ဖက်ပြီး ပုတ်ပေးလိုက်တယ်။

“ဒါ ကောင်းတာပဲလေ”

ချွီလော့ချန် ကြောင်သွားတယ်။သူ ရယ်လိုက်မိပေမယ့် ပျော်တဲ့အသံတော့ မပါဘူး။

“ကောင်းတော့ ကောင်းပါတယ်… ဒါပေမယ့် ကြာကြာမခံလိုက်ဘူး”

“မြို့တော်မှာ နေရတာ မလွယ်ဘူး။ စစ်သူကြီးက တိုက်ပွဲတိုင်း နိုင်တယ်။ အရွယ်မရောက်သေးတဲ့ သူ့သားကလည်း စွမ်းဆောင်ရည် ကောင်းတယ်။ အဲဒီအချိန်က သူတို့သားအဖ အတောက်ပြောင်ဆုံး အချိန်ပဲ။ မြို့တော်က အထက်တန်းလွှာတွေတောင် သူတို့ကို မြင်ရင် ရှောင်ပေးရတဲ့ အခြေအနေ…”

“ပြည်သူတွေက စစ်သူကြီးအတွက် ဘုရားကျောင်းတောင် ဆောက်ပေးကြတယ်”
ချွီလော့ချန်က ရယ်လိုက်တယ်။ ဟာသတစ်ခုကို ပြောနေသလိုပဲ။

“စစ်သူကြီးရဲ့မိသားစုကို ဖြုတ်ချဖို့အတွက် နန်းတွင်းမှူးမတ်တွေက နည်းမျိုးစုံ သုံးကြတယ်။ ပြည်သူတွေကြားထဲ ကောလဟာလ လွှင့်တာတွေ၊ ဘုရားကျောင်းမှာ လူစည်ကားအောင် လုပ်တာတွေ… အားလုံးက သူတို့ရဲ့ လုပ်ကြံမှုတွေပဲ”

“… အဲဒါတွေ အားလုံး ပေါင်းလိုက်တော့ ဘုရင်က သံသယဝင်လာပြီး သတ်ချင်တဲ့စိတ် ပေါက်လာတော့တာပဲ”

“ဒါပေမယ့် စစ်သူကြီးရဲ့မိသားစုက ဘာမှ မသိရှာဘူး။ ရယ်စရာ မကောင်းဘူးလား… ဘုရင်က သူတို့အိမ်ကို ဘယ်လို သိမ်းရမလဲ ကြံစည်နေတဲ့အချိန်မှာ သူတို့သားအဖက စစ်မြေပြင်မှာ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေကြတုန်း…”

ချွီလော့ချန်ရဲ့ လက်မောင်းမှာ အကြောတွေ ထောင်လာတယ်။သူ လက်သီးဆုပ်ထားလွန်းလို့ လက်သည်းတွေက အသားထဲ စိုက်ဝင်မတတ်ပဲ။

“မင်းပြောကြည့်… သူတို့က ဘာလို့ ဒီလောက်တောင် အ ရတာလဲ?”

ဖေးလု လက်မောင်း နာသွားပေမယ့် ကြိတ်ခံပြီး ချွီလော့ချန်ကို နှစ်သိမ့်ပေးလိုက်တယ်။
“မင်းတို့ အ တာ မဟုတ်ပါဘူး။ ဟိုလူတွေကိုက ယုတ်မာလွန်းတာပါ…”

ချွီလော့ချန်က ဖေးလုရဲ့ လည်ပင်းကြားထဲ ခေါင်းဝှက်လိုက်တယ်။

“စောစောစီးစီးသာ ရိပ်မိခဲ့ရင်…”

ဒါဆိုရင် လူတွေ အများကြီး အလကားသက်သက် မသေရတော့ဘူးပေါ့။

ဖေးလု လည်ပင်းမှာ စိုစွတ်လာတာကို ခံစားလိုက်ရတော့ ရင်ထဲ နင့်သွားတယ်။သူ လှည့်ပြီး မဖက်မိအောင် မနည်း ထိန်းထားရတယ်။

“အကောင်းနဲ့အဆိုး ဒွန်တွဲနေတာပဲလေ။ အဲဒီလူတွေလည်း ဇာတ်သိမ်းကောင်းမှာ မဟုတ်ပါဘူး”

ချွီလော့ချန် သက်ပြင်းချလိုက်တယ်။သူက မော့ကြည့်ပြီး ဖေးလုပါးကို သူ့ပါးနဲ့ ပွတ်သပ်တယ်။ ခုနက ငိုထားတာ သူ မဟုတ်သလိုပဲ။

“အရူးလေး… လူသတ် မီးရှို့တဲ့ကောင်တွေက ရာထူးကြီးကြီး ရကြတယ်။ တံတားခင်း လမ်းပြင်တဲ့ လူကောင်းတွေကျတော့ အလောင်းတောင် ပြန်မရဘူး။ ဘယ်မှာလဲ တရားမျှတမှု?”

ကောင်းကင်က မတရားဘူး။ ဒါကြောင့် သူ ကိုယ်တိုင် လက်စားချေရတာ။

ဖေးလု ဘာပြန်ပြောရမှန်း မသိတော့ဘူး။ တကယ်တမ်း ပြောရရင် ချွီလော့ချန်သာ သရဲကြမ်း မဖြစ်လာခဲ့ရင် ချွီမိသားစုရဲ့ အဖြစ်မှန်က ဘယ်တော့မှ ပေါ်လာမှာ မဟုတ်ဘူး။

သူ ကိုယ်ကိုလှည့်ပြီး ကုတင်ပေါ် ဒူးထောက်လိုက်ကာ ချွီလော့ချန်ကို မျက်နှာချင်းဆိုင် ဖက်လိုက်တယ်။

“ဒီပုံပြင်က နည်းနည်းမှ မကောင်းဘူး။ ငါ ဆက်မနားထောင်ချင်တော့ဘူး”

ချွီလော့ချန်က ပြန်ဖက်ထားတယ်။ သူ့ကိုယ်အပူချိန်က အေးစက်လွန်းလို့ အခန်းထဲက အပူငွေ့တွေတောင် မနိုင်ဘူး။

“ဇာတ်သိမ်းကို မသိချင်တော့ဘူးလား?”

“မသိချင်ဘူး”
ဖေးလု ခေါင်းခါပြီး ပိုတိုးဖက်လိုက်တယ်။
“အဲဒါတွေက အတိတ်က ဟာတွေပဲ။ ငါတို့ ရှေ့ကိုပဲ ကြည့်ကြရအောင်”

ချွီလော့ချန် ကြောင်သွားတယ်။ ပြီးမှ ပြုံးလိုက်ပြီး ဖေးလုကို ဆွဲယူကာ နမ်းလိုက်တယ်။

“ဟုတ်တယ်… ရှေ့ကိုပဲ ကြည့်ရမယ်”

ဖေးလုက ဒီတစ်ခါ အရမ်း လိမ္မာနေတယ်။ ချွီလော့ချန်ရဲ့ ရင်ဘတ်ကို လက်နဲ့ထောက်ပြီး ပါးစပ်ဟပေးတယ်။ လျှာဝင်လာတာကို ခွင့်ပြုပြီး ရှက်ရှက်နဲ့ တုံ့ပြန်တယ်။

ယုန်ဖြူလေးက မုဆိုးရဲ့ ဝမ်းနည်းမှုကို နှစ်သိမ့်ပေးချင်လို့ မုဆိုးရင်ခွင်ထဲ တိုးဝင်လာတာကို မုဆိုးက လက်ခံလိုက်တယ်။ မုဆိုးက ယုန်ဖြူလေးရဲ့ အမွေးနုနုလေးတွေကို ဖယ်ရှားပြီး ပန်းရောင် အသားနုနုလေးကို စားသုံးလိုက်တယ်။ ဗိုက်ဆာနေတဲ့ မုဆိုးက ယုန်သားလေးကို အကုန် စားပစ်လိုက်တော့တယ်။

ချွီလော့ချန်က ဒီတစ်ခါ အရမ်း နူးညံ့တယ်။ တစ်ခါပဲ လုပ်တယ်။ ဖေးလု အားအင်တွေ ကျန်သေးတော့ ချွီလော့ချန်ရဲ့ ရင်ခွင်ထဲ မှီပြီး လက်ကိုကိုင်ကာ တရားချတယ်။

“လူဆိုးတွေကို ပိုဆိုးတဲ့သူတွေက ရှင်းပစ်ပါလိမ့်မယ်။ ငါတို့ လက်ကို ညစ်ပတ်မခံနဲ့နော်”

ချွီလော့ချန်က လက်ဖဝါးလေးကို ပွတ်သပ်ပေးရင်း နှုတ်ခမ်းကို ဖိနမ်းလိုက်တယ်။

“မင်း ရှိနေသရွေ့ ကိုယ် မဆိုးသွမ်းပါဘူး”

တကယ်တော့ ချွီမိသားစုရဲ့ အငြိုးအတေးတွေက ကုန်သွားခဲ့ပြီ။ ရင်ခွင်ထဲက လူကလွဲရင် သူ့စိတ်ကို လှုပ်ရှားစေမယ့်အရာ မရှိတော့ဘူး။

“ဒါဆိုရင် နောက်ဆို ညဘက် အပြင်မထွက်နဲ့တော့”

ဖေးလုက အခွင့်ကောင်းယူပြီး ဈေးဆစ်တယ်။သူက ချွီလော့ချန်ရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး ပြောတယ်။

“တကယ်လို့ ခင်ဗျား မနေနိုင်ရင်… ကျွန်တော့်သွေးကို သောက်လေ… ကျွန်တော် တိုက်ပါ့မယ်”

Chapter 40 ended

(T/N: အရှေ့ကအပိုင်းတွေမှာ ‘နိုင်ငံရေးသမားတွေ’ လို့ ဘာသာပြန်မိထားပါတယ်။ အခုကစပြီး နန်းတွင်းမှုးမတ်များလို့ ဘာသာပြန်ပါမယ်။)

 

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

ငါ့လူနာတွေက ငါ့ကိုချစ်မိသွားကြတယ်တဲ့!

Status: Ongoing Type: Author: Released: 2017

ဇာတ်လမ်းအကျဉ်း

​ဖေးလုဆိုတာ ဖက်ဒရယ်နိုင်ငံရဲ့ နံပါတ် ၁ အဆင့်ရှိတဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက်။

တစ်နေ့ကျတော့ ဖက်ဒရယ်အစိုးရရဲ့ ဖိတ်ကြားချက်အရ စိတ်ရောဂါခံစားနေရတဲ့ စစ်သည်တွေကို ကုသပေးဖို့ သူလက်ခံလိုက်တယ်။

ဒါပေမယ့် အခြေအနေက တစ်မျိုးကြီး ဖြစ်နေတယ်။ သူ့လူနာတွေအားလုံးက... သူ့ကို 'ချစ်' (တက်လုပ်) ချင်နေကြတာ။

​လူနာ (၁) - "မင်းက ငါ့အပိုင်ပဲ!"

လူနာ (၂) - "မင်း ထွက်သွားရဲရင် သွားစမ်း၊ ငါ မင်းကို သတ်ပစ်လိုက်မယ်!"

.....

လူနာ (N) - "ငါ သေသွားမှပဲ မင်း လွတ်မြောက်မှာပါ..."

​ဖေးလု - "..." (ဆွံ့အ)

​ဇာတ်ကောင်စရိုက်များ

​ အတည်ပေါက်ဖမ်းတတ်တဲ့ Shou × တကယ် ရောဂါရှိတဲ့ Gong

​မှတ်ချက် - Gong က တစ်ယောက်တည်းပါ။ Shou က သူ့ရဲ့ စိတ်စွမ်းအင်ကိုသုံးပြီး လူနာတွေရဲ့ စိတ်ကမ္ဘာထဲကို ဝင်ရောက်ကုသပေးရတာပါ။

​တစ်ကြောင်းတည်းနဲ့ ပြောရရင် - "ကျွန်တော်က ခင်ဗျားကို ရောဂါလာကုပေးတာလေ၊ ခင်ဗျားက ကျွန်​တော့်ကို ပြန်ပြီး တက်လုပ်ချင်နေတာလား!"

​【အထူးသတိပေးချက်】

Shou ရောက်နေတဲ့ ကမ္ဘာက အနာဂတ်ကာလဖြစ်ပါတယ်။ ဒီထဲက စိတ်ကုထုံးပညာရှင်ဆိုတာ သာမန် စိတ်ရောဂါကုဆရာဝန်မဟုတ်ပါဘူး။ လူနာကို ကုသတဲ့နေရာမှာ စိတ်စွမ်းအင်ကို သုံးပြီး ကုသတာမို့ 'စိတ်စွမ်းအားရှင်'ပုံစံမျိုးလို့ မှတ်ယူပေးပါ။ ဒါကြောင့် သာမန်ဆရာဝန်တွေနဲ့ မရောထွေးပါနဲ့နော်။

​အခြားအချက်အလက်များ

​Main Shou ပါ။ 1v1 (တစ်ယောက်တစ်ယောက်) ပါ။ Gong နဲ့ Shou ကလွဲပြီး တခြားလူမရှိပါဘူး။ Gong က စိတ်ဒဏ်ရာကြောင့် Personality တွေ ကွဲနေတာပါ။

​ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းဖြစ်တာမို့ ယုတ္တိဗေဒLogicတွေ သိပ်လိုက်မရှာပါနဲ့၊ စာရေးသူက စားပစ်လိုက်ပါပြီတဲ့။

​ဇာတ်လိုက်များ - ဖေးလု(Shou)၊ ကျင်းမင်(Gong)

ဇာတ်ပို့များ - Gong 1, 2, 3, 4, 5,6....

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset