⚠️ JavaScript ပိတ်ထားပါသည် ⚠️

ဤဝက်ဘ်ဆိုက်ရှိ ဇာတ်လမ်းများကို ဖတ်ရှုရန်နှင့် အပြည့်အဝ အသုံးပြုနိုင်ရန် သင့် Browser တွင် JavaScript ဖွင့်ထားရန် လိုအပ်ပါသည်။

ကျေးဇူးပြု၍ Browser Settings ထဲတွင် JavaScript (သို့) Site Settings ကို ဖွင့်ပြီးမှ ဝက်ဘ်ဆိုက်ကို ပြန်လည် Reload လုပ်ပေးပါ။

Switch Mode
Telegram Main Channel - https://t.me/REDKNOTMyanmar

Chapter 51

Little Creampie:
Chapter 51

ရှရှင်းချီ သည် အလွန်လျင်မြန်စွာ ချက်ပြုတ်ပြီးနောက် စွပ်ပြုတ်များ အသီးအရွက်များ ကြော်ထားသော ပန်းကန်ပြားများကို တစ်လုံးပြီးတစ်လုံး ချသည်။ ဖန်သားပြင်ပေါ်၌ ပွတ်လောရိုက်လာပြန်သည်။

[ဝိုး၊ ဝိုး!  ဒီဟင်းလျာတွေက အရမ်းအရသာရှိမယ့်ပုံပဲ။ ရှင်းချီက အရမ်းအစွမ်းထက်တာပဲ၊ အကုန်လုံးကို မာစတာဖြစ်နေရော]

[ဝူးးဝူးးဝူးး ငါလည်း အရမ်းစားချင်တယ်။]

[ပြောရမယ်ဆိုရင် သူတို့ရဲ့ စခရင်က ခုနကပဲ မည်းသွားတာနော်… ဟီးဟီး (dog head.jpg)]

[ဟဲဟဲ ဘာလဲ?  စက်ပစ္စည်းတွေ ပါဝါကုန်သွားတာလို့ ရုပ်ရှင်အဖွဲ့သားတွေက ရှင်းပြထားပြီးသားလေ။  ဒီရှေးဟောင်းအိမ်မျိုးမှာ လျှပ်စစ်ပလပ်ပေါက်နည်းနည်းပဲ ရှိပြီး အားအပြည့်မသွင်းနိုင်တာက သာမာန်ပဲလေ]

[မယုံဘူး။  တံခါးထဲဝင်ပြီး ချက်ချင်းပဲ ပါဝါကုန်သွားတာက မတော်တဆပေါ့? လီချန်ယွမ်က အဲဒီအချိန်က တကယ်ကို မသိဘဲ မတော်တဆ ပစ္စည်းရှေ့မှာ ရပ်နေခဲ့တာလား။]

[ခန့်မှန်းနေတာကိုရပ်လိုက်ကြတော့၊ မြန်မြန်ထပြီးစားတာကို ရှိုး။   မြန်မြန်ထပြီး သူတို့စားတာကိုကြည့်!]

“ဒါက ငါစားဖူးသမျှထဲ အဖိုးတန်ဆုံး တစ်နပ်ပဲ” လီရှို့ က စိတ်ခံစားချက်အပြည့်နဲ့ ကျေနပ်အားရစွာ သက်ပြင်းချလိုက်သည်။

သူဌေးလင်မယား ချက်ပြုတ်သော အစားအစာသည် ဧကရာဇ်မင်းမြတ်နှင့် ဧကရီကိုယ်တိုင် ချက်ပြုတ်ထားသော ဟင်းလျာကို စားရခြင်းနှင့် လုံးဝတူသည်။

ရှရှင်းချီသည် လီချန်ယွမ် ရှေ့၌ ပေါ့ပေါ့ပါးပါး ဟင်းအနည်းငယ်ကို မသိမသာ ချထားလိုက်သည်။

ဒဏ်ရာရထားသော ကြောင်ကြီး၏နှလုံးသားကို သက်သာစေရန်မျှော်လင့်ချက်ဖြင့် ၎င်းကို အထူးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးတော့၊ သူ့ကို တွန်းလိုက်မိရုံနဲ့ ရင်ဘတ်အောင့်တဲ့အထိ “စိတ်ဆင်းရဲအောင်” လုပ်နိုင်မယ်လို့ ဘယ်သူက ထင်မှာလဲ။

ပြင်းထန်မှုမရှိသော်လည်း ဆေးသောက်ရန်မလိုအပ်သော်လည်း ရှရှင်းချီသည် ဤသူကို နှိုးဆော်မိမည်ကို လုံးဝကြောက်နေသေးပြီး လောလောဆယ်တွင် ရှာလကာရည်သောက်ရန် ဂရုမစိုက်အားပေ။

ထမင်းစားပြီး၍ တူချောင်းတွေချပြီးသည်နှင့် ဒါရိုက်တာက မိုက်ခရိုဖုန်းကို နှိပ်လိုက်ပြီး အသံစမ်းသပ်ဖို့ ကြေငြာသံကြားလိုက်ရသည်။

ရှရှင်းချီက ဒီနေ့က သွေးပူရုံပဲလို့ တွေးပြီး တခြားအလုပ်တွေ မလုပ်ရဘူးလို့ထင်ထားတာ။အဲ့လိုမဟုတ်တဲ့ပုံပဲ။

ကောင်းတာတစ်ခုမှ ဖြစ်လာမှာမဟုတ်ဘူးလို့ သူ မှန်းဆလိုက်ပြီး ဒါရိုက်တာ ထပ်ပြောတာကို ကြားလိုက်ရသည်။

“ကျွန်တော် အားလုံးကို သတင်းဆိုးတစ်ခုပြောစရာရှိတယ်”

“အထူးအခြေအနေကြောင့်၊ ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ အခန်းတွေက လူအရေအတွက်ထက် နှစ်ယောက်နည်းနေတယ်၊ ဒါကြောင့် မင်းတို့ထဲကနှစ်ယောက်က တခြားသူတွေနဲ့ ကုတင်တစ်လုံးကို ခေတ္တမျှဝေဖို့ လိုလိမ့်မယ်။”

ဟန်ယွမ်ဟဲ သက်ပြင်းတစ်ချက်ချလိုက်သည်။

“ဒါပါပဲ၊ အေးလွန်းတဲ့ ဒီရာသီဥတုမှာ အတူတူအိပ်ရတာ နွေးနွေးထွေးထွေးရှိလိမ့်မယ်။ ဒါရိုက်တာက ပြောဖို့အရေး ခဏရပ်လိုက်တော့ ငါ့မှာ သေအောင် လန့်သွားတာပဲ၊ နောက်ထပ် စပရိုက် မစ်ရှင်တစ်ခု ရှိမယ်ထင်နေတာ။”

ဥပမာအားဖြင့်၊ ပြီးခဲ့သောရာသီတွင် ဒီရိုက်ကူးရေးအဖွဲ့က ညသန်းခေါင်တွင် ပြောင်းဖူးကောက်ရန် လူများကို အိပ်ရာပေါ်မှ ဆွဲထုတ်ခဲ့သည်။ ပြိုင်ပွဲဝင်များအားလုံး အိပ်ငိုက်နေသဖြင့် ပြောင်းဖူးရိုးတံပေါ်တွင် တွဲလောင်းကျလုနီးပါး ဖြစ်ခဲ့ရသည်။

ဟုတ်ပါသည်၊ ဒီအကြံဉာဏ်က ညလယ်မှာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူရှိမရှိကို ထည့်သွင်းမစဉ်းစားဘဲ၊ နောက်နေ့ ပြိုင်ပွဲဝင်တွေရဲ့ စာရင်းမဲ့မှုက ရှိုးပွဲကို ထိခိုက်စေမှာလားဆိုတာကိုလည်း ထည့်သွင်းစဉ်းစားထားခြင်း မရှိခဲ့တာကြောင့် နောက်ဆုံးတုံ့ပြန်မှုက အလယ်အလတ်ပါပဲ။

အတိတ်ကို သင်ခန်းစာယူပြီး စဥ်းစားကြည့်ရင် ဤရာသီက ထိုရာသီမျှလောက် လိမ်လည်လှည့်ဖျား လူသားမဆန်တာမျိုး မဟုတ်ပေ။

“ဟုတ်တယ်၊ အာ၊ အိပ်ယာမျှဝေရတာက အရမ်းရိုးရှင်းတယ်၊ နွေးလည်း နွေးတယ်” လီရှို့က သက်ပြင်းချရင်း သံယောင်လိုက်လာခဲ့သည်။

ရှရှင်းချီသည် သံသယမဝင်ဘဲ မနေနိုင်ကာ ဤပူးပေါင်းကြံစည်မှုမျိုးသည် မည်သို့သော ကြံစည်မှုဖြစ်မည်ကို သိချင်နေသည်။

အခန်းနှစ်ခန်းမရှိရခြင်း အကြောင်းရင်းမှာ သူနှင့် လီချန်ယွမ် ၏ သိသာသော အသွင်အပြင်ကြောင့် ဖြစ်နိုင်ကြောင်း သူသိသော်လည်း ယုတ္တိနည်းကျကျ ပြောရလျှင် အခြားနေထိုင်ရာတစ်ခုကို ပြင်ဆင်ဖို့ မခက်ခဲသင့်ဘူးမလား။

လူခြောက်ယောက်နဲ့ အခန်းလေးခန်းရှိတယ်။  ပထမဆုံးအနေနဲ့ အန်းကျင့် က အမျိုးသားအနုပညာရှင်တစ်ယောက်နဲ့ အတူမနေသင့်တဲ့အပြင် သူမရဲ့ချစ်သူ  ဟန်ယွမ်ဟဲ နဲ့ဆိုရင်တောင် မသင့်တော်ဘူး။  နှစ်ယောက်သား အိမ်ထောင်မကျကြသေးတဲ့အတွက် အပြစ်ရှာဖို့ လမ်းသွားလမ်းလာတွေရှေ့မှာ ပိုရှေးရိုးဆန်နေသင့်ပါတယ်လေ။

ထို့နောက် ရွှေနှင့်ကျောက်စိမ်းကဲ့သို့ အဖိုးတန်သည့် လီချန်ယွမ်ကို သီးခြားအခန်းတစ်ခုတွင် နေရာချပေးသင့်သည်-

ရှရှင်းချီ စိတ်ထဲမှာ ဒီအတွေးကို မြင်လိုက်တာနှင့် လီချန်ယွမ်က မျက်လုံးမော့ကြည့်လိုက်သည်။  အတုအယောင်အပြုံးဟု ထင်ရသည့် သူ့မျက်လုံးများရှိ အမူအရာက သူ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေသည်။

ရှရှင်းချီ : …….

ကယ်ကြပါဦး အာ… ကျေးဇူးပြုပြီး ဒီကိုမလာပါနဲ့ ဟုတ်ပြီလား?

လွန်ခဲ့သည့်ရက်အနည်းငယ်က “ကျွန်တော်တို့ အတူတူအိပ်မှာမဟုတ်ဘူး။အဲ့ကိစ္စကို နောက်မှ ညှိကြမယ်” ဟုပြောသောအခါ ဒီလူ သဘောမတူခဲ့တာ အံ့သြစရာမဟုတ်တော့ဘူး။  သူက ဒီမှာ စောင့်နေခဲ့တာပဲ။

သို့သော်၊ ဤအတောအတွင်း သူတို့နှစ်ယောက်အတူတူ အိပ်ခဲ့ကြပြီး ရှရှင်းချီသည် ဤနွေးထွေးသော လူသားခေါင်းအုံးကို အနည်းငယ် အကျိုးရှိရှိအသုံးပြုခဲ့သည်။

တခါတရံ ညသန်းခေါင်မှာ အိပ်ရာက နိုးလာတဲ့အခါ သူကိုယ်သူ လီချန်ယွမ်ပေါ်မှာ တွယ်ကပ်နေတာကို တွေ့လိုက်ရတဲ့အခါ တုန်လှုပ်ချောက်ချားပြီး သူ့ဆီကနေ အလျင်အမြန် ရုန်းထွက်သွားမိတတ်သည်။

သို့သော် နောက်ပိုင်းတွင် သူသည် ရဲရင့်လာကာ အိပ်ပျော်စေရန် ဆက်လက်ပွေ့ဖက်ထားရင်း သူ့ခေါင်းကို မသိစိတ်တစ်ပိုင်းဖြင့် ပွတ်သပ်လိုက်သေးသည်။  ဒါပေမယ့် သူ့ကို ဖမ်းပြီး ရိုက်နှက်တာမျိုး ဘယ်တော့မှ မခံခဲ့ရပေ။

အတူတူအိပ်ခြင်းကြောင့်လားမသိ၊ ရှရှင်းချီ သည် အိပ်ရာမဝင်မီ လီချန်ယွမ် အိပ်ဆေးသောက်သည်ကို မမြင်ဖူးပေ။

အကျိုးကျေးဇူးတွေ အများကြီးရှိပေမယ့် ကင်မရာရှေ့မှာတော့ အာ!

[သူဌေးလီက ရှယွီ နဲ့ အိပ်မယ်လို့ လောင်းကြေးထပ်တယ်။  သူတို့ကမှ အစစ်အမှန်တွေဖြစ်ရမယ်။]

[သေအောင် ရယ်နေမိပြီ။ ညလယ်မှာ သူ့ကို မြေပြင်ပေါ် ကန်ချပြီး “လစ် လို့ ပြောလိုက်လိမ့်မယ်။  (လီချန်ယွမ်စတိုင် လစ် ဆိုသည့်.gif)]

[မင်းတို့မိသားစုက ဘာလို့ ဒီလောက်ခေါင်းမာနေတာလဲ။ဒီလိုပုံစံမျိုးနဲ့ သူတို့နှစ်ယောက်ကြား ကောင်းမွန်တဲ့ဆက်​ဆံရေးရှိမယ်တင်လို့လား။ လီချန်ယွမ်က ရှယွီကို ဘယ်လောက်တောင်မုန်းနေလဲဆိုတာ မင်းတို့ မမြင်နိုင်ဘူးလား။]

[မင်းဘာမှမသိပါဘူး။ ဒါက သံသယကို ရှောင်ဖို့ပဲ ဖြစ်ရမယ်။  ပိုမှန်လေလေ၊ သံသယကို ရှောင်ဖို့ ပိုများလေလေ]

ရှယွီ၏ပရိသတ်များသည် ပြင်းပြင်းထန်ထန်ကြိုးစားနေကာ၊ ထို့နောက်တွင် လီချန်ယွမ်သည် ရှရှင်းချီ ၏လူသတ်အကြည့်အောက်တွင် ဘာမှမထူးခြားသလို… “ရှရှင်းချီ၊ မင်း၊ ကိုယ်နဲ့အတူတူအိပ်။”

ရှရှင်းချီ : “……”

ဤရလဒ်ကို အချိန်အတော်ကြာ မျှော်လင့်ထားသော်လည်း၊ သူသည် စကားမပြောဘဲ တစ်စုံတစ်ဦးကို တော်တော်လေး အကြိမ်ကြိမ် ရိုက်ပစ်ချင်နေခဲ့သည်။

[ !  !  !  !  ]

[ဒီနှစ်ယောက်ကြားမှာ သေချာပေါက် တစ်ခုခုရှိနေတာ။  ငန်းဥတွေစုပြီး ထမင်းချက်ရင်း အတူတူအိပ်နေသလား။]

[ဘုရားရေ!  ဘုရားရေ!  မစ္စတာလီက အိပ်ဖို့ပါ ဖိတ်ကြားချက်ကို သက်တမ်းတိုးရင်း အစပျိုးနေပြီပေါ့။  သူဌေးက “ကိုယ်နဲ့လာအိပ်♂” တဲ့ Hehehe]

[ ငါ သူတို့ကို တကယ်စုံတွဲတွေလို့ သံသယဖြစ်မိနေတယ်]

[ဟန်ယွမ်ဟဲကတောင် လီရှို့ နဲ့ အိပ်နေတယ်၊ အာ၊ ဘာကိစ္စရှိလို့လဲ။  ကုတင်တစ်လုံးကို မျှဝေလိုက်ရုံပါပဲ၊ အဲဒါက ဘာများ စိတ်လှုပ်ရှားစရာကောင်းလို့လဲ။]

[ဒါပေမယ့် မစ္စတာလီက တစ်စုံတစ်ယောက်နဲ့ အိပ်ရာကို မျှဝေဖို့ အရင်မေးခဲ့တာလေ။  ရွှေလိုသခင်ကြီးက သူ့ဘာသာသူ လွတ်လွတ်လပ်လပ် အိပ်ပိုင်ခွင့်ရှိတယ်လေ၊ ဒါပေမယ့် သူ ရှင်းချီနဲ့ပဲ အိပ်ဖို့ရွေးချယ်ခဲ့တယ်!]

[ဒါက ရှယွီကို သူ့ရဲ့ချစ်ခင်မှုကို ပြသနေတာ မဟုတ်ဘူးလား? ဒီလိုနည်းနဲ့မှ ရှယွီက  သူ့ဘာသာသူ သက်တောင့်သက်သာ အိပ်နိုင်မှာ။  ရှောင်ယွီ ကောင်းကောင်းအိပ်ပျော်စေဖို့အတွက် သူ့ကိုယ်သူ စတေးခဲ့တာပဲ။]

[ ?  ?  ?  ဒါက ဘယ်နားမှာ ယုတ္တိရှိလို့လဲ။ ရှယွီရဲ့ပရိသတ်တွေ အားလုံးက ရူးနေကြတာလား။]

[မင်္ဂလာပါ၊ ကျွန်တော်က ဇီးသီးလက်ကားရောင်းသူတစ်ယောက်ပါ။အခု ရှယွီရဲ့ပရိသတ်တွေဆီ ဇီးသီးများပေးပို့ဖို့ အသင့်ဖြစ်နေပါပြီ။  မေးခွန်းထုတ်- အဆင်ပြေကြပါရဲ့လား။  ခင်ဗျားတို့ မျက်စိမှိတ်ပြီး သင်္ဘောလိုက်စီးနေတာလား။]

.  .  .  .  .  .

အနယ်နယ် အရပ်ရပ်မှ ပရိသတ်များသည် အကြိတ်အနယ်ကြားတွင် ရှိနေဆဲဖြစ်သည်။  cp ပရိသတ်များနှင့် idol အသီးသီး၏ ပရိသတ်များသည် နာရီပေါင်းများစွာ အချေအတင် ဆွေးနွေးပြီးနောက်တွင်ပင် ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များကို အခိုင်အမာ ငြင်းခုံခဲ့ကြသည်။

ရှရှင်းချီ သည် သူ့ခေါင်းအုံးကို ပွေ့ဖက်ကာ အိပ်လိုက်ပြီး သူ့သွားများကို စိကာ လီချန်ယွမ်ကို ကိုက်သတ်ရန် အဆင်သင့်ဖြစ်နေသည်။

ဤလူသည် တစ်နေ့အတွင်း လှည့်စားမှု အမျိုးမျိုးကို ပြုလုပ်ခဲ့ပြီး၊ ၎င်းခံစားချက်သည် သူ့လည်ပင်းနောက်ဘက်တွင် ချုပ်ကိုင်ထားပြီး လုံခြုံစိတ်ချရသော တွင်းမှ ဖယ်ရှားခံရသကဲ့သို့ ဖြစ်နေသည်။  မည်မျှပင် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်ဖြစ်စေ သူ မလွတ်မြောက်နိုင်ချေ။

ဆောင်းဦးနှောင်းပိုင်းတွင် ရာသီဥတုက အလွန်အေးနေပြီး ဤနေရာတွင် အပူပေးစက်မရှိပေ။

ထိုအချိန်တွင် ရှရှင်းချီ သည် လီချန်ယွမ် ၏ “ဖန်လုံအိမ်” တွင် သက်တောင့်သက်သာနေခဲ့ပြီး အချိန်တိုင်းရသော အပူချိန်ထိန်းချုပ်မှုစနစ်ကို ကျင့်သားရလာခဲ့သည်။

ရေချိုးပြီးသည့်နောက် အချိန်သည် အလွန်အေးနေသောကြောင့် သူသည် စောင်များထဲသို့ ကျုံ့သွားပြီး တုန်တုန်ယင်ယင်ဖြစ်နေကာ တစ်စုံတစ်ယောက်က ရေချိုးပြီးသည်နှင့် သူ့ကို နွေးထွေးနေစေရန် ပွေ့ဖက်ထားရန် မျှော်လင့်နေသည်။

လီချန်ယွမ်သည် သန့်ရှင်းသပ်ရပ်မှုကို အလွန်ဇီဇာကြောင်သောကြောင့် အခန်းကို သေချာစွာ သန့်စင်ထားပြီး ထူထဲသော အိပ်ယာများဖြင့် ခင်းကျင်းထားသည်။

အိမ်က ကုတင်ကြီးလောက် မကောင်းပေမယ့် တခြားပြိုင်ပွဲဝင်တွေထက်တော့ ပိုကံကောင်းပါတယ်။ တစ်ခုတည်းသော အားနည်းချက်ကတော့ ကုတင်က နည်းနည်းကျဉ်းပြီး အဲဒီပေါ်မှာ အတူတူအိပ်နေတဲ့ လူနှစ်ယောက်အနေနဲ့ ခပ်ခွာခွာနေဖို့ မလွယ်သည်ပင်။

လီချန်ယွမ်သည် ဆံပင်ခြောက်ခံပြီးနောက် ဝင်လာရန် တံခါးကိုဖွင့်လိုက်သောအခါ ရှရှင်းချီသည် အသိုက်ထဲမှ မှိုလေးကဲ့သို့ ပေါက်ထွက်လာသည်ကို မြင်လိုက်ရပြီး စစ်အေးတိုက်ပွဲကို ထိန်းထားရင်း မျက်လုံးပြူးကျယ်ကျယ်ဖြင့် တိတ်တဆိတ် သူ့ကို ကြည့်နေသည်။

လီချန်ယွမ်  – “မင်း ကိုယ့်ကိုစောင့်နေတာလား။”

“ဘယ်သူက ခင်ဗျားကိုစောင့်နေလို့လဲ။”

စကားပြောပြီးနောက် ရှရှင်းချီ သည် တုန်တုန်ယင်ယင်နှင့် သူ့ကိုယ်သူ ကုတင်ပေါ်တွင် အမြန်ဖုံးအုပ်ကာ ထိုသူ့ထံမှ အဝေးသို့ လှည့်သွားသည်။

မီးများပိတ်ပြီးနောက် ညသည် အလွန်မှောင်နေသည်။  ကန့်လန့်ကာ အပြင်ဘက်တွင် လမ်းမီးများမရှိ၊ မှောင်မဲနေရုံသာ။

အမှောင်နှင့် တိတ်ဆိတ်မှုကြားတွင် မိနစ်နှင့် စက္ကန့်များ ကုန်လွန်သွားသည်။

ရှရှင်းချီသည် အအေးဒဏ်ကြောင့် ဘောလုံးကဲ့သို့ ကျုံ့သွားပြီး အေးစက်နေသော ကုတင်ပေါ်တွင် အိပ်ပျော်သွားသည် ။  သူ့စိတ်တွေ ပျံ့လွင့်သွားပြီး ဆာလောင်အေးမြခဲ့ရတဲ့ အတိတ်အချိန်တွေကို ပြန်ရောက်သွားသလိုပါပဲ။

အရင်က သူဆင်းရဲလွန်းလို့ အပူပေးစက်ခကို မတတ်နိုင်ဘဲ ပိုထူတဲ့ အိပ်ယာဝယ်ဖို့ ပိုက်ဆံမရှိတဲ့အခါ စောင်အောက်မှာ တုပ်ကွေးရင်းနဲ့ပဲ တုန်တုန်ယင်ယင်နှင့်ဖြစ်နေသော်လည်း……..အခုမှာတော့ အရင်နဲ့ မတူတော့ဘဲ သူ့ဘေးမှာ အပူပေးနေတဲ့ လူသားခေါင်းအုံးကြီးတစ်ခု ရှိနေသည်။

လီချန်ယွမ် ၏ ခန္ဓာကိုယ် အပူချိန်သည် သာမန်လူများထက် အနည်းငယ်နိမ့်နေသော်လည်း နွေးထွေးနေဆဲဖြစ်သည်။  ရှရှင်းချီသည် မလှုပ်မယှက်ဘဲ အမှောင်ထဲတွင် အိပ်နေသော သူ့ကို စိုက်ကြည့်ကာ သူအိပ်ပျော်သွားပြီးနောက် နွေးထွေးမှုရအောင် သူ့အနားကပ်နိုင်ဖို့ စီစဉ်ခဲ့သည်။

အချိန်အနည်းငယ်ကြာပြီးနောက် လီချန်ယွမ်သည် မလှုပ်မယှက်ဖြစ်ပြီး သူ၏အသက်ရှုသံသည် အလွန်ပင်တည်ငြိမ်နေသည်။  ရှရှင်းချီက သူ အိပ်ပျော်သွားပြီဟု ယူဆခဲ့သည်။

ထို့ကြောင့် သူသည် ဖြည်းဖြည်းချင်း ရွေ့လျားသွားပြီး  သူ့ခေါင်းကို စောင်ထဲကနေ ပြန်ဆွဲထုတ်ကာ လီချန်ယွမ် ၏ရင်ဘတ်နှင့် ကပ်ထားလျက် နွေးထွေးသောခေါင်းအုံးအဖြစ် လုံး၀ အသုံးချနိုင်ရန် ကြိုးစားခဲ့သည်။  ရှရှင်းချီ သည် သူ့အိပ်ယာဝင်အင်္ကျီလက်ကို သတိထားပြီး ဆွဲမလိုက်ကာ  အထဲသို့ဝင်ရန် ကြိုးစားလိုက်သည်။

လီချန်ယွမ်သည် မျက်လုံးကိုဖွင့်ကာ  ရှရှင်းချီ ၏ အံမခန်းသော ပြုပြင်ပြောင်းလဲမှုများကို အချိန်အတော်ကြာ စောင့်ကြည့်နေသော်လည်း သူ သည်းမခံနိုင်တော့ပေ။

သူသည် ထိုလူကို သူ့ရင်ခွင်ထဲတွင် ရိုးရိုးရှင်းရှင်း ပွေ့ဖက်လိုက်ပြီး လေကို ပိတ်ဆို့ကာ နွေးထွေးစေရန်အတွက် ထိုသူအလိုရှိသော အနေအထားကို ပြင်ဆင်ခဲ့သည်-

“အေးလား?”

ရှရှင်းချီ သည် လူသားခေါင်းအုံးမှ ရုတ်တရက် စကားပြောလာခြင်းကြောင့် လန့်သွားသည်။  ဤလူသည် အမှန်တကယ် နိုးနေခဲ့သည်။

လေကို တားဆီးဖို့ သူ့အထက်လူကြီးကို သုံးတာ မကောင်းတဲ့အတွက် ရိုသေမှုပြဖို့ အလျင်စလိုပြောလိုက်သည် – “ကျွန်တော်က အတူတူ ပေါင်းအိပ်တာ ပိုနွေးမယ်ထင်လို့… ခင်ဗျားအေးခဲသွားမှာ ကြောက်လို့!”

“အင်း ကိုယ် အအေးကြောက်တယ်”  လီချန်ယွမ် ၏ အသံသည် အနည်းငယ် ဩရှပြီး အနည်းငယ် ငြီးတွားဟန်သွားသည်။

သူ အိပ်ပျော်သွားပြီး ခုနက သူ့အပြုအမူကြောင့် နိုးလာခဲ့တာ ဖြစ်နိုင်တယ်။

ရှရှင်းချီသည် ဤအကြောင်းတွေးမိသောအခါ အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။  ကောင်းကောင်းအိပ်ပျော်လေ့မရှိတဲ့ တစ်ယောက်ယောက်ကို နှိုးမိတာဟာ အပြစ်ရှိသလို ဝမ်းနည်းစရာကောင်းလွန်းတယ်။

လီချန်ယွမ်သည် စိတ်အနှောက်အယှက်မဖြစ်ဘဲ သူ့လည်ပင်းကို ဖက်ထားသည်။  “မြန်မြန်အိပ်” ဟုသာ အမိန့်ပေးခဲ့သည်။

ဒေါသနည်းလေလေ၊ အပြစ်ရှိသော ရှရှင်းချီ သည် မခံစားနိုင်လေလေဖြစ်သည်။

သူနိုးသွားတဲ့အခါ စိတ်တိုစရာမရှိလို့ သူ့ကို ခွင့်လွှတ်လိုက်တာလား ဒါမှမဟုတ် လရောင်ဖြူလေးကြောင့် သူနဲ့တူတဲ့ အစားထိုးကို ခွင့်လွှတ်လိုက်တာလား?

တစ်နေ့တာအတွင်း သူ့ကို ရှက်ရွံ့ဒေါသထွက်စေရုံသာမက သူ့ကျေးဇူးရှင်ကို ရိုက်လုနီးပါးဖြစ်စေခဲ့သော ဤလရောင်ဖြူလေးကို တွေးမိလိုက်သောအခါတွင် “မနာလို” ဟူသော စကားလုံးသည် ရှချင်းချီ ၏စိတ်ထဲမှာ အမှတ်မထင်ရောက်လာခဲ့သည်။  သို့သော် သူသည် အသိအမှတ်မပြုဘဲ အမြန်လွှင့်ပစ်လိုက်ချင်သည်။

သူတို့နှစ်ယောက်ကြားက လေထုဟာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့တယ်။  လီချန်ယွမ် အိပ်မပျော်သေးကြောင်း သူသိပြီး နားရွက်က ထိုသူ့ရင်ဘတ်ကို ဖိထားသဖြင့် ပုံမှန်ထက် အနည်းငယ်ပိုမြန်သော နှလုံးခုန်သံကို သူကြားနေရသည်။  ဒါက အိပ်ပျော်နေသူတစ်ယောက်ရဲ့နှလုံးခုန်သံ မဟုတ်မှန်း သိသာသည်။ ဒီလူက တစ်ခုခုကို တွေးနေသလိုမျိုးပဲ။

“လီချန်ယွမ်”  ရှရှင်းချီ သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီး နောက်ဆုံးတွင် ထုတ်မေးလာခဲ့သည်။

“ခင်ဗျားရဲ့လရောင်ဖြူက ဘယ်သွားတာလဲ အာ?”

သာမန် ခွေးသွေးဇာတ်ကွက်များကို ဤကဲ့သို့ ရေးထားသည်။ လရောင်ဖြူလေးသည် နိုင်ငံခြားမှ သို့မဟုတ် နေရာတစ်ခုခုတွင် ရုတ်တရက် ပေါ်လာလိမ့်မည်။

ထို့နောက် လီချန်ယွမ် က သူ့ကို “ပစ်ထား” ခဲ့လိမ့်မည်။  လရောင်ဖြူလေးသည် သူ့ကို‌ နောက်ထပ် မမျှဝေပေးတော့ဘဲ၊ လီချန်ယွမ်ကလည်း သူ့အတွက် အခြားသူများကို လက်တုံ့ပြန်ခြင်းကို ရပ်လိုက်ပြီး.. ရှရှင်းချီကိုလည်း နွေးထွေးစေရန် ထပ်မံပွေ့ဖက်ထားတော့မည် မဟုတ်ပေ။

သို့သော် ဒီမေးခွန်းကိုမေးပြီးနောက် ရှရှင်းချီ နောင်တရခဲ့သည်။  အနည်းငယ်ရှက်စရာကောင်းပုံပေါက်သည်ဟု မပြောချင်သော်လည်း လီချန်ယွမ်သည် ဤဝမ်းနည်းဖွယ်မေးခွန်းကို မဖြေချင်ပုံ ရသည် ။

သူရုတ်တရက် သတိရမိတာက ဇာတ်ကွက်က ဒီလိုမျိုး မဖြစ်သင့်ဘူးမလားလို့လေ။

လီချန်ယွမ်ဟာ အဆုံးသတ်ခါနီးနေပြီမို့ ဗီလိန်ဇာတ်ညွှန်းကို ဦးစွာ လိုက်နာသင့်သည်။

သူတွေးနေတုန်းမှာပဲ လီချန်ယွမ်က သူ့ကို အမှောင်ထဲမှာ သူ့ရင်ခွင်ထဲ၌ ဆက်လက်ဖက်တွယ်ထားပြီး အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

“ရှရှင်းချီ၊ ကိုယ်ရှာနေတဲ့လူက မင်းပဲလို့ပြောရင် ဘာဖြစ်သွားမှာလဲ”

Chapter 51 ended

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

နာမကျန်းဗီလိန်ကြီးနှင့်စည်းစိမ်ရှာသူတို့၏ အိမ်ထောင်ရေး

Status: Ongoing Type: Author: Released: 2022

Name-နာမကျန်းဗီလိန်ကြီးနဲ့စည်းစိမ်ရှာသူတို့၏အိမ်ထောင်ရေး

Description

ရှရှင်းချီဟာ အရမ်းဆင်းရဲခဲ့တယ်။ သူသေသွားပြီး စာအုပ်ထဲကို ပြန်ဝင်စားလိုက်တော့ ချမ်းသာတဲ့မိသားစုက ပြန်ခေါ်ထားတဲ့ သခင်လေးဖြစ်သွားပြီး ချက်ချင်းကြီး ချမ်းသာသွားတာပေါ့။

ဒါပေမဲ့ စာအုပ်ထဲက သ​ေဘာတရားတွေက လွဲနေတော့ သူက အ​မြောက်စာ​ဇာတ်ကောင်သာဖြစ်ပြီး ဇာတ်လမ်းကို ခိုးယူသွားတဲ့ သခင်လေးအတုက ဇာတ်လိုက်ဖြစ်နေတယ်လေ။

မိဘနှစ်ပါးစလုံးရဲ့အချစ်ကို မရတဲ့ ရှရှင်းချီဟာ နာမကျန်းတဲ့ ဗီလိန်သူဌေးကြီး လီချန်ယွမ်နဲ့ အတင်းအိမ်ထောင်ချပေးခံလိုက်ရတယ်။ ဒီအိမ်ထောင်ရေးကနေ ထွက်ပြေးရင် သူသေမှာ။ စေ့စပ်ပွဲမှာ သခင်လေးအတုက ထောင်ချောက်ဆင်ပြီး သူ့ကို ထွက်ပြေးအောင်၊ ပြဿနာရှာအောင် လုပ်ပေမဲ့ သူကတော့ ချက်ချင်းပဲ မျက်လုံးတွေတောက်ပသွားပြီး “လောင်ကုန်း!” ဆိုပြီး အပြေးသွားလိုက်တယ်။

မသေမျိုး အမတလို ပုံစံ၊ ပခုံးကျယ်ကျယ် ခြေတံရှည်ရှည်နဲ့ ပြီးပြည့်စုံတဲ့ ကိုယ်လုံးကိုယ်ပေါက်... စည်းစိမ်ရှာသူလေးကတော့ အဲဒါတွေကို စိတ်မဝင်စားဘူး။ သူ့မျက်လုံးထဲမှာ သူ့ရဲ့စေ့စပ်ထားသူ လီချန်ယွမ်ကြီးက တလက်လက် တောက်ပနေတဲ့ လူပုံစံ ငွေထုတ်စက်ကြီးပဲ!

ရှရှင်းချီက လီချန်ယွမ်ရဲ့ပေါင်ပေါ်ကို ရဲရဲတင်းတင်းထိုင်ပြီး သူ့လက်ကို ချစ်ချစ်ခင်ခင်ကိုင်ထားလိုက်တယ်: “မစ္စတာလီ၊ မြင်မြင်ချင်း အချစ်ဆိုတာ ယုံကြည်လား?”

—သူကတော့ ငွေခေါ်သံကြားတာနဲ့ ယုံကြည်တယ်။

လူတိုင်း အံ့အားသင့်သွားပြီး ရှရှင်းချီဟာ တကယ်ကို အရူးပဲလို့ ထင်ကြတယ်။ ဗီလိန်သူဌေးကြီးက သူ့ကို ချက်ချင်းပဲ ကြမ်းပြင်ပေါ် ပစ်ချမှာပဲလို့ ထင်ကြတယ်။ မထင်မှတ်ပဲ လီချန်ယွမ်က တိတ်တဆိတ် အကြည့်ကိုအောက်ချလိုက်ပြီး ခဏကြာတော့ ပြုံးလိုက်တယ်: “ယုံကြည်တယ်”

လူအများရှေ့မှာပဲ သူက ရှရှင်းချီကို ပွေ့ချီပြီး အိမ်ကို ခေါ်သွားလိုက်တယ်။

ရှရှင်းချီလေး လန့်သွားတယ်: ခဏလေး! ကျွန်တော့်ကို လွှတ်ပေး! ဇာတ်လမ်းက မှားနေပြီဗျ!

ဇာတ်လမ်းလမ်းကြောင်းလွဲဖယ်သွားတော့ စည်းစိမ်ရှာသူလေးဟာ ဖျော်ဖြေရေးလောကထဲမှာ ငွေရှာပြီး ချမ်းသာအောင်လုပ်ရတော့တယ် — လီချန်ယွမ်ကို နောက်ဆုံးအချိန်ထိ ချစ်ခင်ယုယစွာ ပြုစုပေးရင်းပေါ့ —

မူရင်းစာအုပ်ရဲ့ဇာတ်လမ်းအရ ဗီလိန်ကြီးက မကြာခင်သေတော့မှာ။

လီချန်ယွမ်ရဲ့ မျက်နှာက ဖြူဖျော့နေပြီး အားနည်းတဲ့ အသံနဲ့ တိုးတိုးလေးမေးတယ်: “ငါပြောတာအားလုံးကို မင်းသဘောတူမှာလား?”

ရှရှင်းချီက မကြာခင် သူ့လက်ထဲရောက်လာတော့မယ့် 100 ဘီလီယံရှိတဲ့အမွေတွေကို တွေးပြီး ဝမ်းသာအားရ မျက်ရည်တွေနဲ့ ခေါင်းညိတ်လိုက်တယ်: “ပြောပါ၊ ကျွန်တော် သေချာပေါက် ကတိပေးမယ်”

သူအံ့အားသင့်သွားတာက သေတော့မယ့်လူက ချက်ချင်းထလာတယ်လေ: “မင်းစကားကို မင်းမှတ်ထား”

နောက်နေ့ အိပ်ရာကနေ မထနိုင်တဲ့ ရှရှင်းချီ: “ကျွတ်! နာမကျန်းဖြစ်လို့ သေတော့မယ့်လူက ဒီလိုမျိုးလုပ်နိုင်တယ်ပေါ့လေ!”

လီချန်ယွမ်: သူက ငါသေတော့မယ်လို့ အမြဲထင်နေတာ ဘာကြောင့်လဲတော့ မသိဘူး၊အဲ့တော့ ငါ ကျန်းမာတယ်ဆိုတာ သူ့ကို တခြားနည်းနဲ့ ပြရမယ်။

>>>>>>

Comment

Leave a Reply

Your email address will not be published. Required fields are marked *

ကျေးဇူးပြု၍ ခဏစောင့်ပေးပါ...

5

အကောင့်ဝင်ရန် လိုအပ်ပါသည်

ဝတ္ထုများကို Bookmark မှတ်ရန်နှင့် သိမ်းဆည်းထားရန် ကျေးဇူးပြု၍ အကောင့်ဝင်ပါ။

ပိတ်မည် (Cancel)

Options

not work with dark mode
Reset