Little Creampie:
Chapter 4
ရုတ်တရက်ဖြစ်စဉ်မှာ ရယ်စရာ တစ်ခန်းရပ်ဖြစ်သွားသည်။ ဤသို့လျှင်မြန်စွာပြောင်းလဲခြင်းသည် ကွမ်တမ် အမြန်နှုန်းမှတ်ယူခြင်းနှင့် စာမျက်နှာများကိုလှည့်သည့်အမြန်နှုန်းနဲ့တောင် နှိုင်းယှဉ်နိုင်သည်။
သူ လီချန်ယွမ်ကို သံသယစိတ်ဖြင့် လှည့်ကြည့်လိုက်မိသည်။ ထိုလူများ၏ တုံ့ပြန်မှုများအရ၊ ထိုသူသည် ချမ်းသာသော နာမည်ကြီး မိသားစု၏သခင်လေးများဖြစ်နေမလား။
ကောင်းရောဟေး။ ဘုရား ဘုရား၊ သူက ထိုလူကိုဆွဲခေါ်လာမိကာ သူနှင့်အတူ အိမ်သာထဲမှာ ပုန်းခိုင်းလျက် ဒီလိုနေရာမျိုးမှာ ချောကလက်အတင်းစားခိုင်းလိုက်သေးတယ်။
သို့သော်ငြား လက်ရှိအချိန်၌ သံသယမျိုးစုံကို ဘေးဖယ်ထားလိုက်တော့သည်။ ယခုတော့ အခြေအနေပြောင်းပြန်ဖြစ်လာပြီ ဆိုတော့ကာ ရှရှင်းချီသည်လည်း ကျားယောင်ဆောင်ထားသော မြေခွေးကဲ့သို့ အရာများကို အတော်လေး ကျွမ်းကျင်လာခဲ့သည်။
သူ့နှုတ်ခမ်းပါးတစ်ဖက် ချက်ချင်းမြှင့်တက်သွားကာ ချက်ချင်း ဒဏ်ရာထဲကို ဆားထပ်သိပ်ရန် ကျန်တဲ့သူတွေကိုပါ မေးလိုက်သည်။
“သခင်လေး၊ သူတို့ကိုရိုက်ဖို့ ကျွန်တော့်အကူအညီလိုသေးလား”
ထိုလူများက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကြောင်နေကြသည်။ အာဏာရှိပုဂ္ဂိုလ်တစ်ဦးကို စော်ကားမိပြီး အိမ်ပြန်ရောက်လျှင် သူတို့ ဖခင်များက သေတဲ့အထိရိုက်နှက်ကြလိမ့်မည်။
လီချန်ယွမ်၏ အေးစက်စက် လျစ်လျူရှုထားသော မျက်လုံးနက်များမှာ ရှေးခေတ်ရေတွင်းတစ်ခု၏ နက်ရှိုင်းသော အပေါက်ကြီးမှ ၎င်းတို့အပေါ်မှ စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် သူတို့ နှလုံးသားများပင် တုန်လှုပ်သွားခဲ့သည်။ အခြေအနေကိုရိပ်စားမိလျက် မကျေမနပ်ဖြင့်သာ အံကြိတ်ရင်း သူတို့ပါးသူတို့ ရိုက်နေကြသည်။
ခဏအကြာ သန့်စင်ခန်းတစ်ခန်းလုံး “ဖတ်ဖတ်” ပါးရိုက်သံများဖြင့် ပြည့်နေခဲ့သည်။ ထိုမြင်ကွင်းသည် အလွန်အူတက်စေကာ ရယ်စရာကောင်းလွန်းသဖြင့် ရှရှင်းချီတစ်ယောက် ရယ်ချင်စိတ်ကို ခက်ခက်ခဲခဲထိန်းထားရင်း ထိုအမည်မသိချောမောသော သခင်လေးနောက်သို့ လိုက်လာခဲ့သည်။
ထွက်မလာခင်၌ သူ့ကို ဝိုင်ပုလင်းနှင့် ရိုက်ရန် ကြိုးစားခဲ့သည့်အရူးကို မြေပြင်ပေါ်၌ ထပ်မံကန်ပစ်ရန် မမေ့ခဲ့ပါ။ မကျေမနပ်ဖြင့် ကျိန်ဆဲပြီး အော်ငေါက်နေသည့်လူအား သူ့အဖော်များထဲမှ တစ်ယောက်က သူ့ပါးစပ်ကို အတင်းကာထားလျက် ထပ်မံရိုက်နှက်ရန် “ကူညီ” ခဲ့သေးသည်။
ရှရှင်းချီမှာ မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောမိတော့သည်။
“လူကြီးမင်း၊ မင်းမှာ ကျော်ကြားတဲ့ နောက်ခံရှိတာလား။” ရှရှင်းချီက ခေါင်းတဆတ်ဆတ်ဖြင့် မေးလိုက်သည်။
လီချန်ယွမ်မှာ သူ့မျက်နှာထက် ဘာအမူအရာမှမရှိဘဲ ရှေ့သို့ ဆက်လျှောက်သွားနေခဲ့သည်။ သူ့ကြည့်ရတာ စိတ်ဆိုးနေပုံရပြီး စကားပြောချင်ပုံမရပေ။
ရှရှင်းချီသည် ထိုလူထံမှ လျစ်လျူရှုခံရခြင်းအတွက် စိတ်မဆိုးမိသည့်အပြင် ဒုတိယထပ်တွင် ကိုယ့်ကိုယ်ကိုဝန်ဆောင်မှုပေးရန် အသားကင်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ အကင်နံ့မွှေးမွှေးနှင့် ဈေးကြီးသည့်ပုံပေါက်သည်။
နေ့လည်စာစားချိန်ရောက်ပြီဖြစ်၍ ဗိုက်ဆာလာတော့သည်။ ရှရှင်းချီက ချက်ချင်းပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ ကံပါရင် ပြန်ဆုံကြတာပေါ့!”
သူ မထထွက်သွားခင်မှာပင်၊ အဲဒီလူက မေးလာသည်။
“မင်းရဲ့ခင်ပွန်းလောင်းကို သွားတွေ့ပြီးပြီလား”
ရှရှင်းချီ အံ့အားသင့်မိသွားသည်။ စေ့စပ်ပွဲသို့ လာလည်ကြသူ အများစုသည် သူ့နောက်ခံကို မသိကြပေ။ အသိပေးခံထားရသော လူများမှအပ ကျန်လူအားလုံးသည် အမူမဲ့အမှတ်မဲ့ဖြင့် သူ့အား လမ်းသွားလမ်းလာ ဖြစ်သည်ဟုသာ ထင်ကြသည်။
ဟိုငတုံးက သူ့ကို နာမည်ခေါ်ပြီး စော်ကားလိုက်တာကို ဒီလူကြားသွားတာ ဖြစ်နိုင်တယ်။ သူသတိထားမိတယ်ဆိုကတည်းက…. ရှရှင်းချီလည်း ရှက်ကိုးရှက်ကန်းနှင့် ပြန်ဖြေနိုင်လိုက်သည်။
“ငါ့ခင်ပွန်းလောင်း …… အာ အင်း ဒါပေါ့ ငါ သူ့ကို တွေ့ဖူးတယ်!”
အခြားနည်းလမ်းမရှိခဲ့ပေ။ မူလပိုင်ရှင်က လီချန်ယွမ်နဲ့တွေ့ဖူးခဲ့တယ်ဆိုတော့ ငါသာ သူ့ကို တစ်ခါမှမမြင်ဖူးဘူးလို့ ပြောလိုက်ရင် ငါ့မျက်နှာဖုံးကြီး ဘူးပေါ်သလို ပေါ်ကုန်မှာပေါ့။
လီချန်ယွမ်သည် ထိုစကားများကို ကြားသောအခါ နားမလည်နိုင်သော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။
ရှရှင်းချီသည် ချက်ခြင်းဆိုသလိုပင် သတိတရားဖြင့် ဖိနှိပ်မှုကို ခံစားလိုက်ရသည်။ တဖက်လူက ဘာမှမပြောသည့်အပြင် မည်သည့်အမူအရာမျှ ထုတ်ဖော်ပြသခြင်းမရှိသော်ငြား သူ့ကို သေချာစွာ စစ်ဆေးနေပုံရသည်။
သူတို့နှစ်ဦးစလုံး ခဏတာ စကားသံများ ရပ်တန့်သွားပြီး နောက်ဆုံးတွင် ထိုယောက်ျားက တည်ငြိမ်စွာ မေးလာသည်။
“ဒါဆို သူက ဘယ်လိုလဲ”
ဒီမေးခွန်းက တင်းမာနေသည့်လေထုကို သက်သာရာရစေပြီး ရှရှင်းချီလည်း စိတ်ချချဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ လီချန်ယွမ်အကြောင်း သိချင်သူ နောက်တစ်ယောက် ဖြစ်နိုင်သည်ဟု သူတွေးလိုက်မိသည်။
လီချန်ယွမ်သည် ရက်စက်ကြမ်းကြုတ်သော ကိုယ်ရည်ကိုယ်သွေးရှိပြီး သူ့ကိုတွေ့သည်နှင့် လူအများ၏ဆံပင်များထောင်သွားသည်အထိ ကြောက်လန့်ရသည်ဟု ကောလာဟလများထွက်ပေါ်နေသော်လည်း လူတိုင်းသည် ထိုသူဌေးကြီးအပေါ် ရင်းနှီးစွာတက်လှမ်းနိုင်ရန် စိတ်အားထက်သန်စွာ မျှော်လင့်နေကြဆဲဖြစ်သည်။
ရှရှင်းချီသည် ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး စာအုပ်ထဲမှ အကြောင်းအရာများကို ကောင်းကောင်းသိသကဲ့သို့ သူ့ခင်ပွန်းကိုပါ သိဟန်ဆောင်လိုက်သည်။
“သူက…. အရမ်းကြည့်ကောင်းတယ်။ စာအုပ်တစ်အုပ်လုံးမှာ အဟမ်း…….သူက တစ်ကမ္ဘာလုံးမှာ ချောမောမှုနဲ့ဆို အမြင့်ဆုံးေနရာကပဲ၊ ဒါပေမယ့် သူ့ဒေါသကတော့ ကြောက်စရာကောင်းတယ်။ မင်းသူနဲ့ရင်းနှီးချင်ရင် သူ့ဒေါသကို မဆွမိစေနဲ့။”
ဤသည်ကို ကြားသောအခါ လီချန်ယွမ်နှုတ်ခမ်းပါးမှာ အပြုံးတစ်ဝက်ဖြင့်…
“ဥပမာအားဖြင့်?”
ရှရှင်းချီက ပါးစပ်ကို ပိတ်ထားချင်လိုက်သည်။ သူသည် ဤသို့ မတော်တဆ ဆုံတွေ့သော သူစိမ်းတစ်ယောက်နှင့် အလွန်အကျွံ စကားမပြောချင်ပေ။
သို့သော် သူ့ခေါင်းကိုရိုက်ခွဲခံရကိန်း ကပ်ဆိုးဘေးကနေ ကယ်တင်ပေးခဲ့တဲ့ ဒီလူရဲ့ကျေးဇူးကြောင့်ကို ထောက်ထားမိပြီး ဒါဟာ အသက်အကြွေးလို့ မှတ်ယူလိုက်ကာ သူ့ကျေးဇူးကို ပြန်ဆပ်ရန်ပြင်လိုက်သည်။
သစ်သီးခိုးဖို့ ချောင်းနေတဲ့ ဖြူကောင်လေးလို သူပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ အထူးသဖြင့် သူပြောမည့် ဗီလိန်ကြီး အနားမရှိကြောင်း သေချာအောင် အရင်ဆုံး တိတ်တဆိတ် လှည့်ပတ်ကြည့်ပြီး သေချာတော့မှ တိုးတိုးပြောလာသည်။
“ဥပမာအားဖြင့် ၊ သူက ကျန်းမာရေးသိပ်မကောင်းဘူး။ တစ်နှစ်ပတ်လုံး နေမကောင်းဖြစ်နေတတ်တယ်။ သူနဲ့တွေ့တဲ့အခါ သူ့ကျန်းမာရေးအကြောင်း မမေးမိစေနဲ့၊ မဟုတ်ရင် သူ စိတ်ဆိုးသွားနိုင်တယ်။ နောက်ပြီး တစ်ခါတစ်လေ သူ့စိတ်အခြေအနေကို သူ့အပြောအဆို အမူအရာအရ မင်း ဆုံးဖြတ်လိုက်လို့မရဘူး။ အခုတစ်စက္ကန့်မှာ သူအရမ်းပျော်နေပေမယ့် နောက်တစ်က္ကန့်မှာ သူ ဒေါသထွက်သွားနိုင်တယ်။ သူက တကယ်ကို ရူးသွပ်ပြီး ကြောက်စရာကောင်းလွန်းတယ်။”
— လူတစ်ယောက်ကို အလွယ်တကူ သတ်ပစ်နိုင်တဲ့ လူအမျိုးအစား။
စာအုပ်ထဲက ဒီအရူးဗီလိန်က သန်မာတယ်၊ ရက်စက်တယ်၊ ဖောက်လွဲဖောက်ပြန်လုပ်တတ်တယ်။ သူအပြင်းအထန်ဖျားနာပြီး တစ်နှစ်ခွဲအတွင်း ရုတ်တရက် သေဆုံးသွားတာပဲ သနားဖို့ကောင်းတယ်၊ မဟုတ်ရင် ဒီစာအုပ်က ဆိုးရွားတဲ့အဆုံးသတ်ဖြစ်နေလိမ့်မယ်။
“ဪ အရမ်းဆိုးတာပဲ”
လီချန်ယွမ်၏အပြုံးသည် ထိုစကားများကိုကြားပြီးနောက် ပိုမို ပြုံးရယ်လာသော်လည်း သူ့အသံမှာ ပို၍အေးစက်လာသည်။
သူက ခေါင်းအနည်းငယ်ငုံ့ပြီး ရှရှင်းချီ၏ နားရွက်ဖျား၌ ကပ်မေးလိုက်သည်။
“ဒါဆို မင်း ဒီအိမ်ထောင်ရေးကနေ လွတ်မြောက်ချင်လား”
ရှရှင်းချီသည် သူမည်ကဲ့သို့ ဖြေဆိုသည်ဖြစ်စေ လူများကို စိတ်အနှောင့်အယှက်ဖြစ်စေမည့်မေးခွန်းကို ဖြေကြားနေသည်ကို သိသော်လည်း လုံးဝသတိမထားမိဘဲ တစ်ဖက်လူနှင့် ရုတ်တရက် အလွန်နီးကပ်သွားသည်ကို ခံစားလိုက်ရသည်။ ဘေးကင်းလုံခြုံသော အကွာအဝေးကို ကျော်လွန်သွားသောကြောင့် အမြန်နောက်ပြန်ဆုတ်လိုက်မိသည်။
ဒီနေ့ ဘာကြောင့်များ အနှီအိမ်ထောင်ရေးကနေ ရုန်းထွက်ဖို့ရာ သွေးဆောင်သူ အများအပြားနှင့် ကြုံတွေ့နေရသည်ကို သူမသိတော့ပေ။ ရှယွီကတော့ မုန်လာဥကို ဆွဲထုတ်ဖို့ တွင်းထဲသို့ စိတ်ပါလက်ပါ ခုန်ဆင်းသွားသည်ကို သူသိရှိထားသော်ငြား ဤအလှလေး၏ ရည်ရွယ်ချက်မှာ ဘာလဲ မသိရသေး။ မတရားမှုကို တိုက်ဖျက်ဖို့လား??။
မည်သို့ပင်ဖြစ်စေကာမူ ရှရှင်းချီက သူ့ပြင်ဆင်ထားတဲ့ စာသားအားလုံးကို ထုတ်ပြောလိုက်တော့သည်။
“သေချာပေါက် မဟုတ်ဘူးပေါ့! ငါလီချန်ယွမ်ကို သေတဲ့အထိချစ်တာလေ။ နေ့တိုင်း သူ့ကို လွမ်းတယ်၊ စားချင်စိတ်လည်း မရှိဘူး၊ ငါ့အိပ်မက်တွေ အကုန်လုံးက သူနဲ့ပဲပြည့်နေတယ်.. ငါ သူ့ကိုပဲ လက်ထပ်ချင်တယ်။ ငါ အချစ်ဆုံးလူသားက သူပဲ”
သူ့စကားများသည် လုံးဝကိုမှန်ပါ၏။ ဘီလီယံနှင့်ချီသော လီချန်ယွမ်၏ ကြွယ်ဝသည့်ပိုင်ဆိုင်မှုကို တွေးတောရင်း ရှရှင်းချီ သည် သူ့အိမ်မက်ထဲတွင်ပင် လီချန်ယွမ်ကို အမှန်တကယ် လွမ်းဆွတ်နေမိပြီး သူ့ပိုက်ဆံများကို သေသည်အထိ ရိုးသား လေးနက်ဖြူစင်စွာ ချစ်ခဲ့သည်။
ထို့ကြောင့် သူ့အမူအရာသည် ရိုးရိုးသားသားနှင့် ဟန်ဆောင်မှုမရှိဘဲ၊ သူ့မျက်လုံးနက်များကပင် တစ်လက်လက်တောက်ပနေတော့သည်။
လီချန်ယွမ်က လှောင်ပြောင် ရယ်မောလိုက်မိသည်။
ရှရှင်းချီသည် ရယ်သံအကြား သူ၏သရုပ်ဆောင်စွမ်းရည်ကိုမေးခွန်းထုတ်ခံရသည်ဟု တွေးလိုက်မိပြီး…
“မင်းမယုံဘူးလား။ ငါ့ရဲ့ဖြူစင်ရိုးသားမှုကို မင်း ဘယ်လိုတောင် သံသယဝင်နိုင်ရတာလဲ။”
သူ စကားမဆုံးခင်မှာပင် လူလတ်ပိုင်းအရွယ် ပိန်လှီသော အမျိုးသားတစ်ယောက် ပြေးတက်လာသည်။ သူသည် ရှရှင်းချီ၏ စျေးပေါသောဖခင် ရှဖျင်ကျန့် ဖြစ်သည်။
ဒီလူက သူ့ကို တံတွေးနဲ့ထွေးပြီး တခြားသူတွေရှေ့မှာ မည်သို့ ပြုမူနေထိုင်ရမယ်ဆိုတာကို သင်ပေးဦးမယ်ဟု ပြောလာမှာကို သူ ခန့်မှန်းမိနေသည်။
ပြီးရင်တော့ ထိုဖခင်သည် သူ့ကို တရွတ်တိုက်ဆွဲကာ လီချန်ယွမ်ကို သွားတွေ့ရန် ခေါ်ဆောင်ပြီး သားဖြစ်သူကို ဂုဏ်သိက္ခာအတွက် ရောင်းစားရင်း လူသိရှင်ကြား အခမ်းအနားတစ်ခု ကျင်းပဦးမည်ဖြစ်သည်။
ရှရှင်းချီ ထွက်ပြေးတော့မည့်ဆဲဆဲတွင် ရှဖျင်ကျန့်က တောင်းပန်သည့်အပြုံးဖြင့် ပြောလာသည်။
“မစ္စတာလီ၊ ငါ မင်းနဲ့တွေ့ပေးဖို့ ရှင်းချီကို ခေါ်လာပေးမလို့ပဲ။ ဒါပေမယ့် မင်းတို့ အတူရှိနေမယ်လို့တော့ ငါမမျှော်လင့်ထားခဲ့မိဘူး။”
ကောင်းပြီ မင်းက ငါ့ကို လာခေါ်တာမဟုတ်ဘူးဆိုတော့….. နေပါဦး
ငါ့ဘေးက ဘယ်သူကြီးလဲ!
Chapter 4 end
Chapter 5
ရှရှင်းချီက နောက်ဆုံးတော့ တစ်ခုခုမှားနေပြီမှန်း နားလည်သဘောပေါက်သွားခဲ့လေကာ လီချန်ယွမ်ကိုကြည့်ရန်အတွက် သူ၏ခေါင်းအား တောင့်တင်းစွာဖြင့် လှည့်လိုက်သည်။ ထို့နောက် သူ့ဦးနှောက်အတွင်း အုန်းခနဲ အသံကျယ်ကြီး မြည်ဟီးခဲ့၏။
ဤသည်မှာ သူ့တစ်ကိုယ်လုံးကွဲအက်သွားသည့် အသံပေ။
သူအခုလေးတင် ဘာပြောလိုက်တာလဲ။
သူပြောခဲ့တာက သူနဲ့စေ့စပ်ထားတဲ့သူကို သေမလောက်ချစ်တယ် နေ့နေ့ညညလည်း သူ့အကြောင်းတွေးတယ်တဲ့လေ။ အဲ့ဒါကို အဲ့လူက သူ့ရှေ့တည့်တည့်မှာရပ်နေခဲ့တာတောင် သူမမှတ်မိဘူး!
ရုပ်ချောတယ် ဖြူဖျော့ပြီး အားနည်းတယ် ပြီးတော့ ထူးဆန်းစွာ ပြောင်းလဲလွယ်တဲ့စိတ်ရှိတယ်…… သူတကယ်ကို ကန်းနေခဲ့တာပဲ။ ဒါက ကြောက်ဖို့ကောင်းလောက်အောင် ရူးနေတဲ့ဗီလိန်ကြီးမဟုတ်ဘူးလား သူ့ရှေ့တည့်တည့်က?!
ရှရှင်းချီမှာသာ အမြှီးရှိခဲ့လျှင် သူ့အမွေးတွေက သေချာပေါက် အထိတ်တလန့်နဲ့ ဖွာပြီး ထောင်တက်နေပါလိမ့်မယ်။ အဲ့ဒါပြီးသည့်နောက်တွင် သူ၏ တစ်ခုတည်းသောအတွေးမှာ တွင်းပေါက်တစ်ခုခုကိုရှာကာ အလင်းအလျင်နဲ့ ပြေးပုန်းဖို့ပင်ဖြစ်၏။
သို့ပေမယ့် သူ မလွတ်မြောက်နိုင်သေးစဉ်မှာပဲ လေအေးပေးစက်ကဲ့သို့ နက်ရှိုင်းကာ ခြိမ်းခြောက်သည့် အသံက သူ့နားနောက်မှာ ထွက်ပေါ်လာလေတယ် “မင်းအခုထွက်သွားရင် မင်းတက်နင်းမိလိမ့်မယ်ထင်လား …. မင်းနဲ့စေ့စပ်ထားတဲ့သူရဲ့ မိုင်းကွင်းပေါ် ကိုလေ”
နောက်ဆုံးစကား၁၂လုံးမှာ အနည်းငယ်ထင်းနေလေသည်။ သူပြောလိုက်တာကိုပဲ အတုယူကာ ကြည်လင်ပြတ်သားစွာ ပြန်ပြောနေခြင်းပင်။
ရှရှင်းချီ လွန်ပြီးမှ နားလည်သဘောပေါက်သိလာသောအသိမှာ လူမှုရေးနှင့်ပတ်သက်သော သေဆုံးမှုမှာ အသေးအဖွဲကိစ္စသာဖြစ်သည်။ ဒါပေမယ့် တကယ့်ဘေးအန္တရာယ်ကြီးကို သွားရန်စမိရင်တော့ အသေဆိုးနဲ့ သေစေနိုင်လိမ့်မည်။
ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာမဲ့တဲ့ ဗီလိန်ရဲ့အရှေ့မှာ သူက သူ့အသက်ကို ကိုယ်ပိုင်ဒစ်စကိုအကဖြင့် သူ့မိုင်းကျင်းပေါ် ဖျော်ဖြေဖို့ သုံးပြီးလေပြီ။
လီချန်ယွမ်မှာ သူ၏ ခက်ထန်သောအရှိန်အဝါကို အရင်က ဖုံးကွယ်ထားကောင်းဖုံးကွယ်ထားလိမ့်မည်။ သို့ပေမယ့် အခု အမှန်တွေပေါ်ပြီးချိန်မှာတော့ မျက်နှာသေနှင့် လက်ဖက်ရည်ခွက်ကိုကိုင်ကာထိုင်နေတဲ့ လှုပ်ရှားမှုမျိုးကတောင် ဖိနှိပ်တဲ့ ခံစားချက်ကို ပေးနေလေတော့သည်။
သူ၏ သွယ်လျသောလက်ချောင်းလေးတွေမှာ စားပွဲပေါ်သို့ အကြိမ်အနည်းငယ်ခေါက်နေသည်နှင့်အမျှ ရှရှင်းချီ၏ နှလုံးမှာလည်း ရုတ်တရက်ခုန်လာသည်။
သူဘယ်အချိန်တုန်းကများ ဘုရားကိုပစ်မှားခဲ့မိသလဲဟု ဦးနှောက်ခြောက်အောင် စဉ်းစားမိရ၏။ သူ အတော် ကံဆိုးလှသည်-
မိုးကြိုးဖြင့်ပစ်သတ်ခံရပြီးတဲ့နောက် သူပြန်လည်မွေးဖွားလာသည့်တိုင် သူသည် သေရေးနှင့် မဝေးသေးပေ။ ပထမဆုံး သူ ဗီလိန်ရဲ့ ရေချိုးကန်တွင်းသို့ ပြုတ်ကျသည်။ အဲ့နောက် သူ့ကို သန့်စင်ခန်းထဲ အတင်းဝင်ခိုင်းပြီး အစာများဖြင့် သိပ်သည်။ ပြီးတော့ နောက်ဆုံးတွင် သူ့မှာ ရွှန်းရွှန်းဝေအောင်စကားပြောတတ်သည့်လျှာရှိခဲ့ရာ ပေါက်ပန်းလေးဆယ်များကို သူ့ရှေ့တွင် ပြောခဲ့၏။
ဧည့်သည်များမှာ တမင်သက်သက်ဖြစ်စေ အခွင့်ကြုံကြိုက်၍ဖြစ်စေ အတူတကွစုရုံးကြလေသည်။ ပထမထပ်မှာ လူတစ်ယောက်မှမရှိရခြင်း အကြောင်းအရင်းကတော့ လိုက်ဖမ်းခြင်းအမှုဖြစ်ပေါ်နေတဲ့အချိန် လီချန်းယွမ်က ကျင်းပရာနေရာကို ဝင်လာခဲ့ပြီး ဒုတိယထပ်ကိုတက်သွားခဲ့ရာ အားလုံးဟာ အနောက်က လိုက်သွားခဲ့ကြလို့ပဲ ဖြစ်သည်။
တချို့မှာ လီချန်ယွမ်နှင့် ပူးပေါင်းမှုတောင်းခံဖို့ လာခဲ့ကြပြီး တချို့ကတော့ သူနှင့် ရင်းနှီးဟန်ဆောင်ဖို့ လာခဲ့ကြကာ ကျန်တချို့ကတော့ ကံကောင်းသည့်အိမ်ထောင်ရေးတစ်ခုကို မထင်မှတ်ဘဲပြုမိသွားသည့် ရှသခင်လေးကို ကြည့်ဖို့လာတာပင်ဖြစ်သည်။
ဤအိမ်ထောင်ရေးကိစ္စနှင့်ပတ်သက်ပြီး ဒီအသိုင်းအဝိုင်းတွေကြားထဲတွင် ကွဲလွဲသော ထင်မြင်ချက်များရှိနေခဲ့သည်။ အများဆုံးဖြစ်တဲ့တစ်ခုကတော့ “မစ္စတာလီက ဒီနေ့ ဒီမှာရောက်နေတာ စေ့စပ်ထားတာကိုဖြတ်ဖို့ပဲ” ဟူ၍ ဖြစ်၏။
နောက်ဆုံးမှာတော့ သူဟာ အကြင်နာကင်းပြီး ဂရုမစိုက်တတ်သူဖြစ်တယ် ဆိုတာကို မသိသူမရှိခဲ့ဘူးလေ။ အဲ့ဒါကိုတောင် သူက အရင် လက်ထပ်ခွင့်တောင်းတယ်ဆိုသည်မှာ အနောက်အရပ်မှ နေထွက်သည်ထက်ပင် မယုံချင်စရာကောင်းလှလေသည်။
ရှရှင်းချီလည်း အသက်ကိုပြင်းပြင်းရှူ၍ သူကို့ရို့ကားယားမဖြစ်သရွေ့တော့ တခြားသူတွေလည်း ကို့ရိုးကားယားဖြစ်မှာမဟုတ်ဘူးဟု သူ့ကိုယ်သူ တိတ်တိတ်လေးပြောမိသည်။
ကြီးမားသော လူမှုရေးဆိုင်ရာသေဆုံးမှုနှင့် ဘေးမှ ဝိုင်းကြည့်နေသောလူစုတို့ပင် သူ့အား ပြဇာတ်ထဲသို့ အလျင်အမြန်ခုန်ဝင်ကာ ဖျော်ဖြေခြင်းကို မတားဆီးနိုင်ခဲ့ချေ။
သူတို့က သူ့မျက်နှာတွင် ဘာသာတရားကိုင်းရှိုင်းမှုနှင့် ရိုးသားမှန်ကန်မှုတို့ကို တွေ့ခဲ့လေသည်။ “မစ္စတာလီ ဒါ ကျွန်တော်တို့ရဲ့ ကံကြမ္မာလို့ ခံစားမိလား။”
-မိုးကြိုးနဲ့အပစ်ခံရတဲ့ မကောင်းတဲ့ကံကြမ္မာလေ…
လီချန်ယွမ်က သူ့လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။ သူ၏ နှုတ်ခမ်းဖျားလေးတွေမှာ အနည်းငယ်တွန့်သွားဟန်တူ၏။ ထို့နောက်သူက စိတ်မဝင်စားစွာဖြင့် ပြောလိုက်လေသည်။ “ သေလောက်တဲ့အထိ အစားမစားနိုင်အောင် ခံတွင်းပျက်တဲ့အထိ ဖြစ်နေမှတော့ တုံ့ပြန်ချက်ဆိုတာ ရှိမှာပေါ့”
ရှရှင်းချီ: ……
ဆရာ….ခင်ဗျား ကြာပွတ်ကို အကြိမ်ကြိမ်ဝေ့ရမ်းနေတာကို ရပ်လိုက်ပြီး စကားကောင်းကောင်းပြောလို့ရမလားဟင်။
ဒီရှုထောင့်ကကြည့်မယ်ဆိုရင် မြင်သာပေမယ့်လည်း အမှန်မှာ လီချန်းယွမ် လုံးဝမပြုံးရသေးပါ။ အဲ့အစား သူ့မျက်လုံးတွေသည် အေးစက်မှုနှင့်ပြည့်နေပြီး ပြုံးသည်ဟုထင်ရသည်မှာလည်း သူ့ပါးစပ်ထောင့်လေးတွေရှိ စက်လို လှုပ်ရှားမှုသာဖြစ်လေသည်။
လူတိုင်းကို ကြည့်ရတာ သတင်းကြီးတစ်ခုကို ရှာတွေ့သွားကြသလိုပဲ။ သူရဲ့သိသာပြီး မသေသပ်တဲ့ မျက်နှာချိုသွေးနေတာကို တွေ့ရတာတောင် မစ္စတာလီက တကယ်ကြီး အပြုံးလေးနဲ့ အသိအမှတ်ပြုပေးလိုက်တယ်လား။
အထူးသဖြင့် ဘေးက ရှဖျင်ကျန့်မှာ ပျော်နေလေသည်။ သူက သူ့ဆီ လမ်းတစ်ဝက်မှ ရောက်လာခဲ့တဲ့ စျေးပေါတဲ့သားက သုံးစားမရဘူးထင်ထားခဲ့တာ။အခုလို မစ္စတာလီက သူ့ကို အတော်သဘောကျမည်ဟု မထင်ထားခဲ့ဘူး။
သူ ချက်ချင်းပဲ သူ့သားကို ဘယ်လိုအသုံးချပြီး ပိုက်ဆံထပ်ရှာရမလဲဆိုတာကို စတင်စဉ်းစားတော့သည်။
နောက်ဆုံးမှာတော့ ရှရှင်းချီမှာ ပျော့ညံ့တဲ့စရိုက်ရှိပြီး ထိန်းချုပ်ဖို့လွယ်ကာ သူအပျင်းပြေရိုက်လျှင်တောင် ဘာမှမပြောသည့် သူရဲဘောကြောင်သူ တစ်ယောက်ပါပင်။
အဲ့အချိန်မှာပဲ လူအုပ်စုကြီးနောက်မှာ အုတ်အော်သောင်းနင်း ဖြစ်ကြလေသည်။
နောက်ဆုံးမှာ အနည်းငယ်ငြိမ်သက်သွားနိုင်ခဲ့သည့် လေထုမှာ အကြင်နာကင်းမဲ့စွာ ချိုးဖျက်ခံလိုက်ရ၏ –
နက်မှောင် ကြီးထွားသန်မာကာ သံမျှော်စင်တမျှရှိသည့်လူတစ်ယောက်မှာ အမြှောက်စာကဲ့သို့ ဝရုန်းသုန်းကားပြေးလွှားသောင်းကျန်းနေသည်ကိုတွေ့နိုင်လိမ့်မည်။
ထိုလူမှာ ပွဲနဲ့မသင့်လျော်တဲ့ စွပ်ကျယ်နဲ့ ဘောင်းဘီတိုကို ဝတ်ဆင်ထားကာ သူမျက်လုံးများမှာ လူအုပ်အကြား တစ်ခုခုကိုရှာနေသကဲ့သို့ သွားလာနေသည်နှင့်အတူ
သူ၏ ချဲ့ကားထားသောကြွက်သားများက အပြင်သို့ ပေါက်ထွက်နေလေသည်။
သူ့မျက်နှာပေါ်တွင်တော့ သူ့ရဲ့ကြမ်းတမ်းတဲ့ပုံပန်းနှင့် မလိုက်ဖက်သည့် ဝမ်းနည်းနေသောချွေးမလေးမျက်နှာအမူအရာရှိ၏။
ရှရှင်းချီမှာ တစ်ခဏလောက် ရှော့ရသွားခဲ့လေသည်။ ဘယ်လိုလုပ်များ ကြုံရာကျပန်းလူတစ်ယောက်က ဒီလိုနေရာမျိုးကို ဖောက်ဝင်လာတာပါလိမ့်။
သူ့အား လက်မ ထောင်ပေးဖို့ မစောင့်နေနိုင်တော့ပေ။ ဘာတွေပဲဖြစ်နေပါစေ သူ့ကိုရှက်စရာကောင်းစွာ သေဆုံးမှုကနေ ကယ်တင်ပေးသည့် သူ့ရောင်းရင်းကို ကျေးဇူးတင်သည်လေ။
သူ သူ့ခေါင်းကို ဆန့်ထုတ်ကာ စပ်စုဖို့အတွက် ကြည့်လိုက်သည်။ သို့သော် လီချန်ယွမ်က အေးအေးဆေးဆေး လက်ထောင်လိုက်၏။ သက်တော်စောင့်များက ချက်ချင်းပဲ နားလည်သဘောပေါက်သွားကြကာ ရှရှင်းချီ ရှေ့ကို ပိတ်ရပ်ကြလေည်။
သူ့ရဲ့ စူးစမ်းနေတဲ့ မျက်လုံးတွေကိုပါ တစ်ခါတည်း ကာခဲ့ကြသောကြောင့် သူကြားနိုင်သည်မှာ ကြွက်သားများနှင့်ယောင်္ကျားကြီးဆီမှ ငိုယို၍ စွပ်စွဲနေသည့်အသံများသာဖြစ်သည် : “မင်းက အခုတော့ စေ့စပ်လိုက်ပြီလား။ မင်း ငါ့အပေါ် ဘယ်လိုတောင် လုပ်ရက်နိုင်ရတာလဲကွာ! ငါ မင်းမရှိဘဲ တစ်ရက်တောင် မနေနိုင်ဘူး!”
ရှရှင်းချီ၏ ဖရဲသီးစား (အတင်းအဖျင်းနားထောင်) သည့် နားရွက်က ချက်ချင်း ထောင်တက်သွားသည်။ သူ့ရဲ့ မရေမတွက်နိုင်သည့် ခွေးသွေးဇာတ်လမ်းတွေဖတ်ထားတဲ့အတွေ့အကြုံအရ ဒီလူရဲ့ ကိုယ်ပိုင်ပန်းတိုင်က – လီချန်ယွမ်ပဲ ဖြစ်ရမယ်!
မထင်မှတ်ထားလောက်အောင်ပဲ ဒီရူးနေတဲ့ဗီလိန်မှာ အဲ့လောက် အားကောင်းတဲ့ အကြိုက် ရှိနေတာလား။ မူရင်းစာထဲမှာ ဖော်ပြောထားတာတဲ့ သူ့အချစ်ရေးက… သူက သေသည်အထိတောင် အကြင်အနာကင်းပြီး အထီးကျန်စွာ နေသွားရသည်တဲ့လေ။
လူသိများကျော်ကြားမှုမှာ ဇာတ်လိုက်ကိုပင် သာလွန်သွားသည့် ဘော့စ်တစ်ယောက်အနေဖြင့် ဒီအရာသာ အရေးခံရခဲ့လျှင် မရေမတွက်နိုင်တဲ့ fanတွေရဲ့ နှလုံးသားတွေ တကယ် ကွဲကြေကုန်လိမ့်မည်။
ရှရှင်းချီက စိတ်လှုပ်ရှားစွာဖြင့် fanတွေကို မီးမြှိုက်ရတာ ကိစ္စကြီးမဟုတ်ဟု တွေးလျက် သူက သူများတန်ဖိုးထားရာသူကို လုယူထားတဲ့ “စေ့စပ်ထားသူ”နေရာကနေတောင် စတင်စဉ်းစားတွေးတောလေသည်။ သူ ဘယ်လိုဇာတ်ညွှန်းမျိုးကို သုံးရင် ကောင်းမလဲ။
သူက ဘဝမှာ ပထမဆုံးအနေဖြင့် အချစ်ရေးတိုက်ပွဲ စစ်မြေပြင်တွင် ပါဝင်ရသည်ကို အတော် စိတ်လှုပ်ရှားနေခဲ့၏။
မျှော်မှန်းထားသည်များနှင့် ဆန့်ကျင်ဘက်ဖြစ်လျက် လူသန်ကြီးသည် ဒီအချိန်မှာ လက်ကိုင်ပုဝါစအသေးကို ဆွဲထုတ်လိုက်ကာ သူ့ မျက်ရည်နှင့်နှပ်များကို သိမ်မွေ့သော အမူအရာဖြင့် သုတ်နေလေသည် :
“ငါတို့ ဘယ်နှစ်နှစ်တောင် အတူတူရှိလာခဲ့ပြီးပြီလဲ ဆန်ကုန်မြေလေးကောင်ရဲ့!”
“ပိုက်ဆံအတွက်နဲ့ မင်းက တခြားတစ်ယောက်ကို ဘယ်လိုတောင် လက်ထပ်နိုင်ရတာလဲ?!”
ဖြစ်ပျက်နေသည့်ရုပ်ပုံကားချပ်မှာ အလွန် မျက်စိဖမ်းစားစရာကောင်းပြီး ချဲ့ကားထားကာ ထူးဆန်းလှသောကြောင့် ပတ်ပတ်လည်က ပရိတ်သတ်မှာ တည့်တည့်မကြည့်ရဲကြချေ။ တချို့မှာမူ အမှတ်တမဲ့ ကျယ်လောင်စွာ ရယ်မိကြသည်။
ရှရှင်းချီလည်း ရယ်ချင်ခဲ့ပါတယ် ဒါပေမယ့် တစ်စက္ကန့်လောက်ရပ်လိုက်တဲ့အချိန်မှာ သူ တစ်ခုခုမှားနေပြီမှန်း နားလည်သွားခဲ့တယ် – နေပါဦး? မင်း ဘယ်သူက ပိုက်ဆံလိုချင်တယ်ပြောလိုက်တာ?
သူသည် သစ်သားကြက်ကဲ့သို့ တစ်ခဏမျှ တုံးအသွား၍ တစ်ဖက်လူက သူ့ရဲ့နက်ရှိုင်းသော ခံစားချက်များကို ဆက်လက်ဖော်ပြနေသည်အား နားထောင်နေလိုက်၏။ ပြီးတော့ အဲ့လူက ချက်ချင်းပဲ အော်ပြောလိုက်လေသည် : “ရှောင်ချီ! မင်းအတင်းအကြပ်တိုက်တွန်းခံနေရတာကို ငါသိတယ်၊ ငါမင်းကို အဝေးခေါ်သွားပေးမယ်!”
ရှရှင်းချီ : ?
ခေါင်းသေးလေးလေးမှာ (?)တွေနဲ့ ပြည့်သွားတော့သည်။ သူက ဒီရှိုးကို ပျော်ပျော်ကြီး ကြည့်နေတာလေ။ ဒါပေမယ့် ဘယ်သူကများ လူပြက်က သူကိုယ်တိုင်လို့ထင်မှာတုန်း!!!
Chapter 5 end