Little Creampie:
Chapter 6
အစကတည်းက သူ့ကိုယ်သူ ဖယ်ထားရတဲ့အကြောင်းအရင်းမှာ ဘာလို့လဲဆိုတော့ မူလပိုင်ရှင်က အချစ်ရေးကိစ္စဘာညာမရှိတဲ့ အမြှောက်စာဇာတ်ကောင်ဖြစ်လို့မဟုတ်ဘဲ အဖြောင့်ကောင်ဖြစ်နေခဲ့လို့လေ။ ဘာပဲဖြစ်နေပါစေ သူ့မှာ ယောင်္ကျားလေးရည်းစားဟောင်းတော့ ရှိခဲ့မှာမဟုတ်ဘူး။
“ဟေ့ ရောင်းရင်း? မင်း လူများ မှားနေသလား။ ငါ မ-“
မကြိုက်ဘူး ယောင်္ကျားလေးတွေကို……?
သူပြောလို့မပြီးခင်မှာပဲ ရှချင်းချီက ရုတ်တရက် ရပ်လိုက်ရသည်။ အဲ့ဒါ ထောင်ချောက်ပဲ!
ဒီ စွဲမက်ဖွယ်တောင့်တင်းကာ ဟိတ်ဟန်များတဲ့ယောင်္ကျားကိုငှားထားတဲ့ သူက ဘယ်သူပဲဖြစ်ဖြစ် အဲ့ဒီလူက သူ့ကို ကြည့်ရဆိုးအောင် ချောက်ချချင်လို့မဟုတ်ဘူး။ အတင်းလက်ထပ်ဖို့တိုက်တွန်းခံရတဲ့ မူလပိုင်ရှင်အဖြောင့်ကို ဒေါသထွက်အောင်လုပ်ဖို့ပဲ။
မတည်ငြိမ်ပြီးသားဖြစ်သည့် “ရှရှင်းချီ” ကို homophobic ဖြစ်အောင်လုပ်ပြီး လူအများရှေ့တွင် ဒေါသထွက်စွာဖြင့် “ငါ ယောင်္ကျားတွေကို မကြိုက်ဘူး” ဒါမှမဟုတ် “ဂေးတွေက ရွံဖို့ကောင်းတယ်” လို့ အော်ပြောစေချင်တာဖြစ်သည်။
“ငါမင်းကို မသိဘူး!” ရှရှင်းချီ သူ့စကားတွေကို အလျင်အမြန်ပြောင်းလိုက်၏။
သူ သူ့လည်ချောင်းကို ရှင်းလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည် : “မင်းငါ့ကို ကြိုက်နေရင်တောင် အလကားပဲ! ငါ့နှလုံးသားထဲမှာ မစ္စတာလီတစ်ယောက်တည်းရှိတာ ပြီးတော့ ငါသူ့ကိုချစ်တယ်! မင်းအရှုံးပေးလိုက်တော့!”
အဲ့အသံထွက်ပြီးတဲ့အချိန်မှာတော့ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်သွားလေသည်။
ရှရှင်းချီမှာ ကြောက်ကြောက်နှင့် မျက်စိထောင့်ကနေ ခိုးကြည့်လိုက်ရာ ရုတ်တရက်ထဖြစ်သွားတဲ့ ဟာသပြဇာတ်အလယ်မှာ လီချန်ယွမ်တစ်ယောက်တည်းကသာ ဘေးဘက်တွင် တည်ငြိမ်စွာ ထိုင်နေလေ၏။
သူဟာ သူ့လက်ဖက်ရည်ကို အေးဆေးတည်ငြိမ်စွာ ဆက်သောက်နေခဲ့ပြီး ရှရှင်းချီ၏ စကားဆုံးသည်နှင့် အေးစက်သောမျက်နှာအမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
ရှရှင်းချီမှာ ထိုအချင်းအရာကို မြင်ပြီး လန့်သွား၏။ သူ ဘောစ်ကြီး၏ အတွေးများနှင့် စိတ်အခြေအနေကို တစ်ခဏလောက် မမြင်နိုင်ခဲ့ပေ။ သို့ပေမယ့် ပါးနပ်သော အလိုလိုသိစိတ်က သူ့စိတ်တွင် ဖြတ်ခနဲ ပေါ်လာ၏။
လီချန်ယွမ်က ဒါကို ပျော်ပျော်ကြီး နားထောင်နေလေသည်။
အဲ့ဒါကြောင့် သူအရဲစွန့်ကာ တည်ငြိမ်ဟန်ဆောင်လိုက်ပြီး အသံအောင်စွာဖြင့် ပြောလိုက်၏ : “ငါမသွားဘူး ဒီစေ့စပ်ပွဲကိုဖျက်ဖို့ ငါ သဘောမတူဘူး။ ဘာလို့လဲဆိုတော့ ငါ့ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံး မစ္စတာလီပဲဖြစ်မှရမယ်”
“အဲ့ဒါ မြင်မြင်ချင်း အချစ်ပဲ! ဆင်းပဲရဲရဲ ချမ်းပဲသာသာ ကျန်းမာလည်းပဲ ဖျားနာလည်းပဲ ငါ့ကို မစ္စတာလီနဲ့ အတူရှိဖို့ သေခြင်းတရားကလွဲလို့ ဘယ်အရာမှ မတားဆီးနိုင်ဘူး!”
“ငါကိုယ်တိုင်ကိုက ဆန္ဒရှိတာ!”
အရာရာကိုတတ်ကျွမ်းတဲ့ ရှရှင်းချီက လက်ဆက်ပေးတဲ့ဆရာကြီးတွေ မင်္ဂလာဆောင်မှာပြောနေကျ စာသားတွေကိုယူပြီး အနည်းငယ် ပိုကောင်းအောင် ပြင်လိုက်တယ်။ သူအဲ့ဒါကို ခံစားချက်အပြည့်နဲ့ ပြန်ပြောလိုက်ရုံတင် မကဘူး သူ့ကိုယ်သူတောင် ဇာတ်ကောင်မျိုးစုံနေရာကနေ ပါဝင်ကစားခဲ့လိုက်သေးသည်။
သူ “ပိုက်ဆံ” ဆိုတဲ့ စကားလုံးနေရာတွင် “မစ္စတာလီ”ကို အလိုလို အစားထိုးလိုက်ကာ ခံစားချက်များမှာလည်း နှလုံးသားမှ လာခဲ့ရာ ရွှေထက်တောင် စစ်၍ အော်စကာသရုပ်ဆောင်ကိုတောင် ယှဉ်နိုင်ပေသည်။
ရှယွီကျေးဇူးနှင့် ကောလဟာလများမှာ စေ့စပ်ပွဲမတိုင်ခင် ပျံ့နှံနေခဲ့၏။ အားလုံးက သူတို့ “မင်္ဂလာပွဲမှပြေးထွက်ခြင်း” ဟူသော ဒရာမာကို ကြည့်ရမည်ထင်ထားသော်လည်း ရှရှင်းချီ၏ စွဲမြဲခိုင်မာကာ အူလှိုက်သည်းလှိုက် သဘောထားကြောင့် ကြောင်အခဲ့ရသည်။
လူသန်ကြီးမှာ ပိုလို့ပင် ကြောင်သွား၏။ သူ့ရဲ့ သိမ်မွေ့သောအမူအရာများကိုပင် ဆက်ဟန်ဆောင်ဖို့ မေ့သွားကာ သူ့သရုပ်ဆောင်မှုများမှာ အမှားမှားအယွင်းယွင်းဖြစ်ကုန်ကာ ပြီးအောင် ပြောစရာ စကား ရှာမရတော့ပေ။
ရှရှင်းချီမှာ ဒီလောက်အရေထူပြီး သူရဲ့လုပ်ရိုးလုပ်ဆောင်နဲ့အလိုက် မလုပ်ဆောင်နိုင်တဲ့သူမျိုး မမြင်ဖူးဘူး။
ရှရှင်းချီကို သူရဲဘောကြောင်ကာ ပျော့ညံ့ပြီး မိမိကိုယ်ကို တန်ဖိုးသိပ်မထားသူလို့ပြောကြတယ်။ ဒါဆို ဒါကသာ ကိုယ်ကိုယ်ကိုတန်ဖိုးထားမှု နိမ့်တယ်ဆိုရင် ဘယ်အရာကများ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုမြင့်တာလဲ။
ရှရှင်းချီ ခန့်မှန်းတာ မှန်၏။ ဒီဗီလိန်လူရူး၏ အကြိုက်မှာ တကယ်ပင် ထူးဆန်းလှသည်။ သူဟာ ဒီဟာသတင်ဆက်မှုကို ကျေနပ်လေ၏။
လီချန်ယွမ်မှာ နောက်ဆုံး အားရသွားသကဲ့သို့ ပြုံးလိုက်၏။ ပြီးနောက် လက်ကိုမြောက်၍ သက်တော်စောင့်များအား အချက်ပြလိုက်ကာ အဲ့လူကိုဖမ်းဆီးစေလိုက်ပြီး ဒီဟာသပြဇာတ်ကို အဆုံးသတ်စေသည်။
Plants Vs Zombies ဂိမ်းထဲမှ သစ်ကြားသီးတံတိုင်းကဲ့သို့သော သက်တော်စောင့်များမှာလည်း သူ့ရှေ့မှ နောက်ဆုံးတော့ ရွေ့သွားခဲ့လေပြီ။ ရှရှင်းချီ စိက်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချနိုင်လိုက်၏။
သူ အရေထူသော်လည်း တခြားသူတွေထက် သူ့အရှက်က မနည်းနေပါ။ ထိုစကားတွေကို သူပြောလိုက်ချိန် သူ့မျက်နှာမှာ နီရဲနေခဲ့သည်။ သို့သော် ကံကောင်းစွာဖြင့် သူ့အချစ်ကို ဝန်ခံခဲ့ပြီးနောက် ရှက်နေသည်ဟုသာ တခြားသူများက မြင်ခဲ့ကြသည်။
****
ယနေ့ အောင်မြင်မည်ဟု သေချာခဲ့သောအရာများဖြစ်သည့် တိတ်တိတ်ပုန်း လှုံ့ဆော်မှုပဲဖြစ်စေ ၊ ဝရုန်းသုန်းကား ပြေးလိုက်မှုပဲဖြစ်စေ ၊ ဒီဟာသပြဇာတ်ကို တင်ဆက်ရတာပဲဖြစ်စေ အကုန်လုံးက ချွင်းချက်မရှိ ကျရှုံးသွားတယ်တဲ့လား?!
-လက်မခံနိုင်စရာပဲ။ သူ့ကို သူမစ္စတာလီ နဲ့
လက်ထပ်ရမယ့်အခွင့်အရေးကို လုယူခွင့်ပေးလို့မရဘူး။ လက်ထပ်ရမယ့်လူက ငါပဲဖြစ်စေရမယ်!
ရှယွီက အံကြိတ်လိုက်ပြီး “စျေးပိုပေးမယ်” နှင့် “ပြီးအောင်လုပ်”ဟု အဓိပ္ပါယ်ဆောင်သည့်လက်ဟန်ခြေဟန်များကို မသိမသာ လူပုံအလယ်တွင်လုပ်လိုက်လေသည်။
အကျိုးဆက်အနေနှင့် ယခင်အခြေအနေမှာ ပြောင်းပြန်ဖြစ်သွား၏။ လူသန်ကြီးက အစက ဒီမစ်ရှင်မှာ ပြီးသွားပြီထင်၍ မတိုက်ခိုက်တော့ဘဲ ငြိမ်နေမလို့ပင်။ သို့သော် အချက်ပြမှုကို လက်ခံရရှိချိန်မှာ ပိုက်ဆံအတွက် သူဟာ တစ်ဖက်သို့ လှည့်၍ သက်တောင်စောင့်များနှင့် နပန်းလုံးတော့သည်။
မြင်ကွင်းမှာ ချက်ချင်းပင် ပရမ်းပတာ ဖြစ်လာရာ ရှရှင်းချီပင် ထိတ်လန့်သွား၍ လူချမ်းသာတွေဟာ တကယ်ကို ဘယ်လိုကစားရမလဲဆိုတာသိတာပဲဟု တွေးလိုက်မိသည်။ ဒီ စေ့စပ်ပွဲက ခါးသက်တဲ့ ဒရာမာကနေ သိုင်းကားအဖြစ်များ ပြောင်းသွားပြီလား။
ရှယွီသည် အခွင့်အရေးအား အမိအရဖမ်းဆုပ်၍ စစ်ပွဲထဲသို့ တန်းတန်းဝင်သွားသည်။
သူက ရှရှင်းချီရဲ့ လက်ကို ပြေးကိုင်လိုက်ကာ အပြစ်ကင်း ရိုးသား စိတ်ပူချင်ဟန်ဆောင်၍ ပြောလိုက်သည်။ “အစ်ကို ရှင်းချီ၊ ကျွန်တော်တို့ ဒါကို ဖြေရှင်းမှဖြစ်မယ်။ မင်းအတွက်နဲ့ သူတို့ကို ရန်မသတ်ခိုင်းပါနဲ့တော့! ငါတို့ မိသားစုမျက်နှာကို ပျက်စေချင်ရင်တောင် မင်း မစ္စတာလီကိုတော့ ပျက်စေလို့ မရဘူးလေ အာ!”
သူက ကျိုးကြောင်းဆီလျော်ပြီး မစ္စတာလီအတွက် စဉ်းစားပေးနေ၏။ ဒီအခြေအနေတစ်ခုလုံးရဲ့ ပုပ်သိုးနေတဲ့ အချစ်ပြိုင်ပွဲတွေကို စပေးပြီး ရှေ့ထွက်ကာ ဝင်မတားပေးသည့်လူနှင့် တူမနေဘူး။
ရှရှင်းချီ သူ့ကိုယ်သူ တွေးလိုက်သည်မှာ ဒီစကားလုံးတွေဟာ လှပသော်လည်း အကုန်လုံးမှာ အခွံသက်သက်နှင့် လှည့်စားရုံသာဖြစ်၏။ ဒီလူဟာ ရေနွေးငွေ့ထုတ်သည့် ရေနွေးကရားနှင့် တူနေသည်။
သူ့ခေါင်းကိုစောင်းကာ ရေနွေးငွေ့ဝိညာဉ်၏ အထူအပါးကို သိနိုင်ရန် ခန့်မှန်းနေတုန်း ရှယွီစကားထပ်ပြောတာကို သူကြားလိုက်ရသည်။ “အစ်ကိုရှင်းချီ၊ မစ္စတာလီက ကျန်းမာရေးမကောင်းဘူးလို့ အစ်ကိုထင်တယ်ဆိုရင်တောင် သူ့မှာ ပြုစုစောင့်ရှောက်ပေးဖို့ အလုပ်သမားတွေနဲ့ သူနာပြုတွေ ရှိပါတယ်။ အဲ့ဒါကြောင့် နောက်ဆုံးမှာ မင်း သေချာပေါက် သူ့ကို ဂရုစိုက်ပေးဖို့ မလိုပါဘူး! ပြဿနာရှာနေတာ ရပ်လိုက်တော့။ အသိတရားရှိအောင်လုပ်ပြီး အိမ်ထောင်ပြုလိုက်စမ်းပါ”
ဒီဝါကျကိုပြောတဲ့အသံက တိုးလွန်းတာကြောင့် တခြားသူမကြားချင် မကြားလိမ့်မယ်။ ဒါပေမယ့် လီချန်ယွမ် ကတော့ “မတော်တဆ” အဝေးကနေ ကြားသွားလေတယ်။
သရုပ်ဆောင်တာက ပီပြင်လွန်း၍ မူလပိုင်ရှင်က စေ့စပ်ထားသူရဲ့ မကောင်းတဲ့ ကျန်းမာရေးကြောင့် နေ့တိုင်း စပ်ဆုပ်ရွံရှာနေသည်ဟု မသိတဲ့သူတွေက ထင်ကြလိမ့်မည်။
ဒီစကားက ရှယွီ ယခင်ကဖြန့်ထားတဲ့ ကောလဟာလများနှင့် ကိုက်ညီလှသည် : ထိုအကြောင်းမှာ ရှရှင်းချီက မစေ့စပ်ချင်ရုံတင်မကဘဲ သူက သူ့ကိုယ်သူသာအရေးကြီးကြောင်း တတွတ်တွတ်ပြောနေပြီး သူသည် တစ်ခဏပင် ကလေးထိန်း မဖြစ်ချင် ၊ ဒုက္ခပေးသော အသက်မရှည်မည့် လူမမာကိုလည်း စောင့်ရှောက်မည်မဟုတ်ဟူ၍ပင်။
ဒီစကားများ ပြောပြီးသည်နှင့် ရှရှင်းချီ၏ မျက်နှာအမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားကာ သူ့ဆံပင်များပင် ထောင်လာသည်။
-ငါ့ရှေ့က ရေနွေးအိုး ဘယ်ပျောက်သွားလဲ။ ဒါက တကယ့်ကို ပေါက်ကွဲစေနိုင်တဲ့ အသေခံဗုံးခွဲမှုလို တိုက်ခိုက်မှုပဲ!
ရှယွီဟာ အဆုံးမှာတော့ သူ့ရည်ရွယ်ချက်များကို ရှင်းလင်းစွာ ဖော်ပြခဲ့ပြီး သူ့ကို လှည့်စားဖို့အတွက်နှင့် ဘာကိုပဲဖြစ်ဖြစ် ပြောရဲသေးသည်။
သူသည် လီချန်ယွမ် အကြောင်း လုံလုံလောက်လောက် မသိသဖြင့် ဒီစကားလုံးများ၏ သေစေနိုင်မှုအား တိကျစွာ လုံးလုံး မခန့်မှန်းနိုင်ခဲ့ပါ။
“သူ မကျန်းမာနေတာကို ငါမကြိုက်ဘူး”
အဲ့ဒါဟာ ဒီရူးနေတဲ့ဗီလိန်ရဲ့ ပြောင်းပြန်အကြေးခွံပဲ၊ အဲ့ဒီအတွက် အဲ့ဒါကို မည်သူပဲလာထိထိ အသတ်ခံရလိမ့်မည်ဖြစ်သည်။
ရှရှင်းချီမှာ ချက်ချင်း သိမ့်သိမ့်တုန်သွား၏။ ဝတ္ထုထဲမှ နောက်ဖြစ်မည့် သွေးထွက်သံယိုနှင့် ကြောက်စရာကောင်းသည့် ဇာတ်ကွက်သည် သူ့ မသိစိတ်၌ ပေါ်ထွက်လာ၏။
သူတွေးနေစဉ်မှာပဲ အေးစက်နေသည့်အကြည့်က သူ့ပေါ်သို့ ကျရောက်လာသည်။ လီချန်ယွမ်က သူ့ခေါင်းကို ဖြေးဖြေးချင်းလှည့်ကာ ဗလာသက်သက်အကြည့်ဖြင့် သူ့မျက်နှာကိုကြည့်၏။ မြင်ကွင်းတစ်ခုလုံးမှာ ဟော်ရာကားထဲမှ သရဲသည် ခေါင်းကို ပြောင်းပြန်လှည့်လိုက်သည့် ကြောက်စရာအခိုက်နှင့်ပင် ဆင်တူသည်။
ရှရှင်းချီ : !?
ဘောစိရယ် ငါတို့အကျိုးသင့်အကြောင်းသင့်စဉ်းစားရမယ်လေ။ ငါဒါကိုမပြောခဲ့ပါဘူး။ မင်းက ဘာလို့ ငါ့ကို လာကြည့်နေရတာတုန်း!
အပြုသဘောဆောင်သည့်သူအနေဖြင့် ရှရှင်းချီသည် အမြဲပင် လျင်မြန်စွာ ခွန်းတုံ့ပြန်ခဲ့၏။ သူ့မှာ စဉ်းစားဖို့ အချိန် သိပ်မရှိခဲ့ဘူး။ ထို့ကြောင့်ပင် သူ မြန်မြန် အကောင်းဆုံးအစီအစဉ်ကိုသာရွေး၍ အခြေအနေကို နောက်ကျစွာ အဖက်ဆယ်ဖို့ လုပ်ရတော့မည်။
ရှုစားကြစေကုန်လော့….
သူဟာ လှပပြီး ကျွမ်းကျင်သော စံထိုက်သည့် ဘေးတိုက်ကန်ချက်တစ်ခုကို ချက်ချင်းပင် တင်ဆက်လိုက်၏။ ထိုစဉ် အငိုက်မိသွားသော ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ရှယွီမှာ မြေပြင်ပေါ်သို့ ကြမ်းတမ်းစွာ အကန်ခံလိုက်ရလေတော့သည်!
ရှယွီ၏ အော်သံများထွက်ပေါ်လာသည်နှင့် ဟိုဘက်ခြမ်းမှ သိုင်းချနေသည့် မြင်ကွင်းမှာ သက်တော်စောင့်များက လူသန်ကြီးကို မြေပေါ်ဖိထားခြင်းဖြင့် အဆုံးသတ်သွား၏။
သို့ပေတည်း ဇာတ်လမ်းတွင် အလှည့်အပြောင်းများ ပို၍ အထည့်ခံလိုက်ရကာ လူအားလုံးက ရင်သက်ရှုမောဖွယ် အသစ်အဆန်းဖြစ်သည့် သခင်လေး အတု နှင့် အစစ် တို့ လူအများရှေ့ သတ်ပုတ်နေသည်ကို မြင်တွေ့ရသဖြင့် အံ့ဩထိတ်လန့်သွားကြကာ သူတို့ကိုယ်သူတို့လည်း တွေးမိကြ၏။ ဒီနေ့က ဘယ်လိုတောင် အသက်ဝင်တဲ့နေ့မို့လို့ ဖရဲသီးအလုံးတစ်ရာလောက် သီးနေတာပါလိမ့်။
ထိတ်လန့်ဖွယ်အကောင်းဆုံးသူမှာ ရှရှင်းချီ ကိုယ်တိုင်ပင်။ ဘာပဲဖြစ်နေပါစေ သူတို့လုံးဝမထင်ထားသည်မှာ ရှရှင်းချီကဲ့သို့ အားနည်းကာ သူရဲဘောကြောင်သောသူက ဤသို့ တည့်တိုးဆန်သည့်ကိစ္စမျိုးကို တုံ့ဆိုင်းခြင်းမရှိလုပ်လိမ့်မည်ဟုပင်။
ဤအမှိုက်သရိုက်မှာ အလင်း သူ့အပေါ်ထိုးချိန် သိသာစွာ ပိုထိန်လင်း၍ လူကောင်းတစ်ယောက်နှင့်တူနေခဲ့ပီး သူ၏ အကြင်နာပိုကာ ဇွတ်တရွတ်နိုင်သောပိုးပန်းမှုဖြင့် လူအများကို မျက်ရည်ကျအောင် လုပ်ခဲ့သည်လေ…… သူ ရူးများ ရူးသွားပြီလား။
အံ့အားသင့်စွာပင် ဤမျှတင် မပြီးသေး။ ရှရှင်းချီသည် အားလုံး၏ မျက်စိရှေ့၌ ရှေ့သို့ ခြေနှစ်လှမ်းတိုးကာ လီချန်ယွမ်၏ ပေါင်ပေါ်တွင် ရဲတင်း ယုံကြည်မှုရှိစွာ ထိုင်ချပစ်လိုက်လေသည်!
Chapter 6 end
Chapter 7
ထိုသူ့ရဲ့ပေါင်ပေါ်မှာ ထိုင်ဖို့ လက်ဦးမှုယူခြင်းက အံ့သြစရာကောင်းလောက်ပေမယ့် ရှရှင်းချီကတော့ ဒီလောက်နဲ့ မလုံလောက်သေးဘူးလို့ တွေးနေသေးသည်။ သူထိုင်နေတဲ့ ပုံစံကို အထိုင်ကျအောင်လုပ်ပြီး လီချန်ယွမ်ရဲ့ ရင်ခွင်ထဲ မှီလိုက်သည်။
ပြီးတော့ သူ့ရဲ့ ရှပ်ကော်လံကိုတောင် သာမာန်ကာလျှံကာ ပွတ်သီးပွတ်သပ်လုပ်ရင်း သန့်ရှင်းသပ်ရပ်အောင် လုပ်နေခဲ့သည်။
ဒီမြင်ကွင်းက အချိန်တစ်ခုအထိရပ်တန့်နေခဲ့သလိုမျိုး ထိတ်လန့်စရာကောင်းလောက်အောင် မားလ်စ်ဂြိုလ်နဲ့ ကမ္ဘာနဲ့ တိုက်မိနေတဲ့ မြင်ကွင်းကိုကြည့်နေရသလိုမျိုး လူတွေကို အံ့အားသင့်စေခဲ့သည်။
ယခု မတိုင်ခင်က ဒီလိုပွတ်သီးပွတ်သပ်နေတာမျိုးကိုမပြောနဲ့ ဂုဏ်ပြုညစာစားပွဲကို လီချန်ယွမ်နဲ့အတူတူတက်နိုင်ရင်တောင် တော်တော် ဂုဏ်ယူဖို့ကောင်းနေပြီလေ။
ဒီနေရာမှာတင် ကြမ်းပြင်ပေါ်ကို ပစ်ချခံရမှာ သူ မကြောက်ဘူးလား။
ဒါပေမဲ့ လီချန်ယွမ်က သူရဲ့နှုတ်ခမ်းတွေကိုသာစေ့ထားပြီး ရှရှင်းချီ နောက်ထပ် ဘာတွေများ ကို့ရို့ကားယား လုပ်ဦးမလဲဆိုတာ ငြိမ်ငြိမ်ပဲထိုင်ကြည့်နေခဲ့သည်။
ရှရှင်းချီက တကယ့်ကို သူမျှော်လင့်ထားသလို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ လီချန်ယွမ်ရဲ့ အေးစက်စက်လက်ကို လှမ်းကိုင်လိုက်သည်။
ရှယွီကြမ်းပြင်က ထလာတဲ့အခါ ရှယွီကိုကြည့်ဖို့ သူ့ခေါင်းက ခပ်မြန်မြန်ပဲ လှည့်သွားခဲ့တယ်။
ပြီးနောက် အရမ်း ရက်ရက်စက်စက်နဲ့ပဲ အသံအောင်အောင်ဖြင့်….
“ရှယွီ… ငါ့ယောက်ျားကို အဲ့လိုစကားမျိုးတွေပြောဖို့ ငါမင်းကို ခွင့်မပြုဘူး!”
“ကျန်းမာတာပဲဖြစ်ဖြစ် နာမကျန်းတာပဲဖြစ်ဖြစ် ငါသူနဲ့တူတူရှိချင်တယ်လို့ ငါပြောခဲ့ပြီးပြီနော်။ ငါတို့နှစ်ယောက်ကို ကွဲအောင် သွေးမထိုးစမ်းနဲ့!”
အရာအားလုံးဖြစ်ပျက်နေတဲ့ အဲ့နေရာမှာ တိတ်ဆိတ်မှုကပိုလို့တောင် ကြီးစိုးလာခဲ့သည်။
ရှရှင်းချီရဲ့ အမြန်ပစ်ဘောလုံးက ပြင်းပြင်းထန်ထန်ပဲ ရှယွီပြောခဲ့တဲ့ ထိုစကားတွေကို ပြန်ထုနှက်ခဲ့သည်။ ပြီးတော့ ရှယွီ ဒီလို ကြမ်းပြင်ပေါ်အကန်ချမခံခင်က ဘာတွေပြောခဲ့လဲဆိုတာ ဘယ်သူမှမသိခဲ့ဘူး။
အဲ့လို လမ်းခွဲတဲ့ပုံစံလိုမျိုး စကားလုံးတွေက အဆုံးမရှိတဲ့ စဉ်းစားစရာတွေဆီကို ဦးတည်ခဲ့သည်။
သခင်လေးအစစ်နဲ့ အတုအယောင်ကြားက ထိရှလွယ်တဲ့ အထောက်ထားတွေက ဘယ်သူက ကံကြမ္မာဂြိုလ်ဆိုးရဲ့ သားကောင်ဖြစ်ပြီး ဘယ်သူက အမွေဆက်ခံသူဖြစ်မလဲဆိုတဲ့ခေါင်းစဉ်ဖြစ်နေခဲ့တယ်။ဘယ်လိုပဲ သူတို့တွေ တရင်းတနှီးနဲ့ ညီအကိုတွေလို့ ခေါ်ဆိုပြောဆိုနေကြပေမဲ့ သူတို့ တကယ့်ညီအကိုတွေလို နီးနီးကပ်ကပ်ဖြစ်ဖို့က မဖြစ်နိုင်သလောက်ပဲ။
အခန်းတွင်းရှိနေတဲ့လူတွေက ရှယွီကိုကြည့်တဲ့အခါမှာ သူတို့ရဲ့မျက်နှာထားတွေက တဖြည်းဖြည်းပိုပြီး နားလည်ရခက်လာခဲ့၏။ရှရှင်းချီ စိတ်သက်သာရာရကာ သက်ပြင်းတစ်ခုကိုချလိုက်သည်။သေချာသလောက်ကတော့ တစ်ယောက်ကတော့ မီးကိုမီးနဲ့ ပြန်တိုက်မှရတော့မည်။
ရှဖျင်ကျန့် တစ်ယောက်တည်း ဒေါသကြောင့်မျက်နှာမှောင်မဲနေခဲ့သည်။ သူ အဲ့မျိုးမစစ်လေး ရှရှင်းချီကို နေရာမှာတင် ဆွဲဖြဲချင်လာတာနဲ့ အမျှပေါ့။
သူရဲ့အဖိုးတန်သားလေးကို အဲ့ကောင်က ရိုက်နှက်ရုံတင်မက ဆုံးရှူံးမှုကြီးကိုပါ ယူရအောင်လုပ်ခဲ့တာ။
ဒါက မိုက်မဲတာပဲ!
ရှရှင်းချီရဲ့ စိတ်ထဲက ပေသီးတွက်ခုံလေးက အလင်းရဲ့အမြန်နှုန်းနဲ့ တွက်ချက်နေခဲ့သည်။ပြီးတော့ လီချန်ယွမ် အပေါ်မှာပဲ မှီခိုလို့ရမယ်ဆိုတာ သူသိနေခဲ့သည်လေ။
သူ့မျက်နှာထားအပြောင်းအလဲတွေကို ရှရှင်းချီ သူ့ပေါင်ပေါ်ထိုင်နေခဲ့စဥ်ကတည်းက သတိထားနေခဲ့သည်။
စိတ်အပြောင်းအလဲမြန်တဲ့ ဗီလိန်ကြီးကတော့ သူဘောင်ကျော်မိတဲ့အပေါ်မှာ သဘောမကျတဲ့ ပုံမပေါ်ဘဲ သူ့ကိုပဲ အစကနေအဆုံးထိ ငေးကြည့်နေခဲ့တာဖြစ်သည်။
ဒီအကြည့်ကတကယ်ကို ကြောက်စရာကောင်းနေပေမဲ့လည်း ရက်စက်တဲ့ ရှသားအဖတွေထက်ပိုပြီး မှီခိုနိုင်စရာဖြစ်ခဲ့သည်။သူတို့ရဲ့သွားတွေကို ထက်နေအောင် ချွန်ပြီး သေတဲ့ထိ သူ့ကို ကိုက်ချင်နေတဲ့ လူတွေထက်စာရင်ပေါ့။
ရှရှင်းချီ သူ့ကိုသူပြင်ဆင်ဖို့ အသက်ပြင်းပြင်းရှုသွင်းလိုက်သည်။သူ လီချန်ယွမ်ရဲ့ အေးစက်စက်လက်ကို ဆက်ကိုင်ထားကာ အတွေးမဲ့စွာ အနွေးဓာတ်ပေးနေခဲ့ပြီး ချစ်မေတ္တာတွေနဲ့ ပြောလိုက်သည်။
“မစ္စတာလီ.. မြင်မြင်ချင်းအချစ်ကို ယုံလားဟင်”
အဓိကဇာတ်ဆောင် ဗီလိန်အနေနဲ့ …သူဌေးရေ… ခင်ဗျား ကျွန်တော့်ကို ကယ်မှရမယ်။ အဲ့လိုမှမဟုတ်ရင် ကျွန်တော် ဒီည အိမ်ပြန်ရောက်တာနဲ့ သေတဲ့အထိ အဆော်ခံရတော့မှာ။
“ခင်ဗျားကိုမြင်မြင်ချင်း…”
ရုတ်တရက် လီချန်ယွမ်ရဲ့ ကြောက်စရာကောင်းတဲ့ မမှုန်မသုန်အကြည့်တွေ ပြန်ရုတ်သွားတာကို မြင်လိုက်ရတော့ ရှရှင်းချီ သူ့စကားသူတောင် အဆုံးမသတ်နိုင်ခဲ့။
စာအုပ်တစ်အုပ်ရဲ့စာမျက်နှာကို လှန်တာထက်ပိုပြီး မြန်စွာ သူ့အချိုးသူပြောင်းလိုက်တာဆိုတော့ ကြည့်ရတာ သူ့စိတ်ပါ တစ်ခါတည်း ပိုကောင်းလာတဲ့ပုံပဲ။
ထို့နောက် ရှရှင်းချီနားထဲကို သူ့အသံဩဩနဲ့ တိုးညှင်းစွာပြောလာပြီး အပြုံးလေးတစ်ခုက ခပ်ရေးရေး။
“ကိုယ်ယုံပါတယ်”
ရှရှင်းချီ သူ့ရဲ့ ထူးဆန်းတဲ့ ဇာတ်ကွက်ရဲ့ဦးတည်ရာကို တုံ့ပြန်ချိန်တောင်မရလိုက်ပဲ သူခံစားမိလိုက်တာက သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလာတာပဲ။
မယုံနိုင်စရာ ကောင်းလောက်အောင်ပဲ တစ်ကြိမ်ထက်ပိုပြီး လီချန်ယွမ် သူ့ကိုကောက်,မပြီး ရင်ခွင်ထဲ ခေါ်ဆောင်သွားပြန်ပြီ။
အားလုံးရဲ့ အမြင်မှာတော့ လီချန်ယွမ်ဟာ ဒီကို စေ့စပ်ဖို့လာခဲ့တဲ့ပုံသိပ်မပေါ်ပဲ သတို့သမီးကို ပြန်ပေးဆွဲတဲ့ပုံစံ ပိုပေါက်နေခဲ့သည်။
လူတိုင်း အံ့အားသင့်ပြီးမှင်တက်နေခဲ့ကြသည်။ဘာတွေပဲဖြစ်နေပါစေ ပြိုကွဲနေပြီးသားဖြစ်တဲ့ ရှမိသားစု၀င်တစ်ဦးကို အဲ့ဒီလီချန်ယွမ်က တကယ် လက်ထပ်မယ်လို့ ဘယ်တုန်းကမှ စိတ်ကူးတောင်မယဉ်ဖူးခဲ့ကြ။
ဒီသားနှစ်ယောက်ရဲ့ ရှက်စရာကောင်းတဲ့ အခြေအနေတွေကို ပြောကြရအောင်။ပညာကောင်းကောင်းသင်စေပြီး
ချမ်းချမ်းသာသာနဲ့ မြေထောင်မြှောက်ပေးခဲ့ရတဲ့ တစ်ယောက်က သူ့သားအရင်းမဟုတ်ပဲ သူ့ရဲ့သွေးသားရင်းကတော့ အလွန်ဆင်းရဲစွာ ကြမ်းတမ်းစွာ ပျိုးထောင်ခြင်းခံခဲ့ရတဲ့ အရင်းမြစ်မှားခဲ့တဲ့ ကလေးပဲ။
အထူးသဖြင့် ရှရှင်းချီ နားမလည်နိုင်ဖြစ်ခဲ့ရသည်။ သူက လီချန်ယွမ်ကို စေ့စပ်ခြင်းကို နေရာမှာတင် မဖျက်စေချင်ခဲ့ရုံပဲ။ပြီးတော့ သူ့ကို ပြန်ထောက်ပေးဖို့ စေ့စပ်ထားတဲ့သူဆိုတဲ့ နာမည်ကို ငှားချင်ခဲ့တာ။ဒါမှ ရှသားအဖ သူ့ကို သေတဲ့အထိ ရိုက်နှက်ခဲ့တဲ့အချိန်ကို ပြန်မသွားရမှာ။
အစတည်းက ဘာခံစားချက်အခံမှမရှိပဲ စုံတွဲလို သရုပ်ပြနေရတာကိုက သူ့လဥသူ ပြန်ကန်မိတဲ့သူလိုပဲ။ ဒီလိုထူးဆန်းတဲ့ အခြေအနေကို ဦးတည်သွားလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာတဲ့လဲ။
အချိန်ခဏလေးအတွင်းမှာပဲ သူက လီချန်ယွမ်ချီတာ ခံရတာနှစ်ခါရှိနေပြီ။
အဲ့တာက ရည်ရွယ်ချက်ရှိရှိနဲ့လား ဘာလား ညာလားတော့ သူမသိဘူး။ လီချန်ယွမ်ကြီးက လုံး၀တည်ငြိမ်မနေဘူး။ဘယ်အခိုက်အတန့်မှာမဆို သူက ရှရှင်းချီကို ပစ်ချတော့မလိုပုံစံကြီး။
ထိုအရာက ရှရှင်းချီကို မသိစိတ်အရ သူ့လည်ပင်းကို ဖက်ထားချင်အောင်လုပ်နေခဲ့သည်။သန့်စင်ခန်းထဲ ကိစ္စပြီးတာနဲ့ ခါးပါတ်ကို ပတ်သလိုမျိုးပေါ့။
ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒါက တကယ့်ဗီလိန်အကြီးစားသူဌေးကြီးမှန်းသိနေခဲ့ပြီးသားမို့ အမြန် ရှပ်ပြာပြာ မလုပ်ရဲဘူး။ တိတ်ဆိတ်စွာနဲ့ လီချန်ယွီရဲ့ ရှပ်အင်္ကျီကိုပဲ အသေချာ ဆုပ်ကိုင်ခဲ့သည်။
ပေါ့ပါးပြီးအေးမြတဲ့ရနံ့က သူ့နှာခေါင်း၀မှာဝဲနေခဲ့သည်။
အာဏာစက်ကြီးပြီး ကြောက်စရာကောင်းတဲ့ အရှိန်အဝါက ယုံကြည်မှုနဲ့ထိုက်တန်တယ်လို့ထင်ရစေသည်။
တွေဝေမှုတွေနဲ့ပရမ်းပတာအတွေးတွေကြား အာရုံစိုက်ဖို့ အဲ့လူရဲ့ ရှပ်ကြယ်သီးကိုသာ ရှရှင်းချီ စိုက်ကြည့်နေခဲ့သည်။အရှုံးမပေးခင် သူ့ကိုသူ တစ်ဆင့်ပြန်စိုက်ကြည့်နေသလားထင်ရသည်။
အပြင်လူတွေရဲ့အမြင်မှာတော့ သူက မစ္စတာလီရဲ့ လက်မောင်းတွေထဲ ပျော်၀င်နေခဲ့သလို မှီနေခဲ့သည်။
စေ့စပ်ခြင်းအခမ်းအနားကို ဂရုတစိုက်မလိုက်နာပဲ လီချန်ယွမ်က စေ့စပ်လက်စွပ်ကို အတွင်းရေးမှူးဆီက ယူပြီး တည်ငြိမ်အေးဆေးစွာနဲ့ ရှရှင်းချီရဲ့လက်ခလယ်ကို စွပ်ပေးခဲ့သည်။
တကယ်က လက်စွပ်တစ်ကွင်းကို ၀တ်တာထက် လက်ထိပ်ကို ၀တ်လိုက်ရတာဆို ပိုမှန်လိမ့်မည်။
၀တ်လိုက်တာနဲ့ တစ်ခါတည်း မင်းပိတ်မိပြီပဲ။
ထို့နောက် ကြက်သေသေပြီး တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ စိုက်ကြည့်နေကြတဲ့လူအုပ်ကိုချန်ပြီး သူကို အဲ့လူက ပွေ့ချီပြီး လှည့်ထွက်သွားခဲ့သည်။
###
“…မစ္စတာလီ ကျွန်တော်တို့ကြား အထင်လွဲနေတာများမရှိဘူးလား။ အမ်?”
စေ့စပ်ဂုဏ်ပြုပွဲညစာစားပွဲမှ ထွက်ခွာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ကြီးက မဲမှောင်လာခဲ့သည်။
ကားပြတင်းကနေ ဖြတ်သွားတဲ့မြို့တော်ညရဲ့ မြင်ကွင်းကို ရှရှင်းချီ စိတ်ပူပန်စွာ ငေးကြည့်နေခဲ့သည်။သူဘာလို့ အတင်း အဓမ္မခေါ်ဆောင်ခြင်းခံခဲ့ရလဲဆိုတာ လုံး၀တွေးလို့မရဘူး။
ဘယ်သူမှစကားမပြောတဲ့အလျောက် တိတ်ဆိတ်မှုက ကြီးစိုးနေခဲ့သည်။ လီချန်ယွမ် ဘယ်တော့မှ မဖြေတော့ဘူးလို့ ရှရှင်းချီတွေးနေတဲ့အချိန် ထိုလူက အပြုံးတုတစ်ခုနဲ့ ဖြေတာကိုကြားလိုက်ရသည်။ “မြင်မြင်ချင်းအချစ်ပေါ့ကွာ”
ရူးနေတာ မဟုတ်ရင် ဒီလိုစကားကို ဘယ်သူမှ ယုံမှာမဟုတ်ဘူး။
အဲ့ဒီကြမ်းတမ်းရိုင်းစိုင်းတဲ့လူဆိုးက အမြောက်စာဇာတ်ကောင်လိုလူနဲ့ မြင်မြင်ချင်း ချစ်မိသွားတယ်ဆိုတာက ATM စက်ထဲက ဘဏ်စာအုပ်တွေ အလကား ထွက်ကျလာတာထက်ကို ဖြစ်နိုင်ချေနည်းနေဦးမည်။
အကြိမ်ကြိမ် လက်လုပ်မိုင်းတွေကို နင်းပြီးတဲ့နောက်၊ သူ စာအုပ်ထဲ ပရမ်းပတာနဲ့ ဝိညာဉ်ကူးပြောင်းလာတဲ့ အဲ့ဒီညကိုပါ ထပ်ပေါင်းထည့်ပြီးနောက်၊ အခုထပ်ပြီး အတင်းအဓ္ဓခေါ်ဆောင်ခံရတာကိုပါ ထည့်တွက်လိုက်ရင်…
နောက်ထပ်လာမှာက သွေးသံတရဲရဲနဲ့ နှိပ်စက်ခံရတာပဲနေမှာ..အားး!!!
ရှရှင်းချီ သူ့ခေါင်းထဲက အတွေးပုံရိပ်တွေနဲ့တင် တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားရသည်။
သူ ကြိုသိထားတဲ့ စာအုပ်ထဲရှိ နောက်လာမဲ့ ဇာတ်ကွက်တွေထဲက အမှတ်အရဆုံး တစ်ခုကို ပြန်စဉ်းစားလိုက်သည်။
လီချန်ယွမ် နေမကောင်းဖြစ်ပြီး မတ်တပ်မရပ်နိုင်လောက်တဲ့ထိ အားနည်းကာ ဝှီးချဲထဲ ထိုင်နေရချိန်မှာတောင် သူ ရူးသွပ်သွားတာကို ဘယ်သူမှ မတားနိုင်ခဲ့ဘူး။
နောက်ကနေ ဝှီးချဲတွန်းပေးတဲ့ သက်တော်စောင့်နဲ့ အကူတွေက လိုက်ပြီး သူကတော့ လက်တစ်ဖက်က အပ်တစ်ချောင်းကိုကိုင်ကာ ရယ်မောရင်း နောက်လက်တစ်ဖက်က တစ်ခြားလူတစ်ယောက်ကို ဖြည်းဖြည်းချင်း သွေးထွက်အောင် လုပ်နေခဲ့သည်။
ထို့နောက် အဲ့လူကိုပင်လယ်ထဲ ငါးမန်းစာကျွေးပြီး သွေးရောင်လွှမ်းနေတဲ့ပင်လယ်ကို အရမ်းကြောက်ဖို့ကောင်းတဲ့ရုပ်ရှင်ထဲက လူသတ်သမားလိုမျိုး ပြုံးနေခဲ့သည်လေ။
စာအုပ်ထဲမှာတော့ လူ့အသက်တန်ဖိုးကို လိုရာဆွဲပြောထားပြီး ၀တ္ထုထဲမှာပါတဲ့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့Gong နဲ့ Shouက ဗီလိန်တွေဖြစ်ပြီး ထိုနယ်ပယ်ရဲ့စနစ်တည်ဆောက်ပုံက အတော်လေးအားနည်းနေခဲ့သည်။ပြီးတော့ ရူးနေတဲ့ဗီလိန်နဲ့ အကျိုးသင့်အကြောင်းသင့်ပြောဖို့က အတော်လေးကို မဖြစ်နိုင်ဘူး။
ရှချင်းချီ ချက်ချင်းပဲ ကြောက်ရွံ့တုန်လှုပ်သွားခဲ့တယ်။
Chapter 7 end